ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၂၀

အကြီးအကျယ်ဝိုင်းဖြစ်လို့ အချီကြီးလျော်ရတော့မယ်ဆိုရင်
ညဖက်ကစားတဲ့ဂျင်ဝိုင်းတွေမှာ ဒိုင်ရဲ့ဒလန်ကောင်တွေက
ဝိုင်းအပြင်ကနေ အောက်လင်းမီးအိမ်ကို
သစ်သားချောင်းနဲ့လှမ်းပေါက်ပစ်ပီး ရှုပ်ရှက်ခတ်အောင်
လုပ်၊ အဲ့ဒီမှာ ဒိုင်က လုံးဝမလျော်တော့ပဲ
လူတွေဘာမှန်းမသိလိုက်နိုင်ခင် အမှောင်အကျနဲ့ကွက်တိ သူတို့ဖာသာ
ပိုက်ဆံတွေပြန်လုပစ်တာမျိုးအထိ
လုပ်တတ်တဲ့ကောင်တွေမှန်းကျနော်သိပီးသား။ ခုလည်း
အခြေနေကတင်းမာစပြုလာပီ။ မတော်တဆသူ့ဖာသာ ဟုတ်ပီ!ထိုးတယ်
နော်ဘာညာလုပ်ပစ်ပီး အုပ်ဆောင်းကိုဆွဲလှန်လိုက်မှာစိုးနေရပီ။
မျက်နာကို ခပ်တင်းတင်းထားရင်း ကျနော့်ပုဆိုးကို
ဆွဲချွတ်ချပစ်လိုက်တယ်။ အောက်က
ဘောလုံးကန်ဘောင်းဘီအတိုလေးပါလာလို့တော်သေးတယ်။ ပုဆိုးကို
ဖြန့်ခင်းပီး ပိုက်ဆံအပုံကြီးကို လက်၂ဖက်နဲ့ကျုံးထည့်
ပစ်လိုက်တာခပ်သွက်သွက်ကလေးပဲ။ လူတွေက အံ့သြသွားလို့
တဝေါဝေါ ဝေဖန်သံတွေထွက်လာတယ်။
ဟေ့ကောင်! ဒါဘာလုပ်တာလဲကွ
ဆက်မထိုးတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ
ပုဆိုးထဲပိုက်ဆံအပုံကြီးရောက်သွားတာနဲ့ အနားစတွေကိုစုပီး
လုံးချည်လိုက်တယ်။ မြန်နိုင်သလောက်မြန်မြန်လစ်မှဖြစ်မယ်လေ။
မခံမရပ်နိုင်ဖြစ်သွားတဲ့ ဒိုင်က ဆတ်ကနဲမတ်တပ်ထရပ်ပီး
ရှူးရှူးရှားရှားလုပ်ဖို့ပြင်တယ်။ သူ့လူတွေကပါ ၀ရုန်းသုံးကား ထရပ်ပီး
ကွပ်ပျစ်ပေါ်အထိတက်မယ့်ဟန်ပြင်အလာမှာ...
တစ်ယောက်မှ မကပ်ခဲ့နဲ့နော်!!! သေသွားမယ် (xxx..သား)ကွ
ဟေ့ကောင်! တင်ဖေ မင်းရွှေဘအကြောင်းသိတယ်နော်
တက်လာတဲ့ကောင်အသေပဲ
ကိုရွှေဘရဲ့ကြုံးဝါးသံက အော်ကြီးဟစ်ကျယ်ထွက်လာတယ်။
လူတွေအကုန်လုံးရှဲကနဲဖြစ်သွားပီး ဟိုဖက်က တင်ဖေတို့အဖွဲ့လည်း
ကပ်မလာရဲဘူး။ ကိုရွှေဘလက်ထဲမှာ နယ်ကျော်ပီးသွားတိုင်း
ခါးကြားထိုးတတ်တဲ့ အဲ့ဒီခေတ်က နာမည်ကျော် သိမ်းလီရွာပန်းပဲ
ဖိုကထွက်တဲ့ ဓားမြှောင်က တလက်လက်ထလို့။ ပိုက်ဆံထုပ်ကြီးထမ်းပီး
ထွက်ပြေးလာတဲ့ ကျနော်ကရှေ့က ဓားမြှောင်တရမ်းရမ်းနဲ့ ကိုရွှေဘက
အနောက်က ကပ်လျှက်ပါလာတယ်။ ပွဲခင်းလမ်းမကြီးပေါ်မှာ
ဖုန်တွေတထောင်းထောင်းထတဲ့အထိ လူအုပ်ကြီးက လိုက်ကြည့်
နေကြတယ်။ ရုတ်ရုတ် ရုတ်ရုတ်နဲ့ဖြစ်နေပီး
ဘောင်းဘီတိုလေးပဲဝတ်ထားပီးရုပ်ပျက်ဆင်းပျက်ပြေးနေတဲ့ ဖိုးသက်နဲ့
အကာအကွယ်လုပ်ပီး ဆုတ်လာတဲ့ကိုရွှေဘ။ အဲ့ဒီအချိန်မှာပဲ
မျက်နာချင်းဆိုင်က တည့်တည့်လျှောက်လာကြတဲ့ လူအုပ်ကြီးတစ်ခုနဲ့
ထပ်ပီးပက်ပင်းတိုးမိတယ်။
ကျနော်တို့မြို့ရဲ့ထုံးစံအတိုင်းပွဲတော်ကာလ ညနေစောင်းမှာ
ဘုရားကုန်းတော်ပေါ်လာပီး ၀တ်ရွတ်ကြတဲ့ ဟံသာဝတီဝတ်ရွတ်စဉ်
အသင်းယူနီဖောင်းနဲ့ကောင်မလေးတွေဆိုတာသတိထားမိပေမယ့်
မရှက်မကြောက်အားတော့ဘူး။ ကိုယ့်ဇောနဲ့ကိုယ်မို့
တည့်တည့်ကြီးပဲဆက်ပြေးခဲ့မိတယ်။
ဘုရားဘုရား!
လက်တစ်ကမ်းအကွာရောက်ခါနီးမှ အဲ့ဒီကောင်မလေးတွေအုပ်စုကို
ဦးဆောင်လာတာ ကျစ်ဆံမြီး အရှည်ကြီးချလို့ ယောဂီဝတ်စုံလေးနဲ့
အင်မတန်ဝါ၀င်းစိုပြေတဲ့ အသားအရည်ပိုင်ရှင် ကျနော့်အသက်ဗူး၊
ကျနော်ချစ်မိနေတဲ့ ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေ ဖြစ်နေပါ
ပေါ့လားဗျာ။ ရှေ့က ပြေးလာတဲ့ ဘောင်းဘီတိုလေးနဲ့ ကျနော်ရယ်၊
အနောက်က ပါလာတဲ့ ဓားတရမ်းရမ်းကိုရွှေဘရယ်ကြောင့် အကုန်ရပ်ပီး
အံ့သြသလိုကြည့်နေကြတယ်။ ဒေါ်ခင်ချိုမေ ကတော့ မြင်မြင်ချင်း
ပါးစပ်အဟောင်းသားနဲ့ကြည့်နေပီး ချက်ချင်းပဲ မျက်လုံးတွေကအရောင်
ပြောင်းသွားတာကို ပြေးရင်းလွှားရင်းပဲ ကျနော်
သတိထားလိုက်မိပါတယ်။ အထင်သေးရွှံရှာတဲ့ အကြည့်၊
လူရမ်းကားလေးပါလား ဆိုတဲ့ အကြည့်ဆိုတာ တစ်စက္ကန့်လောက်ပဲ
မျက်လုံးချင်းဆုံမိခဲ့ပေမယ့် ကျနော်သိလိုက်ပါတယ်ဗျာ။ ရင်ဘတ်ထဲမှာ
ကျင်ကနဲဖြစ်သွားပေမယ့်လောလော
ဆယ်အသည်းမကွဲအားသေးဘူးမို့ ဆက်ပြေးခဲ့ရတာပေါ့။ ပွဲခင်းအ၀င်ဝ
မြင်းလှည်းဂိတ်ရောက်လာတော့မှ "ဘကြီးအောင်" လို့
ဆိုင်းဘုတ်ရေးထားတဲ့ မြင်းလှည်းပေါ်ကို ကိုရွှေဘနဲ့ ကျနော်ခုန်တက်ပီး
မြင်းလှည်းသမားလည်းဖြစ် ဘော်ဒါလည်းဖြစ်တဲ့ ကိုကိုအောင်
ဆိုတဲ့ကောင်ကို ဟေ့ကောင်!
မောင်းမောင်း မြန်မြန်လေး ဆိုပီး အသည်းအသန်အော်လိုက်တော့
မြင်းရိုက်ကြာပွတ်သံ တရွှမ်းရွှမ်းနဲ့ ခုန်ပေါက်ပီး မြင်းလှည်းလေးက
ဆောင့်ထွက်သွားတော့တယ်။ ကိုကိုအောင်ရဲ့ ဘာဖြစ်လာကြပြန်ပီလဲ
မင်းတို့ဆရာတပည့်တွေ ဆိုတဲ့အမေးကို ပြန်မဖြေနိုင်ဘူး။ ဟောဟဲ
ဖြစ်နေတာကို အမော
ဖြေရင်း ရင်ခွင်ထဲက ပိုက်ဆံထုပ် ကြီး(ပုဆိုးထုပ်ကြီး) ကို ကိုရွှေဘဆီ
လှမ်းပေးလိုက်ရင်း ကျနော်ငိုင်တွေတွေဖြစ်ရင်း
မြင်းလှည်းပေါ်ပါလာခဲ့တယ်။ ကျနော့်ရူပဗေဒ ဆရာမလေး ဘယ်တော့မှ
ကျနော့်ကို လက်ခံမှာ မဟုတ်တော့ပါဘူးလေ ဆိုတဲ့အတွေးကြောင့်
ရေရေလည်လည်ဆွေးသွားပီဗျာ
မိုးက တအုံးအုံးရွာချနေတယ်။
ချမ်းစိမ့်စိမ့်ရာသီဥတုလေးမို့ကွေးလို့ကောင်းမယ့် ညဦးပိုင်းလေးပေါ့။
ပလပ်..ပလက်.. ပြွတ်စ်.. ရှလှူး..ကျွတ်ကျွတ်..ပလပ်
ဟင်းးး
ဂျလွတ်.. ပြွတ်ပြွတ်
ကြမ်းပြင်ပေါ်မှာ သင်ဖျူးဖျာလေးချပီး ခေါင်းအုံး၂လုံးနဲ့ခွေရင်း
လောကီထုပ္ပလူတို့ဇာတ် ဆိုတဲ့စွယ်စုံကျမ်းအတွဲတစ်ခုကို
စိတ်မပါလက်မပါ ဟိုလှန်ဒီလှန်လုပ်နေရာက ဆူညံလွန်းတဲ့
စားမာန်ခုတ်သံတွေကြောင့် စိတ်ညစ်ညစ်နဲ့ခေါင်းထောင်ထပီး ကြည့်
လိုက်တော့ မျက်နာချင်းဆိုင်မှာ တင်ပလင်ခွေထိုင်ပီး ၀ါးကြောဖွင့်နေတဲ့
ကိုရွှေဘ က ဘာလဲဆိုတဲ့အကြည့်မျိုးနဲ့ မျက်ခုံးပင့်ပြလာတယ်။
ခင်ဗျား အစားအသောက်စားတာကလဲ ဆူညံနေတာပဲ အဆင့်ကိုမရှိတာ
ကိုယ့်ဖာကိုယ်စိတ်လေနေရတဲ့အထဲ..
ငါ့ပါးစပ်နဲ့ငါစားချင်သလိုစားမယ်ကွာ .. မင့်သောက်ပူပါသလား..
မကြားချင်ရင် နားပိတ်ထားလိုက်.. ဒါဇိမ်ခံနေတာ
ဟုတ်ပါပီ ဘူဇွာကြီးရယ်.. အပင်းဆို့တော်မူပါ..
မသေခင်လေးဝအောင်စားသွားပါ အရင်ဘ၀ထဲက
ငတ်လာတာလားမသိပါဘူး

ညနေစောင်းဂျင်ဝိုင်းက လစ်လာကြပီး သူဌေးဖြစ်လာကြတော့
မြင်းလှည်းကို အိမ်တန်းမမောင်းခိုင်းပဲ မြို့ထဲဖက်ပတ်ပီး
တရုတ်အရက်ဆိုင်ကနေ ဘဲပေါင်းမြူစွမ်၊
အခေါက်ကင်၊ကြက်ဥမကြက်တကြက်ပြုတ်အလုံး၂၀၊
နံကင်၊ကြက်ကြော်စားလို့ရတာအကုန်ဝယ်
ရင်း ရှပ်ကီပုလင်းလေးပါ ပါဆယ်ဆွဲလာကြတာလေ။ "ဘကြီးအောင်"
မြင်းလှည်းမောင်းတဲ့ ကိုကိုအောင်ကိုတော့ ရက်ရောစွာနဲ့
ရော့!မြင်းလှည်းခဆိုပီး ၉၀တန်၁၀ရွက်ထုတ်ပေးရင်း ခေါက်ဆွဲဆိုင်မှာ
ကျန်ခဲ့တဲ့ ကျနော့်စက်ဘီးကို
သွားယူပီးနက်ဖန်ပြန်လာပို့ပေးဖို့မှာလိုက်ခဲ့တယ်။
သေချာတယ်.. ဒီကောင် မြင်းလှည်းတစ်ပတ်လောက်ထွက်မဆွဲပဲ
အိမ်တွင်းအောင်းပီး ဘူရှိန်း တော့မှာ။ ကျနော့်ချစ်လှစွာသော
အပေါင်းအသင်းတွေက အဲ့လို ကဇော်သမား၊ဘိန်းစားတွေကနေ
မြို့နယ်ဆရာဝန်ကြီးအထိ လူတန်းစားကိုစုံနေတာဗျ။
ကျနော်လည်းအိမ်မပြန်ဖြစ်
တော့ပဲ ကိုရွှေဘအိမ်ကို လိုက်သွားပီး ရေမိုးချိုး
သူ့အ၀တ်တစ်စုံလောက်ယူဝတ်ပီး အဲ့မှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။
သူ့အခန်းထဲက စာအုပ်ဗီရိုကြီး အောက်ဆုံးထပ်
ရပ်ကွက်စာကြည့်တိုက်က သမ လာတဲ့ စွယ်စုံကျမ်းတွေကို
အကုန်ဆွဲထုတ်ပီးကြမ်းပြင်ပေါ်ကိုပုံထားလိုက်ရင်း
ပုဆိုးထုပ်ကြီးထဲက ပိုက်ဆံတွေကို ၂ယောက်သား အူမြူးစွာနဲ့
သေချာစီစီရီရီထပ်ပီး ထည့်ထားလိုက်ကြတယ်။
ပါဆယ်ဆွဲလာတဲ့ အစားအသောက်တွေဖွင့်ပီး စားသောက်ကြတော့မှ
အရက်လည်းမသောက်ချင်တော့သလို အစားအသောက်ကိုလည်း
ဟက်ဟက်ပက်ပက်မရှိတော့ဘူးဗျ။
ဟိုတို့ဒီတို့လုပ်ပီး လေခံသွားတာလားမသိဘူးဗျာ တော်ပီ ဆိုပီး
ဆေးပေါ့လိပ်ကလေးတစ်လိပ်လောက်ဖွာရင်း ကြမ်းပြင်ပေါ်မှာ
ကျောခင်းနေမိတယ်။ ကိုရွှေဘကတော့ ရှပ်ကီလေး တွတ်လိုက်၊
အမြည်းတွေသံစုံမြည်အောင်စားလိုက်နဲ့ မိုးအေးအေးညချမ်းမှာ
စည်းစိမ်ခံနေ
လေရဲ့။ လေးပေဖန်ချောင်းရဲ့အလင်းရောင်အောက်မှာ
ဆေးပေါ့လိပ်မီးခိုးတွေ တလူလူထအောင်ဖွာရင်း ကျနော့်မျက်စိထဲ
တ၀ဲလည်လည်မြင်နေမိတာကတော့ ရူပဗေဒဆရာမလေးရဲ့ ညနေက
အကြည့်တွေကိုပဲပေါ့ဗျာ။
မုဒိန်းကောင်၊ဖဲသမား၊လမ်းသရဲ၊ဒုစရိုက်မှုတွေနဲ့
ပြည့်နေတဲ့ ချာတိတ်ကလေးကို မုန်းသွားပီပေါ့နော်။ တကယ်တော့
ကျနော် ဆရာမကို တမင်ယုတ်မာခဲ့တာမဟုတ်ဘူးဆိုတာ
ဘုရားသိပါတယ်လေ။ ပီးတော့ ဆရာမထင်သလို ကျနော်ဟာ
လူပေါ့လူသွမ်းလေးလည်းမဟုတ်ရပါဘူး။
မိဘအလုပ်ကိုလည်းမလစ်ဟင်းစေရအောင်
ကြိုးစားကူညီလုပ်ကိုင်ပေးရင်း လူငယ်ပီပီ
အပျော်အပါးအစွန့်အစားလေးတွေကို သဘောကျမိတဲ့
သာမန်ကောင်ငယ်လေးပါ။ ပီးတော့ဆရာမလေးက
ထက်ထက်မြက်မြက်ရှိပီး မာနခဲလေးမို့ မသိစိတ်ကနေ တွယ်တာမိရင်း
အနိုင်အထက်ကျင့်မိသလိုဖြစ်သွားတာမို့
ရင်မဆိုင်ရဲပဲရှောင်နေခဲ့မိတာပါ။
ခုတော့ ကျနော် အသည်းကွဲနေရပါပီ ဆရာမရယ်။ ချစ်တယ်လို့တောင်
မပြောရဲခဲ့ရပဲ တိတ်တိတ်လေးဆွေးရတယ်နော်။
ကျနော့်ဆရာမနဲ့မျက်နာချင်းတောင်မဆိုင်ရဲတော့ပါဘူး။
ရင်တွေပူလိုက်တာဗျာ။ ဆရာမသာ ကျနော့်ကိုခွင့်လွှတ်မယ်ဆိုရင်
ကျနော်လိမ္မာပါ့မယ်လို့ ဂတိပေးရဲပါတယ်။
ခုလို ဆိုးပေတေတဲ့ပုံပေါက်နေရတာလည်း
အပေါင်းအသင်းမကောင်းလို့ဆိုပီးပြောရမလား?
အမယ်မယ်! ချီး.. အပေါင်းအသင်းမကောင်းတာလား အေဘေးလေး
ကဲ! ရော့
အင့်.. ဟာ ဟေ့လူ.. ဆေးလိပ်မီး.. အားး အားး
တင်ပလင်ခွေထိုင်နေရာက ကိုရွှေဘက ဖျတ်ကနဲ လှမ်းကန်တာကို
လက်နဲ့ကာလိုက်မိတော့ ဆေးပေါ့လိပ်မီးဖွားတွေ ရင်ဘတ်ပေါ်ကျလာလို့
ခုန်ထပီး ခါထုတ်ပစ်လိုက်ရတယ်။
အရက်ကလေး၂ပက်လောက်မော့ပီး မူးကြောင်ရူးကြောင်နဲ့
ငါ့ကိုရှေ့ထားပီး ဒိုင်ကြောင်တွေလာရွတ်နေတယ် ... သောက်ရူး..
ခင်ဗျား မကြားဘူးထင်လို့ပါ.. ပူလိုက်တာဗျာ .. ဆေးလိပ်မီးဖွားတွေ..
သောက်ရမ်းလုပ်ရသလားဗျ
နေစမ်းပါဦး ဖိုးသက်! မင်းက အဲ့ဒီခင်ချိုမေကို ဘယ်တုံးက
သွားကြိုက်မိတာတုံး?
ကျုပ်ဖာကျုပ် ဘယ်တုံးက ကြိုက်ကြိုက်ပေါ့ .. ခင်ဗျားညီမ
မှမဟုတ်တာ.. အေးအေးနေပါဗျာ
ဟုတ်ပါပီ! ခင်ချိုမေက ငါနဲ့တောင် သက်တူရွယ်တူ
ဆယ်တန်းတူတူတက်ခဲ့တာ.. မင့်ထက် ဆယ်နှစ်လောက်ကြီးမယ်
ဘွားတော်ကြီးအရွယ်ကိုများ မင်းမို့လို့ကွာ
အာ! ခင်ဗျားလိုဟိုက ရွတ်တွနေတယ်မှတ်လို့လား ..
နုဖတ်ပီးစိုပြေနေတာ.. သူ့တပည့်မတွေနဲ့
အရွယ်တူလောက်ပဲထင်ရတာကြီး.. သူ့ဖာသူကြီးကြီးငယ်ငယ်
ကျနော်ကြွေတယ်ဗျာ..
ဒါကအပြင်အဆင်လေးနဲ့မို့ပါဖိုးသက်ရာ..
အ၀တ်အစားတွေချွတ်ကြည့်လိုက်ရင် ဘာပုံပေါက်နေမလဲမင်းသိလို့လား
.. ဒီမှာဟေ့ကောင် သူ့ေ-ာက်ဖုတ်ကြီးက
မင့်လက်ဝါးနဲ့တစ်အုပ်စာတောင် မက ဖြစ်နေလောက်ပီောက်စိကြီးကလဲ ငါတို့အိမ်ရှေ့ဇီးဖြူပင်ကကြွေကြွေကျတဲ့
ဇီးဖြူသီးကြီးတွေလောက်က်က်
ကိုရွှေဘ! ခင်ဗျား မူးလာရင် အဲ့လို ယုတ်ကန်းတာတွေပြောပီ..
တော်တော့ဗျာ .. ကျုပ်ဆရာမလေးကို
အဲ့လိုမဟုတ်တရုတ်တွေမပြောပေးနဲ့ တောက်!
ဟားဟား! မင်းတကယ်ကြိုက်နေရင်လည်း မင့်အဖွားကိုပြောပီး
သွားတောင်းခိုင်းလိုက်လေကွာ .. ပုံမှန်ကောင်မလေးတွေလို
ရည်းစားစကားပြော၊ စာပေးမယ်တော့မကြံနဲ့ ဟိုက မင့်လိုဖဲသမားကို
စိတ်ကူးထဲထည့်တောင်မထည့်ဘူးမှတ်ထားဟီးဟီး
တောက်! အားတက်စရာကောင်းလိုက်တာဗျာ အဲ့ဒါခင်ဗျားလို
လူဆိုးဗိုလ်နဲ့ပေါင်းမိလို့ဖြစ်တာ ဖူးးးးးး
ဟကောင် ဘာလုပ်မလို့လဲ?
ပြန်မလို့လေ ... အိမ်ပြန်အိပ်မလို့ ကျုပ်ဖရီးဂျက်ကက်ကော ဘယ်မှာလဲ?
မင့်ဖာမင်း ရှာလိုက်တော့.. အေ့ ဂေ့.. ငါသောက်ရမ်းမူးလာပီ
မင့်ဖာသာပြန်ချင်ပြန်မပြန်ချင်နေ ငါ့ကို ခြင်ထောင်ချသွားပေးဦး
ပြောပြောဆိုဆိုနဲ့ ကုတင်ပေါ်တက်ပီး ၀ုန်းကနဲလှဲအိပ်ချလိုက်တဲ့
ကျေးဇူးရှင် ကိုရွှေဘကို
စောင်ပါးလေးခြုံ၊ခြင်ထောင်ချပေးလိုက်ရသေးတယ်။
ပီးတော့မှ ကြိုးတန်းပေါ်က ကျနော့် ဖရီးဂျက်ကက်လေးကို
ကောက်စွပ်ပီး အခန်းမီးပိတ်ပေးခဲ့ရင်း အိမ်အနောက်ဖက်လှေကားကနေ
ဆင်းချလာခဲ့တယ်။ လမ်းပေါ်ရောက်တော့ မိုးဖွဲလေးတွေကျနေတာနဲ့
ခေါင်းကို ဂျာကင်နဲ့ ဖုံးထားရင်း ခပ်သုတ်သုတ်လေးပြေးခဲ့ရတယ်။
စေ့ထားတဲ့ ခြံတံခါးကို အသာအယာတွန်းဖွင့်လိုက်ပီး ကျနော်အိပ်နေကျ
ဒီဖက်အိမ်အောက်ထပ်တံခါးသော့ကိုဖွင့်ဝင်လာခဲ့တယ်။
ကျနော်ဘယ်လိုမှ မခံစားနိုင်တော့ဘူးဗျာ။ ကိုရွှေဘနဲ့မ
အိပ်ပဲပြန်လာခဲ့တာဘာကြောင့်လဲဆိုတော့ ကျနော်ဒီည
ဆရာမဒေါ်ခင်ချိုမေဆီသွားမလို့
လေ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀