ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၂
ဟာ! ဟင်! ဟယ်!
တခြားဝိုင်းတွေဆီ လူတွေလည်း ၀ိုင်းသိမ်းသွားပီးကျနော်တို့အနားမှာ
လာရပ်ကြည့်နေကြတာမို့ အော်ဟစ်သံတွေ ဆူညံသွားတယ်။
ဟိုကောင့်ဖဲက အမြင်မှာ ထရွိုင် ဖြစ်သွားပီကိုး။ J,J,9,J
နဲ့အောက်ကမှောက်ဖဲ။ ကျနော့်ဟာက အမြင်မှာ A,Q,10,K။
ပွဲက အတော်လှနေပီ။ လုံးဝမကြည့်ရသေးတဲ့ အောက်ဖဲကို ကျနော်
အသာအယာပွတ်ကြည့်ဖို့ပြင်တယ်။ မပွတ်ခင် ဂျာကင် အိတ်ကပ်ထဲက
သစ်သားရုပ်ထုလေးကို အသာယာ
လက်နဲ့ဖွဖွလေးပွတ်လိုက်သေးတယ်။ စိတ်ကိုလျှော့ချထားရင်း
ကျနော့်အောက်ဖဲကို အသာလေး
ပွတ်ကြည့်လိုက်တော့ J ဖြစ်နေတယ်။ အပေါ်ကဖဲတွေနဲ့ပေါင်းလိုက်ရင်
A,K,Q,J,10 စီနီယာ။ သူ့ဖဲ J ၃လုံး ထရွိုင်ထက်သာတယ်။ ဒါပေမယ့်
သူ့အောက်ဖဲရှိသေးတယ်။ သူ့အောက်ဖဲက 9 ဖြစ်နေရင် J,J,J,9,9
ဟောက်စ်။ အဲ့လိုဖြစ်နေရင် ကျနော်ရှုံးမယ်။ ဒါပေမယ့် ထွက်ပြေး
သွားတဲ့ ဟိုလူ၂ယောက်ဆီမှာ 9 သုံးချပ်ပါသွားပီ.. သူ့ဆီက 9
တစ်ချပ်ပေါင်းလိုက်ရင် 9 လေးချပ်ကုန်ပီ။ ဖဲတစ်ထုပ်မှာ ဂဏန်းတစ်ခုကို
၎ချပ်စီပဲပါတာမလား။ ဒါဆိုသူ့အောက်က 9 မဟုတ်တော့ဘူး။
သူ့အောက်ဖဲ J ဆိုရင်တော့ J,J,J,J,9 ၄ခု တက်ထရာ ဖြစ်ပီး
ကျနော့်ကိုနိုင်မယ်။
ဒါပေမယ့် နောက်ဆုံးကျန်တဲ့ J က ကျနော့်မှောက်ဖဲဖြစ်နေပီ။
ဒီထက်ပီတာ ဘာရှိဦးမလဲဗျာ။ ဒါပေမယ့် လောလောဆယ်
လူတွေအမြင်မှာ သူ့ဖဲက အမြင်သာနေတယ်။ ကျနော်မထီတရီပြုံးပီး ခွိ
ကနဲတစ်ချက်ရယ်လိုက်မိသေးတယ်။
ဖြောင်း! ရှိုးးး အပုံပြောင်းးး
တစ်ဖက်လူက ရှိတဲ့ပိုက်ဆံတွေအကုန်လုံးကို လက်ဖ၀ါးနဲ့ ပုတ်လိုက်ရင်း
ခေါ်လိုက်ပီ။ အလယ်ပုံက ပိုက်ဆံတွေအပါအ၀င်
သူကောကိုယ်ကောရှိတာ အကုန်ရိုက်မယ်တဲ့။
သနားစရာသတ္တ၀ါပေပဲဟာဟ။ ကျနော့်အောက်က
ဘာဖဲမှောက်ထားမှန်းမသိပဲ
ဇွတ်စိမ်ခေါ်တော့တာကိုးကွယ်။ ကျနော်ဘာမှပြန်မပြောသေးပဲ
အလယ်ပုံထဲက ပိုက်ဆံတွေကို
အစီအရီလေးဖြစ်အောင်ထပ်နေမိသေးတယ်။ ပီးမှ ပြုံးစိစိကြည့်ရင်း..
လိုက်တယ်ဗျာ! အပုံတိုက်
အေးး လိုက်ရင် ...ငါစားတယ် အကုန်
အမယ်.. ဘာကိစ္စ စားမှာလဲ ခင်ဗျာ့အောက်ဖဲက
ဘာမှမကျန်တော့တာလေ
ဟော့ဒီမှာ... ဒါနဲ့စားတာကွာာာ
ပိုက်ဆံအပုံကို သိမ်းယူဖို့ပြင်နေတဲ့ အဲ့ဒီလူက မှောက်ထားတဲ့ သူ့ဖဲကို
လှန်ပြ လိုက်တော့ J???? J,J,J,J,9 J ၄လုံး တက်ထရာ။
ဖဲတစ်ထုပ်မှာ J က ၄ချပ်ပဲရှိတာ ခု ကျနော့်အောက်ဖဲတစ်ချပ်နဲ့ဆို
၅ချပ်ဖြစ်နေပါပေါ့လား။ သဘောပေါက်သွားတဲ့ကျနော် အောက်ဖဲကို
ချက်ချင်းလှန်ပြလိုက်တယ်။ ကျနော့်ဖဲက A,K,Q,J,10 စီနီယာ။
ကျနော့်အောက်ကလည်း J ပဲဗျ.. J ၅ချပ်ဖြစ်နေတယ်.. ကဲ ရော့ရော့
ပြောပြောဆိုဆိုနဲ့ကျနော့်ခြေသလုံးမှာ သားရည်ကြိုးနဲ့
စည်းပီးဖွက်ယူလာတဲ့ ဆင်စွယ်ရိုးတပ် မောင်းချဓားနဲ့ ပိုက်ဆံအပုံကို
လှမ်းယူဟန်ပြင်နေတဲ့ အဲ့ဒီလူရဲ့လက်ကို လှမ်းတွက်လိုက်တယ်။
လက်ကိုဓားနဲ့အခွဲခံလိုက်ရလို့ နောက်ပြန်ဆုတ်သွားတာနဲ့ တစ်ပြိုင်နက်
ကျနော်
နောက်ပြန်လှဲအိပ်ပီး သူ့ မျက်ခွက်ကိုတည့်တည့်
ဆောင့်ကန်ချလိုက်တော့ အင့် ကနဲ
ကွပ်ပျစ်ပေါ်ကနေပြုတ်ကျသွားတယ်။ ကျနော့်လှုပ်ရှားမှုတွေက
ဆက်တိုက်ဆိုသလိုဖြစ်နေချိန်မှာပဲ ဘေးက ကိုရွှေဘက
ပိုက်ဆံအထပ်လိုက်ကို လုယူပီး ကျောပိုးအိတ်ထဲထည့်ပီးသွားပီ။
ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တဲ့ အခြေနေမှာ
အသားမဲမဲနောက်တစ်ကောင်ကို ကိုရွှေဘအရက်ပုလင်းနဲ့
ရိုက်ချလိုက်တာမြင်လိုက်ရတယ်။ ကျနော်က ၀ါးကြမ်းခင်းပေါ်ကနေ
မြေကြီးပေါ် နောက်ပြန်လိမ့်ချလိုက်ပီ။ နေ၀င်ရီတယောမှာ
လူရိပ်တွေရှုပ်ထွေးသွားသလို ဖုံး..ဒိုင်း..ခွပ်
ကျား..အား သံတွေဆူညံကုန်တယ်။ ဟိုကောင်တွေက အုပ်စု
တော်တော်တောင့်တယ်ဗျ။ တခြားဝိုင်းကနေ ထလာတဲ့လူတွေထဲမှာ
သူတို့ လူတွေအများကြီးပါလာမှန်းအခုမှသိရတယ်။ အရပ်မြင့်ပီး
ဗလတောင့်တဲ့ ကိုရွှေဘရဲ့ တခွပ်ခွပ်ထိုးချက်၊ တွေ့ကရာ
ရေအိုး၊၀ါးဆစ်ပိတ်
တွေနဲ့ ဆွဲရိုက်တာတောင် လူတွေက
တစ်ယောက်ပီးတစ်ယောက်အုံလာတုံးပဲ။ ဒီထက်ပိုဆိုးတာက
ဓားလွှတ်ကိုင်ထားတဲ့ ကောင်တွေပါ ၀ိုင်းလာပီ။ ကျနော်တို့နဲ့
မျက်မှန်းတန်းမိတဲ့ လူတချို့လဲ ပြေးကုန်ပီဗျ။
ဖိုးသက် ငါ့အနားက မခွါနဲ့ ကျောချင်းကပ်ထား
သူတို့ အုပ်စုက တဖြေးဖြေးဝိုင်းလာတယ်ဗျ။ ကျောချင်းကပ်ထားတဲ့
ကိုရွှေဘနဲ့ ကျနော် ခံဆုတ်ဆုတ်လာကြရင်း
နောက်ထပ်ဆုတ်လို့မရတော့ဘူး။ အနောက်မှာ ရေတဝေါဝေါစီးနေတဲ့
ရွှေလီမြစ်။
ဘေးပတ်ပတ်လည်မှာက ထွက်ပေါက်မရှိအောင် ၀ိုင်းထားတဲ့
ဓားရှည်တွေ တလက်လက်နဲ့ လူအုပ်။ သေချာတာကတော့
ဒီအခြေနေရောက်နေတာတောင် ကျနော်တို့၂ယောက်စလုံးက
ကြောက်စိတ်နည်းနည်းကလေးတောင် မရှိဘူးဆရာ။
ဒိုင်း..ဒိုင်း.. ဖောက်.. ဖောက်!
သေနတ်သံ၂ချက်ဆက်ကြားလိုက်ရပီး ကျနော်တို့၂ယောက်နဲ့
ဓားလွှတ်ကိုင် လူအုပ်ကြားထဲက သဲနဲ့ကျောက်စရစ်ရော နေတဲ့
မြေသားပွပွတွေ ဖောက်ကနဲ ဖောက်ကနဲ ဖွာတက်သွားလို့ အားလုံး
ငြိမ်ကျသွားတယ်။
မြစ်အောက်ခြေကနေ ကမ်းစပ်နားအတိုင်း လူ၃ယောက်
တက်လာတဲ့အထဲက လှမ်းပစ်တာဗျ။ သူပုန်တွေထင်ပီး ၂ဖက်စလုံး
တစ်ယောက်မှ တုတ်တုတ်မလှုပ်ရဲတော့ဘူး။ အနားရောက်လာလို့
မသိမသာအကဲခတ်လိုက်တော့မှ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက
သားရည်တု
ဂျာကင်နီညိုရောင် ၀တ်ထားတဲ့လူဝကြီး၊ ပုဆိုးတိုတိုဝတ်လို့ ခါးမှာ
စစ်ခါးပတ်နဲ့ ဓားမြှောင်တစ်လက်နဲ့ သေနတ်အိတ်ကိုပတ်ထားလို့
လက်ထဲမှာတော့ စစ်သုံးပစ္စတို တစ်လက်။ တပည့်ဖြစ်ဟန်တူတဲ့
ခပ်ပိန်ပိန်လူ၂ယောက်ရဲ့လက်ထဲမှာ ဗလချိုက်သေနတ်လို့ ခေါ်တဲ့
တော်မီ
ဂန်းတွေကိုင်လို့။
ဓားတွေအကုန် ပစ်ချလိုက်စမ်း.. အကုန်သေကုန်မယ်.. ဒူးထောက်ထား
ခေါင်းပေါ်လက်တွေတင်ထား ခွေးမသားတွေ
.... ..... .....
မင်းတို့ ၂ကောင်ကိုလည်း ငါနားရင်းအုပ်မိတော့မယ်.. ဒီနေရာအထိ
လာကမြင်းကြောထတယ် ... ဟုတ်လား
ဟာ! ကိုပန်းရိုင်း (အဲလေ.. ရောကုန်ပီခွိခွိ မှားလို့ ပန်းရိုင်းမဟုတ်ဘူး)
ဟာ! ကိုမြင့်အောင်ကြီး ... ဟီးဟီး လေးမြင့်အောင်ပါလား
(ကဲ! နည်းနည်းတော့ရှင်းပြမှရတော့မယ်ဗျ။ အခု
အဲ့ဒီမြင့်အောင်ဆိုတဲ့လူက သူပုန်လည်းမဟုတ်ဘူး။
စစ်ဖက်ကလည်းမဟုတ်ဘူး။ ဘာလဲဆိုတော့ ဓားပြ ပါခင်ဗျ။
ဟုတ်ပါတယ် ကျနော်တို့နယ်မှာ အင်မတန်ဖိန့်ဖိန့်တုန်ရတဲ့ ဓားပြကြီးပါ။
ဟိုအရင်တစ်ခါက
ကျနော်အာလူးဖုတ်ဖူးတဲ့ ဗကပ ကျားကြီးရဲ့တပည့်ကျော်ပေါ့။
ရင်ကွဲတောင် တိုက်ပွဲမှာ ဗကပတွေပြိုကွဲသွားတော့ သူက
ဟိုဖက်ကိုလည်း ထွက်မပြေး၊ လက်နက်လည်းမချပဲ
ရူးသလိုပေါသလိုလုပ်၊ လက်နက်တွေ တစ်နေရာမှာဖွက်ခဲ့ပီး
ကျနော်တို့မြို့ထဲပြန်ဝင်လာပီးခပ်တည်တည်
လာနေတာဗျ။ နဂိုကထဲကလည်း ကျနော်တို့ရပ်ကွက်က
သူ့ချက်မြုပ်ကိုး။ ဘယ်သူမှလဲ သူ့ကို ဒုက္ခမပေးကြတော့အေးဆေးပဲ။
ဒါပေမယ့် နောက်ပိုင်း ချန်ထားခဲ့တဲ့လက်နက်တွေ သွားသွားယူပီး
တခြားနယ်တွေမှာ ဓားပြ ပတ်တိုက်တော့တာပဲဗျ။
ကိုယ့်မြို့ကိုယ့်ရွာတစ်ခုပဲချမ်းသာပေး
တယ်။ ကျန်တဲ့နေရာတွေ လှည့်ပီးတိုက်နေတော့တာ။
သူအဲ့လိုလုပ်နေမှန်း လူတော်တော်များများက ရိပ်မိပေမယ့် ဒဲ့တော့
ဘယ်သူမှမပြောရဲဘူး။ ရဲဆိုတဲ့ ကောင်တွေကလည်း ကျနော်တို့လို
မငြိမ်းချမ်းတဲ့ဒေသမျိုးမှာ ဘာမှအာဏာစက်ပြရဲတာမှမဟုတ်တာကိုး။
မသိချင်ယောင်ဆောင်
ပီး မျက်နာချိုသွေးနေကြတာမျိုးလေ။ ကျနော်နဲ့ ကိုရွှေဘကိုတော့
တော်တော်ချစ်ပီး အလိုလိုက်တယ်။ ကျနော့်ကိုတော့ အဘိုးမျက်နာနဲ့ ပ
စားပေးရှာတာပါ။ ရယ်စရာပြောရရင် ကျနော့်အဘိုးအသုဘမှာ
အလောင်းမြေချ တော့ ခပ်တည်တည်နဲ့ လူတွေကြားထဲ "အလေးနီ"
ပြုရင်း ရဲဘော်ကြီး
သွားလိုရာသို့သွားနိုင်ပီလို့ အော်၊ ခါးကြားထဲက ဖွက်ယူလာတဲ့
သေနတ်ကို မိုးပေါ်ထောင်ဖောက်ပစ်လိုက်တာ
ရုတ်ရုတ်သဲသဲကိုဖြစ်ဖူးတယ်။ နည်းနည်း ဂေါက်တောက်တောက်ရယ်ဗျ။
ကျနော့်အဘိုးခမျာသေတာတောင် ဓားပြတွေက
လာအလေးပြုတာခံရရှာမှန်းမသိသွားရရှာဘူးဟီးဟီး။
ဧရာဝတီမြစ်ဖျားကနေ စက်လှေတစ်စင်းကို လုပီး
မြစ်ကြောင်းအတိုင်းစုန်ဆင်းသွားရင်း မြစ်ရိုးတစ်လျှောက်ရွာတွေဓားပြ
ဝင်တိုက်သွားတာ မန်းလေးရောက်သွားတယ်။ မန်းလေး ရောက်တော့
သင်္ကြန်တွင်းကြီးဆိုပဲ။ အဲ့မှာ ဓားပြ မြင့်အောင်ကြီး
သင်္ကြန်မှာမူးကြောင်ကြောင်နဲ့ဝင်ကဲရင်း
အမူးလွန်ပီး မဏ္ဍပ်ပေါ်တက်ကတာ ခါးကြားထဲက သေနတ်ကို လူမြင်ပီး
အဖမ်းခံလိုက်ရတယ်။ သူ့ကိုဖမ်းသွားတာတောင်
အမူးပြေမှသိတယ်ဆိုပဲ။ အမှုတွေက များလွန်းလို့ အမှုစစ်တာတောင်
နှစ်ချီတယ်။ ထောင်ကျတော့လဲ အားလုံးပေါင်း လိုက်ရင်
အနှစ်တစ်ရာလောက်ရှိမလားမသိဘူး။
ပြန်ကို မလွှတ်တော့ဘူးထင်နေတာ။ ကံကောင်းချင်တော့
အာဏာသိမ်းပီး တက်လာတဲ့အစိုးရလက်ထက်မှာ
လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာတာဗျ။ တခါတလေ အရက်မူးရင်
ဗိုလ်ချုပ်ကြီး နာမည်တတပီး ဒီမအေ -ိုး ကြီးက ငါ့ကျေးဇူးရှင်ပါကွာလို့
မေတ္တာပို့တတ်တယ်ဟီးဟီး။ ဒါပေမယ့်
အဲ့ဒီပြန်လွှတ်လာတဲ့နောက်ပိုင်း ကျနော်တို့မြို့မှာ မနေတော့ဘူး။
ဘယ်တွေရောက်နေမှန်းလဲသေချာမသိရပေမယ့် တခါတလေကြတော့
ပြန်ပြန်ပေါ်ချင်ပေါ်လာတတ်တယ်။ သူလုပ်လို့ ကျနော်နဲ့ကိုရွှေဘ
ဒုက္ခရောက်ဖူးသေးတယ်ဗျ။ အသုဘတစ်ခုမှာ ကျနော်တို့ဖဲချနေတုံး
ညဖက်ကြီးဘွားကနဲ
ပေါ်လာပီး သူ့ပစ္စည်းတွေသိမ်းထားပေးဖို့လာညောင်တယ်။
ကျနော်တို့ကလည်း ဖဲအရှိန်တက်နေတော့ အင်းအင်း
အိမ်မှာဝင်ထားသွားလိုက်လို့ အလွယ်ပြောလိုက်တာပေါ့။ ၂ယောက်သား
ဖဲဝိုင်းသိမ်းလို့ ဝေလီဝေလင်းအိမ်ပြန်လာတော့ ကိုရွှေဘက
လက်ဖက်ရည်ဆိုင်ဖွင့်နေပီမို့ ထုံးစံအတိုင်းနံပြား
ရိုက်ဖို့ မီးမွှေးမယ်ဆိုပီးနံပြားဖိုကိုဖွင့်လိုက်တော့ သောက်ကျိုးနဲ!
ဂုန်နီအိတ်နဲ့ထုပ်ထားတဲ့ စစ်သုံးရိုင်ဖယ်၎လက်ရယ်၊လက်ပစ်ဗုံး၅လုံး၊
ကျည်ဆံတွေဖြစ်နေလို့ ၂ယောက်သားထိတ်ထိတ်ပျာပျာဖြစ်ပီး
ဖွက်လိုက်ရတာဗျာ။ သူ့ပစ္စည်းတွေပြန်လာမယူမချင်း ညဖက်
၂ယောက်လုံးအိပ်လို့ကိုမပျော်တာ။ မတော်စစ်ထောက်
လှမ်းရေးက သတင်းရလို့လိုက်လာရင် နေရင်းထိုင်ရင်း
ဂျေးအောင်းရမယ့်အပေါက်ဗျ။ တသက်လုံးဓားပြ တိုက်စားနေပေမယ့်
ချမ်းလည်းမချမ်းသာပါဘူး။ လူကသာဝတုတ်တုတ်ပုံဆိုးဆိုးကြီးနဲ့
ကျပ်သိပ်မပြည့်တာ .. ဖွန်ကအသေကြောင်တာကိုး။ မိန်းမတွေ
အတော်များများယူပီး အကုန်လုံးကို ပံ့ပိုး
နေရတယ်လို့လည်းကြားဖူးတယ်။ ကဲ.. ကျနော်လည်း
လေကြောရှည်သွားပီ ဇာတ်လမ်းပြန်ဆက်ရအောင်ဟီး)
ဖဲဝိဇ္ဖာများ အဖွဲ့က အဖွဲ့သားတွေခု မြစ်ကမ်းဘေးက မှာ
ဒူးကလေးတွေထောက်ပီး ခေါင်းပေါ်လက်ကလေးတွေတင်လို့
မျက်နာငယ်လေးတွေနဲ့ဖြစ်နေရှာပီ။

Comments
Post a Comment