ကျနော့်ရူပဗေဒဆရာမလေး ၆

ကျနော့်ရူပဗေဒဆရာမလေး ၆

အဲ့ဒီအဖြစ်အပျက်ပီး နောက်ပိုင်း ကျနော့်ရူပဗဒဆရာမလေးနဲ့မျက်နာချင်းဆိုင်ကို မဆုံဖြစ်တော့ဘူးဗျ။
ဘာလို့ဆို ဒီကြားထဲ ပြဿနာတစ်ခုတက်လိုက်သေးတာကိုး။ အဲ့ဒီခေတ်က ထုံးစံအတိုင်း လောင်းကစားဝိုင်းတွေနဲ့တွဲထားတဲ့ ဘုရားပွဲတွေက ဒီနားလုပ်လိုက်၊ဟိုနားလုပ်လိုက် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဖြစ်နေတာဆိုတော့ကာ မြို့စွန်ဘုရားပွဲပီးတော့ မြို့ အလယ်ခေါင်မှာထပ်
လုပ်ပြန်တယ်။ တစ်ညသား ဖိုးတေနဲ့ကျနော် ၂ကောင်သား ပွဲဈေးတန်းလမ်းလျှောက်ရင်း အကြော်ဆိုင်တစ်ခုမှာထိုင်(ဆရာရွှေဘ ပါမလာတော့ လောင်းကစားဝိုင်းတွေဖက် ခြေဦးမလှည့်ဖြစ်ဘူး) ရေနွေးကြမ်းအိုးထဲ ဒိုင်လျှိုထည့်ရောင်းတဲ့ ရှမ်းကောက်ညှင်းအရက်လေးမော့ရင်း
ဟိုငေးဒီငေးလုပ်နေကြရာကနေ ပြဿနာတက်ချင်တော့ ပြည်သူ့ရဲတွေက ပွဲခင်းထဲ အရက်ရောင်းတဲ့ဆိုင်တွေလိုက်ဖမ်းရင်း ကျနော်တို့ထိုင်နေတဲ့ဆိုင်ကိုရောက်လာပါလေရော။ အမှန်ကဗျာ ဆိုင်ပိုင်ရှင် ရှမ်းအဘွားကြီးက ပေါ်တင်ရောင်းတာလဲမဟုတ်ရှာပါဘူး။ သူများတကာမှာ
မရှိဆင်းရဲလို့ အကြော်စုံလေးနဲ့ ရှမ်းအရက်လေးကိုရေနွေးခရားထဲထည့်ရောင်းနေရှာတာကို အတင်းဝင်ဖမ်းတယ်။ ပြည်သူ့ချဉ်ဖတ်တွေပီပီ ဟိန်းလားဟောက်လားနဲ့လည်းလုပ်သေးဆိုတော့ အဘွားကြီးခမျာ တုန်တုန်ရီရီနဲ့ဖြစ်နေရှာတာ။ မအေဘေးတွေက ဆက်ကြေးပေးထား
တဲ့ဆိုင်တွေကြတော့ ရောင်းချင်သလိုရောင်း မဖမ်းဘူးလေ။ ကျနော်လည်း စပ်မြင်ကတ်ကတ်နဲ့မေးလိုက်တယ်။ ဟရောင်! မင်းတို့ ပွဲဈေးထဲ အရက်ပေါ်တင်ရောင်းနေတဲ့ ရဲသက်သာရံပုံငွေဆိုင်ကိုကော ၀င်ဖမ်းပါလားလို့အဟီး။ ရီးပဲကွာ သူများက မရှိဆင်းရဲလို့ ဒါလေးရောင်းစား
နေတာကြတော့ ဒုက္ခလာပေးနေတယ်လို့။ အဲ့လိုလည်းပြောလိုက်ကော "စမူဆာ" ဆိုတဲ့ နယ်ထိန်းနဲ့ သူ့တပည့်ရဲ၂ကောင်က ဗြူးဗြဲလာလုပ်ကော။ ဘာကောင်တွေလဲကွ ၀တ္တရားနှောက်ယှက်မှုနဲ့ဖမ်းလိုက်ရမလားတဲ့။ ဖမ်းရဲရင် လာဖမ်းလေဆိုပီး ပြန်ပြောလိုက်တော့ အနားကပ်လာတယ်။
လက်ထိပ်တွေဘာတွေထုတ်နေတုံးပဲရှိသေးတယ် ဂွပ်! ကနဲ အသံနဲ့ ရဲတစ်ကောင်ငိုက်ကျသွားကော။ (ဟိုကောင်ဖိုးတေ ကဘာမပြောညာမပြော ခွေးခြေခုံနဲ့ မျက်ခွက်ကိုဖြတ်ရိုက်လိုက်တာကိုးအဟီး ကိုယ့်လူကလည်း လက်က အဲ့လိုမြန်တာ) ကျနော်ကလည်း စကားများနေကထဲက
မသိမသာ ချွတ်ထားတဲ့ ခါးပတ်နဲ့(ခါးပတ်ခေါင်းက ကြေးနီသတ္တုခေါင်း) ကျနော့်ဆီပြေးလာတဲ့ "စမူဆာ" ရဲ့နားထင်ကို ဖျောင်းကနဲချပစ်လိုက်တယ်။ ဆက်ပီး၂ယောက်၂ယောက်ချင်း ဖုန်းဒိုင်းဂွမ်းနေတဲ့ အချိန်မှာကျန်တဲ့ ရဲတစ်ကောင်ကတော့ ထွက်ပြေးသွားရော။ လုံးထွေးသတ်ပုတ်ရင်းဆိုင်ထဲကနေ ပွဲလမ်းမ
ပေါ်ထိရောက်လာတယ်။ လူတွေကလည်း ၀ိုင်းအုံပီးတော့ကို အားပေးနေတာအဟီး။ သိပ်မကြာလိုက်ဘူး ထွက်ပြေးသွားတဲ့ ရဲနဲ့ အတူ ရဲတွေအုပ်လိုက်ကြီးရောက်လာတယ်။ ဘာပြောကောင်းမလဲ သူရဲကောင်း၂ကောင် ကောင်းကောင်းအဘေခံရတော့တာပေါ့။ တိုတိုပြောရရင်
လက်ထိပ်တန်းလန်းနဲ့ ရဲစခန်းထဲပါသွားတယ်။ အချုပ်ထဲရောက်တော့မှ စိမ်ပြေနပြေ ဗျင်းတာခံရတော့တာပဲ။

ည၁၂နာရီလောက်မှ ကယ်တင်ရှင်ရောက်လာတယ်။ လူလည်းသေကောင်ပေါင်းလဲဖြစ်နေပီ။
အဲ့ဒီခေတ်မှာ တန်ခိုးအတော်ထွားစပြုလာတဲ့ အမ်အိုင်က အကောင်တစ်ကောင် လာထုတ်သွားတာဗျ။ ကျနော်နဲ့ဘယ်လိုပတ်သက်နေသလဲဆိုတော့ကာ အဲ့ဒီအရာရှိက ဖဲတော်တော်ရိုက်တော့ကာ ဖဲဝိုင်းတကာလှည့်နေတဲ့ ချာတိတ်လေးကျနော့်ကို အတော်ခင်တာကိုး။ သူ့ဖာသူခရီးသွားဟန်လွှဲ
ညသန်းခေါင်တရေးနိုး ပွဲခင်းထဲ မုန့်လာစားရင်း သူ့ဖဲရိုက်ဖော်ရိုက်ဖိုက် သတင်းကြားတော့ မနေနိုင်ပဲ လိုက်လာတာဆိုလားဟီးဟီး။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ အဲ့ဒီအဖွဲ့က ဘယ်သူ့မှလူမထင်တဲ့ အချိန်ဆိုတော့သူနဲ့သူ့လူတွေ ၀င်လာတာနဲ့ ရဲတွေလည်း နေစရာကိုမရှိဘူး ပျာယာခတ်နေတာပဲ။
စခန်းမှူးကအစ xင်ခံ တော့မယ့်မျက်နာနဲ့။ အချုပ်ခန်းထဲက ဖူးယောင်ပီးထွက်လာတဲ့ ကျနော်နဲ့ဖိုးတေကလည်း ထီမထင်ဟန်နဲ့(အားကိုးအားထားရသွားပီကိုးဟဲဟဲ) အပြင်ရောက်တာနဲ့ ခုနက လူအုပ်နဲ့ဝိုင်းရိုက်ထားတဲ့ မအေဘေးရဲတွေကို တစ်ယောက်ချင်းထိုးမယ် လာလေဟေ့ကောင်တွေ
ဘာညာပေါ့။ နယ်ထိန်း "စမူဆာ" ကိုလည်း အင်းကျီရင်ဘတ်ဆွဲပီး ဟေ့ကောင် မင်းငါတို့နဲ့အပြင်မှာ မျက်နာချင်းဆိုင်တွေ့လို့ကတော့ အသေပဲဆိုပီး ကြိမ်းဝါးခဲ့သေးတာဟီဟိ။

တိုတိုပြောရရင် အဲ့ဒီဟိုလေးတကြော်ပြဿနာကြောင့် အိမ်ကလူကြီးတွေက အပြင်မထွက်ရဆိုပီး အမိန့်ချလိုက်တော့ ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ပြတ်ပီးခြေငြိမ်လိုက်ရတယ်။
စတာလင်နစ် ကြီးဒေါ်တွေရဲ့"သံကန့်လန့်ကာ" အောက်က ပြည်သူလေး မောင်ဖိုးသက်ပေါ့ဟီး။ တစ်လလောက်ထိခြေငြိမ်ပီး အိမ်မြဲနေရတော့ ဆရာမလေးကိစ္စကလည်း ကိစ္စပြတ်သလိုလိုဘာလိုလိုဖြစ်နေရော။ အိမ်အလုပ်တွေဘာတွေနည်းနည်းပါးပါး ကူလုပ်ပြလာတော့ အောက်ပတ်စ်ကလေးဘာလေးနည်းနည်းရပီး
အပြင်ကို ဟိုခိုင်းဒီခိုင်းပြန်လွှတ်စပြုလာတယ်။ တစ်ရက်တော့ လမ်းမှာကျော့ကျော့မော့မော့စတိုင်နဲ့ စက်ဘီးလေးနင်းလာတဲ့ ဆရာမလေးနဲ့ မျက်နာချင်းဆိုင်ဆုံရောဆိုပါတော့။ ဖျတ်ကနဲမြင်တာနဲ့ ကျနော့်ကို ပြုံးပြလာတယ်။ ကျနော်လား? ချက်ချင်း မိုးပေါ်ကို မော့ကြည့်ပစ်လိုက်တာအဟိ ကောင်းကင်ထဲက မိုးတိမ်တွေကို စိတ်ဝင်စားနေတာလိုလို
ဘာလိုလိုပေါ့လေ( မာနကြီးချက်များပြောပါတယ် ) ဟုတ်တယ်လေဗျာ။ သူပြောသလိုဆို ကျနော်က မိန်းမတကာကို အဖုတ်လိုက်လျှက်နေတဲ့ကောင်ဆိုတာကိုး။ ပတ်ကိုမပတ်သက်ချင်တော့ဘူး။ ရေလည်တင်းနေတာ။ နောက်တနေ့မှာ ကျနော်ကိုယ်တိုင်ကျူရှင်သွားအပ်ထားပေးတယ်ဆိုတဲ့ ဖိုးထွေးဆိုတဲ့ ချာတိတ်ရောက်လာတယ်။
ကိုဖိုးသက်! ဆရာမက ခဏလာခဲ့ပါတဲ့ ဆိုပီးလာခေါ်ရော။ ဟရောင် ရှုပ်ရှုပ်ရှက်ရှက်ကွာ ရီးမှမလာဘူးလို့ပြောလိုက်ဆိုပီး အော်လွှတ်လိုက်တယ်ဟိဟိ။ ညနေစောင်းတော့ ဒီကောင်ထပ်လာတယ်။ ကိုဖိုးသက်! ဆရာမက ပြောတယ် ဆဲတာတော့ဘယ်ကောင်းမလဲတဲ့ အဲ့လိုတော့ မရိုင်းစိုင်းပါနဲ့တဲ့ ဆိုပီးလာပြောရော(တကယ့်ကောင်ဗျာ ရီးမှမလာဘူး
ဆိုတာကို အတိကျ ပြန်သွားပြောသတဲ့ တကယ့်ကလေးဟားဟား) မင်းလည်း တကယ့်ကောင်ပဲကွာ ဆိုပီး ထိုင်ရယ်နေမိတယ်။ ကံဆိုးချင်တော့ ဒီကောင်အဲ့လိုလာပြောနေတဲ့ အချိန် ဘေးမှာ ကိုရွှေဘရှိနေတယ်ဗျ။ ဘာတွေလဲကွ လုပ်စမ်းပါဦးဆိုပီး အင်တာဗျူးတော့တာပဲ။ ချာတိတ်ကို ပြန်လွှတ်လိုက်ပီး ဇာတ်စုံခင်းပြရတော့တာပေါ့။
ဆရာသမားက တဟီးဟီးနဲ့ရယ်တော့တာပဲ။

ချိုမေ ကငါတို့နဲ့ဆယ်တန်းတုံးကတူတူကွ အနေတည်သလောက် မာနက ခပ်ကြီးကြီးရယ် ယောကျာ်းတွေနဲ့လည်းခပ်ကင်းကင်းပဲဟ(ကျောင်းနေဖက်လိုလိုဘာလိုလိုနဲ့ မသာကြီး သူဖြင့်ဆယ်တန်းကို ၄ခါလောက်ကျတာကိုတော့ထည့်မပြောဘူး)
သူ့ဖာသူဘာဖြစ်ဖြစ်လေ ကျနော့်ကိုပြောပုံက ကောင်းသလားဗျ
ဟ! မင့်လုပ်ပုံကိုလည်းကြည့်ဦးလေ သူများအခန်းကိုကျော်ဝင်.. ဟိုကသနားလို့ ပြန်ကြိုက်မလိုလုပ်ရုံရှိသေး အဖုတ်လျှက်ပစ်ရတယ်လို့ .. ဟကောင် ဟိုကအရှက်အကြောက်ကြီးတဲ့ ဆရာမလေးကို မင့်လုပ်ပေါက်က ဟုတ်မှမဟုတ်တာပဲခွီး
ကျနော်လည်း သူအပါအ၀င်၂ယောက်ပဲလျှက်ဖူးတာကို.. သူပြောသလို မိန်းမတကာလျှောက်လျှက်တာတော့မဟုတ်ပါဘူး
ဟဲဟဲ.. ဒီမှာတင် အဖြေပေါ်နေပီလေ သူပြောတာလဲမမှားပါဘူး မင်းလည်းကောင်းတဲ့ကောင်မှမဟုတ်ပဲ ရှက်ရမ်းရမ်းမနေနဲ့ မအေဘေးလေး
ဟီးဟီး
မင့်လိုကလေက၀ကောင်ကို ဒီလောက်ထိလိုက်လျောတာတော်လှပီ.. လူကြီးလူကောင်းတွေလာကမ်းလှမ်းတာတောင် သူက အပျိုကြီးပဲလုပ်မှာဆိုပီး ငြင်းတာဆိုလား သောက်ကြီးသိပ်ကျယ်မနေနဲ့ ဟုတ်ပီလား ခေါ်နေတာ သွားတွေ့လိုက်
အို! မသွားဘူး
စပ်မြင်ကတ်တာကွာာာ မင့်ကိုမင်း ဇာတ်လိုက်မင်းသား မှတ်နေသလား သောက်ရူး မသွားလဲနေကွာလခွေးပဲ

အဲ့ဒီလိုပဲ နေလာလိုက်တာ နောက်ထပ် ၃-၄ရက်လောက်နေတော့ ဇာတ်လမ်းထဲရေးခဲ့တဲ့ အတိုင်းပဲ ဟိုချာတိတ်လေးဖိုးထွေးက ဂွင်ဆင်လာပြန်တယ်။
ကိုဖိုးသက် ရေစက် ပျက်နေလို့ လိုက်ပြင်ပေးပါတဲ့။ မင့်အိမ်ကရေစက်လားဆိုတော့ မဟုတ်ဘူး ကျနော့်အသိအိမ်ကတဲ့။ ကျနော်သိတာပေါ့ဗျာ။ ဘာဆိုတာဟဲဟဲ။ ဒါပေမယ့် ခပ်တည်တည်ရှုတင်းတင်းနဲ့ ဂွအိတ်ကလေးဆွဲပီး လိုက်သွားလိုက်တယ်။ ဒေါ်ခင်ချိုမေ့ အိမ်ရှေ့ရောက်မှ ဟရောင်.. မင့်ဟာက ဘာလဲကွဆိုပီး
ဟောက်လိုက်သေးတာ။ ဆရာမက အမှန်တိုင်းမပြောပဲ ခေါ်ခဲ့ဆိုလို့ပါဗျာ ကျနော်လည်း ခင်ဗျားတို့ကြားထဲမှာ စိတ်ညစ်လာပီဆိုပီး ခေါင်းကုတ်ဖင်ကုတ်ဖြစ်နေရှာတယ်။ အဲ့ဒီအချိန်မှာပဲ ကျစ်ဆံမြီးအရှည်ကြီးတရမ်းရမ်းနဲ့ ဆရာမလေးပြေးထွက်လာတယ်။ စက်ဆရာပါလာပီကိုး ကဲ သားဖိုးထွေးကျောင်းသွားတော့ဆိုပီး ဟိုချာတိတ်ကို
နင်လွှတ်လိုက်ကော။ ဟိုကောင်လည်းဒိုးသွားကော.. မချိုမချဉ်ဆရာမလေးက စက်ဆရာလေး ခြံထဲကြွပါရှင့်တဲ့။ ကျနော်လည်း ခပ်တည်တည်နဲ့ ခြံထဲလိုက်သွားတယ်(မျက်နာက ခပ်မာမာပဲဟဲဟဲ) ရေတွင်းဘေးက ရေစုပ်ပန့် လေမလုံတာကို ထိုင်ပြင်နေတာကိုဘေးကနေ ထိုင်ကြည့်ရင်း မထိတထိတွေလာပြောနေတာဗျ။
အသံလွင်လွင်လေးနဲ့ အူမြူးနေတာ ကျနော့်မှာ အံ့သြလို့။ မျက်နာတင်းတင်းနဲ့ အပျိုကြီးပေါက်စဆရာမလေးက မြီးကောင်ပေါက်မလေးလိုလုပ်နေတာကိုး။ ကျနော်လာမှာမို့လို့လားမသိဘူး ရေမိုးချိုး သနပ်ခါးပါးကွက်ကလေးနဲ့ မွှေးမွှေးပျံ့ပျံ့လှတပတလေးနဲ့ ချစ်စရာလေးဖြစ်အောင်စတိုင်ကထုတ်ထားသေးတာ။
အမှန်တိုင်းပြောရရင် လူက စိတ်ကိုလှုပ်ရှားနေပေမယ့်လို့ ဟန်ကိုယ့်ဖို့ဆိုတာလို မျက်နာကိုတင်းထားပီး သေချာကို မကြည့်ပဲ မျက်နာလွှဲပီး လုပ်စရာရှိတာလုပ်နေလိုက်တယ်။ ရေစက်လည်းကောင်းသွားကော ဟာ.. ရေလာပီ တော်လိုက်တာနော် ဘာညာနဲ့ လာ ပလူးနေသေးတယ်။ မသိချင်ယောင်ဆောင်ပီး ဂွတွေသိမ်းပီး ထပြန်ဖို့လုပ်တော့
စက်ပြင်ခ ဘယ်လောက်ကျတုံးတဲ့။ ကျုပ်က ပက်ဆံနဲ့ပြင်စားတာမဟုတ်ဘူးဗျလို့ခပ်တင်းတင်းပြန်ပြောလိုက်တယ်။ သြော်! ဟုတ်သားပဲ အပျော်စက်ပြင်တာ.. ပရော်ဖက်ရှင်နယ်ဖဲသမားဆိုတာမေ့နေတယ်တဲ့။ ငါ့ကိုလာရိပြန်ပီဆိုပီး စိတ်ကတိုတိုနဲ့ လက်ညှိုးငေါက်ငေါက်ထိုးပီး ရန်ထောင်မလို့ ခင်ဗျား!!! ဆိုပီးပြောလိုက်ကာရှိသေး
ထိုးထားတဲ့ ကျနော့်လက်ညှိုးကို အတင်းဖမ်းဆုပ်ပီး သူ့နှုတ်ခမ်းပေါ်လက်ညှိုးလေး တင်ပီး ရှူးးး တဲ့ (မျက်လုံးလေးပါပြူးပြလာတာ ကျနော်လည်း ချစ်ရာမျက်နာပေးလေးမြင်ရတော့ ဆက်မအော်ပဲ ရပ်သွားတယ်) ပီးတာနဲ့ ကျနော့် လက်ကိုဆွဲပီး မီးဖိုခန်းထဲခေါ်သွားတယ်။ ငှက်ပျောထောပတ်ကြော်နဲ့ ကော်ဖီတွေပြင်ထားတာကျွေးတယ်။
ရေလည်စားကောင်းတယ်ဗျာ။ ကျနော်ဗိုက်ဆာဆာနဲ့ အားရပါးရစားနေတာကို ပြုံးပီးရပ်ကြည့်နေတယ်။

ပလုတ်ပလောင်းနဲ့စားပီးတာနဲ့ ကော်ဖီမွှေးမွှေးလေးမော့ရင်း ကျနော်လည်း ပြန်ပြုံးပြလိုက်မိတော့ စကားစလာတယ်။

စားလို့ကောင်းလား ကိုဖိုးသက်လေး
အရမ်းကောင်းတယ်ဗျ
နောက်ကော စားချင်သေးလား
ဝသွားပါပီ ဗိုက်ကိုအင့်နေတာပဲ
ဟင့်အင်း! ချိုပြောတာ နောင်တသက်လုံး ခုလိုလုပ်ကျွေးတာမျိုးစားချင်လားလို့မေးနေတာ(ပြောရင်း အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ပီး မချင့်မရဲဟန်လေးဖြစ်နေပြန်တယ်)
ဟုတ်!
ကိုဖိုးသက်လေးကို ရှင်ချစ်တယ်ဆိုတဲ့မိန်းမက မဆိုးမမိုက်ရဘူးလို့ပြောရင် လိမ္မာပီး ပြောစကားနားထောင်မှာလား
ထောင်မှာပေါ့ဗျာ (ကျနော် ရင်တွေခုန်လာတာ အရမ်းပဲဗျာ)
ဂတိပေးရဲလား ကဲ!
အို ဘာလို့မပေးရဲရမှာလဲ ပေးတယ်ဗျာ
ဒါဆို ကိုဖိုးသက်လေးကို ချို..ချို ချစ်တယ်... တဲ့

အဲ့လိုလည်းကြားကော ထမင်းစားပွဲမှာ ထိုင်ပီးကော်ဖီမော့နေရာကနေ ကျနော် ဆတ်ကနဲထရပ်၊ မတ်တပ်ရပ်လျှက်လက်ကလေးပိုက်နေတဲ့ ဆရာမလေးကို အားရပါးရဆွဲဖက်ပစ်လိုက်တော့တာပဲ။
ကျစ်ဆံမြီးအရှည်ကြီးနဲ့ ပါးကွက်ကြား ဆရာမချောချောလေး ကျနော့်ရင်ခွင်ထဲမှာ မြုပ်သွားတဲ့အထိအတင်းဖက်ပစ်လိုက်တာပေါ့။ ပျော်ထှာဗျာ။ အမလေး အဲ့ဒီတော့မှ ကိုဖိုးသက်လေး မကောင်းဘူးသိလား ချို့ကို ချစ်တယ်လို့လည်းပြောသေး ပစ်ပြေးသွားတယ်။ ချိုဘယ်လောက်ဝမ်းနည်းခဲ့ရလဲ ရှင်လေးသိလား ဆိုပီး
ကျနော့်ရင်ဘတ်ပေါ်မျက်နာအပ်ပီးငိုပါလေရောလားဆရာတို့ရယ်။ တစ်ကိုယ်လုံးလည်း တသိမ့်သိမ့်တုန်နေတာပဲ။ ရေလည်ဝမ်းနည်းနေရှာတာဟီဟိ။ အီဖေကိုယ်ကလည်း.. ဆောရီးပါဆရာမလေးရာ ကျနော်စိတ်တိုလို့သာရှောင်နေရတာ ရင်ထဲမှာတော့ ဘာပြုပါတယ်ညာပြုပါတယ်ပေါ့။
ကိုင်း! တိတ်တော့ ပါးကွက်တွေပျက်ကုန်ပါပီ ငါ့ဆရာမလေးက ကလေးပေါက်စလေးကျနေတာပဲ ဘာညာနဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို ကျနော်ပါးနဲ့ပွတ်ပီး သုတ်ပေးပစ်လိုက်တယ်။ မျက်လုံးလေးမှိတ်ပီးငြိမ်ခံနေရှာတဲ့ မျက်နာဖူးဖူးလေးကို လက်ဖ၀ါး၂ဖက်နဲ့ညှပ်ထားရင်း တဆတ်ဆတ်တုန်နေတဲ့
နှုတ်ခမ်းရဲရဲလေးကိုပါ ပလွတ်ကနဲစုပ်နမ်းပစ်လိုက်တယ်။ ခြေဖျားထောက် ခါးလေးကော့ပေးလာတော့ ခါးကျင်ကျင်လေးကိုပါ သိုင်းဖက် ကျောပြင်လေးကိုပါပွတ်ပေးနေမိတာပေါ့။ ပတ်ဝန်းကျင်ကလည်း ခြံနဲ့ဝန်းနဲ့ ဆိုတော့ လေအဝှေ့မှာ သစ်ပင်တွေဆီက သစ်ရွက်တွေလေတိုးတဲ့ အသံ တရှဲရှဲကလွှဲပီး
တိတ်ဆိတ်ငြိမ်သက်နေတော့ လုံးဝရိုမန့်တစ်ပဲ။ ဒန်ဒန့်ဒန် ပေါ့ဗျာဟီဟိ။

ဆက်ဖတ်မယ်ဆို ဆက်ရေးမယ်နော်ဟဲဟဲ

Comments

Post a Comment

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆