အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၃



အဲ့ဒီညက ဘီယာဆိုင်ထိုင်ရင်းမိုးတော်တော်ချုပ်စပြုလာတဲ့အချိန်ရောက်လာတော့ ငါ့ကောင်! တော်စို့လား လို့ ကျနော်သူ့ကိုသတိပေးလိုက်တော့ သူက နင်သောက်လို့ဝပီလား ဟ? တဲ့။
အဟီး ၀လားမ၀လားတော့မသိဘူး စားပွဲပေါ်မှာ ဘီယာခွက်အလွှတ်တွေစီထားတာအခွက်၃၀ကျော်လောက်ရှိမယ်ဗျ။ ကျနော်တို့ရဲ့သောက်ကျင့်က သောက်ပီးသားခွက်အလွှတ်တွေကိုအသိမ်းမခံပဲ စားပွဲမှာဒီတိုင်းစီထားတတ်တယ်။ ဒါမှငါတို့သောက်ထားတာဘယ်နှစ်ခွက်အနည်း
အများ လစ်မစ်ချိန်တာပေါ့လေ။ နို့မို့ရင်ဘယ်လောက်သောက်လို့သောက်မိမှန်းမှမသိတော့တာကိုး။ ဘီယာကိုခရားနဲ့လည်းမမှာဘူး။ တစ်ခွက်ချင်းမှာပီး ခွက်တိုက်၊ သူလည်းကုန်ကိုယ်လည်းကုန်မှ.. လာထားနောက်ထပ်တစ်ခွက်စီ.. အဲ့လိုမျိုးဗျ။ ငယ်ကထဲအကျင့်တွေဆိုပါတော့လေ။
လောလောဆယ်တော့ ၂ယောက်လုံးကွဲနေပီဟီဟိ။စကားတွေလည်းဟောင်ဖွာဟောင်ဖွာပြောရလွန်းလို့ မေးရိုးတွေတောင်ညောင်းလာသလိုပဲ။

ဟရောင်.. ငသက်
ဂျာ!
အေဘေး.. ငါတို့၂ကောင်အတော်ရုပ်ပျက်နေပီထင်တယ် ဆိုင်ထဲမှာထိုင်နေတဲ့ လူတွေအကုန်လုံးငါတို့ဝိုင်းကိုပဲရှိုးနေကြတယ်ဟ
ရုပ်ပျက်စရာလား.. ဖိုးသက်နဲ့ဗျိုင်း၂ယောက်အတွက် ဘီယာလေးအခွက်၃၀ဆိုတာ နာသာဂီရိဆင်ပြောင်ကြီးကို စပါကလင်တိုက်တဲ့ အဆင့်လောက်ရှိတာ အဟစ်ဟစ်
ဒါဆို လူတွေက ဘာလို့ ငါတို့ဝိုင်းကိုပဲ လှမ်းလှမ်းကြည့်နေကြတာတုံးဟ?
ဘာဖြစ်မှာတုံး.. နင့်ကိုကြည့်နေကြတာလေ.. နင့်ကို ဘီယာနဲ့မြည်းနေကြတာ ဟီဟိ နဂိုကချောချောလေးပါဆိုနေ ခုဘီယာတန်ခိုးနဲ့မျက်လုံးတွေကအရောင်တွေလက်၊ ပါးတွေကပန်းသွေးရောင်တွေတောက်..
အို! ကလေးအမေကြီးကိုများ အဟိ .. ရှက်စရာကြီး ဒါဆိုငါကအတော် ဆွဲဆောင်မှုရှိသေးတာပေါ့နော် ခစ်ခစ်
အင်းအမှန်တိုင်းပြောရရင်တော့.. သူတို့နင့်ကို အရက်ပရိုမိုးရှင်းလိုက်လုပ်နေတဲ့ကလေးမလေးလို့ထင်နေပုံရတယ်ဟ
ဘာပြောတယ်!!!


၂ကောင်သားမူးမူးနဲ့အဲ့လိုပေါက်ကရတွေလျှောက်ပြောရင်း တဟီးဟီးအူမြူးနေရာက ကျနော်ကပြန်မယ်ကွာဆိုပီးပိုက်ဆံရှင်းဖို့ကြိုးစားတော့ ဒင်းကမူးမူးနဲ့ အမေ! သမီးရှင်းမယ်.. အမေ့သမီးသူဌေးမလေးရှင်းမယ် လာထားဆိုပီး ကျသင့်ငွေကိုလုပီးရှင်းနေတာကို
ရယ်ပီးထိုင်ကြည့်နေမိတယ်။ အားကိုးအားထားမိဘတွေလည်းမရှိရှာတော့တဲ့ သူငယ်ချင်းမလေးဗျာ.. ကလေးတစ်ယောက်နဲ့ ယောက်ျားကလည်းသောက်ကျင့်မကောင်းတော့ ကွဲ.. အသိုင်းအ၀ိုင်းညီအကိုမောင်နှမကလည်းမရှိလေတော့ကာ တော်ရုံစိတ်ဓာတ်ခိုင်မာမှုမျိုးနဲ့ဘ၀ကို
ရင်ဆိုင်ဖို့မလွယ်လောက်ဘူးဗျ။ သူ့ဘ၀မှာ ခုကျနော်နဲ့ပျော်နေသလို မပျော်ရရှာတာဘယ်လောက်ကြာပီလဲမသိဘူး။ အဲ့လိုတွေးမိပီး ကျနော့်စိတ်ထဲဂရုဏာသက်မိသွားလို့ သူ့ကိုငေးကြည့်နေမိတယ်။ ပိုက်ဆံရှင်းပီး ဘီယာဝိုင်းကထတော့ သူကနည်းနည်းယိုင်ချင်နေတယ်။ အသာလေး
မသိမသာတွဲပီး အပြင်ကိုခေါ်ထုတ်လာတယ်။ ဆိုင်ကယ်ကိုသူမောင်းမယ်ဆိုပီး ပြဿနာစရှာတယ်။ နင်မူးနေတယ်ဟ ဆိုပီးရှိခိုးဦးတင်တောင်းပန်တာလဲ မရဘူး.. သောင်းကျန်းပစ်ရမလား နင်ငါ့အကြောင်းသိတယ်နော်ဘာညာနဲ့အော် လာလို့ ပါးစပ်ကိုလက်ဝါးနဲ့အမြန်လှမ်းပိတ်လိုက်
ပီး အေးအေး..မောင်းမောင်း ခဏလေးနော် ဒီဆိုင်ရှေ့ကနေတော့ ငါပဲမောင်းမယ် ဆိုပီး အတင်းခေါ်ထုတ်လာခဲ့ရတယ်။ အနောက်ကနေ ကျနော့်ကျောကိုဖက်ထားပီး ဆိုင်ကယ်နောက်က လိုက်လာရင်း မောင်းရတော့မလား..ရောက်ပီလား.. မောင်းမယ်မောင်းမယ်ဆိုပီး ကျနော့်နားရွက်
နှစ်ဖက်စလုံးကို လက်ဖ၀ါးတွေနဲ့ဆုပ်ကိုင်ပီးဆွဲလိုဆွဲ၊ ခါးကိုအတင်းဖက်ပီးရှေ့တိုးနောက်ဆုတ်တွေလုပ်နဲ့သောင်းကျန်းရင်းပါလာတာပေါ့။

သစ်ပင်အုပ်အုပ်တွေမိုးနေတဲ့ လူရှင်းတဲ့လမ်းကြားလေးတစ်ခုထဲရောက်သွားတော့မှ ဆိုင်ကယ်ရပ်ပေးလိုက်တယ်။
ဒေါက်ထောက်ပီး ဆိုင်ကယ်ပေါ်က ဆင်း ကဲ! ဒီလောက်တောင်မောင်းချင်နေတာမောင်းစမ်းကွာ ဆိုပီး လွှတ်ထားပေးလိုက်တယ်။ စီးကရက်ဖွာရင်းထိုင်ကိုကြည့်နေတာ ဒင်းဘာလုပ်မလဲဆိုပီး။ ဆိုင်ကယ်က ယောက်ျားစီးဗျ။ သူဝတ်ထားတဲ့ စကပ်နဲ့ဘယ်လိုတက်ခွပီးမောင်းမှာတုံး။
သူ့ဖာသူ အတင်းတက်ခွဖို့လုပ်နေတာကို ထိုင်ကြည့်ပီး ရယ်နေလိုက်တယ်။ တော်တော်ဆိုးတဲ့ဟာဗျာ။ လူမြင်ကွင်းမှာဆို ရုပ်ပျက်တော့မှာမို့တမင်အမှောင်ထဲကိုခေါ်လာတာ။ ပီးတော့ ကျနော့်ဆိုင်ကယ်က အစုတ်ကြီး.. ကစ်ပီးနိုးမှရတဲ့ဟာမျိုးဆိုတော့ သူဘာလုပ်လို့ရမှာတုံး။ စကပ်ကိုဖင်ပေါ်
အောင်လှန်တင်.. ဒါမှမဟုတ်အကုန်ချွတ်ပစ်မှပဲတက်ခွပီးမောင်းလို့ရမှာလေဟားဟား။ မရမကအတင်းတက်ခွလိုက်တော့ ခွလို့တော့ရသွားတယ်။ စကပ်ခံနေတော့ ခြေထောက်က လေထဲမယ်တန်းလန်း.. အဲ့ဒါကိုစိတ်မလျှော့ဘူး နင်လာခဲ့ အနောက်ကနေတက်ခွ၊ နင့်ခြေထောက်ကစက်နှိုး၊
ဂီယာထိုးပေး၊ ငါက လက်ကိုင်ကိုင်ပီးမောင်းမယ်တဲ့။ တကယ့်ဟာဗျာ။ ရတယ်လေ ဆိုပီး သူ့အနောက်ကနေတက်ခွ၊ ကစ်တံကိုနင်းပီးစက်နှိုးပေးလိုက်တယ်။ ဂီယာထည့်လိုက်ပီ ထွက်တော့ဆိုတာနဲ့ ကလပ်ခ်ျကိုဆောင့်လွှတ် လီဗာကိုဖြဲပီးဆောင့်ထွက်တယ်။ ဂီယာတောင်ထပ်မချိန်းလိုက်ရဘူး
အနောက်ကနေသူ့ကိုသိုင်းဖက်ထားရင်းက လက်ကိုင်ကိုဖမ်းကိုင်ပီး ခြံဝင်းတစ်ခုထဲကို ချိုးဝင်ပေးလိုက်တယ်။ တစ်ထပ်တိုက်ပုလေးအရှေ့ကိုတန်းရောက်သွားရော။ အဲ့ဒီတော့မှ ဟမ်! ဒါငါ့အိမ်ပါလား တဲ့ဟီးဟီး။ ညာတာပါတေးနဲ့သူ့အိမ်ရှေ့ထိခေါ်လာတာတောင် မူးနေတဲ့ဒင်းက သတိမထား
မိဘူးလေ။

ဆိုင်ကယ်ပေါ်ကပွစိပွစိနဲ့ရစ်နေသေးတဲ့ သူ့ကိုပွေ့ချ၊ အိမ်ထဲတွဲခေါ်၊ ဟဲ့! ဒီသူငယ်ချင်း၂ယောက်ဘာတွေဖြစ်လာကြတာလဲ လို့အလန့်တကြားလှမ်းမေးလာတဲ့ ကျနော့်ကိုမှတ်မိနေသေးတဲ့ သူ့ကြီးဒေါ်ကြီးကို နှုတ်ဆက်ရင်း အဲ့ဒီအရက်သမားကို သူ့အိပ်ယာထဲအထိတွဲပို့လိုက်
ရတယ်ပေါ့ဗျာ။ လူကသာ မျက်လုံးကောင်းကောင်းမဖွင့်နိုင်တော့အောင်မူးနေတာ ကျနော့်ကို သတိတရလှမ်းပြောလာသေးတယ်.. နက်ဖန်မနက်စောစော ငါ့ဆီလာခဲ့ မနက်စာတူတူစားပီး ငါ့အလုပ်ကိုလိုက်ပို့ဦး.. အလုပ်တိုက်မှာ ငါ့ကားထားခဲ့မိတာ မနက်အလုပ်သွားလို့မရဖြစ်မယ် တဲ့။
ဟုတ်ပါပီ! လို့ဂတိပေးရင်း သူ့ကိုသိပ်ခဲ့လိုက်တယ်။ အပြင်ထွက်လာပီး မတွေ့တာကြာတဲ့ သူ့ကြီးဒေါ်ကြီးနဲ့ အလာပသလာပလေးတွေထိုင်ပြော၊ အိပ်ပျော်နေရှာတဲ့ သူ့သမီးလေးကိုဝင်ကြည့်ပီး ပြန်လာခဲ့ရောဆိုပါတော့ဗျာ။

နောက်နေ့မိုးလင်း မနက်ခင်း၈နာရီလောက် ကျနော်သူ့ဆီရောက်သွားတယ်။
မနေ့ညကနဲ့ဘာမှမဆိုင်တော့သလိုပဲဗျ။ ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ထားလိုက်တာ ကျော့လို့မော့လို့ ဂုဏ်သရေရှိ အမျိုးသမီးကောင်းချောချောလှလှလေးရုပ်နဲ့ဟားဟား။ ငါမနေ့ညက တော်တော်ကွဲသွားတယ်ထင်တာပဲ တဲ့။ သူဘယ်လိုသောင်းကျန်းတာတွေကျနော်ဟာသလုပ်ပီး ပြန်ပြောတော့
တခွိခွိနဲ့သဘောကျနေပြန်ရော။ တောက်တောက်.. တောက်တောက်... နဲ့လမ်းလျှောက်တတ်စသူ့သမီးလေးကိုလည်းတွေ့ပါ့။ ချစ်စရာလေးဗျာ။ အမေတူလေး ချောလိုက်တာ။ ဖြူဥဥလေး ကျနော်တော့ မြင်မြင်ချင်းကို ချစ်လွန်းလို့ လက်ထဲက မချတော့ဘူး အတင်းပွေ့ထားနေမိတယ်။ မနက်စာ
သူ့အိမ်မှာမနက်စာ စားသောက်ကြပီးတော့ သူ့အလုပ်ကို လိုက်ပို့ပေးဖို့ပြင်တယ်။ ဧည့်ခန်းထဲက စာအုပ်တွေကို လက်ညှိုးထိုးပြပီး ငါ့ကိုစာအုပ်တွေငှါးလိုက်ဦးဟ လို့ခွင့်တောင်းတော့.. မငှါးပေါင် တဲ့။ ဒါတွေသာငှါးပေးလိုက်ရင် နင်ပေါ်လာတော့မှာမဟုတ်ဘူး.. ဒီတော့ ဒီလိုလုပ်.. မနက်ခင်းထပီး
ဒီကိုလာ.. ငါနဲ့မနက်စာတူတူစား၊ အလုပ်ကိုလိုက်ပို့၊ ပီးမှနင်သွားချင်တဲ့နေရာကိုသွား၊ နေ့ခင်းဖက်အားပီဆို ဒီကိုပြန်လာ ဒေါ်ကြီးနဲ့ငါ့သမီးလေးပဲ အိမ်မှာရှိတာ။ ဒေါ်ကြီးကို ကလေးကူထိန်းပေးရင်း ကြိုက်တဲ့စာအုပ်ဖတ်ပေတော့။ နေ့လည်စာပါ ငါ့အိမ်မှာစား။ ညနေစောင်းရင် အလုပ်မှာငါ့ကိုလာကြို
ချေ။ နင်မပြန်မချင်း ဒီလိုပဲနေရမယ်.. ကြားသလားလို့ အမိန့်တော်ချမှတ်လိုက်တယ်။ ဟိုးငယ်ငယ်ကလည်းဒီလိုပဲ ၀င်ထွက်သွားလာနေခဲ့တာဆိုတော့ ကျနော်လည်း အေးပါ.. ငါမပြန်မချင်းပေါ့လို့ ပြောလိုက်မိတယ်။

ဒီလိုနဲ့ကျနော့်သံယောဇဉ်အမျှင်တန်းတဲ့ဇာတ်တစ်ခုဟာ စလာပြန်ပါရောလားဆရာတို့ရယ်။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆