ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၄

အိမ်မြန်မြန်ပြန်ရောက်ချင်နေပီဗျာ။ ကျနော့်ဆရာမလေးကိုလွမ်းလှပီဗျ။
နေ၀င်မိုးချုပ်လို့ည ၈နာရီစွန်းစွန်းလောက်မှာ ကျနော် အိမ်ကနေ
တိတ်တိတ်ကလေး လစ်ထွက်လာခဲ့တယ်။
ကျနော့်ခြေလှမ်းတွေ ဦးတည်ရာက ဆရာမလေးဒေါ်ခင်ချိုမေရဲ့
ခြံဖက်ဆီကို ဆိုတာ ခင်ဗျားတို့ရိပ်မိမှာပါလေ။ မြစ်နံဘေးမှာ
ခုတ်ကြထစ်ကြတဲ့ ဇာတ်လမ်းက ပြန်ရောက်ပီး နောက်တနေ့မနက်မှာပဲ
အလိုလိုသတင်းပျံ့နှံ့ကုန်တော့ ဇာတ်လိုက်ကျော်၂ယောက်မှာ ဒုက္ခတွေ
များကုန်တာပေါ့။ ကိုရွှေဘ အဖေ တရုတ်ကြီးကိုယ်တိုင်
ကျနော့်အဖွားဆီလိုက်လာပီး သူကြားထားသမျှတွေလာတိုင်တာကိုးဗျ။
အဒေါ်တွေကော၊အဖွားကော၊ကိုရွှေဘအဖေကောဝိုင်းပီး
ဆူပစ်လိုက်တာ ရေဆူမှတ်ကျော်သွားသလားမှတ်ရတယ်။
ငုတ်တုတ်ကလေးတရားခံ
ထိုင် ထိုင်ပီး မျက်လွှာလေးတွေချထားတဲ့ ကိုရွှေဘနဲ့ကျနော်ခမျာ
အမြီးလေးကုပ် လို့ဟီးဟီး။ ကိုရွှေဘ အကို ကိုရွှေတင်ကလည်း
လမ်းကြုံသလိုလိုဘာလိုလို ၀င်လာပီး ၂ယောက်စလုံးကို
နားရင်းတစ်ချက်စီဝင်တီးသွားသေးတယ်။ လက်သံပြောင်ချက်ကတော့
၂ယောက်
စလုံး ကြေးစည်ထုတဲ့ ၀ီဝီ ၀ီဝီ အသံတွေ
၅မိနစ်လောက်ဆက်တိုက်ကြားလိုက်ရတယ်။ မီးမေရိုး.. မင်းတို့၂ကောင်
တပ်တပ်စီ နေ(တတွဲတွဲမနေနဲ့) အေရိုးတွေ ! လို့ကြိမ်းပီး တရုတ်ကြီးက
သူ့သားလိမ္မာ ရွှေဘလေးကို ၀ါးဆစ်ပိတ်နဲ့ ကျောကို
၃ချက်လောက်ဗျင်းပီး ကျွဲမောင်း
သလို အိမ်ကိုမောင်းခေါ်သွားတယ်။ အမယ်.. ဒီအချိန်မှာ ကြတော့
သူ့ဝက်ကုန်းဆေးက မထဘူးဆရာ။ အားရိုးရိုး! အတယ်..
ကိုယ့်သားသမီး မတော်ကျိုးပဲ့သွားမှဖြင့်.. အရမ်းကြီးရိုက်ရလား ..
ဘာညာတွေအော်ရင်း တွန့်လိမ်ကောက်ကွေးပီး ပါသွားရှာတယ်ဟီးဟီး။
ကျန်
ခဲ့တဲ့ ဖိုးသက်လည်း သက်သာမယ်မထင်နဲ့ အဒေါ်အပျိုကြီးတွေရဲ့
လက်သီးဆုပ်တွေက ကျောတွေကော နဖူးတွေကော(တစ်ယောက်ကဆို
စီးထားတဲ့ ခုံဖိနပ်နဲ့ချတာဗျ

) ထူပူနေအောင် အဗျင်းခံနေရတာ။

ဒီကြားထဲ ရပ်ကွက်ထဲက ကလေးတွေကောခွေးတွေကောကခြံ
ဝမှာ ပြူတစ်ပြူတစ်နဲ့ လူသတ်ပွဲကျင်းပ နေတာကို အားရ၀မ်းသာတဲ့
မျက်နာတွေနဲ့ ၀ိုင်းကြည့်နေကြတာလေ။ မမ၀ါတစ်ယောက်လည်း
သူတို့အိမ်ရှေ့ ၀ရန်တာကနေ လှမ်းကြည့်နေတယ်။ လာပီးများ
ဆွဲပေးမလားမှတ်တာ ဒီလောက်ဆိုးတဲ့ကလေး တစ်ခါထဲအသေသတ်
ဆိုပီး လှမ်းအော်လိုက်သေးတယ်အဟင့် ;( ။
ကိုရွှေဘနဲ့ဖိုးသက်ရဲ့ ရာဇ၀င်ကိုလည်း တစ်ရပ်ကွက်လုံးက
သိပီးသားမလား။
စထဲကကိုယဉ်သကို ဆိုသလိုဗျ။ ကျနော်ကလေးဘ၀.. အင်း
တော်တော့်ကိုငယ်ဦးမယ်ဗျ။ ကျောင်းသွားခါနီး ပါးကွက်ကျားလေး
ကျောင်းစိမ်းလေးဝတ်ထားတဲ့ ဖိုးသက်..
အမှိုက်ပစ်စရာဟင်းရွက်တောင်းက ပြည့်နေပါတယ်လို့
အဒေါ်တွေလှမ်းအော်တော့ သားပစ်ပေးမယ်
ဆိုပီး( အိမ်အရှေ့ လမ်းမတစ်ဖက်ခြမ်းက မြစ်)
အမှိုက်တောင်းကလေးယူပီး လှစ်ကနဲပြေးသွားလိုက်တယ်။
ရေစပ်နားရောက်တော့ အမှိုက်သွန်နေတုံး ကွန်ပစ်နေတဲ့
လူတစ်ယောက်ကိုသွားတွေ့တယ်။ ဆယ်တန်းတဖုံးဖုံးကျပီး
ကျောင်းထွက်သွားတဲ့ လူပျိုဖြစ်စ ကိုရွှေဘပါပဲ။
တစ်ချက်တစ်ချက် ကွန်ပစ်ပီး ဆွဲယူလိုက်ရင် ပါလာတာက
ငါးတစ်ထွေးကြီး၊ အားရစရာကောင်းလိုက်တယ်ဗျာ။ ရလာတဲ့ငါးတွေကို
နှီးနဲ့သီ၊ ပိုက်ကွန်က လက်တစ်ဖက်ကနဲ့ ကသီလင်တဖြစ်နေတော့..
ကိုချွေဘ.. အနော် ငါးကိုင်ပေးရမရား? (အဲ့တုံးက
ရှေ့သွားတွေအကုန်ကျိုးထားတယ်ဟီး)
ဆိုပီး သူကွန်ပစ်တဲ့နောက် မြစ်ရိုးအတိုင်းလိုက်သွားမိတယ်။
ငါးတွေကလည်းရလိုက်တာမှ ဖိုးသက်တစ်ကိုယ်လုံး
ရမ်ဘိုဇာတ်ကားထဲကလို ငါးတွေကို ကျည်ဆံတွေလိုသီပီး
ပတ်ထားရတာပေါ့။
မြစ်ကြောင်းအတိုင်း ပြန်စုန်ဆင်းလာကြတဲ့ အချိန်ကြတော့
နေ့လည်ထမင်းစားချိန်တောင် ကျော်သွားပီဗျ။ အမှိုက်သွားပစ်တာက
မနက်ခင်း ကျောင်းမသွားခင်ကလေးကိုး။ ကျနော်တို့အိမ်ရှေ့က
မြစ်ဆိပ်မယ် လူတွေဘာလုပ်နေကြတယ်ထင်သလဲ? ဟီဟိ..
ရေငုတ်သမားတွေ
ငါးဖမ်းပိုက် အကြီးကြီးတွေ စက်လှေတွေနဲ့ သဲ့ပီး မနက်က
ရေနစ်သေသွားရှာတဲ့ ဖိုးသက်ကလေးရဲ့
အလောင်းကိုရှာနေကြတာလေ။ အမှိုက်တောင်းကလေးနဲ့
ဆင်ကြယ်ဖိနပ်ကလေးပဲ ရှာတွေ့ကြတာကိုး။ ရေဆင်းအဆော့မှာ
လှိုင်းပုတ်ပီးပါသွားရှာ တယ်ပေါ့။ အဒေါ်တွေဆို
အမလေး.. ကျမတို့ တူလေးကိုယ်ကျိုးနည်းသွားရှာပါပေါ့လား ..
အလောင်းတောင်ပြန်မရတဲ့ အဖြစ် ... ကလေးက လိမ္မာရှာတာ
အမှိုက်ကလေးပစ်ကူ၊ လူကြီးတွေကိုကူချင်လွန်းလို့ ခုလို
အဖြစ်ဆိုးရပါတယ် ဆိုပီး မြစ်ကမ်းဘေးမှာမပဋာမြေလူးနေတာပေါ့ခွိ။
အဲ့လိုအခြေနေဆိုး
ကြီးဖြစ်နေတုံး မြစ်အထက်ဖက်ကနေ ငါးတွေအများကြီး လွယ်ထားတဲ့
ပြုံးစိစိ ဖိုးသက်(ငါ့ကို ကိုရွှေဘက တစ်ဝက်ယူလို့ပြောထားတာ
ဒေါ်ကြီးဒေါ်လေးတို့ကို ဒီငါးတွေပေးမယ်ဆိုပီးပျော်နေတာ) နဲ့
ကွန်ကလေးလွယ်ထားတဲ့ ရွှေဘ တို့ဘွားကနဲပေါ်လာရော။ အင်းးးးး
ပြန်တောင်မပြောချင်တော့ပါဘူး။ ကျနော်ပြောတာကိုတော့ ယုံ ...
အမျိုးတွေတင်မက ဘူး ရပ်ကွက်ထဲက လူကြီးတွေပါ ကျနော့်ကို
ဝိုင်းအုပ်တာ အိမ်ကို လမ်းမလျှောက်လိုက်ရပဲ ပြန်ရောက်သွားတယ်။
ပိတ် ပိတ်ပီး လှိမ့်ကန်တာကိုး။ ကိုရွှေဘ
လည်းခေါင်းပေါက်သွားတယ်ဗျ။
သူ့အမေ တရုတ်မကြီး ခုံဖိနပ်နဲ့ခုတ်ပစ်တာ
သွေးတွေကိုဖြာသွားတာပေါ့။ အဲ့ဒီနောက်ပိုင်း အရွယ်ရောက်လာတဲ့အခါ
၂ယောက်ပေါင်းမိတဲ့အခါတိုင်း ခုလိုမျိုး တစ်ခုမဟုတ်တစ်ခု
ထထသောင်းကျန်းတော့တာပါပဲဗျာ။ ရပ်ကွက်ကလည်း
ကျနော်တို့၂ယောက်ကို ၂အိမ်စလုံးကလူကြီး
တွေသတ်ပီဆို ပြန်ကြားရေးရုပ်ရှင်ပြသလိုပဲ အုံပီးကို
လာကြည့်ကြတော့တာအဟိ။
ခုဒီကိစ္စတွေဖြစ်ပီး နောက်ပိုင်း အိမ်ထဲက
အိမ်ပြင်တောင်မထွက်ရတော့တာ တစ်ပတ်လောက်ကြာသွားတယ်ဗျ။
ကိုရွှေဘတို့ လက်ဖက်ရည်ဆိုင်သွားပီး အဖွားအတွက်
နံပြားနဲ့လက်ဖက်ရည် သွားဝယ်တာတောင် သူ့အဖေက ကျနော်တို့
ဘာပြောမလဲ လာရပ်ပီး နားထောင်နေတာ။ ဒီတော့
ကျနော်တို့၂ယောက်ကလဲ ... ရုပ်တည်ကြီးတွေနဲ့ အကို! ဒေါ်ခင် က
နံပြားကြွပ်ကြွပ်ကလေးလို့
မှာတယ်.. အေး ညီလေး! ဘယ်နားက ဒေါ်ခင် ကိုပြောတာလဲ?
ဘာညာနဲ့တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ
မမြင်ဖူးသလိုလျှောက်ပြောနေကြတာ အတိုင်အဖောက်ညီပါ့ဟိဟိ။
ကျနော်နဲ့ကိုရွှေဘ တမင်လျှောက်ပြောနေတာကို
အူလည်လည်ဖြစ်သွားတဲ့ တရုတ်ကြီးက နဝေတိမ်
တောင်ကြည့်နေရင်း သဘောပေါက်သွားတော့မှ မီးမေရိုးလေးတွေ!
ဆိုပီး ကလော်ဆဲတော့တာဗျ။ ကိစ္စမရှိပါဘူး။ ကျနော်တို့၂ယောက်
ခဏခြေငြိမ်လိုက်ရင် တစ်လလောက်ဆို လူကြီးတွေ စိတ်ပြေသွားမှာပါ။
အဲ့ဒီတော့မှ ၂ယောက်ပေါင်းပီး ရှုပ်ကြသေးတာပေါ့။ လောလောဆယ်
တော့ နေအိမ်အကျယ်ချုပ်ကြနေကြတာပေါ့လေ။
xxxxx xxxxx xxxxx
ရက်နည်းနည်းကြာလာတော့ ကျနော်မခံနိုင်တော့ဘူးဗျ။
ဘာလဲ ကိုရွှေဘနဲ့မပေါင်းရလို့ထင်နေကြလား။ ဟုတ်ဘူးရယ်။
(အဲ့ဒီသောက်ခွက်ကြီး မမြင်ရလေ ထမင်းစားဝင်လေ)
ကျနော့်ရူပဗေဒဆရာမလေးကို လွန်းတာ(လွမ်းတာ)ဗျ။
သူ့ဆံနွယ်ရှည်ရှည်လေးတွေဆီက ရတဲ့
မွှေးပျံ့ပျံ့တရော်ကင်ပွန်းနံ့ကလေးတွေ၊ ရှင်မတောင်သနပ်ခါး
နဲ့ချွေးရောထားတဲ့ ကိုယ်နံ့ကလေးတွေကို လွမ်းလွန်းလို့ရူးချင်လာတယ်။
ကျနော့်နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို
လက်ချောင်းပျော့ပျော့လေးတွေနဲ့ သပ်တင်ပေးရင်း ဖိုးသက်လေး...
လူဆိုး ... "ချို့" ကိုချစ်ရင် လိမ္မာရမယ်ကွာလို့ မူနွဲ့နွဲ့လေး
မျက်နာနားကပ်ပီး ချွဲတာလေးတွေ။
ကျနော့်ကို ပါးရိုက်လိုက်တုံးက ဒေါသစိတ်တစ်ဝက် ချစ်တဲ့သူကို
နာကျင်အောင် လုပ်လိုက်မိပီဆိုပီး နောင်တနဲ့ဝမ်းနည်းသွားတဲ့စိတ်က
တစ်ဖက်နဲ့ ငိုမဲ့မဲ့ဖြစ်သွားရှာတဲ့ မျက်နာငယ်ငယ်ကလေးကို
ကျနော်တချိန်လုံးပြန်ပြန်မြင်နေမိတယ်။ အင်းလေ..
မညာတမ်းဝန်ခံရရင် အိပ်ယာပေါ်
က အချစ်ဇာတ်ကြမ်း၊ဇာတ်နု၊ ဇာတ်မနုမကြမ်းလေးတွေကို
ပါအရမ်းသတိရနေတာလည်းပါပါရဲ့။
ဒါကြောင့်ဒီနေ့ည မိုးချုပ်တော့ လူကြီးတွေရှေ့မှာ အဖွားကို
ဇက်ကြောလေးဘာလေးဆွဲ၊
တရားစာအုပ်လေးဘာလေးဆွေးနွေးပြပီးတော့ နောင်တ
တရားအတော်ရနေသလိုလိုဂိုက်ဖမ်းပီး စောစောအိပ်တော့မလိုလုပ်..
ဒီဖက်အိမ်ထဲဝင်လာခဲ့တယ်။
ပီးတော့မှ လူအလစ်မှာ ခြံစည်းရိုးကျော်ပီး လစ်ထွက်လာခဲ့တယ်။
လမ်းမပေါ်ရောက်တာနဲ့ ဒေါ်ခင်ချိုမေ့အိမ်ဖက်ကို ခပ်သွက်သွက်ကလေး
ခြေလျင်လစ်လာခဲ့တာပေါ့။
သေချာကြည့်ထား ... ဒီပုစ္ဆာမှာ လှည့်ကွက်ကလေးတွေပါတယ်..
အကယ်လို့.. ဒီနေရာကို သတိမထားလိုက်မိရင်.....
အသံလေးတစာစာနဲ့ စာသင်နေတဲ့ ကျနော့်ချစ်သူဆရာမလေးက
ချောလိုက်တာဗျာ။ လေးပေမီးချောင်းအောက်က ကျောက်သင်ပုန်းပေါ်
မြေဖြူခဲနဲ့ တစ်ဒေါက်ဒေါက်ခေါက်ရင်း ကျောင်းသားကျောင်းသူတွေကို
စာရှင်းပြနေတဲ့ ဟန်လေးက မာန်ပါပါ
လေး၊ တင်ကလေးက ကော့၊ရင်ကလေးချီလို့
မျက်နာထားတင်းတင်းကလေး။ အောက်က အ၀ါရောင်ဖျော့ဖျော့မှာ
အဖြူရောင် စပေါ့လေးတွေပါတဲ့ ထမီကိုဝတ်ထားပီး ၊ အပေါ်က
နက်ပြာရောင်ခါးတို အင်းကျီလေးနဲ့။ ဆံပင်အရှည်ကြီးတွေကို
လက်ကိုင်ပုဝါလေးနဲ့စည်းနှောင်ပီး
နောက်ကျောဖက်ကိုချထားတော့ တရမ်းရမ်းလေးနဲ့စိတ်ယားစရာဗျာ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀