ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၄၀

ကဲ.. ပီးသွားပါပီခင်ဗျာ။
သို့သော်လည်းပေါ့လေ။ ကျနော့်ပို့စ်အောက်မှာ ကျနော့်ကို
အာလူးနည်းနည်းတော့ ထပ်ဖုတ်ခွင့်ပြုကြပါ။ ဓာတ်ရှင်လောကမှာ
ဟိုးရှေးရှေးခေတ်ဆီတုံးက ဆရာ့ဆရာဒါရိုက်တာကြီးများ သုံးခဲ့တဲ့
အကွက်တစ်ကွက်ရှိသတဲ့ဗျ။
ရပ်ရှင်းဆရာကြီးများစတင်သုံးစွဲခဲ့တယ်လို့ဆောင်း
ပါးတစ်ပုဒ်ထဲဖတ်ဖူးသလိုလိုပဲ။ ထားလိုက်ပါတော့လေ။ ယနေ့ခေတ်
ဓာတ်ရှင်တွေမှာတော့ အတော်များများပါ ပါတယ်။ alternate ending:
ဆိုတာပါ။ ဗမာဓာတ်ရှင်လောကမှာတော့ နာမည်ကျော် လက်ဝဲယိမ်း
ဓာတ်ရှင်မင်းသားဒါရိုက်တာကြီး ရိုက်ပြသွားတဲ့ ဇာတ်ကားမှာဇာတ်
သိမ်းခန်း.. တစ်ခြမ်းက
ပိရိသတ်အကြိုက်ဖြစ်နေပီး၊နောက်ထပ်တစ်ခြမ်းမှာက
သူသိမ်းချင်တဲ့ဇာတ်သိမ်းခန်းပြကွက်ကို ပြိုင်တူပြသွားခဲ့ဖူးတယ်လို့
ဖတ်ဖူးပါတယ်။
ကျနော်ဘာလို့အဲ့ဒါတွေပြောနေရသလဲဆိုတော့ ခုဒီဇာတ်လမ်းက
ဇာတ်သိမ်းလိုက်ပါပီ။
စာဖတ်သူတွေဖြစ်စေချင်တဲ့အတိုင်းပါပဲ။ အထူးသဖြင့် ကျနော့်ဘော်ဒါ
ဖိုးနီရဲ့ ဇာတ်လမ်းဆုံးရင်ဘာဖြစ်မယ်ဆိုတာ သိနေတော့
စိတ်မကောင်းဘူးကွာ ဆိုတဲ့ စကားကို
ကျနော်အလေးထားမိခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။
ဒါကြောင့်အားလုံးပျော်အောင် ပျော်ပျော်ရွှင်ရွှင်လေး
ဇာတ်သိမ်းလိုက်ပါတယ်။ ကျနော်ရေးခဲ့တဲ့ ဇာတ်လမ်းတွေထဲမှာ
ပထမဆုံး အပျော်နဲ့ဆုံးတဲ့ဇာတ်ပါပဲ။ သို့သော်ဒီနေရာမှာ
ပြောစရာရှိလာပြန်ပါပီ။ ဟိုစိတ်ဒီစိတ်ကြွယုံသက်သက် ကျနော့်စာကို
ဖတ်တဲ့သူတွေကတော့ ထားလိုက်ပါ။ တချို့ကတော့
သေသေချာချာကိုဖတ်ကြပါတယ်။
အဲ့ဒီလူတွေက ကျနော်ရေးလိုက်တဲ့ဘယ်အကြောင်းအရာဟာ
ရိုးသားမှုရှိတယ်၊ ဘယ်နားလေးကတော့ဖြင့် ဒီကောင်ရွှီးနေပီဆိုတာမျိုး
အသေချာသိကြမှာပါ။ တတ်နိုင်သလောက်လဲ ကျနော်ရိုးရိုးသားသား
တင်ပြဖို့ကြိုးစားခဲ့ပါတယ်။ ယခုအောက်မှာရေးသားမယ့် အကြောင်း
အရာက ခုနက ပြောသလို alternate ending မဟုတ်ရပါဘူး။
တမင်သက်သက် ပြန်ရှုပ်သွားအောင်လုပ်ချင်တာလဲမဟုတ်ပါဘူး။
နောက်တစ်ခုက ပီဒီအက်ဖ် လုပ်ပေးတဲ့ ပုဂ္ဂိုလ်များကို
ကြိုမှာချင်တာကလည်း ဒီဇာတ်လမ်းကို စာအုပ်ချုပ်တဲ့ အခါဒီခုရေးနေတဲ့
ပို့စ်ကို ချန်ထားခဲ့စေ
ချင်ပါတယ်။ တခြားအပြင်ကို ကူးယူဖော်ပြချင်တဲ့ ဆရာသမားများကိုလဲ
အပေါ်က ဇာတ်သိမ်းအထိပဲကူးပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀