ကျွန်တော့ ပန်းချီဆရာမလေး ၆

နန်းရှေ.ကခြံဝန်းကျယ်ကျယ်နဲ့လူခြေတိတ်တဲ့ရပ်ကွက်တစ်ခုက တစ်ထပ်တိုက်အဖြူလေးရှေ.ရောက်တော့ကားဆရာကို အိမ်ရှေ.ဆင်ဝင်အမိုးလေးအောက်ထိမောင်းဝင်သွားခိုင်းလိုက်တယ်။
ကားပေါ်ကဆင်းလိုက်ရင်း အိမ်ရှေ.ကနေ ဟေးးးးးး !! ကျီးကန်း... ဗျိုင်းလေး.. ငါလာပီဟေ့.. ဘယ်သူမှမရှိကြဘူးလားလို့
အော်ခေါ်လိုက်တယ်။ ငှက်တွေမဟုတ်ပါဘူးဗျာ.. အဲ့ဒါအိမ်ရှင် ကျနော့်ဘော်ဒါလင်မယား၂ယောက်ရဲ.နာမည်တွေပေါ့။ ပြောမနာဆိုမနာ ကျောင်းနေဖက်သူငယ်ချင်းတွေ။ အသားမဲမဲနဲ.အသားဖြူဖြူ
စုံတွဲမို့ကျောင်းတက်တုံးက ကျနော်တို့ဝိုင်းပေးထားတဲ့နာမည်တွေလေ။ ဟိုင်းလတ်ကားနောက်ခန်းက ပစ္စည်းတွေဆွဲချနေတုံး.. ဟယ်! သောက်ကောင်ဖိုးသက်.. ဆိုပီးကလေးပွေ့ထားတဲ့ အသားအ
ရည်တအားလှတဲ့ အသက်၂၅နဲ့၃၀ကြား အမျိုးသမီးတစ်ယောက် ကလေးလေးပွေ့ထားရင်း ၀မ်းသာအားရပြေးထွက်လာတယ်။ ပစ္စည်းတွေအထဲသွင်းကူပေးတဲ့ကားဆရာကို ကားခအပြင်စီးကရက်
တစ်ဗူးအသစ်လက်ဆောင်ပေးလိုက်ပီးပြန်လွှတ်ပီးတာနဲ့ ပါလာတဲ့သူတို့လင်မယားအတွက် လက်ဆောင်ထုပ်ကြီးကိုပြုံးစိစိနဲ့ထိုးပေးလိုက်တော့ ဟာ..သူငယ်ချင်းနင့်လက်ဆောင်တွေကလည်းများ
လိုက်တာဟယ်လို့ ဗျိုင်းလေးကအားနားနေဟန်နဲ့ပြောတော့... နင်တို့ကိုချစ်လို့ဝယ်လာတာဟလို့ပြန်ပြောရင်းသူ့လက်ထဲက ၂နှစ်အရွယ်လောက်ရှိနေတဲ့သမီးလေးကို လေးလေးဆီလာပါဦးကွာဆိုပီး
ဆွဲပွေ့ချီရင်း မြှူနေလိုက်တယ်။
ကျနော်ပေးလိုက်တဲ့အထုတ်ကိုဖောက်ပီး လက်ဆောင်တွေကိုပြုံးချိုနေတဲ့မျက်နာနဲ့ငုံ့ကြည့်နေတဲ့ ဗျိုင်းလေးကို... ဟိုကောင်ကျီးကန်းကောလို့မေးလိုက်တော့မျက်နာတစ်ချက်ပျက်သွားတာ
သတိထားမိတယ်။ ဘာမှပြန်မဖြေဘူး။ လက်ဆောင်တွေကိုကြည့်နေရင်း...
စုံစိနေတာပဲနင့်ဟာတွေက... ဒီလောက်သဘောကောင်းတဲ့ငါ့သူငယ်ချင်း မိန်းမ မရတာတော့ ထူးဆန်းတယ်ဟဲ့ လို့နောက်ပြောင်ပီး တဟားဟားရယ်နေသေးတယ်။
ကလေးထိန်းထား..ဒေါ်မူရွာပြန်သွားတယ်..နင့်ကိုငါသေချာ ချက်ပြုတ်ကျွေးမွေးမယ်စားချင်တာခုမှာလိုက်လို့ပြောတော့...နဂိုက သောက်စားမက်တဲ့ကျနော်က တဟိဟိနဲ့ ကြိုက်ပီဟာဆိုပီး
ဝက်သားဟင်းလေးကိုချဉ်ချဉ်လေးချက်၊ပဲကြီးဟင်းရည်၊ငံပြာရည်ဖျော်နဲ့သရက်သီးတို့စရာများများဇင်ပြွန်းသီးအရည်သောက်ချက်၊ထမင်းကိုရှမ်းဆန်စီးစီးလေးဝယ်လာခဲ့ဟာ ရေနွေးဖျောပီး
ငါကိုယ်တိုင်ပေါင်းချက်ချက်မယ်လို့သွားရည်ယိုနေတဲ့အသံနဲ့အဆက်မပြတ်မှာလိုက်တော့.. အေးအေးဆိုပီး အိမ်ထဲက ဆူပါကပ်မိန်းမစီးဆိုင်ကယ်လေးထုတ်ပီး ဗျိုင်းလေး ဈေးထွက်သွားရော။
ကျနော်လည်း ချစ်စရာသမီးလေးကိုပွေ့ပီးဆော့ကစားလိုက်စကားပြောလိုက်လုပ်နေရင်း.. ဒီလိုအခြေတကျသားနဲ့မယားနဲ့တသက်လုံးမနေရတော့ဘူးနေမှာလို့တွေးရင်းခပ်ဆွေးဆွေးဖြစ်သွား
သေးတယ်။ ကျနော်ခွင့်ယူပီး ပြန်လာတာဒီနေရာကိုလာချင်တာ အဓိကမဟုတ်သေးဘူးဗျ။ ဒီအိမ်မှာ၃-၄ရက်ပျော်သလောက်နေ..ငယ်ငယ်ကခြေရာလေးတွေပြန်ကောက်ပီးတာနဲ့ တစ်ဖက်ကမ်း
ကဘုရားရိပ်တရားရိပ်ကိုသွားမှာဗျ။ စစ်ကိုင်းချောင်တစ်ချောင်ပေါ့... ဘယ်လိုပဲဖြစ်နေနေတစ်နှစ်တစ်ခေါက်တော့ကျနော်ရောက်အောင်သွားတယ်။ မြင့်မြတ်တဲ့အ၀တ်ကိုဝတ်ထားပေမယ့်ကျနော့်
ကိုသံယောဇဉ်ရှိနေဆဲဖြစ်တဲ့ပုဂ္ဂိုလ်က မျှော်နေတော့မှာဗျ။ အင်း..မန်းလေးရောက်နေပီဆိုတဲ့အကြောင်းလေးတော့ လှမ်းကြားလိုက်ဦးမှဆိုပီး ဧည့်ခန်းက တယ်လီဖုန်းကိုကလေးပွေ့ထားရင်း
ကောက်ကိုင်လိုက်တယ်။
ဟလို... စစ်ကိုင်းကလား.. တင်ပါ့.. တပည့်တော် တရုတ် ဦးပဇင်း နဲ့ပြောချင်လို့ပါ...
..... ..... ..... ...... .......
၃-၄မိနစ်လောက်ကြာတော့ မှတ်မိချင်စရာကောင်းလွန်းတဲ့အသံအောအောတစ်ခုကြားလိုက်ရတယ်။
ဘယ်သူလဲဟ!!
ဦးပဇင်းရွှေဘလား ဘုရာ့ ... တပည့်တော်မိုက်ကန်းတဲ့ရှမ်းသူပုန်လေးပါ..ဟီးဟီး ...
ဟာ... ဒကာဖိုးသက်လား.. ဘယ်မှာတုံးခု.. ဆိုတဲ့ဝမ်းသာအားရလေသံကိုကြားလိုက်ရတယ်။
မန်းလေးရောက်နေပီဘုရာ့ ... ၃ရက်နေရင်ဦးပဇင်းဆီ ဆွမ်းလာကပ်စားမလို့ ကြွလာမယ်နော်ခစ်ခစ်..
တင်ပါ့ဘုရား.. အာ..ဒီဒကာ..ပေါက်ကရလျှောက်ပြောမနေနဲ့မြန်မြန်လာခဲ့ မင့်မျှော်နေတာငါက.... ဆိုပီးဖုန်းချသွားတယ်။
ကဲ..အေပရယ်လတိုင်းကျနော်ဘယ်ကိုသွားတယ်ဆိုတာသိပီမလား။
အသက်ထက်ဝက်နီးပါးကွာပေမယ့် သွေးသားရင်းချာတွေထက်ပိုပီးချစ်ခင်ရတဲ့သူ၂ယောက်ရဲ.သံယောဇဉ်ဟာ ခုလိုလူ့ဝတ်ကြောင်နဲ့ရဟန်းဆိုပီး ဘ၀ချင်းခြားတာတောင်ဖြတ်မရပါဘူးလေ။
ခင်ဗျားတို့သိထားတဲ့ လူပျော်လူနောက်လူဆိုးကြီး ကိုရွှေဘတစ်ယောက် အဲ့ဒီမှာအပီးအပိုင်ဆိုပီးသင်္ကန်းဝတ်သွားတာကြာပေါ့ဗျာ။ လူဆိုတာ အဲ့လိုပဲအမြဲမဆိုးနိုင်ဘူးဆိုတာ ကျနော်တို.ဇတ်လိုက်ကြီး
ကိုရွှေဘက ဥပမာပေးသွားသလိုပဲဗျာ။ ကျနော်တို့မြို.လေးက သူ့ကိုမေ့တောင်မေ့သွားလောက်ပါပီ။ ကျနော်ကတော့ ကျနော်ချစ်တဲ့သူ့ဆီ အမြဲရောက်နေတုံး။ တောင်
တွေကြားထဲက အဲ့ဒီတောရချောင်လေးမှာ၂ပတ်၃ပတ်လောက်တော့ တစ်နှစ်တစ်ခါသွားနေဖြစ်တာပဲလေ။ ဘာမှအထူးတလည်မဟုတ်ပေမယ့်..ဆိတ်ငြိမ်တဲ့နေရာလေးမှာ စာအုပ်ထူထူကြီး၎-၅
အုပ်နဲ့သောကကင်းကင်းအနားယူရင်း ရှေးဟောင်းနှောင်းဖြစ်ကလေး ဦးပဇင်းရွှေဘနဲ့လျှောက်ပြောရင်းကုန်ဆုံးစေတာမျိုးပေါ့။(ကိုရွှေဘ၏စွန့်စားခန်းများဆိုတဲ့ဇတ်လမ်းကိုစထားမိပီးကျနော်ဘာ
လို့ဆက်မရေးရဲတော့တာလဲဆိုတာခင်ဗျားတို့ခုသဘောပေါက်ပီမလား
ရေးစရာမရှိတာ၊ရေးရခက်နေတာမျိုးမဟုတ်ဘူးနော်.. ကျနော်အကုသိုလ်တွေရတော့မယ်ဆိုပီးကြောက်လာလို့ရပ်ပလိုက်ခဲ့တာပါဗျာ..နောက်ပိုင်းမှာဟာသဆန်ဆန်ပေမယ့် ပက်ပက်စက်စက်တွေ
ရေးပြရတော့မှာမို့ စိတ်မလုံတော့ဘူးဗျာ)
ကလေးပွေ့ထားရင်းဟိုတွေးဒီတွေးလျှောက်တွေးပီး ခြံထဲလမ်းလျှောက်နေတဲ့ ကျနော် ဆိုင်ကယ်ဟွန်းသံတတီတီကြားမှ ဗျိုင်းလေးဈေးကပြန်လာမှန်းသတိထားလိုက်မိတယ်။
လူပျိုကြီး! ဘယ်လိုလဲဟ..ကလေးပွေ့ပီးပြုံးစိစိနဲ့ မိန်းမရချင်နေပီလား
ဟီး..ဗျိုင်းလေး.. ဒီသမီးလေး ငါ့ကိုပေးမလား မွေးစားမယ်ဟာ..
မပေးနိုင်ဘူး.. နင့်ဖာသာအဖြစ်မရှိတိုင်းသူများကလေးကိုလိုက်တောင်းနေတယ်..မသာကောင်..
ခါးလေးထောက်ပီး ဈေးခြင်းတောင်းကိုင်လို့ ကျနော့်ကိုရန်တွေ့သလိုလုပ်နေတဲ့ ဗျိုင်းလေးကိုသေချာကြည့်လိုက်တော့ ပန်းပွင့်အ၀ါတွေပါတဲ့ထမီလေးနဲ့ ဘလောက်စ်လက်ပြတ်အပြာရောင်ကိုတွဲ
ဝတ်ထားတော့ နုပျိုနေသလိုပဲ၊ လက်မောင်းကဆင်စွယ်နှစ်ရောင်လေး၊မျက်နာက အရင်အတိုင်းဖူးဖူးလေးနဲ့ချောတုံးလှတုံးဗျာ။ နဂိုက အရပ်ပုပြတ်ပြတ်ပေမယ့်ခုလိုအဆင်ပြေပြေ၀တ်စားထား
တော့ သူ့ရှိရင်းစွဲအသက်၂၆-၂၇လို့တောင်မထင်ရဘူး။ ဟိုခွေးမသား ကျီးကန်းမိန်းမရတာ ကံကောင်းလိုက်တာ။ သူများမိန်းမတွေဆို ကလေးရပီဆိုတာနဲ့ ဘုတ်အီးကြီးတွေဖြစ်ကုန်တာလေ။
ကျနော်ကသူ့လက်ထဲက ဈေးခြင်းကိုကူဆွဲပီး အိမ်ထဲလှမ်းဝင်လိုက်တယ်။
..... ...... ..... ......
မီးဖိုချောင်ထဲမှာ ချက်ပြုတ်ရင်း ကျနော်နဲ့ဗျိုင်းလေး ကျောင်းတုံးကသူငယ်ချင်းတွေအကြောင်းစမြုံပြန်ရင်း တ၀ါးဝါးတဟားဟားဖြစ်နေကြတာပေါ့ဗျာ။ ဒီကောင်က သူဌေးသမီးဗျ။ ဟိုကောင်ကျီး
ကန်းက အညာသား..ဒီလိုပဲဘော်ဒါတွေဖြစ်ကြပီးကြိုက်သွားကြတာ။ ဗျိုင်းလေးမိဘတွေရှေ.ဆင့်နောက်ဆင့်ဆုံးသွားတော့မှ ကျီးကန်းလည်းကန့်ကွက်သူမရှိ သူဌေးသမီးချောချောလေးနဲ့ညား
လေသတည်းပေါ့လေ။ ချက်ပြုတ်စားသောက်ပီးတာနဲ့ ကျနော်လည်းပြင်ထားပေးတဲ့အခန်းထဲဝင်ပီး ဗိုက်ကားကားနဲ့ထိုးအိပ်ပလိုက်တယ်။ ညနေစောင်းမှထပီး အတိတ်ခြေရာတွေလိုက်ကောက်
ပီးလွမ်းဆွေးလိုက်ဦးမယ်ဗျာ။
..... ..... ....... .......
ညနေစောင်းတော့အိပ်ယာထပီး ရေမိုးချိုးအ၀တ်လဲပီး ဗျိုင်းလေးငါအပြင်ထွက်ဦးမယ်ဟာဆိုပီး ဆိုင်ကယ်လေးနဲ့အပြင်ထွက်လာပီး လျှောက်မောင်းနေမိတယ်။ မန်းလေးမြို.ဟာကျနော့်ကိုမမှတ်
မိချင်ယောင်ဆောင်နေတယ်။ မြောက်ပြင်ကဇရပ်တွေနားရောက်လာတော့..တခါကကျနော့်ပါးပြင်ကိုဖျောင်းကနဲပိတ်ချပီး ငါ့ဘ၀မှာအမုန်းဆုံးကနင်ပဲဖိုးသက်လို့ပြောသွားဖူးတဲ့ ဆံပင်ရှည်ရှည်
နဲ့ကောင်မလေးတစ်ယောက်ကိုလွမ်းလာလို့နာနာကျင်ကျင်ပြုံးလိုက်မိသေးတယ်။ မန်းလေးတောင်ပေါ်ကိုဆွေးရီရီငေးကြည့်ရင်း သေမှခွဲမယ်လို့ဘုရားမှာတူတူဆုတောင်းခဲ့ဖူးတဲ့ချစ်သူကောင်မ
လေးတစ်ယောက်ဘယ်ဆီရောက်သွားခဲ့ပီလဲလို့ ရော်ရမ်းမှန်းဆမိပြန်တယ်။ မနက်လင်းပီဆို ဂေါဝိန်ဟာ ခိုတောင်မုန့်တီနှစ်ပွဲစား
တယ်လို့ရေးခဲ့ဖူးတဲ့ ကျနော့်ဘော်ဒါမော်ဒန်စာရေးဆရာကြီးကောရှိသေးရဲ.လား...ဆိုပီးသူနဲ့အောင်ပင်လယ်ကန်မှာ အရက်မူးပီးအငြင်းသန်ရန်ဖြစ်ခဲ့ရတာတွေ ပြန်လွမ်းဆွတ်မိလာပြန်တယ်။
မြစ်တစ်ခုမှာရေနှစ်ခါချိုးလို့မရဘူးဆိုပီး ဂရိကြီးတစ်ယောက်ပြောသွားသလိုပဲ ကျနော်ဟာ သူတစိမ်းတစ်ယောက်လိုဖြစ်နေခဲ့ပီဗျာ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆