နတ်သမီးပုံပြင် ၁၅
ရုတ်တရက် အုတ်ခုံကိုမှီရင်းမှိန်းနေရာကနေ ဂုတ်ထောက်နေတဲ့ဆံပင်ကိုအနောက်ကနေဆွဲပီး ထူမတာခံလိုက်ရလို့ပူကနဲဖြစ်ပီး ဒေါသထောင်းကနဲထသွားတယ်။
အကျင့်ပါနေတဲ့ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်လိုက်မိတယ်။ နောက်ကိုမမြင်ရပဲ ညို့သကျည်းနေရာလောက်ကိုဖနောင့်နဲ့လှမ်းပေါက်လိုက်ပေမယ့် ကျနော်လုပ်လာမယ့် အကွက်ကိုကြိုက်မြင်နေတဲ့အလား အဲ့ဒီလူက ကျနော့်ကန်ချက်ကို ခြေဖမိုးနဲ့ ဖန်းကနဲမြည်အောင်ကန်ထုတ်ပီးလှမ်းကာတာခံလိုက်ရတယ်။ ဆံပင်ဆွဲထားတဲ့
လက်ကို နောက်ပြန်လှမ်းကိုင်လိုက်တော့ လက်ကောက်ဝတ်ကိုမိတယ်။ မိတာနဲ့ချက်ချင်းလိမ်ချိုးပစ်ဖို့အားထုတ်တာ မရဘူးဗျ။ အဲ့ဒီလူက အားသန်လွန်းနေတော့ အရာမရောက်ဘူး။ မူးယစ်ဆေးသမားဖြစ်နေပီဖြစ်တဲ့ ကျနော်ကိုယ်တိုင်ကလည်း ခွန်အားမှမရှိတော့တာကိုး။ ကျနော့်ဆံပင်တွေကို ကိုင်ထားရာကလွှတ်သွားသလိုလို
ခံစားလိုက်ရတာနဲ့တပြိုင်နက် သူ့လက်ကောက်ဝတ်ကို ကိုင်ထားတာကိုမလွှတ်ပဲ ချာကနဲလှည့်ပီးမျက်နာချင်းဆိုင်ပီး ရင်ဆိုင်ဖို့အလုပ်မှာ ထန်းသီးလုံးလောက်နီးနီးရှိတဲ့ လက်သီးတစ်လုံး ရိပ်ကနဲပစ်ဝင်လာတာပဲသိလိုက်တယ်။ ပါးချိတ်ကို ဖန်းကနဲထိသွားတာမို့ ကျနော်လွှင့်ထွက်သွားပီးဖင်ထိုင်လျှက်ကျသွားတယ်။ လူလည်းကြယ်
တွေလတွေမြင်ပီး အမြင်အာရုံတွေမကြည်လင်တော့ဘူး။ စက္ကန့်အနည်းငယ်လောက် ဝေ နေရာကနေခေါင်းကိုဘယ်ညာခါလိုက်ပီး မော့ကြည့်လိုက်တော့ သေချာမမြင်ရသေးဘူး။ ဒေါသအင်မတန်ထွက်နေတဲ့ ရင်းနှီးပီးသားအသံတစ်ခုကြားလိုက်ရတယ်။
ခွေးဖြစ်မယ့်နွား တောက်!!!
ကို... ကိုရွှေဘ
..............................
ငါမြို့မှာရှိမနေတဲ့ဒီနှစ်ပိုင်းအတွင်းမှာ ဒီကောင်မိုက်ဇာတ်ခင်းပီး ခုလောက်အဆင့်ရောက်သွားတာတော့ တော်တော်ဆိုးတာပဲဟ!
တပည့်က ဆရာ့ထက်လက်ဇောင်းထက်သွားတာကိုး ကိုရွှေဘရ
အဲ့လိုပဲပြောရမလိုလိုပေါ့လကွာ
.... ..... ....
အမယ်မယ်.. အေဘေးလေးက မင်းတို့ကိုငါ ဇရပ်အပြင်ကနေပတ်ချာလည်ကိုဝိုင်းခိုင်းထားပီး ငါဝင်ဖမ်းတော့ ပြန်လုပ်သေးတာဆရာ
ဟီး ကိုရွှေဘလက်ချက်နဲ့ အုံး ကနဲလွှင့်ထွက်သွားတာ ကျနော်တို့မြင်လိုက်တယ်
ချီး! ရမလားကွ သူ့အကွက်တွေအကုန်လုံးက ငါသင်ထားပေးတာတွေကိုးဟ ငါ့လက်ကိုဖမ်းကိုင်ပီး ကိုင်ပေါက်မလို့လုပ်သေးတယ် လူကဖြင့်လေတိုက်ရင်တောင် လွှင့်ပါသွားတော့မယ့် ဗလလေးနဲ့ ခွေးသား ဘိန်းစားလေး
ဟားဟား.. ကိုရွှေဘ မှန်းလည်းသိရော ကြောက်ပါပီ ကြောက်ပါပီဗျာ နဲ့ ကျနော်တို့သိတဲ့ ကိုဖိုးသက်နဲ့တောင်မတူသလိုပ
ဟ! ဒါကတော့ ငယ်ကြောက်ကိုး တူမလားကွ
သနားတော့ သနားစရာဗျာ.. လက်ပြန်ကြိုးတုပ်ပီးဖမ်းခေါ်လာတာ တစ်မြို့လုံးက ရှင်လောင်းလှည့်သလိုဝိုင်းကြည့်နေရတဲ့အထဲ ကိုရွှေဘက အနောက်ကနေ နားရင်းအုပ်လိုက်၊ ဖင်ပိတ်ကန်လိုက်နဲ့ အဟီး
ဒါတောင် စိတ်လျှော့ထားတာ.. ငါစိတ်ရှိလက်ရှိလုပ်လိုက်လို့ကတော့ အဲ့ဒီသင်းချိုင်းမှာတင်ဒင့်ကိုတစ်ခါထဲ မြုပ်ခဲ့လိုက်လို့ရမယ် ခွီးတဲ့မှ
ဒါနဲ့သူအဲ့ဒီမှာပုန်းနေမှန်းဘယ်လိုလုပ်သိသွားတာတုံးဗျ?
ဒီလိုကွ.. ဒီကောင်အိမ်ကခိုးသွားတဲ့ပစ္စည်းတွေကို ဒီကောင့်ဘော်ဒါဖိုးတေကိုသွားရောင်းခိုင်းပါလေရောလား.. ဟိုကောင်ကလည်းမအူမလည်နဲ့မြို့ထဲကရွှေဆိုင်တွေမှာသွားရောင်းတယ်တဲ့
အင်း!
အဲ့ဒီပစ္စည်းတွေက သာမန်ရွှေထည်တွေမဟုတ်ဘူးဆိုတာ ဆိုင်တွေကမသိပဲနေမလားဒီတော့ တော်ရုံဆိုင်ကဘယ်ဝယ်ရဲမလဲကွ.. နောက်ဆုံးဈေးအရှေ့ပေါက်က မြင်းပျံရွှေဆိုင်က၀ယ်လိုက်တယ်.. ၀ယ်ပီးတာနဲ့ပစ္စည်းတွေကို ဖိုးသက်အဖွားဒေါ်ခင့်ဆီချက်ချင်းရောက်လာပီး
မယ်မယ်ခင် ဒီပစ္စည်းတွေကြည့်ပေးပါဆိုတော့မှ ဟဲ့! ဒါငါ့ဟာတွေကွယ့် ဆိုပီးပြန်ရွေးလိုက်ရတယ်ဆိုပါတော့
ဟီးဟီး!
အဲ့ဒီကိစ္စဖြစ်ပီးနောက်တနေ့မှာပဲ ငါက မြို့ပြန်ရောက်လာတာကိုး.. သတင်းကြားကြားချင်း လိုက်စုံစမ်းတာဘယ်လောက်မှမကြာလိုက်ပါဘူးဒီကောင်ဘယ်မှာလဲဆိုတာတန်းသိတာပါပဲ.. အဲ့ဒီမှာ မင်းတို့လိုရပ်ကွက်ထဲကလူငယ်တွေအကုန်ခေါ်ပီးလိုက်ဖမ်းတော့တာပေါ့

Comments
Post a Comment