ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၉

ရုပ်ရှင်ဇာတ်ကားထဲကလို စာတမ်းထိုးလိုက်ရရင်တော့
"တစ်နှစ်ခန့်ကြာသော်" ပေါ့။
မောင်ရေ! မောင်
.... .... ....
မောင်လို့ ... ချို ခေါ်နေတယ်ကွာ ..
.... .... ....
ဟေ့ကောင် "ငသက်" ငါဒီလောက်အော်ခေါ်နေတာ နားပင်းနေသလား
ငါနွားနို့ခွက်နဲ့ လှမ်းထုလိုက်ရ..
"ချိုကြီး" မောင် အလုပ်ရှုပ်နေတာ မမြင်ဘူးလား ...
ဘာဖြစ်လို့ဆူညံနေရတာလဲ ခွီးတယ်ဗျာ
ဟေ့အေး! မသိပူး ငါပျင်းတယ် ဗီဒီယို ခွေသွားငှါးပေးချေ ..
ချောင်ယွန်ဖတ် ဇာတ်ကားအသစ်ထွက်တယ်တဲ့အေ့ "ဖဲဘုရင်" တဲ့ ...
အရမ်းကောင်းတယ်လို့ပြောတယ် ခုထ..ခုထ.. ခုသွားငှါးပေး ... မောင်
မထရင် ငါ့ဖာငါသွားငှါးမှာနော် ဘာမှတ်လဲဟွန်း!
ဖိုးသက်!!!
ဗျာ.. အဖွား?
င့ါမြေးမလေး နင့်ကို ဘာလုပ်ခိုင်းနေသလဲ မကြားဘူးလား .. အခု
သွားငှါးပေးလိုက်စမ်း
ကျွတ်!
အဖွားရဲ့တစ်ချက်လွှတ် အမိန့်ချမှတ်တဲ့နောက် ဘာမှပြန်မပြောရဲတော့ပဲ
ကုန်အ၀ယ်စာရင်း လယ်ဂျာ စာအုပ်ကို ဆတ်ကနဲပိတ်ပီး
ထထွက်ခဲ့ရတယ်။
ဧည့်ခန်းထဲက ဆက်တီခုံရှည်ပေါ်မှာ ခေါင်းအုံးတွေကြားထဲ
ဘုရင်မစတိုင်နဲ့ လှဲနေရင်းက ၀မ်းသာအားရ ဖြစ်နေတဲ့ မျက်နာနဲ့
ကျနော့်ကို လှမ်းကြည့်နေတဲ့ ဗိုက်ကြီးသည် ကြီးကို မင်းတော့နာမယ်
ဆိုတဲ့ အကြည့်နဲ့ ဂျိုကြည့်တစ်ချက်ကြည့်ရင်း ရပ်ကွက်ထိပ်က
ဗီဒီယိုအခွေငှါးဆိုင်
ဆီ ခပ်သုတ်သုတ်ကလေးလျှောက်လာခဲ့တယ်။ ဒီဟာမ
ဘာဖြစ်နေမှန်းမသိပါဘူးဗျာ။ ဗိုက်ကြီးလာကထဲက ဖဲထုပ်ဝယ်ပေးဆိုပီး
ဇာတ်လမ်းစလာတာ။ နောက်ပိုင်း ဖဲရိုက်တာပါသင်ပေးဆိုပီး
ပူဆာလာရော။ အိမ်ထောင်ကျပီဆိုပီး မဆိုးမမိုက်တော့တဲ့ ကျနော်
ခုမှဝဋ်လည်နေပီလေ။
ညအိပ်ပီဆိုလည်း "ဟောလီးဝုဒ်" တစ်ပွဲလောက် ဆွဲဦးမယ်ဘာညာတွေ
ညောင်တယ်။ တော်ပီလို့ ငြင်းရင် ငါ နက်ဖန် နင့်အလစ်မှာ ဒီဗိုက်ကြီးနဲ့
ကြိုးခုန်ပစ်လိုက်ရမလား လို့ ခြိမ်းခြောက်တာနဲ့ စိတ်ကျေနပ်အောင်
ဖဲတစ်ပွဲနှစ်ပွဲလောက် မအိပ်ခင်တူတူရိုက်ပေးနေရတယ်။
အဲ့လိုခြိမ်းခြောက်တာက တစ်ပိုင်း ကျနော့်ကို
ညစာမကျွေးမှာကြောက်တာကလဲ တစ်ပိုင်းပေါ့လေ ဟီးဟီး။
ဗိုက်ကြီးကြီးနဲ့ လုပ်တုံးလားလို့မေးရင် လုပ်ပါ့လို့ဖြေရမှာပဲ။ ခင်ညားတို့
ရူပပေဒဆရာမလေးက ဗိုက်ကလေးပူလာမှ ပြည့်ပြည့်
လုံးလုံးဟာသရုပ်ကလေးပေါက်ပီးပိုပိုလှလာ
တာကိုးဗျ။ ချိုဗူးကြီးတွေက ပိုဆူဖြိုးလာသလို.. ကိုယ်လုံးလေးကလဲ
ပိုတောင့်ပိုထွားလာသလိုဖြစ်လာတော့(ရုပ်ကလေးကလည်း
ကျနော့်မျက်စိထဲ ပိုလှလာတယ်) ကျနော်မလုပ်ပဲမနေနိုင်ပါဘူးဗျာ။
အဲ့ဒါကို ဒင်းက ဟောက်သေးတယ်.. မောင်! နင့်ကလေး
မွေးလာမှဆံပင်တွေဖွေးဖွေး
ဖြူတာမျိုးဖြစ်နေရင် နင်တရားခံနော် တဲ့ဟားဟား။
ကျနော့် အဒေါ်တွေကလဲ
သူ့ကိုဆိုသည်းသည်းလှုပ်ချစ်ကြရာကနေ(ချစ်မှာ ပေါ့လေ သူတို့
တူလေးအပိုးကျိုးသွားတာ ဒီမိန်းမကြောင့်ကိုး) ခုလို
ကိုယ်လေးလက်ဝန်ရှိလာတော့ ပိုတောင်သည်းလာကြတယ်။
အဲ့လိုသည်းလာလေလေ ဒင်းက အိမ်မှာ ဘုရင်မကြီး
စတိုင်ဖမ်းလာလေလေမို့ စပ်မြင်တောင်ကပ်လာတယ်။ ခုနက
အဖြစ်အပျက်ပဲကြည့်တော့လေ။
ဟဲ့! ဒါကဘယ်တုံး ရေးကြီးသုတ်ပျာနဲ့
မမ၀ါ.. မပြောချင်တော့ပါဘူးဗျာ ... အိမ်က "ကိုဝင်းကြည်" က ဖဲချတဲ့
ဗီဒီယိုကြည့်ချင်ပါတယ်ဆိုလို့ အခွေသွားငှါးမလို့ဗျ
ဟာဟ.. နင်တော့ သားလေး မွေးလာရင်
ဝဋ်လည်ဦးမှာမြင်ယောင်သေးတယ် ကွယ် ...
မမ၀ါတို့ကော ကလေးတွေဘာတွေ မယူတော့ဘူးလားဟီးဟီး
ဟဲ့! နင့်အမ ကို ကလေးတွဲလောင်း မုဆိုးမ ဘ၀နဲ့ကျန်ခဲ့စေချင်တာလား
... ပေါက်ကရတွေလျှောက်မပြောစမ်းနဲ့ ဟွန်းး အမယ်မယ်..ရှင်ကြီးက
ဘာပြီတီတီလုပ်ပီး ကလေးကို မျက်စိမှိတ်ပြနေတာလဲ လာ အိမ်ပြန်မယ်
မမ၀ါရဲ့ဆောင့်ဆွဲမှုကြောင့် သူ့ယောက်ျားကြီး ကျနော့်ကိုတောင်
စကားလှမ်းမပြောနိုင်ပဲ ဒရန့်ဒရန့်နဲ့ပါသွားရှာတယ်။
သူ့ယောကျာ်းက သူ့ထက် အသက်အများကြီး ကြီးတာကိုးဗျ။ အင်း!
ကျနော်ပြောဖို့မေ့နေလို့ သူ့ယောက်ျားနာမည်က ... ... "ဘကြီးထောင်"
တဲ့ဗျားးး။ ချောချောလှလှ တစ်ခုလပ်ကလေး မမ၀ါ ဒီနှုတ်ခမ်းမွှေးကြီးကို
ဘယ်လိုလုပ်ကြိုက်သွားသလဲ ကျနော်လည်းနားမလည်ပါဘူးဗျာ။
တစ်ခုတော့ရှိတယ် သစ်သားရုပ်ထုလေးကို မီးရှို့ဖျက်ဆီးပစ်လိုက်တဲ့
နေ့က ညနေစောင်းကြီး အူယားဖားယားနဲ့
ဘကြီးထောင်ကျနော့်ဆီရောက်လာသေးတယ်။ ဟိုကောင်ရွှေဘ
မူးမူးနဲ့ငါ့ကိုခုမှပြောလို့သိရတာ နစ်နာလိုက်တာကွာတဲ့.. ဘယ်မလဲ
အဲ့ဒီသစ်သားရုပ်ထုမီးရှို့ထားတဲ့နေရာ
ဆိုလို့ ကျနော်လိုက်ပြလိုက်တော့ ချက်ချင်းပဲ အိမ်က
ပေါက်ပြားတောင်းပီး မီးဖို နေရာပတ်ချာလည်က ပြာ မှုန်တွေကို
မြေကြီးပါမကျန် ပေါက်ပြားနဲ့ပေါက်ယူပီး
ဂုန်နီအိတ်နဲ့ထည့်ယူသွားတာပဲ။ ဒီအဘိုးကြီးက အင်းတွေ၊ဆေးတွေ
အင်မတန်လိုက်စားတာဆိုတော့ ဆေးဖော်တော့မယ်ဆိုပဲ။
သူ့ဆေးပဲအောင်သွားတာလားဘာလားတော့မသိဘူး နောက်ထပ် ၃၄လလောက်နေတော့ မမ၀ါနဲ့
လူကြီးတွေရှေ့လက်မှတ်ထိုးလက်ဖက်ရည်တိုက်ပီး
ယူပစ်လိုက်တော့တာပဲဗျ။ မမ၀ါတစ်ယောက် ရပ်ကွက်ထဲက
ကုန်စုံဆိုင်မှာ အုန်းဆီဝယ်နေတာ မြင်ရင် အင်းးး
သူ့ဆံပင်တွေလိမ်းဖို့လား
ဘကြီးထောင် နောက်ပေါက်ဖွင့်ဖို့လားလို့ ကျနော်တွေးမိပီး
မရယ်မိအောင်မနည်းထိန်းထားရတယ်။ ဟိုလူကြီးက
နောက်ပေါက်ဝါသနာရှင်ဆိုတော့ လုပ်တော့
လုပ်မှာသေချာတယ်လေခွိခွိ။ (ဘကြီးခင်ညာ့ ဆန္ဒဖြည့်ပေးလိုက်ပီနော်
)
ငှါးလာတဲ့ ဗီဒီယိုအခွေကို အိမ်ပြန်ရောက်လာတော့ ဟိုဗိုက်ပူရဲ့လက်ထဲ
ထည့်ပေးလိုက်ရင်း ညကျရင် အခွေငှါးခ
တစ်ကြောင်းလောက်လာထား.. လို့ပြုံးစိစိနဲ့စ လိုက်တော့
လက်၂ချောင်းထောင်ပြပီး တစ်ကြောင်းလောက်တော့ မ၀သေးဘူး
လို့တိုးတိုးလေး ပြန်ပြော
လာလို့ တဟားဟားအော်ရယ်လိုက်မိတယ်။ ဗီဒီယို ဇာတ်လမ်းကို
စိတ်ပါဝင်စားစွာမော့ တော်မူနေတဲ့ ရူပဗေဒဆရာမလေးကို ကျနော်
မြတ်နိုးစွာနဲ့ ငေးကြည့်ရင်း သူတို့ထင်သလို ဗိုက်ထဲက ကလေးလေးဟာ
သားလေးမဟုတ်ပဲ သမီးလေးဖြစ်ခဲ့ရင်ဆိုပီး စိတ်ကူးယဉ်နေမိတယ်ဗျာ။
ကျနော့်သမီးလေးဟာ သူ့မေမေလို
ဆံပင်နက်နက်အိအိလေးတွေပိုင်ဆိုင်မှာသေချာတယ်။
မျက်နာဝိုင်းဝိုင်းအသား
ဖြူဆွတ်ဆွတ်ကလေးနဲ့ချစ်စရာလေးဖြစ်နေမှာပေါ့ လို့တွေးမိပီး
မမြင်ရသေးတဲ့ ကလေးလေးကို ပုံဖော်ကြည့်နေမိတယ်။
ကျနော့်သမီးလေးသိတတ်တဲ့ အရွယ်ရောက်လာရင်
ရင်ခွင်ထဲထည့်ပီး ဗင်းနစ်မြို့မှကုန်သည် ဆိုတဲ့စာအုပ်မျိုးကို
ပုံပြင်ပြောသလိုဖတ်ပြချင်တယ်။ ကောင်းကင်ကြီးက
ဘာလို့အပြာရောင်ဖြစ်နေရတာလဲ ဆိုတာကို ရှင်းပြချင်တယ်။
သူမမြင်ဖူးလိုက်တဲ့မတရားမှုတွေကို မုန်းတီးတဲ့ သူ့အဖိုး
အကြောင်းဒဏ္ဍာရီဆန်ဆန် ပြောပြပီး အမှန်တရားကို
ချစ်မြတ်နိုးတတ်တဲ့
သမီးလိမ္မာလေးဖြစ်အောင်မသိမသာလေးသွန်သင်ပေးချင်မိတယ်။
အရွယ်ရောက်လာတဲ့ အခါ ဥာဏ်ပညာထက်မြက်တဲ့
အပျိုချောလေးဖြစ်စေချင်သလို ...
ယောက်ျားတစ်ယောက်နဲ့တစ်ခါလောက် အိပ်မိလိုက်တာနဲ့
ယူစရာမလိုတဲ့အကြောင်း.. လောကမှာအသောက်အစား
လောင်းကစားကင်းတဲ့ ယောက်ျားတွေဟာ ထုံအအ
ယောက်ျားတွေသာဖြစ်တယ်ဆိုတဲ့အကြောင်း... ပေတေဆိုးမိုက်ပေမယ့်
သူတပါးအပေါ်နိုင့်ထက်စီးနင်းမလုပ်ခဲ့ဖူးတဲ့ သူ့ဖေဖေလို လူမျိုးကိုသာ
လက်ထပ်စေချင်တယ်ဆိုတဲ့အကြောင်းတွေပါ
ကျနော်သွန်သင်ဆုံးမချင်တယ်။ လူ့လောကထဲရောက်မလာသေးတဲ့
သမီးလေးအကြောင်း
ကျနော်စိတ်ကူးတွေယဉ်နေမိတာများသွားပီလားမသိပါဘူးလေ။
နိဂုံး
ခေတ်စနစ်ပြောင်းလာပီဖြစ်တဲ့နောက်ပိုင်း ကျနော်တို့မြို့မှာ
အုတ်ကန်နဲ့ရေစစ်ကန်တွေပါတဲ့အိမ်သာတွေတူးလာကြပါတယ်။
အများနည်းတူ အုတ်အိမ်သာဆောက်ဖို့ ကျနော်တို့ခြံထဲမှာ
ခပ်နက်နက်တွင်းတစ်တွင်း ခြံထောင့်မှာ ထပ်တူးကြရပါတယ်။
ထုံးစံအတိုင်း အိမ်သာတွင်းတူးရေး တာဝန်ခံကိုရွှေဘတစ်ယောက်
အနီးကပ်စီစဉ်ညွှန်ကြားရင်း တွင်းထဲခဏခဏဆင်းဆင်းကြည့်နေတာကို
ကျနော်သတိထားမိလိုက်တယ်။
ဟာ! ဒါလေးကဘာလေးလဲဟ အရုပ်ကလေးတစ်ရုပ် ထွက်လာပါလား
ဘယ်မှာလဲ ... နေဦး ငါကြည့်မယ် ပြစမ်းပြစမ်း
တွင်းနှုတ်ခမ်းကနေ လွှားကနဲ ခုန်ဆင်းသွားတဲ့ ကိုရွှေဘတစ်ယောက်
လက်ထဲမှာ အရုပ်ကလေးတစ်ရုပ်ကိုင်ပီးပြန်တက်လာတယ်။
သစ်သားရုပ်ထုကလေးပါလားဗျ။
ဒါပေမယ့် ဟိုယခင်က သစ်သားရုပ်ထုကလေးတော့ မဟုတ်ဘူး။
ကျနော်ငယ်ငယ်က ဆော့ကစားခဲ့ဖူးတဲ့ သစ်သားနဲ့လုပ်ထားတဲ့
ဗုံတီးနေတဲ့ ၀က်ဝံ ရုပ်ကလေးမှန်း မြေကြီးတွေကို
ဖယ်ထုတ်သန့်စင်လိုက်မှသိလိုက်ရတယ်။ ဒီနေရာက
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိမ်သာတွင်းဟောင်းကြီးလေ။
ငယ်ငယ်က ဆော့ကစားရင်း ဒီအရုပ်ကလေးကို
အိမ်သာထဲပစ်ချခဲ့မိတာကို ခုမှသတိရတော့တယ်။ သူရှာနေတဲ့
အရုပ်ကလေး မဟုတ်ပဲ ကလေး ကစားစရာ အရုပ်ဖြစ်သွားတော့
စိတ်ပျက်သွားတဲ့ ကိုရွှေဘရဲ့မျက်နာကို လှမ်းကြည့်ရင်း ကျနော်
ဟက်ဟက်ပက်ပက် ထိုင်ရယ်လိုက်မိတယ်ဗျာ။
ဟားဟားဟားဟား!

ကျနော်နှင့်ထူးဆန်းသော သစ်သားရုပ်ထုလေးပုံပြင်ပီး၏။
channko

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀