အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ဟုတ်ကဲ့။ ပီးပါပီလို့ပြောထားမှပဲ ဇာတ်လမ်းဆက်ရမယ့် အခြေနေဖြစ်လာပြန်တယ်။
ဟိုဖက်က ညီအကိုတွေပြောထားတာလေးတွေဖတ်ပီး ကျနော်မအောင့်နိုင်တော့ဘူးဗျာ။ ဆက်ပြောမှကိုဖြစ်တော့မယ်။ အထူးသဖြင့် အောကိုယ်တွေ့လေးဆိုပီး ရင်တုန်စရာ၊စိတ်ရွှင်စရာလေးတွေပဲဖြစ်စေချင်တော့ကာ တချို့ဟာတွေဖျောက်ပီးရေးခဲ့လေတော့ ခင်ဗျားတို့ဘ၀င်သိပ်ကျ
ဟန်မတူဘူး။ အထူးသဖြင့် ကိုကြပ်နဲ့ကိုဇော်ဦးတို့ဟာကို reply: ပြန်ချင်တာ။ ဟိုဖက်မှာမပြန်ချင်တော့လို့ ဒီအောက်မှာပဲဆက်ရေးလိုက်တော့မယ်။

ကိုသရဲပြောတဲ့ နောက်ယောက်ျားမယူဘူးလားဆိုတဲ့ကိစ္စကိုအရင်ပြောရရင်.. ဟုတ်ကဲ့ ဇာတ်လမ်းထဲမှာရေးတဲ့ဇာတ်ကွက်ကတော့ ဇာတ်လမ်းကိုးဗျာ။
ဇာတ်မနာနာအောင် လုပ်ပေးရတာပေါ့။ သူ့ယောကျာ်းပိုင်းလုံးကောင်က တသက်လုံးပြန်လာမပေါင်းနိုင်တော့ပါဘူး။ သေဘီလေ။ အကယ်၍မသေသေးလို့ ကျနော်နဲ့မျက်နာချင်းဆိုင်တွေ့ရင်လည်း ကျနော့်လက်ချက်နဲ့သေမယ်ထင်တာပဲဟီး။ ဟိုးအရင်သူတို့ကြိုက်ကထဲက ကျနော်သတိ
ပေးဖို့ကြိုးစားခဲ့ပါသေးတယ်။ ယောကျာ်းချင်းချင်းပဲဗျာ။ ဒီကောင့်သောက်ကြောင်းကောင်းကောင်းသိတာပေါ့။ အင်မတန်နှုတ်ချိုလွန်းပီး စကားလေးပြောလိုက်တိုင်းတိုးတိုး တိုးတိုးနဲ့ မိန်းကလေးတွေကို လက္ခဏာကြည့် ဗေဒင်တွက်ပေးမယ်တို့၊ ကျနော်က အင်မတန်ဆင်းရဲနွမ်းပါးတဲ့
မိသားစုက လာတာခင်ဗျဘာညာဆိုပီး မျက်ရည်ချူ တဲ့စကားတွေလူတကာကိုလျှောက်ပြော။ စာရိတ္တမောင်လိုလိုအကွက်တွေလုပ်။ မိန်းမတွေကလည်း အများစုက ခပ်ပိန်းပိန်းလေးတွေလေ။ အဲ့မှာ သနားသလိုလိုဘာလိုလိုဖြစ်၊ ဆေးလိပ်မဖွာ၊အရက်မသောက်(အမှန်က လူရှေ့မှာမလုပ်တာ
မအေဘေးက) လူကောင်းသူကောင်းလေးဆိုပီး အယုံလွယ်။ ဟဲဟဲ! အဲ့လိုမိန်းကလေးတွေတော့ ဒီကောင့်လက်ချက်နဲ့ "တင်ပဆုံ ဂိုင်းကန်" သွားမယ်သာမှတ်။ ဂိုင်းကန်သွားတဲ့မိန်းမတွေလည်းများပီ။ (လေတံခွန် ဂိုင်းကန်ရင်ဘာဖြစ်သွားလဲ ခင်ဗျားတို့သိမှာပါ) ချစ်လို့ကြိုက်လို့အိပ်မိသွားတဲ့
ရည်စားတွေလိုမှတ်မနေနဲ့။ အဲ့လိုလည်းဖြစ်ပီးပီဆို အကြောင်းအမျိုးမျိုးပြ ပိုက်ဆံချုစားတော့တာပါပဲ။ ဘယ်သူမှမသိပေမယ့် အဲ့ဒီတုံးက မိုက်တိမိုက်ကန်း အပေါင်းအသင်းစုံတဲ့ ကျနော်က ကောင်းကောင်းသိပါ့ ဒီကောင့်သောက်ကြောင်း။ ရေမထွက်တော့တဲ့ မိန်းမဆို ဗွမ်းပစ်လိုက်ကရော။
ထားလိုက်ပါတော့ဗျာ။ မေ နဲ့ဒီကောင် လာပတ်သက်နေမှန်း ကျနော်သေသေချာချာမသိလိုက်ဘူးဗျ။ ကျနော်က သိလိုက်ရတဲ့အချိန်မှာ တော်တော်နောက်ကျသွားပီ။ မေ့ ကို ကျနော်ခေါ်မေးတဲ့အချိန်မှာ ငါသူနဲ့ခြေလွန်လက်လွန်ဖြစ်ကုန်ပီ နင်ငါ့ကိုတားလည်း မမှီတော့ဘူးတဲ့။ ထပီးကန်ချင်တဲ့
စိတ်ကိုမနည်းထိန်းထားရတယ်ဗျာ။ တကယ်ဆို မေ့လိုကောင်မလေးမျိုး(အဲ့ဒီတုံးကတော်တော်ငယ်သေးတယ်)က အဲ့လို အရူးကွက်တွေလျှောက်လုပ်တဲ့ကောင်ကို ဘယ်လိုအနားအကပ်ခံပီး ဘာလို့ အဲ့လိုတွေအဖြစ်ခံလိုက်ရတာလဲ ကျနော်နားကိုမလည်ခဲ့ဘူး။ နင့်ဖာနင်ဘယ်နှစ်ခေါက်အိပ်ပီး
အိပ်ပီး ဖြတ်လိုက်တော့ ဆိုတာကို ဟင့်အင်းဆိုပီး ငြင်းတယ်ဗျာ။ ဟိုကောင့်မှိုင်းမိနေတာကိုး။

မေ့ မိဘတွေကလည်း လူကြီးတွေပဲဗျာ။ ဟိုကောင့်ကိုအိမ်ခေါ်သွားတာ နောက်ထပ်ခေါ်မလာပါနဲ့တဲ့။ ရုပ်ကိုကြည့်တာနဲ့ဘာကောင်ဆိုတာ ရိပ်မိသွားပုံရတယ်ဟဲဟဲ။
သူများကိုနိုင့်ထက်စီးနင်းပြောတယ်ပဲထင်ထင် ကျနော့်အမြင်အတိုင်းပြောရရင် အဲ့ဒီကောင်က စော်တကာကိုကပ်ကပ်နူးပီးသာဖန်စားကြူစားနေတာ ရုပ်က စစ်ပြေးရုပ်ဗျဟီး။ တကယ်ပြောတာ။ ARMY RUN(M) လို့ ဒီကောင့်ကို ကျနော်တို့မကြားတကြားခေါ်နေကြ။ အဲ့လိုခေါ်တိုင်းမကျေနပ်သလိုဘုကြည့်ကြည့်
ပေမယ့်လို့ ကျနော်တို့အဖွဲ့ကို လန့်တော့ ဘာမှမပြောရဲဘူးရယ်။( ကျနော်နဲ့ကိုယ်တွေ့ဟာသထဲမယ် တခါကပြောဖူးတဲ့ ကျောင်းနေဖက် ဘော်ဒါ၂ကောင်က အဲ့ဒီခေတ်က ဥပဒေမဲ့ဒေသလို့နာမည်ကြီးတဲ့နေရာမှာ ဆေးသွားရှာရင်း ဖျံကျသလိုလိုလာလုပ်တဲ့ လူမိုက်တွေနဲ့ အသေအကျေခုတ်ကြ
ထစ်ကြ သတ်ကြချကြဖြစ်ဖူးတော့ တစ်ကျောင်းလုံးက မိုက်ကန်းကန်းကောင်တွေဆိုပီး သတ်မှတ်ခံထားရတော့ မလှန်ရဲဘူးပေါ့လေ) တခါတလေ အရက်မူးမူးနဲ့ ကျနော်တို့ထိုင်နေတဲ့ရှေ့ အဲဒီကောင်စော်တွေဘာတွေနဲ့တွဲပီးဖြတ်လာရင် ဟေ့ရောင်! ဘူတာကြီးရှေ့မသွားနဲ့နော် မင့်ကို စစ်ပြေး
ဆိုပီး ဖမ်းသွားဦးမယ်လို့ ပေါ်တင်ပြောပေးနေကြဟီးဟီး။ အဲ့ဒီခေတ်က ဘူတာကြီးနားမယ် ဥပဓိရုပ်သိပ်မကောင်းရင် ခေါ်ခေါ်စစ်တဲ့ခေတ်ဗျ။ စစ်ပြေး၊တပ်ပြေးတွေများလွန်းလို့။

အဲ့ဒီအချိန်ကယောကျာ်းနဲ့ပတ်သက်ပီး မေ ကအရိုင်းလေးပဲရှိသေးတယ်ဗျ။ အဲ့ဒီမှာ ဒီကောင်ဘယ်လိုဝိုက်ပစ်တယ်မသိဘူး။ နောက်ဆုံးကျောင်းတက်နေရင်းနဲ့ကို ခိုးပြေးသွားတာ။သူဌေးသမီးလေးအပိုင်ကြံခံလိုက်ရတယ်ပေါ့။ ဘာတတ်နိုင်မှာလဲဗျာ။
တိုတိုပြောရရင် မေ့မိဘတွေလည်း တစ်ဦးတည်းသောသမီးဆိုတော့ ပြန်ခေါ်ပီးပေးစားလိုက်တယ်ပေါ့။ ဂြိုဟ်ကောင်လည်း အိမ်ပေါ်ရောက်သွားကော အဘိုးကြီးအဘွားကြီးလည်း ရှေ့ဆင့်နောက်ဆင့်ဆုံး။ အဲ့ဒီမှာ ဆရာသမားက အစွယ်ထုတ်ပြတော့တာပါပဲ။ ကျန်တာကတော့ ခင်ဗျားတို့လည်း
သိပီးသားပဲ။ ပိုက်ဆံအပုံလိုက်ပေးပီး ကွာပစ်လိုက်ရတယ်။ ဒါပါပဲ။ သေသွားတာကတော့ ကျနော်လည်းသူများပြောလို့သိရတာ။ အကုသိုလ်တွေများလွန်းတော့ သက်ဆိုးမရှည်တာနေမှာပါ။

အဲ့ဒီလို အိမ်ထောင်ရေးမျိုးရင်ဆိုင်ခဲ့ရတဲ့ တစ်ခုလပ်မလေးက နောက်ယောကျာ်းယူဦးမယ်လို့ ကိုသရဲယူဆသလားဗျာ။
သူ့ကိုဘာမဆိုအလိုလိုက်၊ တုန်နေအောင်ချစ်ပြ(သူငယ်ချင်းဘ၀ကထဲက) ၊ ဆိုးနွဲ့သမျှလည်းခံ၊ ဘာမဆိုအကုန်သိတယ်လို့(သူ့အထင်ကိုပြောတာနော်) ယူဆခံထားရတဲ့ ကျနော့်ကိုတောင် ငြင်းလိုက်မှတော့ ဘယ်သူ့သွားယူဦးမှာလဲ။ လိင်ကိစ္စနဲ့ပတ်သက်ပီး သူ့ခံယူချက်ကလည်းရှင်းတယ်ဆရာ။
ကျနော်နဲ့အိပ်ရတာသူကြိုက်တယ်။ ကျနော်မရှိတော့ရင်ကော ဆိုတော့။ မိန်းမတွေက(ရတနာဝင်းထိန်စာအုပ်တွေထဲကလို) တချိန်လုံးဆာလောင်နေတာမျိုးမဟုတ်ဘူးတဲ့။ ပီးတော့ ဘ၀ကိုတစ်ယောက်ထဲရုန်းကန်လှုပ်ရှားနေရတဲ့ မိန်းမဘ၀မှာ အဲ့ဒီကိစ္စကိုတွေးမိအောင် အားတဲ့အချိန်ကခပ်ရှားရှား
ရယ်တဲ့။ နောက်ဆုံး လိင်စိတ်ဖြစ်လာရင်တောင် လက်နဲ့ပွတ်ရင်ရတာပဲတဲ့။ ချစ်တဲ့ယောကျာ်းနဲ့အိပ်ရတာမဟုတ်ရင် ဘာမှမထူးဘူးတဲ့။ အဲ့ဒါသူပြောခဲ့သမျှအတိုင်းပြန်ပြောပြတာ။ ကျနော်တော့ သူနောက်ထပ်အိမ်ယာထူထောင်လိမ့်မယ်လို့ မထင်တာအမှန်ပဲဗျ။

ကိုင်း! ကိုကြပ်နဲ့ကိုဇော်ဦး။
ကိုဇော်ဦး ကျနော့်ကိုနောက်မှန်း ကျနော်သိပါတယ်ဗျာ။ ဒါပေမယ့် အဲ့ဒီစကားကြောင့် ကျနော်မပြောပဲ ချန်ထားခဲ့တာလေးပြောရတော့မယ်။ ဒီလိုကောင်မျိုးယူလိုက်လို့ကတော့ သမီးရှေ့ရေးရင်လေးစရာဆိုတာ။ အင်းဗျာ.. ကျနော်ပြောရတော့မယ်။ ကျနော့်လက်ပေါ်မှာတင်အရွယ်လေးရလာတဲ့ သမီးလေးပါဗျာ။
ကျနော့်သမီးလေး။ ကိုးလလွယ်ဆယ်လဖွားမဟုတ်ခဲ့ပေမယ့်(ဟီး မောင်ချမ်းကနေ မချမ်း ဖြစ်သွားပလားဟင်) ကျနော့်လက်ပေါ်မှာတင် လေးဖက်သွားရာက တတောက်တောက်နဲ့လမ်းစလျှောက်တတ်လာတဲ့ သမီးလေး။ သူ့အမေက မိုးလင်းကထဲကထွက် မိုးချုပ်မှပြန်ရောက်လာတတ်လေတော့။ ကျနော့်ပဲထိန်းခဲ့ရတာ။
နောက်ဆုံးဗျာ ကျနော်လူပျိုကြီး အဲ့ဒီကလေးပုစိကွေးလေးကို ကိုယ့်သမီးလေးလို့ထင်မှတ်မှားလာရာကနေ သူ့အမေကိုပါ အတည်ကြံခဲ့မိတာပါ။ ကိုကြပ်ပြောထားတယ်ဗျာ။ စာချုပ်တွေမလိုဘာမလိုဆိုတာ။ အဲ့ဒါ ကျနော်ဘာလုပ်ဖို့ကြိုးစားခဲ့မှန်းမသိလို့ပြောနေတာထင်တာပဲ။ ကျနော်ရူးကြောင်ကြောင်တွေဖြစ်လာတာဗျ။
မေနဲ့လက်ထပ်မယ်။ သမီးလေးရဲ့အဖေအဖြစ်ခံယူမယ်။ မေ့ဖက်က ဒေါ်ကြီးကလွှဲပီး ဘာအသိုင်းဝိုင်းမှမကျန်တော့ဘူး။ဒီတော့ ဘယ်သူမှ ကျနော်ဘယ်သူဆိုတာမသိနိုင်တော့ဘူး။ ကျနော့်သမီးလေးကြီးပြင်းလာတဲ့ အခါ ကျနော်က သူ့အဖေပဲလို့ ထင်မှတ်နေစေရမယ်။ အဲ့လိုမျိုးတွေတွေးမိလို့ အဲ့ဒီစကားတွေနဲ့ အဲ့လိုအရေးဆိုခဲ့မိတာဗျ။
ကိုယ့်သွေးလည်းမဟုတ်ပဲ ကျနော့်မှာ ချစ်လိုက်ရတာတုန်နေပီ။ ဖခင်မရှိပဲ ကြီးပြင်းရတော့မယ့် ဒီသမီးလေးကို ဂရုဏာပိုနေမိပီ။ ကျနော့်ကိုသောက်ရူးလို့ပြောလဲ ခံပါ့မယ်ဗျာ။ အဖေတစ်ခုသားတစ်ခုထဲက စိန်မြင့်ကြီးလို စိတ်မျိုးဝင်နေတာဟီး။

နောက်ဆုံးဗျာ ကုန်ကုန်ပြောရရင် ကျနော်တို့ကွဲရတဲ့အခါ ရင်အနာဆုံးက ကျနော်ချော့မသိပ်ရင် မအိပ်ပဲ ဂျီကျတတ်တဲ့ သမီးလေးကို လွမ်းလွန်းလို့ အဝေးတစ်နေရာကနေ ရူးမတတ်ဖြစ်ခဲ့ရတယ်။
ဒီအချိန်ဆို ငါ့သမီးလေး ငိုနေရှာမလားဆိုပီး မခံနိုင်တဲ့ အဆုံး အခန်းတံခါးပိတ် မီးအမှောင်ချ၊ အခန်းထောင့်မှာ ခွေခွေလေးလှဲ အိပ်ပီး ကြူကြူပါအောင် တအီးအီးနဲ့ ငိုခဲ့ဖူးတယ်။ ကျနော်တသက်လုံးရည်းစားတွေနဲ့ခဏခဏကွဲခဲ့တုံးကတောင် ဒီလောက်ဝမ်းမနည်းခဲ့ဖူးဘူး။ အဲ့လိုလည်း ၀မ်းနည်းပက်လက်မငိုခဲ့ဖူးဘူးဗျ။
ကမ္ဘာပေါ်မှာ သူ့အမေတစ်ယောက်ထဲ ဟိုဒင်းပါတာမှမဟုတ်တာဗျာ။ မိန်းမများပေါလွန်းလို့။ သူ့ဖာသူသေလောက်အောင်ချောသေလှအောင်လှနေပါစေ သူ့ထက်လှတဲ့မိန်းမတွေကမ္ဘာပေါ်မယ်သန်းချီပီးရှိနေသေးတာပဲ။ကျနော့်ဖာသာသူ့ကို သေလောက်အောင်ချစ်ပါစေ ကိုယ့်ကိုမကြင်နာနိုင်တော့ရင်လည်း သွားစေသတည်းပေါ့။
တကယ်တမ်းတော့ သမီးလေးကြောင့် ကျနော့်ကိုလက်မခံနိုင်ဘူးလို့သာပြောခဲ့ပေမယ့် သူ့ဆုံးဖြတ်ချက်ကြောင့်သာလျှင် ကျနော့်သမီးလေး ဖခင်မဲ့သွားရတာ သူမသိဘူးဗျ။ ကျနော်တို့ သားအဖရဲ့ ချစ်ခြင်းကိုခွဲပစ်ရက်တဲ့မိန်းမ။

ကိုကြပ်က ကျနော့်ကိုနောင်တရပါပီ လုပ်ခိုင်းလိုက်မှ ဒါတွေလျှောက်ပြောမိပြန်တယ်ဟီဟိ။
တော်ပါပီဗျာ။ ခင်ဗျားတို့လည်းစိတ်ဆင်းရဲပါတယ်။ ဒီပို့စ်နောက်ဆုံးပဲ တကယ်ရပ်လိုက်တော့မယ်။ ပျော်ပျော်ပါးပါး လောင်တီးစေမယ့်ကိစ္စလေးတွေပဲ ဆက်ပြောရအောင် ညီအကိုတို့ရာနော့်။ ခင်ဗျားတို့ကိုလည်း ကျနော်မကျေနပ်ဘူးဗျာ။ ဘယ့်နှယ့် တသက်လုံးခင်ဗျားတို့အပျင်းပြေဖတ်ဖို့ တနေကုန်စာတွေထိုင်ထိုင်ရေးခဲ့တဲ့ ကျနော့်ကြ
မသနားကြဘူး။ ဟိုဟာမပဲ ဂရုဏာသက်နေကြတယ်။ ခင်ဗျားတို့ကိုချစ်ရတာများ မတန်ချက်အဟီး။

ကိုပေါကလည်း ကျနော့်ကို အငြှိုးထားနေတာမှတ်တယ်။ မှတ်မိပါသေးတယ်။ အရင် ကျနော့်သူနာပြုဆရာမလေးဇာတ်လမ်း ဇတ်သိမ်းခါနီးမယ် ကိုချမ်းကိုလေး ဒါမျိုးအပြင်မှာမရှိခဲ့၊ မဖြစ်ခဲ့ဖူးတာမှမဟုတ်တာ ၂ယောက်လုံးနဲ့ညားလိုက်ပါဗျာဆိုပီး တောင်းဆိုတာလေဟိဟိ။ အဲ့ဒီမှာ ဘယ်သူမှမသေပဲ ကိုယ့်ကိုကိုယ်သေခိုင်း
လိုက်တော့ ပေါက်ကွဲသွားတယ်မှတ်တယ်။ ခုကိုယ်တွေ့မှာ ဆိုင်ကယ်မှောက်ပီးသေလိုက်ရင် အရမ်းလှသွားမယ်ဆိုပီး လာကြပ်နေတယ်ဟီး။(ဟိုအေဘေး မိုးမြေကပါ အဆင်းဘီးတပ်လိုက်သေးတယ်) အဲ့ဒီညက လူကသာမူးနေတာ ဆိုင်ကယ်ကိုသတိနဲ့ပဲဖြေးဖြေးလေးမောင်းခဲ့တာဗျို့။ မတော်ဟိုတိုက်ဒီတိုက်ဖြစ်ခဲ့ရင် သူ့ကြောင့်ဖြစ်ပါတယ်
ဆိုပီး သိက္ခာကျလို့ဗျာဟီး။
ကိုင်း.. ဒီကိုယ်တွေ့ ဒီတင်ပဲပီးပါကြောင်းနိဂုံးချုပ်အပ်ပါသည်။
ကံမွဲသူ
မောင်ရှင်ချမ်းစ်

Comments

Popular posts from this blog

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀