ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၎

ဒင်းကို ကျနော်ဘယ်လိုမှ
ထိခိုက်အောင်မလုပ်နိုင်တော့ဘူးဆိုတာသေချာသွားလို့
ကုတင်ခြေရင်းမှာချထား
တဲ့ ဖန်ချိုင့်ထဲက ရေအေးအေးလေးတစ်ခွက်လောက်
ထပီးခပ်သောက်နေလိုက်တယ်။ ဂလုဂလုမြည်အောင်
သောက်ချလိုက်ပီးမှ သူ့ဖက်ကိုလှည့်ရင်း..
ဦးလေး.. ခင်ဗျား ကျနော့်ကိုဘာလုပ်ချင်တာလဲ.
... ... ....
ခင်ဗျား လူမဟုတ်မှန်းကျနော်ရိပ်မိပါတယ်.. ၀ိဥာဉ်နှုတ်မလို့ဆိုလည်း
လာလေ.. ကျနော်မကြောက်တတ်ပါဘူး..
ခပ်တည်တည်နဲ့သူ့ကို မိုက်ကြည့်ကြည့်ရင်းမေးလိုက်တာကို
ခေါင်းခါပြတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်နေရာကနေ အသာအယာထရင်း
ကျနော့်လက်တစ်ကမ်းအကွာမှာ မျက်နာချင်းဆိုင်လာရပ်တယ်။
အရပ်ငါးပေ ဆယ်လက်မနီးနီးရှိတဲ့
ကျနော်နဲ့လုံးတူရွယ်တူကိုယ်လုံးလောက်
ရှိတာကိုသတိထားမိတယ်။ ထူးခြားတာက မျက်နာက
လေးထောင့်ကျကျ၊ လက်ဖျံပေါ်မှာနဲ့
အင်းကျီမ၀တ်ထားတဲ့ကိုယ်လုံးပေါ်မှာ
အင်းကွက်တွေအပြည့်ထိုးထားတာကိုဗျ။ အောက်ပိုင်းက
ပေါင်ပေါ်မှာလည်း အင်းတွေချည်းပဲ။
ပုဆိုးကိုခတ်တိုတိုစည်းနှောင်ထားတဲ့ခါးနေရာ
တစ်ဝိုက်ကလွှဲပီး တစ်ကိုယ်လုံးမှာ
အင်းတွေ၊ဘာတွေမှန်းမသိတဲ့စာလုံးတွေနဲ့ပြည့်နှက်နေတာ။
ကျနော့်ကိုနီရဲတောက်ပြောင်နေတဲ့ မျက်လုံးစူးစူးတွေနဲ့စိုက်ကြည့်ရင်း
လက်ဖ၀ါးကို မျက်နာတည့်တည့်ဆန့်တန်းထားရင်း
အနားကပ်လာတယ်။ ဘာမှမတတ်နိုင်တော့ဘူး။ ချရနှက်ရ
အောင်လည်း စမ်းကြည့်ပီးသလောက် မယှဉ်နိုင်တော့မဲ့အတူတူ
ဘုရားတရင်း ကျနော်မျက်လုံးစုံမှိတ်လို့ငြိမ်ငြိမ်လေး
ခပ်တောင့်တောင့်ရပ်ထားနေမိတယ်။
စက္ကန့်၂၀လောက်ကြာသွားမလားမသိဘူး။
တစ်ကိုယ်လုံးရှိန်းကနဲဖြစ်သွားသလိုခံစားရပီး
လူလည်းပေါ့ရွှတ်ရွှတ်ကလေး
ဖြစ်လာသလိုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အဲ့ဒီလူနီကြီးကို
မမြင်ရတော့ဘူးဗျ။ ဟာ! ဘယ်ရောက်သွားတာလဲ.. ဟိုဟိုဒီဒီ
လိုက်ကြည့်မိတော့ ဘာဆိုဘာမှမတွေ့ရဘူး။ ငါများအိပ်မက်
မက်နေတာလားလို့ စိတ်ကတွေကနဲဖြစ်သွားမိသေးတယ်။ ဒါပေမယ့်
ကျနော်အိပ်မက်
မက်နေတာမဟုတ်မှန်း ခန္ဓာကိုယ်က ဖော်ပြလာတယ်။
အပြင်ကိုထွက်လိုက်ပါ..
နားရွက်နားကပ်ပီးတစ်စုံတစ်ယောက်က
တီးတိုးရေရွတ်လိုက်သလိုအသံကိုကြားလိုက်ရတာနဲ့အတူ
ကျနော့်ဖာသာဘာဖြစ်မှန်းမသိပဲ ပွင့်နေတဲ့ ပြူတင်းပေါက်ကနေ
အိမ်အပြင်ဖက်ကို ၀ုန်းကနဲခုန်ထွက်သွားမိပီ။ ဘုရားဘုရား!
ကျနော့်ကိုယ်လုံးက သစ်ရွက်ကလေးအလား
ပေါ့ပေါ့ပါးပါး ခုန်ထွက်သွားပါရောလားဗျာ။ ကျနော်သိလိုက်ပီ။ ခုနက
လူနီကြီး ကျနော့်ကိုယ်ထဲဝင်နေပီ။ ဒါဆိုကျနော်က ဘာလို့
အကုန်သိနေရတာလဲ။ ဘာလို့ ကျနော်ဟာ
သူခိုင်းတဲ့အတိုင်းတွေလိုက်လုပ်နေမိတာလဲ။ြ
ခြံအပြင်ကိုထွက်..
သူ့စကားသံမှမဆုံးသေးဘူး ခြေလှမ်း၃-၄လှမ်းအားယူပီး
ကျနော့်တို့အိမ်အနောက်ဖက်က ခြံကာထားတဲ့ ၆ပေလောက်မြင့်တဲ့
အုတ်တံတိုင်းပေါ်ကို ကျနော်
လွှားကနဲခုန်တက်လိုက်မိနေတာသတိထားလိုက်မိတယ်။
အုတ်တံတိုင်းပေါ်မှာ မတ်တပ်ရပ်ရင်း
အပြင်ဖက်ကိုလှမ်းကြည့်လိုက်တော့
ဟာကနဲဖြစ်သွားတယ်။ မောင်ဖေငယ်
ကုန်းတ၀ိုက်ကြယ်ရောင်စုံအလင်းအောက်မှာ
လူတွေအများကြီးပါလားဗျ။ ဟာ.. တခစ်ခစ်ရယ်မောပီး
ပြေးလွှားနေကြတဲ့ ကလေးအရွယ်မှင်စာလေးတွေ၊
သံခမောက်ဆောင်းထားတဲ့ မဟာမိတ်စစ်သားတွေ၊
ဘက်နက်အရှည်ကြီးတပ်
ထားတဲ့ စစ်သုံးရိုင်ဖယ်ကိုလွယ်ထားတဲ့ ဂျပန်စစ်သား၊
ရွှေဝါရောင်ဆံပင်ရှည်ကြီးနဲ့ ဘိုမ
ထော့ကျိုးတစ်ယောက်ဆတ်တောက်ဆတ်တောက်နဲ့လမ်းလျှောက်နေ
တာတွေ လှမ်းမြင်နေရတယ်။ တစ္ဆေတွေ၊သရဲတွေကျနော်မြင်နေရပီ။
ကြောက်လန့်သွားဖို့ထက် အံ့သြတကြီးဖြစ်
လွန်းလို့ ပါးစပ်အဟောင်းသားနဲ့ ကျနော်ငေးနေမိတယ်။
ငါလူမဟုတ်တော့ပဲ
သေများသေသွားတာလားလို့တောင်တွေးနေမိသေးတယ်။
သိပ်ကြာကြာမကြည့်လိုက်ရဘူး ဆင်းလိုက်! ဆိုတဲ့အသံနဲ့အတူ ကျနော်
အုတ်တံတိုင်းပေါ်ကနေ ခုန်ချလိုက်ရတယ်။ လူနီကြီးဟာ ကျနော့်ကို
မြင်းတစ်ကောင်လိုစီးနှင်းနေပီဆိုတာ ကျနော်သိနေပေမယ့်
ဘာမှမတတ်နိုင်တော့တဲ့ဘ၀မဟုတ်လားဗျာ။
နားရွက်နားကပ်ပီး တီးတိုးသံနဲ့ အမိန့်ပေးတာနာခံရင်း ခုဆိုကျနော်ဟာ
လေတိုးသံ တရွှီးရွှီးမြည်တာကြားနေရတဲ့အထိ
တရိပ်ရိပ်လမ်းမကြီးအတိုင်း ပြေးနေရပီ။
ထူးခြားတာက ကျနော်လုံးဝမမောသလို၊ ခြေသံကလေးမှမထွက်၊
လေအတိုင်မှာလွှင့်နေတဲ့ သစ်ရွက်ခြောက်တစ်ခုလို
အင်မတန်ပေါ့ပါးသွက်လက်နေတာပါပဲ။ ကိုယ့်ကိုကိုယ်
သိုင်းဝတ္ထုတွေထဲက ကိုယ်ဖော့ပညာရှင်လိုဖြစ်လာသလား၊
ဟိုလူနီကြီးကြောင့်ပဲလားဆိုတာ ဝေခွဲလို့မရနိုင်
ဘူးဖြစ်လာတယ်။ ရပ်! ဆိုတဲ့အသံကြားလို့
ကျနော်တုံ့ကနဲရပ်ချလိုက်မိပီး ဘေးဘီဝဲယာကို အကဲခတ်လိုက်မိတော့
မြို့အစွန်ရပ်ကွက်တစ်ခုကိုရောက်နေမှန်းသတိထားလိုက်မိတယ်။
သေသေချာချာအကဲခတ်လိုက်တော့မှ ကျနော်တို့မြို့က နာမည်ကျော်
ရူပဗေဒ ကျူရှင်ပြတဲ့ အပျိုကြီး
ဆရာမ တစ်ယောက်ရဲ့အိမ်ဖြစ်နေမှန်းသိလိုက်ရတယ်ဗျ။
ခွေးသမင်ကြီးတွေ၎ကောင်လောက်မွေးထားတဲ့
အဲ့ဒီဆရာမအပျိုကြီးပေါက်စရဲ့အိမ်ပေါက်ဝမှာ
ကျနော်ကြာကြာမရပ်လိုက်ရဘူး နားထဲမှာကြားရတဲ့အမိန့်အတိုင်း
အိမ်ရှေ့ခြံစည်းရိုးနားကပ်ပေါက်နေတဲ့ သရက်ပင်
ပင်စည်ကို တစ်ချက်လောက်ခြေကန်ပီး အားယူရင်း
ခြံထဲခုန်ဝင်လိုက်တယ်။ ခြေချမိတယ်ဆိုတာနဲ့ ၀ုန်းကနဲပြေးကပ်လာတဲ့
ခွေးအုပ်ကြီးနဲ့ရင်ဆိုင်မိပီ။ မဟောင်ပဲ ပြေးကိုက်တတ်တဲ့ ခွေးတွေက
ကျနော့်ကိုအနားရောက်တာနဲ့ တအီအီမြည်ပီး
မြေကြီးပေါ်ဝပ်ကျသွားရောဗျ။
ထူးဆန်းပေမယ့် မထူးဆန်းတော့ဘူး။ ကျနော့်ကိုယ်ထဲဝင်နေတဲ့
လူနီကြီးရဲ့ အစွမ်းပဲဆိုတာ ကျနော်သိလိုက်ပီ။
လူနီကြီးရဲ့တီးတိုးအမိန့်ပေးသံကို ဆက်တိုက်နားထောင်ရင်း ဆရာမရဲ့
နှစ်ထပ်အိမ်ဘေးနားမှာကပ်ပေါက်နေတဲ့ မန်ကျည်းပင်ကြီးကနေတဆင့်
ဖွင့်ထားတဲ့
အိပ်ခန်းပြူတင်းပေါက် ဘောင်ပေါ်ကို ကျနော်တွယ်တက်ရင်း
ရောက်သွားပီ။
ပြူတင်းပေါက်ဘောင်ပေါ်ကနေ ကြောင်တစ်ကောင်လို
အသာအယာခုန်ဆင်းလိုက်တယ်။
အင်မတန် မျက်နာကြောတင်းတဲ့ ဆရာမအပျိုကြီးပေါက်စရဲ့
အခန်းထဲကို ကျနော်ရောက်နေပီ။ အောက်ထပ်မှာ တောနယ်က
လာတဲ့ကျောင်းသူတွေဘော်ဒါဆောင်ဖွင့်ပီး
အိမ်အပေါ်ထပ်မှာတစ်ကိုယ်ထည်းနေတဲ့ ဆရာမ ခမျာ
ကွေးကွေးလေးအိပ်မောကျနေရှာတယ်။
ဆယ်တန်းတုံးက ရူပဗေဒကျူရှင်ပြတဲ့ အဲ့ဒီဆရာမဆီမှာ
အတန်းတက်ရင်း ပုစ္ဆာတစ်ပုဒ်ကို အငြင်းပွားမိပီးနောက်ပိုင်း
ကျနော်သွားမတက်ဖြစ်တော့ဘူး။ အံ့သြစရာကောင်းတာက
အိမ်ကျော်နင်းမှုဖြစ်နေတဲ့ အခြေအနေနဲ့ သူ့အခန်းထဲ
ကျနော်ရောက်နေတာကို ကြောက်နေ
ရမယ့်အစား ရဲစိတ်ဝင်ပီး စိတ်လုံးဝမလှုပ်ရှားဘူးဗျ။
အသိစိတ်ပျောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူး။
အကုန်လုံးကိုသိနေပေမယ့် ကိုယ့်ကိုကိုယ် ဘာလုပ်လို့လုပ်နေမိမှန်း
နားမလည်ဘူးဖြစ်နေတယ်။
၂ယောက်အိပ် ကုတင်အကြီးကြီးပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့
အသက်၃၀ပတ်ချာလည်အပျိုကြီးမလေး ကို
မတ်တပ်ရပ်ပီးသေချာငုံ့ကြည့်နေမိတယ်။
ကျူရှင်မှာ တုံးက စာအသင်အပြကောင်းသလောက်
မရယ်မပြုံးခပ်တည်တည်လုပ်လွန်းလို့
သံစက်ရုပ်ဆရာမလေးလို့နာမည်ကြီးတဲ့ ဒေါ်ခင်ချိုမေ ဆိုတာ
ကျနော်နဲ့ခု လက်တစ်ကမ်းအကွာမှာရောက်နေပါလား။
ထမီကိုတိုတိုတင်းတင်းစည်းနှောင်ပီး ဗမာရင်ဖုံးအင်းကျီခါးတို
လေးတွေပဲဝတ်၊ ဆံထုံးခပ်ကြီးကြီးထုံးထားတတ်တဲ့
ဆရာမကိုမမြင်တာတောင်၂နှစ်လောက်ရှိရော့မယ်။ ကျူရှင်မှာ စာပြရင်
ကျောင်းသားမှန်သမျှက ကျောခိုင်းပီး ဘလက်ဘုတ်မှာ စာရှင်းပြနေတဲ့
ဆရာမရဲ့ ထမီအောက်က ကောက်ကြောင်းတုန်တုန်ကြီးကို
ငေးပီးဝိုင်းသွားရည်
ကျ၊ စာရေးခုံမှာ ထိုင်နေတာကို စာရှင်းပြခိုင်းသလိုလုပ်
အပေါ်စီးကနေမိုးပီး ဆရာမရဲ့ ရင်ဖုံးအင်းကျီအောက်က ဆူဖြိုးလှတဲ့
နို့ကြီး၂လုံးကို ကျောင်းသားတိုင်းဥာဏ်များပီး ဂလုကြတယ်လို့
နာမည်ကြီးခဲ့ဖူးတယ်လေ။ ရုတ်တရက်ဘာလုပ်လိုက်မှန်းမသိပဲ
ကုတင်တိုင်မှာတွဲ
လျောင်းကျနေတဲ့ ကြိုးခလုတ်လေးကို ဖျောက်ကနဲဆွဲလိုက်တော့
ခေါင်းရင်းက ၂ပေမီးချောင်းလေးက ထိန်ကနဲလင်းသွားတယ်။
ဇာခြင်ထောင်ထဲမှာ အခါတိုင်း ဆံထုံးအက်အက်နဲ့
မြင်ဖူးနေကြဆရာမကို ပြေကျနေတဲ့ ဆံပင်အရှည်ကြီးတွေကြားထဲမှာ
မျက်တောင်လေးမှေးစင်းပီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရှာတာကိုတွေ့လိုက်ရတယ်။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆