ထို့ကြောင့် channko ဟုခေါ်သည် ၁၀
ဖြစ်ချင်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကိစ္စဖြစ်အပီးမှာ ကျနော်အရေးပေါ်ကိစ္စတစ်ခုနဲ့အိမ်ပြန်ရတယ်။
အဲ့ဒီအထိခုလိုတွေဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားသေးဘူးဗျ။ ကျနော်သွားတဲ့ကိစ္စက နာရေးတစ်ခုဆိုပါတော့။ နာရေးဆိုပေမယ့် ဆေးရုံပေါ်မှာအသက်လုနေတဲ့အချိန်ကာလတစ်ခုကို ၂၄/၇ ဘေးကနေရင်တမမ နဲ့သွားစောင့်ကြည့်နေရတယ်။ အအိပ်ပျက်အစားပျက်လူလည်း
ချာချာလည်နေခဲ့တဲ့ကာလပေါ့။ ဖုန်းတွေဘာတွေသူ့ဆီက ပုံမှန်လာသေးတယ်။ သူအခုဘာလုပ်ချင်တယ်၊ဘာလုပ်ရင်ကောင်းမလားဘာညာ တိုင်ပင်နေတုံးပဲ။ ကျနော့်ဖက်ကလည်း လောလောဆယ်တော့ စောင့်နေတဲ့လူနာအခြေနေက ဘယ်လိုဘာညာပေါ့။ နောက်တော့ ကျနော့်
လူနာဆုံးသွားတယ်။ အဲ့ဒီမှာ အသုဘဘာညာကိစ္စတွေပါဆက်ရှင်းရတော့တာပေါ့။ လူနာဆုံးလို့ အသုဘပြင်နေတဲ့နေ့က ဖုန်းဆက်လာတာနောက်ဆုံးပါပဲဗျာ။ နောက်ထပ်ဘာဆိုဘာမှအဆက်အသွယ်လုပ်မလာတော့ဘူး။ ဒါပါပဲ။
ဘာလုပ်သွားတာလဲဆိုတာတောင် ကျနော်သေချာနားမလည်ခဲ့ပါဘူး။
ဘ၀မှာ ချစ်တယ်လို့လည်း သေချာမဆိုခဲ့ဖူးပဲ သံယောဇဉ်ရှိခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက် တိတ်တဆိတ်ပဲ ကျနော့်ဘ၀ထဲကထွက်သွားခဲ့တယ်။ လွမ်းစရာလည်းသိပ်မကောင်းဘူးမဟုတ်လား ညီအကိုတို့ရာ။ အေးပေါ့ သူ့အသက်အရွယ်သူ့ရုပ်သူရည်လေးနဲ့ရွယ်တူတန်းတူလေး
တွေတွဲလို့ရနေတာပဲ ငါကလည်း သိပ်လွမ်းစရာကောင်းတဲ့ကောင်မျိုးမဟုတ်ပါဘူးလို့ တွေးရင်းပြုံးနေမိတာပေါ့။ ကျနော်ဆိုတဲ့ကောင်ကလည်း ရေးခဲ့ဖူးတဲ့ဇာတ်လမ်းတွေထဲကလို ကောင်းတာတစ်ကွက်မှမရှိဘူးရယ်လေ။ အငြိမ်းစားဖဲသမား၊အရက်သမား၊ဒေါသအင်မတန်ကြီးတဲ့လူမိုက်လိုလိုကောင်
မိန်းမကရှုပ်သေး၊နောက်ဆုံး မူးယစ်ဆေးသားကောင်ဖြစ်ဖူးတာကအစ သူမချွင်းမချန်သိခဲ့လေတော့ကာ(သင်းချိုင်းကုန်းဇရပ်ထဲမှာ နံပါတ်ဖိုးထိုးတဲ့ဇာတ်ဝင်ခန်းက ခင်ဗျားတို့မဖတ်ဖူးခင်ကထဲက သူ့ကိုပြောပြဖူးတယ်) ခုလိုတွေဖြစ်လာတော့ ရှောင်ထွက်သွားတယ်နေမှာပေါ့ဗျာ။
ဒါပေမယ့် ကျနော်သူ့ကိုအပြစ်မတင်ဘူးဗျ။ ကံတရားပေါ့။ ရင်ဘတ်ကြီးတစ်ခုလုံး ဟာလာဟင်းလင်းလည်းမဖြစ်ခဲ့ပါဘူး။ ပထမ၁ပတ်ကတော့ နာရေးကိစ္စတွေလုံးချာလည်စီစဉ်နေရတော့ ဘာမှန်းမသိသေးပေမယ့် နောက်ရက်တွေမှာတော့ တစ်ခုခုတော့တစ်ခုခုပဲဆိုတဲ့စိတ်နဲ့မတင်မကျကြီးတော့
ဖြစ်ခဲ့တာပေါ့။ တစ်လကျော်နှစ်လလောက်ရှိလာတော့ စိတ်ကိုဒုံးဒုံးချလိုက်ပါတယ်။ ဆက်လည်းမဆက်သွယ်ချင်တော့ပါဘူး။ ဆန်ဆုံစားကံကုန်သွားပါပေါ့လားလို့သာမှတ်ယူလိုက်ပါတော့တယ်။
ကျနော်ဟာ လူကောင်းတစ်ယောက်ဘယ်တုံးကမှမဟုတ်ခဲ့ပါဘူးဆရာတို့ရယ်။
ဒါပေမယ့် ဘယ်မိန်းကလေးကိုမှလဲ အိပ်ချင်ရုံသက်သက်နဲ့ မပတ်သက်ဖူးခဲ့တာအမှန်ပါ။ ကျနော့်အကိုလိုသဘောထားတဲ့ အွန်လိုင်းစာရေးဆရာကြီးတစ်ယောက်က channko: နာမည်နဲ့ရေးသမျှစာတွေဖတ်ပီး "ငါတို့ကတော့ သူများသားသမီးမဖျက်ဆီးဖူးဘူး" ကွလို့ကျနော့်ကို
နောက်ဖူးပါတယ်။ ခင်မင်လေးစားရတဲ့လူကြီးတစ်ယောက်ဆိုတော့ ဘာမှအငြင်းမပွားပဲ တိတ်တိတ်လေးငြိမ်နေခဲ့မိပါတယ်။ တကယ်တမ်းကျနော့်ဘ၀မှာ အိပ်ခဲ့ဖူးတဲ့မိန်းမတွေဆိုတာ သူရောကိုယ်ပါ၂ဦးသဘောတူစိတ်ကျေနပ်ကြလို့အိပ်ဖြစ်သွားကြတာတွေချည်းပါ။ ကျားတစ်ကောင်လို
မင့်ကိုငါအရမ်းချစ်တယ် လက်ထပ်ချင်ပါတယ်လို့ လိမ်လည်ပီး တစ်ခါမှအမဲမလိုက်ခဲ့ဖူးပါဘူးဆိုတာလေးရိုးရိုးသားသားပြောချင်ပါတယ်။ မဟာဖိုဝါဒကိုင်စွဲတတ်တဲ့ ယောက်ျားတွေလို ဒီစော်ကိုငါစားလိုက်ရတယ်လို့လည်း ဘယ်တုံးကမှမပြောဖူးသလို အဲ့လိုလည်းမယူဆဘူးရယ်။
ယုတ်စွအဆုံး ဟာသဖြစ်ကောင်းဖြစ်သွားမလားမသိဘူး ပြောရရင် တွေ့တဲ့မိန်းမနဲ့အိပ်လောက်ရအောင် ကျနော်တန်ဖိုးမမဲ့ဘူးဗျ။ ဥာဏ်ရှိတယ်လို့ယူဆရတဲ့မိန်းမ မျိုးကိုသာလျှင် ဖီလင်ဖြစ်တတ်တဲ့စိတ်လည်းရှိသကိုး။
အခုကိစ္စမှာလည်း တစ်ဖက်သားမိန်းကလေးကိုအပြစ်မမြင်ပါဘူး။
အားလုံးကျနော့်အပြစ် ကျနော့်အားနည်းချက်လို့ပဲယူဆခဲ့ပါတယ်။ အတည်ပြောတာပါ။ ကွဲသွားသမျှရည်းစားတွေနဲ့တုံးကလည်း ကျနော့်အပြစ်တွေချည်းပါပဲ။ ကျနော်ဝန်ခံဖို့ ၀န်မလေးပါဘူး။ ဘယ်သူတွေက လာမေးမေး အဲ့ဒါ ငါမကောင်းတာပါကွာ လို့ပြန်ဖြေခဲ့ဖူးပါတယ်။
ကွဲသွားတဲ့ ရည်းစားတွေနဲ့ အခုအချိန်ပြန်ဆုံဖြစ်ရင်တောင် ပြုံးပြဖို့အသင့်ပါ။ သူတို့တွေသာအိမ်ထောင်မကျသေးဘူးဆိုရင် မျက်နာချင်းဆိုင် စကားပြောရင်း မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ တခါက မိုက်မဲခဲ့မိတာလေးတွေ တောင်းပန်ချင်ပါသေးတယ်။ ကျနော်ဟာလူမိုက်တစ်ယောက်သာဖြစ်ခဲ့
ပီး လူယုတ်မာတစ်ယောက်တော့ ဘယ်တုံးကမှမဟုတ်ခဲ့ကြောင်း သူတို့သိလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။
နိဂုံးချုပ်ရရင် အဲ့ဒီကိစ္စတွေဖြစ်ပီး ၆လလောက်ကြာတော့ ကျနော့်ဖုန်းကို ကျနော်ရင်းနှီးပီးသားဖုန်းနံပါတ်တစ်ခု ခေါ်လာတယ်ဗျ။
ဖုန်းမကိုင်ဖြစ်တော့ပါဘူး။ ဒီလောက်နဲ့ပဲတော်သင့်ပီလို့ဆုံးဖြတ်လိုက်မိတယ်။ အနာကျက်ပီးသား ဒဏ်ရာတစ်ခုကိုဘာဖြစ်လို့ပြန်ဆွနေဦးမလဲဗျာ ဟုတ်တယ်မလား။ ရှက်ရှက်နဲ့ဝန်ခံရရင် အဲ့ဒီအချိန်မှာ ကျနော်ကိုယ်တိုင်ကလည်း ကျောင်းနေဖက်သူငယ်ချင်းတစ်ခုလပ်မလေးနဲ့ဘာညာဇာတ်လမ်း
တစ်ခုဖြစ်နေချိန်လည်းဖြစ်နေတာကိုး။ (အဲ့ဒါကိုတော့ သပ်သပ်ထပ်ရေးတော့မယ်ဗျာ)
အချုပ်အားဖြင့် ဟာသပြောရရင် ဆရာရွှေဘတစ်ယောက် ကျနော့်ကိုလက္ခဏာကြည့်တယ်ဆိုပီး မူးမူးနဲ့ဟောဖူးတာတစ်ခုရှိတယ်။ နင့်လက္ခဏာအရ "သောက်ဖုတ်ကျိန်စာ" သင့်နေတယ်တဲ့။ အဲ့ဒီတုံးကတော့ တဟီးဟီးရယ်မောခဲ့ဖူးပေမယ့် တကယ့်လက်တွေ့ဘ၀မှာ
တကယ့်ကိုဟုတ်နေခဲ့ပါကောလား။ ခုနက သူငယ်ချင်းမလေးနဲ့ဇာတ်လမ်းကလည်း သိပ်မကြာလိုက်ပါဘူး တစ်ခန်းရပ်သွားပါလေရော။ ကျိန်စာသင့်ချက်ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ စိတ်လေလေနဲ့ ဘယ်မိန်းမနဲ့မှမပတ်သက်တော့ပဲ ဖြေလျော့စရာမရှိတော့တဲ့လိင်စိတ်ကိုဖောက်ခွဲ
ပစ်ဖို့ အောလောကထဲခြေစုံပစ်ဝင်လာခဲ့မိတယ်ဆိုပါတော့ဗျာ။
channko: ဆိုတဲ့နာမည်ကတော့ ဟိုကောင်မလေးကို အမှတ်တရအနေနဲ့ယူလိုက်တဲ့ကလောင်နာမည်ပေါ့ဗျာ။
ပံ့သကူပစ်တယ်လို့ ကျနော်နောက်ပြောင်ခဲ့ဖူးတဲ့ မြက်ခင်းပြင်၊ ခုံတန်းလေးတွေ၊ သစ်ပင် ပင်စည်တွေမှာ သူကပ်ထားခဲ့တဲ့ အသည်းနှလုံးပုံစက္ကူကလေးတွေအပေါ်မှာ channနဲ့koko လို့သူရေးခဲ့တာလေးတွေအမှတ်ရမိလို့ပေါ့လေ။
ထို့ကြောင့်channko ဟုခေါ်သည်ဆိုတာလေးဒီနေရာမှာပဲရပ်ပါရစေတော့လား ညီအကိုတို့ရာ။ ဖတ်လို့မကောင်းပေမယ့် အဆုံးထိသည်းခံဖတ်ပေးခဲ့ကြတဲ့ ခင်ဗျားတို့အားလုံးကို ကျနော်အင်မတန်ကျေးဇူးတင်ကြောင်းမမေ့မလျော့ပြောလိုက်ချင်ပါသေးတယ်။
ခင်ဗျားတို့ကိုတွယ်တာရပါသော
channko

Comments
Post a Comment