ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၂၄

ဘယ်မှာလဲ ရေစက်က?
ရေစက်ပါဆို ... ရေတွင်းဘေးမှာပေါ့ရှင်... လေသံကလဲ
မာနအင်မတန်ကြီးလိုက်တာ အိမ်နောက်ဖေးကို ကြွတော်မူပါ ရှင့်
ပြုံးစိစိနဲ့ ချာကနဲလှည့်ထွက်သွားတဲ့ ဒေါ်ခင်ချိုမေ့ အနောက်ကနေ
ကျနော် ခပ်တင်းတင်းမျက်နာပေးနဲ့လိုက်သွားမိတယ်။ အနက်ရောင်
အိမ်နေရင်း တစ်ပတ်နွမ်း ထမီလေးက ခါးကျင်ကျင်လေးမှာ
စည်းနှောင်ထားတော့ အောက်က ကားထွက်နေတဲ့
တင်ပါး အိစက်စက်ကြီးတွေက လှမ်းလိုက်တိုင်း အိကနဲအိကနဲ
လှိုင်းကလေးတွေထလို့ ကျစ်ဆံမြီးတုတ်တုတ်ရှည်ရှည်ကြီးက
ဘယ်ညာခါရမ်းနေတာကို မသိမသာလေး ခိုးကြည့်ရင်း စိတ်တော့
နည်းနည်းလှုပ်ရှားလာပေမယ့် ဒီလောက် သောက်ကျောတင်းတဲ့
မိန်းမကို
အဖက်မလုပ်ပဲ နေပြမယ်ဆိုတဲ့ မာနစိတ်က တင်းကနဲပဲ။
အိမ်နောက်ဖေးခြံဝိုင်းထဲမှာ ဆောက်ထားတဲ့ တစ်ထပ်မီးဖိုဆောင်လေး
အနောက်ဖက်နားဆီက ရေတွင်းနားရောက်တော့ ရေစက်ကို
လက်ညှိုးထိုးပြရင်း ဒီမှာ! လို့အပြော..
အနောက်က လိုက်လာရင်း နှိမ့်တုန်မြင့်တုန်တင်ပါးဆုံ အိအိကြီးတွေကို
မျက်စိအစာကျွေးနေမိတဲ့ ကျနော်သူခိုးလူမိဖြစ်သွားသေးတယ်။
သူ့ထမီအောက်က တင်ပါးလှလှကြီးတွေကို ငေးနေမှန်းသိသွားတော့ ခစ်
ကနဲအသံတိုးတိုးလေးထွက်ပီး ရယ်လိုက်သေးတယ်။ ကျနော်
ကတော့ ချက်ချင်းပဲမျက်နာထားကိုတင်းပစ်လိုက်ပီး
မသိချင်ယောင်ဆောင်လိုက်တယ်။ ဂွအိတ်ကလေးကို ချပီး
မန်းကီးဂွနဲ့၁၃-၁၄ ဂွတွေကိုထုတ်ပီး ပန့်ကိုဖြုတ်ချ ပီးရေဘားတွေကို
လေလုံမလို စစ်ကြည့်ရင်း အလုပ်ရှုပ်နေပေမယ့်
ယင်းမာဖိနပ်ပါးကလေးပေါ်က ခြေဖမိုး
ဖြူလွလွကလေးတွေနဲ့ ခြေချောင်းလှလှလေးတွေကို မြင်နေရတော့
မော့ကြည့်စရာမလိုပဲ သူမ ကျနော့်ဘေးကနေရပ်ကြည့်နေတယ်ဆိုတာ
သိနေတယ်။ လူက စိတ်မငြိမ်မှန်းတော်တော်သိသာနေတယ်ဗျာ။ ခုလဲ
မန်းကီးကို အားနဲ့ဖိပီးလှည့်လိုက်တာ အရှိန်လွန်သွားလို့ ပိုက်
က ဆောင့်ဖြုတ်ချလိုက်သလိုဖြစ်ပီး ရေကျန်တွေ ဗွမ်းကနဲ
ထွက်လာတော့ ကုန်းကွကွလုပ်နေတဲ့ ကျနော့်မျက်နာတွေကော
ရင်ဘတ်တစ်ခုလုံး စိုရွှဲကုန်တယ်။
အို!ဖြေးဖြေးလုပ်ပါ စက်ဆရာလေးရယ်..
လူလည်းကြွက်စုတ်ဖြစ်သွားရှာပီ.. သနားပါတယ်
.... ..... .....
ဘာမှပြောမပြောပဲ ၀တ်လာတဲ့ ရှပ်အင်းကျီကို ချွတ်ပီး မျက်နာနဲ့
ရင်ဘတ်ကိုသုတ်.. ဂွအိတ်ထဲအသင့်ပါလာတဲ့ ကားကျွတ်စ ကိုထုတ်ပီး
ကက်ကြေးနဲ့ ညှပ်ပီး ရေဘားလေလုံအောင်
ခပ်မြန်မြန်လေးပြန်တပ်ပေးလိုက်တယ်။
အားလုံးပြန်တပ်ပီးတော့မှ ရေတွင်း တိုင်က ရေစက်ခလုတ်ကို
ဖွင့်ကြည့်ပီးစမ်းလိုက်တော့ ၀ရောကနဲ မြည်လာပီး ဘေးက
အုတ်ကန်ထဲကို ရေတွေ တဗွမ်းဗွမ်းကျလာတယ်။
ဟေးး ရေလာပီကွ .. တော်တယ်တော်တယ် ဖြောင်းဖြောင်း!
ကျနော် အံ့သြတကြီးမော့ကြည့်လိုက်တော့ ရူပဗေဒဆရာမ ဒေါ်ခင်ချိုမေ
ဟာ ကျနော်သိခဲ့တဲ့ ရှုတည်တည် မျက်နာကြောတင်းတင်းနဲ့
အပျိုကြီးမဟုတ်တော့ပဲ ခုန်ပေါက်ရင်းလက်ခုပ်တီးနေတဲ့
အပျိုပေါက်မလေးဖြစ်နေတယ်ကောဗျ။
အထူးသဖြင့် ပြုံးချိုနေတဲ့ မျက်နာနုနုကလေးရယ်၊
နှုတ်ခမ်းနီထွေးထွေးလေးကို တမင် စူတူတူ
ထော်တော်တော်လေးလုပ်ထားပီး
ချစ်စရာကောင်းတဲ့ဟန်ပန်လေးဖြစ်နေတာရယ်ကို သတိထားမိတယ်။
အနီးအနားမှာ ဘယ်သူမှမရှိနေလို့များ ဂုဏ်သရေရှိ ဆရာမဟန်မပေါက်
တော့တာများလားဗျာ။ ဆောင့်ကြောင့်ထိုင်ရင်း သူ့ကို
သတိလက်လွှတ်ငေးမောနေတဲ့ ကျနော့်ရှေ့မှာ ခုန်ပေါက်ရင်း
လက်ခုပ်တီးနေရာက ကျနော် အံ့သြတကြီး
ငေးနေမှန်းသတိလည်းထားမိရော
လျှာကလေးတစ်လစ်လုပ်ပီးပြောင်ပြနေပြန်ရော။
ဘာတွေဖြစ်ကုန်တာလဲမသိတော့ပါဘူးလေ။
ပြောင်ချော်ချော်လုပ်ပြလာမှ သတိဝင်လာပီး
ကိုယ့်ပစ္စည်းတွေကိုယ်အိတ်ထဲပြန်ထည့်ပီး သိမ်းလိုက်မိတယ်။
ရေတွေစိုသွားတဲ့ ရှပ်အင်းကျီကိုတော့ ပြန်မ၀တ်ဖြစ်တော့ပဲ
ပုခုံးပေါ်တင်ထားလိုက်ပီး ဂွအိတ်ကို လွယ်ရင်း
ပြန်ဖို့မတ်တပ်ထရပ်လိုက်တယ်။ ဒေါ်ခင်ချိုမေ့ကိုလည်း
မျက်နာချင်းမဆိုင်တော့ပဲ ချာကနဲလှည့်အထွက်မှာ ဂွတွေထည့်ထားတဲ့
လွယ်အိတ်ကြိုးကို လှမ်းဆွဲထားတာ ခံလိုက်ရလို့
ဆတ်ကနဲလှည့်ကြည့်လိုက်တယ်။
ဘာလဲဗျ?
အမလေး ... စက်ဆရာလေးရယ် အော်လိုက်တာ.. ကြောက်ပါတယ် ..
ဟိုစက်ပြင်ခ ဘယ်လောက်ကျပါသလဲရှင် (လေသံက မူနွဲ့နေသလို
မျက်နာကလည်း မျက်စမျက်နတွေချီပင့်ပီးပြုံးစိစိနဲ့ စကားပြောနေတယ်)
ကျုပ် ပိုက်ဆံနဲ့ပြင်စားတဲ့ကောင်မဟုတ်ဘူး ... ခင်ဗျာ့အိမ်မှန်းသိရင်
လာတောင်မလာဘူး ဟုတ်ပီလား?
သြော! ဟုတ်တယ်နော် မေ့လို့ ... ဆရာလေးက စက်ကိုအပျော်ပြင်ပီး
ဖဲပဲရိုက်စားတာဆိုလား အဟိ
ဒေါ်ခင်ချိုမေ!!
ရှင်!
ခင်ဗျား ကျုပ်ကို.... ..... (ဒေါသတကြီးနဲ့ မျက်နာကို
လက်ညှိုးငေါက်ငေါက်ထိုးရင်း တစ်ခုခုပြောဖို့ပြင်နေတဲ့
ကျနော့်လက်ညှိုးကို ခပ်တင်းတင်းဖမ်းဆုပ်ကိုင်လာလို့
ကျနော်ဘာဆက်ပြောရမှန်းမသိတော့ဘူး)
ရှူးး ရှူးး ရွှတ် (သူ့နှုတ်ခမ်းပေါ်ကို လက်ညှိုးတစ်ချောင်းတင်ပီး
တိတ်တော့ဆိုတဲ့ပုံစံလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို
တမင်ပြူးပြနေတော့ ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးမို့
ကျနော်ငြိမ်ကျသွားရတယ်)
ကျနော့်လက်ညှိုးကိုဆုပ်ထားတာ မလွှတ်ပဲခပ်တင်းတင်းလေး
ကိုင်ထားရင်း ရေတွင်းနားက မီးဖိုဆောင်ကလေးထဲကို
အတင်းဆွဲခေါ်သွားတော့ ဒရန့်ဒရန့်နဲ့
ကျနော်ပေကပ်ကပ်လုပ်ရင်းပါသွားတယ်။
မီးဖိုခန်းထဲရောက်သွားတော့ ထမင်းစား စားပွဲမှာ အတင်းဆွဲထိုင်ခိုင်းပီး
နေရာချထားလိုက်တယ်။ မီးဖိုပေါ်က ခရားအိုးကြီးထဲက နှပ်ထားတဲ့
ကော်ဖီမွှေးမွှေးလေးကို မတ်ခွက်အကြီးတစ်ခုထဲငှဲ့ပီး ဂွပ်ကနဲ
ကျနော့်ရှေ့မှာ လာချပေးတယ်။ ကော်ဖီမြင်ရင်မနေနိုင်၊ အနံ့ရှုရတာနဲ့
တင်သောက်ချင်နေတော့ ဘာမှမပြောတော့ပဲ ကောက်ယူလိုက်ပီး
တစိမ့်စိမ့် ကျိုက်နေမိတယ်။ ကြောင်အိမ်ထဲက ထုတ်လာတဲ့
ကြွေပန်းကန်ပြားနဲ့ထည့်ထားတဲ့ ငှက်ပျောထောပတ်ကြော်
၀၀အိအိလေးတွေလည်း ချကျွေးလာတော့ ဘာမှပြန်မပြောတော့ပဲ
ခပ်တည်တည်နဲ့
ယူပီး စားပစ်လိုက်လိုက်တော့ ချိုစိမ့်ပီး အရသာတကယ်ရှိတယ်ဗျ။
တနေကုန်ထုံးစံအတိုင်းအလုပ်များနေခဲ့တော့ နေ့လည်စာ
မစားရသေးဘူး။ ဖီးကြမ်းငှက်ပျောသီးကို ထောပတ်တွေနဲ့
အိနေအောင်ကြော်ထားတာကို ကော်ဖီမွှေးခါးခါးလေးနဲ့
တွဲပီးမြည်းနေရတော့ အားရပါးရ
ကိုဇိမ်ယူပီး စားပစ်လိုက်မိတယ်။ အင်မတန်အရသာထူးတဲ့
အစားအသောက်နဲ့တွေ့နေတော့ ခုနက စိတ်တိုနေတာတွေတောင်
ဘာမှန်းမသိတော့ဘူး။ ကော်ဖီမတ်ခွက်ကြီးလည်း ပြောင်သွားအောင်
သောက်ပစ်လိုက်သလို ပန်းကန်ထဲက ငှက်ပျောကြော်တွေလည်း
အကုန်စား
ပစ်လိုက်မိတယ်။ ကော်ဖီကို အကုန်မော့ပီး စားပွဲပေါ်ခွက်ကို
ချလိုက်တာနဲ့ စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်ခတ်ထားတဲ့
မွှေးပျံ့ပျံ့လက်ဖက်ရည်ကြမ်းကြွေပန်းကန်လေးက
ရှေ့ရောက်လာပြန်ရော။ ရေနွေးကြမ်းဖန်ခါးခါးလေးကို အရသာခံ
မှုတ်သောက်နေရင်း မော့ကြည့်လိုက်တော့ ကျနော့်ဘေးမှာ
မတ်တပ်ရပ် လက်ကလေးပိုက်ရင်း ကျနော့်ကို "က ကလေးငယ်
ချစ်စဖွယ်" လေးပါလား ဆိုတဲ့ အကြင်နာအကြည့် လေးတွေနဲ့
စိုက်ကြည့်နေတဲ့ ရူပဗေဒဆရာမလေး။
ဗိုက်ဝသလိုဖြစ်သွားလို့လားမသိဘူး။ ခုနက စိတ်တိုနေတာ၊
မာန်မာနထားနေတာတွေပျောက်ကုန်သလိုလို။
ဗိုက်အတော်ဆာနေရှာတယ်.. ကလေးလေးကြနေတာပဲ
စားနေတာကြည့်ပီး အားရစရာနော် ...
နေ့လည်စာမစားရသေးဘူးဟုတ်လား?
အိမ် အလုပ်နည်းနည်းရှုပ်နေလို့ စားဖို့မေ့နေတာဗျ
ဟ.. ဟုတ်လှချေလား? အိမ်အလုပ်တကယ်ကူလုပ်တယ်ပေါ့လေ
ခင်ဗျား.. ကျနော့်ကို ဘာထင်ထင်ဗျာ ဂရုမစိုက်...
ဟေးးး ရှူး ရှူး အဲ့လိုစိတ်မဆတ်ကြေးကွာ နောက်လို့မရဘူးလား
ရှင့်ဒေါ်လေး ခင်ခက် ကျမကို အမြဲပြောပါ့ ငါ့တူလေးက သူ့ဖာသူ
အပြင်မှာဆိုးတာ အိမ်မှာတော့ အင်မတန်အားကိုးရတဲ့ကောင်တဲ့
သိပါတယ်တော်
.... ..... ....
ကော်ဖီနှပ်ထားတာ ကောင်းတယ်မလား ...
ငှက်ပျောထောပတ်လှိမ့်ကြော်လေးကော ကြိုက်တယ်နော် ..
စားလိုက်တာ ပလုတ်ပလောင်း ..
တအားကောင်းတယ်ဗျ.. တသက်လုံးဒီလောက်အရသာရှိတဲ့ ကော်ဖီနဲ့
ငှက်ပျောကြော်မတွေ့ဖူးသေးဘူး.. ဆရာမစားဖို့တောင် မချန်လိုက်မိဘူး
ဆောရီးနော်
ကြိုက်တယ်ပေါ့?
ဟုတ်!
အမြဲစားချင်သွားသလား
ဗျာ!
တသက်လုံးစားမလားလို့မေးနေတာ
..... ..... ..... (ကျနော်သူ့ကိုမော့ကြည့်လိုက်တော့
ပြောင်ချော်ချော်အမူအရာမတွေ့ရပဲ မျက်ဝန်းညိုလေးတွေနဲ့ ကျနော့်ကို
စိုက်ကြည့်နေတယ်ဗျ)
ဘယ်လိုလဲ? မေးနေတယ်
..... ..... ..... (ရင်ခုန်သံတွေတအားမြန်လာလို့
ကျနော်စကားနဲ့ပြန်မပြောနိုင်တော့ပဲ ခေါင်းကို ခပ်သွက်သွက်ကလေး
ငြိမ့်ပြလိုက်မိတယ်)
ရှင်လေးကို ရှင်ချစ်တဲ့ မိန်းမက မဆိုးမမိုက်ဖို့ တောင်းဆိုရင်
လိုက်လျောမှာပေါ့ ဟုတ်လား?
..... ..... ..... (အာစေးမိနေတဲ့လူလိုပဲ ကျနော်
ခေါင်းပဲတဆတ်ဆတ်ငြိမ့်ပြနိုင်တယ် လူက ထူပူနေပီဗျ
ရင်တုန်လိုက်တာဗျာ)
ကျစ်ဆံမြီးအရှည်ကြီးက ရင်ဘတ်အရှေ့နား တွဲလျောင်းဖြစ်နေတာကို
ဝဲကနဲ နောက်ကျောဖက်ကို လွှဲတင်လိုက်ရင်း ရူပဗေဒဆရာမလေး
ကုလားထိုင်မှာ ထိုင်နေတဲ့ ကျနော့်အနားကို တိုးကပ်လာတယ်။
ကျနော့်ပုခုံးကို စုံကိုင်လာတယ်။ မော့ကြည့်လိုက်တော့
သူမ ခမျာလည်း တစ်ကိုယ်လုံးကို တုန်ခါနေတာသတိထားလိုက်မိတယ်။
မကြာခင်ပဲ ခွေလဲကျသွားတော့မလိုပဲ။ နှုတ်ခမ်းနီနီလေးတွေက
တဆတ်ဆတ်ခါနေရှာတယ်။ ကျနော် ၀ုန်းကနဲထရပ်လိုက်တော့
ဒူးပျော့ပီးခွေကျ သွားဟန်တူတဲ့ ဆရာမလေးဒေါ်ခင်ချိုမေတစ်ယောက်
ကျနော့် ပုခုံးပေါ် မျက်နာလေးကို ထိုးအပ်လာလို့ အလိုက်သင့်ကလေး
ခါးကျင်ကျင်လေးကိုတစ်ဖက် ပုခုံးသားအိအိလေးကို တစ်ဖက်
ထိန်းထားရင်းပွေ့ဖက်လိုက်ရတယ်။ ကိုယ်လုံးလေးက
တသိမ့်သိမ့်တုန်တက်လာမှ ခါးကျင်ကျင်လေးကို သိုင်းဖက်ထားရင်း
သူ့မျက်နာလေး
ကိုခွာကြည့်လိုက်တော့ အင်မတန်မျက်နာကြောတင်းတဲ့ဆရာမလေးရဲ့
ပါးပြင်ပေါ်က သနပ်ခါးမှုန်မှုန်လေးတွေက
မျက်ရည်စီးကြောင်းလေးတွေကြောင့် ပျက်ပြယ်စပြုနေရှာပီ။ ဟောဗျာ!
ကျနော့်ဆရာမလေးက ချစ်စဖွယ်လေးပြုံးရင်း
မျက်ရည်ကျနေပါကောလားလေ။
နဖူးချင်း တိုက်ထားရင်း မျက်နာချင်းကပ်ထားရင်ချင်း
အပ်ထားလိုက်ကြတာ
တစ်ယောက်ရင်ခုန်သံတစ်ယောက်ကြားနေရတယ်။
လူဆိုး လူရမ်းကား... ရှင်လေး မကောင်းဘူး "ချို့"
ကိုချစ်တယ်လို့လည်းပြောသေးတယ် ရှောင်နေတယ် ..
ဝမ်းနည်းတယ်ဟာ!
ကျနော့်ကို ဆို့နင့်နင့် အသံလေးနဲ့ တိုးတိုးလေးချွဲရင်း
မျက်ရည်ကျနေတာ ဆရာမလေးမှဟုတ်ရဲ့လားဗျာ။
ကျနော်ခုထိ ဆရာမလေးကို စကားပြန်မပြောဖြစ်သေးဘူး။
လူတစ်ကိုယ်လုံး လေထဲမြှောက်နေသလို ဖြစ်နေတယ်။
ကျနော်ချစ်သူတစ်ယောက် တကယ်ရသွားပီ ဆိုတဲ့ ၀မ်းသာစိတ်ရယ်။
ကျနော်ချစ်တဲ့ ဆရာမလေး ခုတော့ ကျနော့်ကို
အရမ်းတွယ်တာနေပီဆိုတာကိုသိလိုက်
ရတာရယ်အကုန်ပေါင်းပီး လူက အိပ်မက်လိုလိုဘာလိုလိုကြီးလေ။
"ချို" ကပဲ အရှက်မရှိ တပည့်တစ်ယောက်လွှတ်ပီး အခေါ်ခိုင်းရတယ်တဲ့
.... ရှင် ချို့ ကိုချစ်တယ်ဆိုတာ မယုံပါဘူး..တော်ပါပီ (ပြောရင်း အသံက
တိမ်ဝင်သွားရှာတယ်)
ကျ ... ကျနော် .. အ.. အရမ်းရှက်သွားလို့ပါ ဆရာမလေးရာ
မချစ်လို့မဟုတ်ပါဘူး မငိုနဲ့တော့နော် တိတ်.. တိတ်
ချို တော့ တသက်လုံးနိုင်စား မယ့်ကောင်လေးကို
တအားတွယ်တာမိသွားပီ ... ဒုက္ခရောက်ပီနေမယ်
အာ! မဟုတ်ပါဘူး ဆရာမလေးရာ .. ကျနော်နောက်ကို အဲ့လို
မလုပ်တော့ဘူးနော် .. ဟုတ်ပီလား တိတ်တော့
တသိမ့်သိမ့်တုန်နေတဲ့ ကျောပြင်လေးကို ဖွဖွလေး
ပွတ်ပေးရင်းချော့ပေးနေလိုက်တယ်။ ကျနော့်ရင်ဘတ်ထဲမှာ အင်မတန်
လင်းမြ တဲ့ခံစားချက်တစ်ခု ဖြစ်နေတာ လူကို တလှပ်လှပ်နဲ့ဗျာ။
ကျနော့်ချစ်သူဆရာမလေး နောက်ဆုံးတော့ ကျနော့်ကို ချစ်တယ်တဲ့။
ဟားဟား! ပျော်လိုက်တာဗျာ။ ဖိုးသက်ကွ.. မာနခဲ
ဆရာမချောချောလေးရဲ့ ချစ်သူကွ လို့ရင်ဘတ်ထဲမှာ
ဆူညံနေအောင်အော်ဟစ်နေမိတယ်။

Comments

Post a Comment

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀