ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၁၆

မနက်စောစော ရေမိုးချိုးသန့်စင်ထားဟန်တူတဲ့
ကျနော့်ရင်ခွင်ထဲက မမ၀ါဆီက အမွှေးရနံ့ကလေးတွေက
နှာဝကိုချူနေတယ်။ စက်ဘီးနင်းနေရင်း မနက်စောစောမို့
လူသွားလူလာပြန်တဲ့ ဘိုတဲကုန်းနားက မုန့်တီဆိုင်လေးနားရောက်တော့
မုန့်စားမယ်ဆိုပီးရပ်ခိုင်းတယ်။
မုန့်တီ၂ပွဲ ငါးဖယ်နဲ့ ပဲကြော်ထည့်မယ် မြန်မြန်လေးလုပ်ပါဆိုပီး
လှမ်းမှာလိုက်ရင်း ဆိုင်အနောက်နားက မန်ကျည်းပင်အောက်
စားပွဲပုလေးမှာ ၂ယောက်သားထိုင်နေပေမယ့် ကျနော်သူ့ကို
မျက်နာချင်းမဆိုင်ရဲဘူးဗျ။
ဟေ့ရောင်!
ဗျာ
ဟင်းဟင်း .. မနေ့ညက သူမဟုတ်တဲ့အတိုင်းပဲ လူဆိုးပေါက်စနလေး ..
ငါစိတ်ရှိလက်ရှိနားရင်းထအုပ်လိုက်ရရင်တော့လေ ဟွန်း
မမ၀ါ.. ကျနော်ရှင်းပြမယ်.. ဟို.. အဲ့ဒါလေ..
မုန့်တီပွဲတွေလာချတော့ စကားစပြတ်သွားတယ်။ မုန့်ပွဲတွေကို
လက်နဲ့ညွှန်ပြပီး အရင်စားစို့ဆိုတဲ့ ဟန်နဲ့ မမ၀ါက လုပ်ပြတော့ ကျနော်
တူ၂ချောင်းဆီလက်လှမ်းပီး
မုန့်တီတွေကိုစိတ်မပါလက်မပါစားနေမိတယ်။
မမ၀ါကတော့ ပြုံးနေတဲ့မျက်နာပေးနဲ့ တရွှတ်ရွှတ်စားပစ်လိုက်တာ
ခဏလေးနဲ့ မုန့်တီတွေပြောင်သွားတယ်။ မုန့်တီကို စိတ်မပါသလို
တို့ကနန်းဆိတ်ကနန်းစားနေတဲ့ ကျနော့်ကို ရယ်ချင်လျှက်ပက်ကျိ
မျက်နာပေးနဲ့ လှမ်းကြည့်ရင်းစကားစပြောတယ်။
ဖိုးသက်လေး မမ၀ါကို ဂတိတစ်ခုပေးပါ
ဟုတ်!
မုန့်စားပီးသွားလို့ ရေနွေးခါးပူပူကို တဖူးဖူးမှုတ်သောက်ရင်း
ခေါင်းငုံ့ထားရာက ကျနော်မ၀ံ့မရဲမော့ကြည့်ပီး ခေါင်းငြိမ့်ပြလိုက်မိတယ်။
အပေါ်က ခါးတို အင်းကျီအဖြူဆွတ်ဆွတ်ကလေးနဲ့ အောက်က
ထမီအစိမ်းနုနု ယူနီဖောင်းလေးနဲ့ မမ၀ါက လှပကျော့ရှင်းလွန်းတာမို့
ကျနော်ခပ်ငေးငေးလေးဖြစ်သွားမိသေးတယ်။ တချိန်ကတော့
ကိုယ်အင်မတန်ချစ်ခင်ရတဲ့သွေးသားရင်းချာ
လိုသဘောထားရသူဆိုတော့
ဒီလိုဖြူဝင်းဝင်း အသားအရည်နဲ့ အရပ်မြင့်မြင့် အမကြီးကို
ကျနော်ချောမှန်းလှမှန်းတောင်သေချာသတိမထားမိခဲ့ဘူးမဟုတ်လားဗျာ
။ မနေ့ညကမှ တစ်ကိုယ်လုံးတုံးလုံးချွတ်ပီး
စိတ်ရှိလက်ရှိသောင်းကျန်းမိခဲ့ပီးမှ အင်မတန်မိန်းမပီသပီး
လှပတဲ့ကိုယ်လုံးပိုင်ရှင်လေးမှန်းသိလာ
ရတဲ့နောက်မှာ လူက ရင်တဖိုဖိုဖြစ်နေခဲ့ပီလေ။
မမ၀ါက အိမ်ထောင်ပျက်ဆိုတာ မောင်လေးသိပီးသားနော်
သိပါတယ်ဗျ
အင်း.. မနေ့ညက ကိစ္စကို ဘယ်သူသိတာမှ မဖြစ်စေချင်ဘူး..
အဲ့ဒါဂတိပေးပါကွာ.. မင်းတအားချစ်တဲ့ မင့်လူ
ရွှေဘကိုတောင်မပြောရဘူး မမ၀ါဘယ်ယောက်ျားမှ မယုံဘူး
ဘယ်လိုလဲ?
အာ. ကျနော်မပြောပါဘူး မမ၀ါကလဲ..
အေးပါ.. တသက်လုံး မမ၀ါကိုမင်းဘယ်လောက် ချစ်ကြောက်ရိုသေလဲ
ဆိုတာ သိပါတယ်.. မနေ့ညက မုန်ယိုပီးသောင်းကျန်းပြတာကလွှဲလို့ပေါ့
ခွိ
ဟာဗျာ!
နောက်တစ်ခုက .. မမ၀ါကို မင်းဘယ်တော့မှ လိုချင်လှပါတယ်..
ချစ်သူလုပ်ချင်ပါတယ် အဲ့လိုစိတ်တွေမွေးမလာနဲ့
အဲ့ဒါကြိုပြောထားမယ်.. မင့်မိဘ အသိုင်းဝိုင်းက ငါ့ကိုမုန်းကြလိမ့်မယ်..
ကလေးကို ဖျက်ဆီးပါတယ်လို့ စွပ်စွဲကြလိမ့်မယ်
.... ..... .....
မမ၀ါ ကိုယ်တိုင်လည်း အိမ်ထောင်ရေးဆိုတာကို
ဒီတသက်စိတ်ကုန်ခဲ့ပီးပီ ..
ဘယ်တော့မှလဲယောက်ျားထပ်ယူဖို့မစဉ်းစားတော့ဘူးသိလား ..
မင်းအထင်သေးချင်သေးပါစေတော့.. မဖြစ်သင့်မှန်းသိတယ် ..ဒါပေမယ့်
မနေ့ညက မမ၀ါရဲ့ ဘ၀မှာ အင်မတန်ကျေနပ်ပျော်ရွှင်ရတဲ့
ညဖြစ်ခဲ့တယ် .. မင်းလေးရဲ့ ဇွတ်တရွတ် ဆိုးပေတာလေးတွေကို
ကျေနပ်အားရတယ်.. ရှင်းရှင်းပြောမယ်ကွာ ဘ၀မှာမမေ့နိုင်တော့မယ့်
ညတစ်ည
မမ၀ါ ဘာပြောနေတာလဲဟင်? ကျနော်နားမလည်တော့ဘူးဗျ..
ဟေ့ရောင်ဖိုးသက်လေး! ရှင်းအောင်ပြောရရင် မင်းနဲ့ဖြစ်တာကို
ကြိုက်တယ်လို့ပြောနေတာ တောက်! ငါလေငါ ..
စိတ်ရှိလက်ရှိနားရင်းတီးလိုက်ရ ဒီမယ်ရှက်လို့သေတော့မယ်.. ထတော့
သွားမယ် ရုံးနောက်ကျတော့မှာပဲ
မမ၀ါရုံးချိန်မီအောင်
စက်ဘီးကိုခပ်သွက်သွက်ကလေးနင်းထွက်လာခဲ့မိတယ်။
ကျနော့်ရင်ခွင်ထဲက စက်ဘီးဘောင်တန်းပေါ်မှာ
တင်ပါးလွှဲကလေးထိုင်လာတဲ့ မမ၀ါက ဘဏ်နားရောက်ခါနီး
ခရစ်ယာန်ဘုရားရှိခိုးကျောင်းကုန်းအဆင်း လူသူရှင်းလွန်းတဲ့နေရာ
အရောက်မှာ မော့ပီး ကျနော့်ဂုတ်ကိုလက်ပြန်သိုင်းဖက်ဆွဲချရင်း
ကျနော့်နဖူးကို ပြွတ်ကနဲနမ်းရင်း ပါးချိုင့်ကလေး
ပေါ်အောင်ပြုံးလိုက်သေးတယ်။ ဘဏ်ရှေ့ရောက်တော့ စက်ဘီးပေါ်က
ဆင်းသွားရင်း လေသံတိုးတိုးနဲ့ (ဟရောင်! သေချာမှတ်ထားနော်
ငါမင့်ချစ်သူမဟုတ်
ဘူးဆိုတာ ခေါင်းထဲအမြဲမှတ်ထား) လို့ ပြုံးစိစိပြောပီး
သူ့ရုံးထဲဝင်သွားတယ်။
ရပ်ကွက်ထဲက အဟန်ရှုပ် တရုတ်လက်ဖက်ရည်ဆိုင်ရှေ့မှာ
စက်ဘီးဒေါက်ထောက်ထားရင်း ကျနော်ကိုရွှေဘကို
မနက်ခင်းလက်ဖက်ရည်ဆိုင်ထိုင်ဖို့ စောင့်နေလိုက်တာစောစီးစီး
ဘူပိတ်တဲ့အကွက်က ဆိုက်လာသေးတယ်ဗျ။
ရပ်ကွက်ထဲက ဘူဒါးဘိုးတော်တစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲက
နံပြားနဲ့လက်ဖက်ရည် ပါဆယ်ဆွဲပီး ထွက်အလာ ကျနော့်ကိုမြင်တာနဲ့
ခါးကလေးထောက်ခါထောက်ခါနဲ့ တော်ကီလာပွားတယ်။
ဟဲဟဲ.. ဖိုးသက် မနက်အစောကြီးမင်းဘယ်ကနေ ထွက်လာတာလဲ
ငါမြင်လိုက်သလိုလိုအရှိသားနော့်
ဘာပြောတာလဲဗျ?
မင့်ကိုယ်မင်း လည်လှပီထင်နေတာကိုးကွ ငါရိပ်မိနေတယ်နော့် ..
"ဘကြီးထောင်" ကျနော့်ကို ဘာတွေပြောနေတာလဲဗျ
ပြောချင်ရင်ဒဲ့ပြောလေဗျာ အဲ့လိုဝေ့၀ိုက်မနေနဲ့
သြော်! ငါဒီနေ့မနက် အစောကြီး နိုးနေတာကိုးကွ.. အဲ့ဒါနဲ့
အိမ်ရှေ့လမ်းမထွက်လမ်းလျှောက်နေရင်း မေတ္တာသုတ်လေးဘာလေး
ရွတ်နေတာ ၀ါဝါမေ တို့ခြံဝင်းထဲက လူတစ်ယောက်
ခုန်ထွက်လာတာလှမ်းမြင်လိုက်ရသလိုလိုဘာလိုလိုဟ ဟဲဟဲ
ဘကြီးထောင်က အသက်ကြီးနေပါပီဗျာ မမ၀ါတို့ အိမ်ခြံစည်းရိုးကို
ဘယ်လိုလူက ခုန်ကျော်နိုင်မှာလဲ ဖြစ်နိုင်ပါ့မလား.. ဒါနဲ့
မနက်စောစောထထပီး လမ်းမမှာ လမ်းထွက်လျှောက်သလိုနဲ့
ကုန်စိမ်းတွေဈေးလာလာပို့တဲ့ အထမ်းသမလေးတွေချောင်းနေတာကို
မေတ္တာသုတ်ရွတ်တယ်ဘာညာတွေ လျှောက်လိမ်မနေစမ်းပါနဲ့
ဘကြီးထောင်ရာ.. အချင်းချင်းတွေကို.. ခုလောလောဆယ်
ပန်းသည်မလေး မအေးပွင့် ကို ဘကြီးထောင် ခေါ်ခေါ်စားနေတယ်ဆိုပီး
ဟိုဖက်ရပ်ကွက်မှာ သတင်းထွက်နေတယ် ကြည့်လုပ်ဦးဗျ..
ဟကောင်! မင်းဘယ်ကကြားလာတာလဲ တကယ်လား?
သူ့အကြောင်းတွေအကုန်သိတဲ့ ကျနော် လျှောက်ရွှီးပစ်လိုက်မှ
ဘိုးတော်ကြီး ပျာယာခတ်သွားတယ်။ တဟီးဟီးနဲ့
စကားလမ်းကြောင်းလွှဲသွားတော့မှ
ကျနော်လည်းသက်ပြင်းချနိုင်တော့တယ်။ နောက်ဆို သတိထားမှ
ဒီအဘိုးကြီးနဲ့မလွယ်ပါဘူးဗျာ။
ဒီဘဲကြီးက အသက်အတော်ကြီးပီ ဒါပေမယ့် နှာကိစ္စမှာ
ဆရာတစ်ဆူခင်ဗျ။ အရင်ကတော့ တပ်ထဲက ခုတော့ အငြိမ်းစားပေါ့။
ရပ်ကွက်ထဲပြောင်းလာတာ ၄-၅နှစ်လောက်ပဲရှိသေးတယ်။
"တပ်ကြပ်ကြီး" ဘ၀နဲ့ အငြိမ်းစားယူလာတာလို့ကြားဖူးတာပဲ။
သူတို့အရွယ်တူဘိုးတော်
အသိုင်းအ၀ိုင်းကတော့ အချင်းချင်းတွေ့ရင် "မောင်မောင်ရဲ" လို့
ခေါ်ကြတာကြားဖူးပေမယ့် ဦးရဲထောင် ဆိုတဲ့နာမည်ကြောင့် ကျနော်တို့
လူငယ်တွေက "ဘကြီးထောင်" လို့ပဲနှုတ်ကျိုးနေကြတာပေါ့လေ။ သူ့
ကျောင်းအမကြီးက ဆုံးသွားတာကြာပီဆိုပဲ။ သားတွေပဲမွေးထားတာ
ဆိုတော့ ချွေးမတွေအများသားလေ။ ဒါပေမယ့် သားတွေအလစ်မှာ
အဲ့အဘိုးကြီးက ချွေးမတွေနဲ့ဘာလိုလို အပုပ်နံ့က
ထွက်ထွက်လာသေးတယ်။ အလုပ်မရှိ အငြိမ်းစား
အားယားနေတာဆိုတော့ ဟိုဆေးဖော်ဒီဆေးဖော်တွေ သိပ်လုပ်တာဗျ။
ဗေဒင်လိုလို၊အင်းလိုလို၊ဘိုးတော်လိုလို
တွေလည်း လုပ်။ ပီးရင် တွေ့တဲ့မိန်းမ
အကုန်ဆွဲစားတယ်ဆိုပီးနာမည်ကြီး။ ကိုရွှေဘကတော့ အဲ့ဒီ
ဘကြီးထောင်ကို တော်တော်စပ်မြင်ကပ်နေသတဲ့။ ခုလည်း သူ့ဖာသာ
မနက်စောစောထ ပုတီးလက်က ကိုင်ပီး ကုန်စိမ်းသမလေးတွေ
ကိုဖန်ဖို့ချောင်းနေတာကို တိုက်တိုက်ဆိုင်ဆိုင်
ကျနော့်ကို မြင်သွားသေးတယ်။ သတိထားမှဖြစ်မယ်။ ပြောရရင်
မကောင်းဘူး အဲ့ဒီဘိုးတော်က ကျနော့် ဒေါ်လေး
အငယ်ဆုံးတစ်ယောက်ကို ဗူးနေတာလေ။ ကျနော့်ဒေါ်လေးက
လှတပတလေး ကို ဒင်းက ပြီတီတီလုပ်လုပ်နေတာ
အော့နှလုံးနာစရာကြီးဗျာ။(ဘကြီး စိတ်မဆိုးကြေး
နော် ခင်ညား ကျနော့်ကို ဇာတ်လမ်းထဲမှာ ဘွားတော်ကြီးနဲ့ အုပ်ခိုင်းတာ
လက်စားပြန်ချေလိုက်ပီ ခွိ)
xxxx xxxxx xxxxxx
မြို့အစွန်မှာ လုပ်တဲ့ သီတင်းကျွတ်ဘုရားပွဲကို တစ်ရပ်ကွက်လုံးက
လူပျိုအပျိုကာလသားသမီးတွေ အုပ်စုလိုက်ချီတက်လာကြတယ်ဗျ။
ကျနော်တို့မြို့မှာ အစည်ကားဆုံးပွဲတော်ပေါ့။ ကောင်မလေးတွေကို
အလည်မှာထားပီး ကျနော်တို့ယောက်ျားလေးတွေက မျက်ခြေမပြတ်
ပွဲခင်းထဲ အကဲခတ်နေရတယ်။ လက်သရမ်းတာတွေ
အမူးသမားဆွဲလားရမ်းလားဖြစ်တာတွေကို ကာကွယ်ပေးဖို့ပေါ့။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆