Alternate Ending

၁၉၉၇ မိုးတွင်းကာလကြီး
ဧရာဝတီ တတိယမြစ်ပြင်အကျဉ်းဆုံးနေရာရဲ့မလှမ်း မကမ်းမှာ
အဲ့ဒီခေတ်က ဗမာပြေကို တင်သွင်းလာတဲ့ တရုတ်၃ထပ်အမြန်သင်္ဘော
တစ်စီး လေနီကြမ်းနဲ့တိုးပါတယ်။ ရေစူးတိမ်ပီး
အထပ်မြင့်တဲ့ရေတိမ်သွား သင်္ဘောဟာ လှိုင်းထန်စပြုလာတဲ့
မြစ်ပြင်ပေါ်မှာ စက်အားပြင်း
ပြင်းနဲ့ရုန်းကန်နေရပါတယ်။ နောက်ဆုံးဘယ်လိုမှ မရတော့လို့ အနီးဆုံး
မြစ်ကမ်းကို ထိုးကပ်ဖို့ပြင်ဆင်ရပါတယ်။ မြစ်ကမ်းနားကို ကပ်မိခါနီး
အခြေနေလေးမှာ မြစ်ပြင်ကို ကန့်လန့်ခံလိုက်သလိုဖြစ်သွားတဲ့
သင်္ဘောကို လေနီကြမ်းက ဆောင့်တိုးလိုက်တော့
ဘာမှမတတ်နိုင်တော့ပဲ
မြစ်ကမ်းနဲ့ လက်တစ်ကမ်းအကွာမှာ
တစ်ခြမ်းစောင်းပီးမှောက်သွားခဲ့ပါတယ်။
လူ၆၀၀လောက်တင်ဆောင်လာတဲ့ သင်္ဘောဟာ ရေထဲမှာတစ်ဝက်၊
ရေပြင်ပေါ်တစ်ဝက် တစ်စောင်းလှဲအိပ်လျှက်ဖြစ်သွားပီး လူတွေဟာ
အသက်ဘေးလွှတ်အောင် ရုန်းကန်ကူးခတ်ကြရပါတော့တယ်။
အဲ့ဒီသင်္ဘောရဲ့ တစ်ခြမ်းမှာရှိတဲ့ အထက်တန်းအိပ်ခန်းတွေဟာ
ရေအောက်ကိုဇောက်ထိုး နှစ်မြုပ်သွားပီး အိပ်ပျော်နေတဲ့ လူတွေဟာ
ရေအောက်မှာ ပိတ်မိသွားပီး ဆုံးပါးသွားခဲ့ကြရပါတော့တယ်။
ခင်ဗျားတို့ရဲ့ ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေ ဆိုတာ
ရေမြုပ်သွားတဲ့အဲ့ဒီအထက်တန်းအိပ်ခန်းတစ်ခန်းထဲမှာ
ပါသွားရှာတဲ့တစ်ယောက်ပါပဲဗျာ။
လူသေရင်ဘာဖြစ်လဲဆိုတာကို ဖိုးသက်ဆိုတဲ့ ကောင်က
အမှုန်တွေဖြစ်သွားတယ်လို့ ယုံကြည်သတဲ့။ ဘဒ္ဒကမ္ဘာကြီးဟာ လည်း
အမှုန်တွေနဲ့ပဲဖွဲ့စည်းထားတာလို့ အမြဲပြောတတ်သတဲ့။
တစ်စုံတစ်ရာဟာ ပျောက်ကွယ်သွားတိုင်း အမှုန်တွေအဖြစ်ပြန်လည်
ဖွဲ့စည်းသွားတာမျိုး
ပါပဲလေ။ အကယ်လို့များ ခင်ဗျားတို့ ယခုအချိန်မှာ
သက်လတ်ပိုင်းအရွယ်ရောက်နေပီဖြစ်တဲ့ ဖိုးသက်ဆိုတဲ့
လူတစ်ယောက်ကိုတွေ့ခဲ့ရင် ကိုဖိုးသက်လေးချစ်တဲ့ ရူပဗေဒဆရာမလေး
ဘယ်မှာလဲလို့ မေးကြည့်လိုက်ကြပါ။
"လောလောဆယ်သူ အခုဒီမှာမရှိဘူး
အမှုန်တွေအဖြစ်ဖွဲ့စည်းနေတယ်"လို့ ပြန်ဖြေခဲ့မှာသေချာတယ်ဗျ။

ခင်ဗျားတို့ကိုချစ်တဲ့
ချိုကန်း

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀