ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၈

အဲ့ဒီနောက်မှာ အရာရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားပီ။
မျက်ရည်တွေသုတ်နေတဲ့ ဆရာမလေးက ခေါင်းကလေးငုံ့ပီး
ကုတင်ပေါ်မှာ ဒူးပေါ်မျက်နာအပ်ထားတယ်။ ကုတင်စောင်းမှာ
ထိုင်နေတဲ့ အဖွားကြီးက ပြူတင်းပေါက်ကနေ အပြင်ကို
ငေးသလိုလုပ်ရင်း ရှက်ရှာ
လွန်းလို့ ကျခဲ့မိတဲ့ မျက်ရည်တွေကို ခိုးသုတ်နေတယ်။
ကျ.. ကျနော် ဆရာမလေးရဲ့ တပည့် မဟုတ်ပါဘူး ဒေါ်ဒေါ်ခင်ဗျ
(ကျနော်စကားစလိုက်တော့ ဆတ်ကနဲ လှမ်းကြည့်လာတယ် ဒါပေမယ့်
ဘာမှပြန်မပြောဘူး)
..... ...... .....
ကျနော် မိကောင်းဖခင် သားသမီးပါခင်ဗျာ ... ဒီလိုဖြစ်တာလဲ
ကျနော့်အပြစ်ပါ ဒေါ်ဒေါ့်သမီးလေး အပြစ်မဟုတ်ပါဘူး ...
ကျနော့်ကြောင့်ပါ သူ့ကို မရိုက်ပေးပါနဲ့တော့ ကျနော့်ကို
ထပ်ရိုက်ချင်သေးရင်ရိုက်ပါ ကျနော်ခံပါ့မယ်
အေး! မိကောင်းဖခင် သားသမီး ဆိုပီး ဘယ်လိုလုပ်ငါ့သမီး
အိပ်ခန်းထဲဝင်နေတာလဲ ... ငါ့သမီးအပြစ်ရှိမရှိ မင်းနဲ့မဆိုင်ပါဘူး
ကျ..ကျနော် ဆရာမလေးကို မိသားဖသားပီပီ လာတောင်းရမ်းပီး
ယူပါ့မယ်
မင်းက ဘယ်ကကောင်မှန်းမသိ ငါ့သမီးလေးကို
ဟင်းရွက်ကစွန်းမှတ်နေလို့လားကွယ့် ...
ပြောလိုက်ရမကောင်းရှိတော့မယ်
ကျနော့် အဖွားက ဒေါ်ခင်ပါခင်ဗျာ
ဘယ်က ဒေါ်ခင်လဲ?
မယ်မယ်ခင်ပါ ... ဒေါ်ဒေါ်သဘောတူရင် နက်ဖန် မနက် အဖွားကို
ကျနော်ကိုယ်တိုင်ခေါ်ပီး လာကြောင်းလှမ်းပါ့မယ်
ဒါဆို မောင်ရင်က ဒေ၀ီခင့်မြေးလား?
ဟုတ်
ကျနော်တို့မြို့က မဟုတ်ပေမယ့်
ဒီနယ်တ၀ိုက်လူတိုင်းသိတဲ့ကျနော့်အဖွားအကြောင်းတော့ ကြားဖူးပုံရတဲ့
ဆရာမလေး အမေ ငြိမ်ကျသွားပီး မျက်နာမှာ
အတန်ငယ်စိတ်သက်သာရာရာသွားသလိုဖြစ်သွားတယ်။
တဟင့်ဟင့်ရှိုက်ငိုနေဆဲ ဆရာမလေးကို လှမ်းကြည့်လိုက်တော့
ကျနော့်ကို အားကိုးတကြီးမျက်နာလေးနဲ့ငေးနေရှာတယ်။
အားပေးတဲ့အပြုံးနဲ့ကျနော် ပြုံးပြလိုက်ရင်း .. ..
"ချို" ဘာမှမစိုးရိမ်နဲ့နော် "မောင်" နက်ဖန်မနက် အဖွားကို
ခေါ်ပီးလာခဲ့မယ် ဘာမှကြောက်စရာမလိုဘူး သိလား
ရည်းစားဖြစ်လာတဲ့ သက်တမ်းတစ်လျှောက် ဆရာမနဲ့ဖိုးသက်
ပဲခေါ်လာရာက သူ့အမေကြီးရှေ့မှာ မှ
ချိုတွေမောင်တွေဇွတ်ခေါ်ပစ်လိုက်တာကို မျက်လုံးလေးပြူးပီး
အံ့သြသလိုငေးနေတယ်။
ဒေါ်ဒေါ် ကျနော့်ကိုခွင့်ပြုပါဦး ခင်ဗျ ... လူငယ်တွေမို့
ဒေါ်ဒေါ်စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်မိခဲ့တာတွေကိုလည်း
ခွင့်လွှတ်ပေးပါခင်ဗျာ
ပြောပြောဆိုဆိုနဲ့ ကြမ်းပြင်ပေါ်ဆောင့်ကြောင့်လေးထိုင်ချလိုက်ပီး
ကုတင်ပေါ်တင်ပါးလွှဲထိုင်နေတဲ့ ဆရာမလေးရဲ့ အမေကို
ခပ်တည်တည်နဲ့ ထိုင်ကန်တော့ပစ်လိုက်တယ်။ (ဟိုသေနာကြီး
ကိုရွှေဘသာတွေ့ရင် အေဘေးလေး မင်းကတော့ဖဲသမားလို့မပြောရဘူး
ဥာဏ်ချည်းပဲ
လို့ပြောမှာသေချာတယ်) လက်အုပ်ချီပီး ထိုင်ကန်တော့နေတဲ့
ကျနော့်ကို သူ့အမေရဲ့ ကိုယ်လုံးနောက်ကနေ ချောင်းကြည့်နေတဲ့
ဆရာမလေးရဲ့ ငိုမဲ့မဲ့မျက်နာကလေးတောင်
ပြုံးယောင်ယောင်လေးဖြစ်သွားတယ်။
xxxxx xxxxx xxxxx
နက်ဖန်မနက် အိပ်ယာထတာနဲ့ အဖွားရင်ခွင်ထဲ ခေါင်းခွေ့ပီး
မိန်းမလိုက်တောင်းပေးတော့လို့ ကျနော်ပူဆာတဲ့ အခါ အဖွားက
မနက်စာစားပီးလို့ လက်ဖက်ရည်အချိုသောက်ရင်း
ဆစ်ကလက်(စီးကရက်) လေးတဖွာဖွာလုပ်နေရာက ဟေ!အဟုတ်လား
လို့ အံ့သြ သွားလိမ့်မယ်။ ဒါပေမယ့် ကျနော့်ကို ဘာမဆို
အလိုလိုက်တဲ့အဖွားမို့ သွားကြတာပေါ့လကွယ်လို့ ပြောမှာသေချာတယ်။
ကျနော့်ကိုခုထက်ထိ ဆိုးပေတေလို့ကောင်းနေဆဲ
ကလေးပေါက်စလေးလို့ မှတ်ယူနေကြတဲ့ အဒေါ်တွေက တပွမ်ပွမ်နဲ့
တစ်အိမ်လုံးဆူညံသွားအောင်
သောင်းကျန်းလိမ့်မယ်။ ကိစ္စမရှိဘူး။ ကျနော့်ကောင်မလေး
ဗိုက်ကြီးနေပီဗျလို့ လိမ်လိုက်မယ်ဗျာ။ ဒါဆို သူတို့ငြိမ်ကျသွားပီး
မဖြစ်မနေ အတင်းလိုက်တောင်းပေးတော့မှာသေချာတယ်။
ဒေါ်လေးခင်ခက်ကတော့ သူ့သူငယ်ချင်း
ချောချောလှလှအပျိုကြီးပေါက်စလေးဟာ ကျနော့်
ဇနီးလောင်းဆိုတာ သိသွားရင် ဘယ်လိုနေမယ်မသိပါဘူးဗျာအဟီး။
မနက်ခင်း ဝေလီဝေလင်းအချိန်မှာ ကျနော်တို့ ခြံဝင်းထဲ
လူတွေရှုပ်ထွေးစည်ကားနေပါတယ်။
ဒီနေ့ မနက်ခင်းမှာ လူမိုက်ကလေးနဲ့သူ့ဆရာမလေး တို့ရဲ့
မင်္ဂလာဆွမ်းကျွေးရှိတယ်လေ။ သတို့သမီးက ဧည့်ခံပွဲ မဟုတ်သေးပဲ
သံဃာတော်တွေဆွမ်းကျွေးမယ့် မနက်ဆိုတော့ ခပ်ရိုးရိုးယဉ်ယဉ်လေးပဲ
ဝတ်စားထားပီး အဖွားနားမှာခြေဆုပ်လက်နယ်လုပ်ရင်း ကပ်ချွဲနေ
သလို ကျနော့် အဒေါ်တွေကတော့ မမ၀ါ.. ကိုရွှေဘတို့နဲ့အတူ
ချက်ပြုတ်ရေးမှာ ဦးစီးဦးဆောင်လုပ်ပီး အလုပ်ရှုပ်နေကြတယ်။
ကျနော်ကတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ အတူ
စတိုခန်းထဲကဖွက်ထားတဲ့ ဂျပ်စက္ကူဗူးကလေးကို
သွားထုတ်ယူလာခဲ့တယ်။ ခြံထောင့်က
လူရှင်းတဲ့ ငှက်ပျောပင် အုပ်အုပ် နားရောက်တော့မှ ဘေးနားမှာ
အသင့်ရှိထားတဲ့ ထင်းပုံထဲက ထင်းချောင်းတွေကို ယူလိုက်ပီး
မီးပုံတစ်ခုဖိုလိုက်တယ်။ မီးတောက်တွေ အရှိန်ကောင်းလာတော့
စက္ကူဗူးထဲက သစ်သားရုပ်ထုလေးကို ထုတ်ယူလိုက်ပီး
နောက်ဆုံးအနေနဲ့စူးစိုက်
ကြည့်နေမိတယ်။ ကံအကောင်းအကြောင်းမလှစွာနဲ့
မကျွတ်မလွှတ်ဖြစ်နေရှာတဲ့ ဟော့ဒီသစ်သားရုပ်ထုလေးထဲက
အမည်မသိ ပုဂ္ဂိုလ်ကြီးဟာ နှစ်ပေါင်းဘယ်လောက်ကြာအောင်
ဝဋ်ကြွေးတွေဆပ်နေခဲ့ရသလဲကျနော်မသိပါဘူး။ သို့သော်
ယခုအခါမှာတော့ ကျွတ်လွှတ်သွားစေ
ချင်ပါပီ။ လူကောင်းသူကောင်း မဟုတ်သူ တွေလက်ထဲရောက်သွားရင်
မတော်တရော်တွေဖြစ်ကုန်တော့မယ်ဆိုတဲ့ အတွေးကြောင့်လည်း
ကျနော် ဒီအရုပ်ကလေးကို မီးရှို့ပစ်လိုက်ချင်တာပါ။ မကြာခင်
ကြွလာမယ့် ရဟန်းတော်တွေဆီက တရားနာယူပီ အမျှပေးဝေတဲ့အခါ
ကျနော်
သူ့ကိုလည်း အမျှပေးပါ့မယ်။ နောင် သံသရာ အဆက်ဆက်မှာ ဒီလို
ဘ၀မျိုး မကြုံပါစေနဲ့တော့လို့ လူနီကြီး ကို လက်နက်ချသွားပီဖြစ်တဲ့
လူမိုက်ကလေး ဖိုးသက်က မေတ္တာပို့တောင်းဆုချွေချင်ပါတယ်။
ဟကောင်! အေဘေးလေး ဘာတွေမီးရှို့နေတာလဲဟ?
နင့်ရည်းစားဟောင်းရဲ့စာတွေ ဖျောက်ဖျက်နေတာလား
မဟုတ်ပါဘူး ကိုရွှေဘရယ် ... ဟိုးတလောက ဘုရားပွဲသွားကြတဲ့ညက
ခင်ဗျား ဒုက္ခရောက်ခဲ့ဖူးတယ်မလား.. အဲ့ဒီဇာတ်လမ်းရဲ့
လက်သယ်တရားခံကို ခု မီးသင်းဂြိုလ်နေတာဗျို့
ဟင်! နင်အဲ့ဒါ ဘယ်လိုသိနေတာလဲ .. ငါလည်းမပြောဘူးပါဘူး .. ငါက
ဘာဒုက္ခရောက်ခဲ့တာလဲ ပြောစမ်းပါဦး
အတိကျတော့ ကျနော် ဘယ်သိပါ့မလဲဗျ ... ဒါပေမယ့်
လူနီကြီးလာခေါ်သွားတယ်မလား ခွိ ... ကိုယ့်ဆရာက တစ်ညထဲမှာ
တစ်ယောက်မက လျှောက်တွယ်ပစ်လိုက်ပုံရတယ်
...နောက်တနေ့မနက်ခင်ဗျာ့မျက်နာက ချောင်ကျနေတာလေဟီဟိ
ဟမ်.. ဖိုးသက် ... အဲ့ဒါ.. အဲ့ဒါ
ဟားဟား နားထောင်.. ကျနော်ရှင်းပြမယ်
#@!$%&*!@#$%&*%$#

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀