နတ်သမီးပုံပြင် ၂

ပြုံးချိုသွားတဲ့ မျက်နာလေးနဲ့ ကျေနပ် နှစ်သိမ့်သွားဟန်ကလေးကို ကျနော်ချစ်လိုက်တာဗျာ။ နဖူးပြောင်တင်းတင်းကလေးကို ကျနော့်မေးစိနဲ့ဖိထားပေးရင်း ကျောပွတ်ရင်း ပါးစပ်က ခပ်တိုးတိုး စီစီး စီစီး သံပေးရင်း ချစ်သူရဲ့ဆံနွယ်တွေဆီက လွှင့်ပျံ့နေတဲ့ ချွေးနဲ့ရောယှက်
နေတဲ့ အမွှေးရနံ့ချိုချိုလေးကို ရှူရှိုက်ရင်း ကျနော့် ကမ္ဘာကြီးဟာ အင်မတန်သာယာလှပနေခဲ့တာပေါ့လေ။ မိနစ်အတန်ကြာအောင် ဒင်း ဇိမ်ခံချင်သမျှ ကျောပွတ်ပေးပီးတော့မှ မျက်လုံးမှိတ်လျှက်နဲ့ ရဘီ !တပည့်ကြီး ဆိုတဲ့ အမိန့်ပေးသံကြားမှရပ်လိုက်ရတယ်။ လက်လည်းညောင်း ပါးစပ်ကစီစီး
သံပေးနေရတာကလည်း ညောင်းနေပီ။ ဇိမ်ခံလို့ဝသွားတော့မှ မျက်လုံးလေး ဆတ်ကနဲပွင့်လာပီး ကျနော့် ရင်ဘတ်ကိုတစ်ချက်လှမ်းပီး နမ်းရင်း "ချစ်လွန်းလို့ရူးသွားမလားတောင်မသိတော့ပါပူး" လို့ သူ့ဖာသာ ရေရွတ်သလိုလိုပြောနေပြန်ရော။

ဆရာမလေး "ချို"
"ရှန်!" (ပြောင်တိပြောင်ချော်အသံလေးနဲ့ ပြန်ထူးလာရင်း မျက်တောင်တွေကို တမင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေတယ်)
"ဘုရားဘုရား! လူတွေက ဒီဆရာမလေး ဒီလောက်မျက်နာရူးမှန်း မသိကြပါလားနော် .. ကျနော်ခေါ်ပြလိုက်ချင်တာ အဟိ အဟိ"
"ဆရာမလေးကို ကျနော်အတည်ပြောမလို့ဗျ"
"ဟုတ်!"
"ဆံပင်တွေက နက်ပီးသန်စွမ်းရမယ်.. မျက်နာလေးက အပြုံးချိုချိုလေး ပီးတော့ စွာတေးလေး.. ကျနော့်ကိုလည်းနိုင်စားမယ်"
"အင်း"
"အဲ့လိုမျိုး သမီးလေးတစ်ယောက်လောက် ကျနော်တို့ အိမ်ထောင်ကျရင် မွေးပေးပါလားဗျာ?"
"မွေးပေးပေါင်!"
"ဟမ်.."
"ကျမကရှင့်ကို ပြန်မွေးပစ်မှာ.. ရှင်းပီလား? အသားဖြူဖြူဆံပင်ဂုတ်ထောက် မျက်ခုံးမွှေးထူထူ... အရပ်မြင့်မြင့်.. ကျွတ်ဆတ်ဆတ် မာကျောကျော.. စာတတ်ပေတတ် ဖဲသမား..လမ်းသရဲ.. ပီးတော့နှာဗူးလေး.. မိဘတွေကို ဒုက္ခပေးမယ့်ကောင်.. အဲ့လို သားလေး မွေးပစ်မယ် ဟွန်းဟွန်း"
"သေရောဗျာ.. ဆရာမလေး ခင်ဗျား အဲ့လိုကောင်သွားမွေးတာဟုတ်ပါပီ.. အရွယ်ရောက်လာလို့ ဒုက္ခပေးရင်ကော?"
"သူ့အဖေ ကိုဖိုးသက်လေး ရှင်းလိမ့်မယ် .. ကျမ ခင်ချိုမေ မသုဓ္ဓမစာရီ သွားလုပ်မှာပေါ့ ခွိ "
"ဘာရယ်?"
"မယ်သီလရင် ၀တ်ပီလေ အဟိ ရှင်တို့သားအဖကို ထားသွားပီး သံသရာက လွှတ်မြှောက်ရာလွှတ်မြှောက်ကြောင်း.. အမေ.. အမေ.. ဟိဟိဟိဟိဟိဟိ ယားတယ် ကိုဖိုးသက်လေး"

စိတ်မထိန်းနိုင်တော့တဲ့ ကျနော်တစ်ယောက် နှုတ်ခမ်းလေးကို ထော်ထော်ကလေးလုပ်ပီး ပေါက်ကရတမင်လျှောက်ပြောနေတဲ့ ချစ်သူကို ကလိထိုးပီးစနေမိတယ်။ ကျနော့်ရင်ခွင်ထဲကို အတင်းတိုးဝင်လာရင်း တစ်ကိုယ်လုံးတွန့်လိမ်လို့ ရယ်မောနေတဲ့သူမကို ကြည်နုးနေတဲ့စိတ်
နှလုံးနဲ့ ကျနော် အားရပါးရ အနမ်းမိုးစွေနေမိတယ်။ မျက်နာလေးကို အားရပါးရနမ်း၊ လည်တိုင်ဖော့ဖော့လေးကို နှုတ်ခမ်းနဲ့ဖိကပ်နမ်း.. သူမက တစ်ကိုယ်လုံးတွန့်ပီးရှောင်နဲ့ ဆော့ကစားနေရင်းက ည၀တ်အိပ်ထားတဲ့ရှပ်အင်းကျီက ကြယ်သီးတွေပြုတ်ထွက်ကုန်တာမို့ အတွင်းခံမ၀တ်ထားတဲ့ ဖြူဖွေး
သန့်စင်တဲ့ ထွားကျိုင်းကျိုင်း နို့ကြီး၂လုံးက တစ်ဝက်တစ်ပျက် ပြူစစပေါ်လာတယ်။ စိတ်လှုပ်ရှားသွားတဲ့ ကျနော်တစ်ယောက် မနေနိုင်တော့ပဲ ရင်ဘတ်ဟကွဲဖြစ်နေတဲ့ ရှပ်အင်းကျီအောက်က ဆူဖြိုးတဲ့ ချိုဗူးတွေကို လက်နဲ့နှိုက်ထုတ်လိုက်မိတယ်။ နံနက်လင်းစ နေရောင်ခြည်နုနုလေးအောက်မှာ နီမြန်းတဲ့ အရောင်နဲ့ နို့သီးခေါင်းလေးတွေက တောင်မတ်တင်းမာနေတယ်။ လက်ဖ၀ါး၂ဖက်စလုံးနဲ့ အားပါးတရဆုပ်ကိုင်ထားရင်း ချေမွဆော့ကစားလိုက်တော့ ငြိမ်ကျသွားတယ်။ နို့တစ်အုံလုံးကို ကိုင်ထားရင်း လက်မနဲ့ နို့သီးထိပ်ကလေးတွေကို ဖွဖွပွတ်ရင်း ဆရာမလေးရဲ့နို့တွေဟာ အခါတိုင်းထက် အဆမတန် ပိုကြီးလာသလိုပဲလို့ သတိထားလိုက်မိလို့ တစ်ခုခုပြောဖို့ ခေါင်းငုံ့ထားရာကနေ ကျနော်မော့ကြည့်လိုက်မိတယ်။ ဆံပင်အခွေလိမ်လိမ်ကလေးတွေကြားထဲက မျက်နာဝိုင်းဝိုင်းတစ်ခု.. မျက်လုံးတွေက အံ့သြတုန်လှုပ်သလိုစိုက်ကြည့်နေတယ်။

"ဘုရားရေ.. ဒါဟာ မမကြီးးး !"
.... .... .....

"ကန်တော့မမကြီး ... ကျနော်တမင်လုပ်တာမဟုတ်ဘူးနော်... ကန်တော့ ကန်တော့"

ဝုန်းကနဲ အိပ်လျှက်ကနေ ခုန်ထလိုက်ပီး ဆောင့်ကြောင့် ကလေးထိုင်လို့ လက်အုပ်ချီထားလိုက်မိတယ်။ ရှက်ကြောက်နေဟန်တူတဲ့ မမကြီးတစ်ယောက်ခမျာ လည်း အတင်းလူးလဲထထိုင်ရင်း လျှောကျနေတဲ့ ထမီ ကိုပြင်ပီးစည်း၊ ဟကွဲဖြစ်နေတဲ့ယောက်ျားဝတ်ရှပ်အင်းကျီထဲကို ကျနော်
အိပ်မက်ယောင်ပီး ဆွဲထုတ်ထားတာ ခံထားရတဲ့ ကိုယ်လုံးကိုယ်ထည်နဲ့လိုက်အောင်သူမရဲ့ အင်မတန်ထွားကြိုင်းလှတဲ့ နို့ကြီး၂လုံးကို အတင်းပြန်ထိုးထည့်ပီး ကြယ်သီးတွေပြန်တပ်နေတယ်။ လက်အုပ်ချီခေါင်းငုံ့ထားရင်း မသိမသာ အသနားခံတဲ့အကြည့်နဲ့မော့ကြည့်လိုက်တော့ ကျနော်နဲ့အောင်အောင်တို့ကို ငယ်ကထဲက အမတစ်ယောက်လိုထိန်းကျောင်းခဲ့တဲ့ အပျိုကြီးဆရာဝန်မလေးခမျာ ရှက်ရှာလွန်းလို့နေမယ် နှုတ်ခမ်းတွေတဆတ်ဆတ်တုန်၊ လက်ချောင်းတွေလည်း တုန်ခါလို့ဗျာ။ ကျနော်က ခုမှလန့်နိုးလာပေမယ့် သူ့မျက်နာကြည့်ရတာ လန်းဆန်းနေတယ်။ သူနိုးနေတာကြာပီပေါ့။ ဒါဆို ကျနော်ကကော ဘယ်လောက်ကြာအောင် လက်သရမ်းနေမိတာလဲ။ သူလည်းရှက်လို့ ငြိမ်ခံနေရှာတာလား။

"ဖိုးသက်.. အဲ့လိုမျိုးကြီး လုပ်မနေနဲ့ တော်တော့ အောင်အောင် အိပ်ယာထလာပီး မြင်သွားရင်မကောင်းဘူး နင့်ကိုငါဘာမှမပြောချင်တော့ဘူး"
ကျစ်ဆမြီး အရှည်ကြီးနဲ့ ပြုံးချိုချိုမျက်နာလေးကို မျက်လုံးစုံမှိတ်ထားလျှက်က ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်နေရသလို ကျနော် မြင်ယောင်ကြည့်လို့ ရနေတယ်။ ကျနော့်လက်မောင်းနဲ့ ဆွဲပွေ့ယူလိုက်တိုင်း ကျိုးသွားမလားထင်မှတ်မှားခဲ့ရတဲ့ ခါးကျင်ကျင်ကလေး။ ခေါင်းပေါ်မှာ ခွေခွေကလေး ချည်နှောင်ပီး ပန်ဆင်ထားတတ်တဲ့ ပန်းကုံးကလေးဆီက လတ်ဆတ်တဲ့ စံပယ်ပန်းရနံ့တွေတောင် ထောင်းကနဲရစပြုလာပီ။ ခစ်! ကနဲရွှင်မြူးနေတဲ့ ရယ်မောလိုက်သံက ကျနော့် ပါးစပ်ကထွက်ကျလာတယ်။ စားပွဲပေါ်တင်ထားတဲ့ ကျနော့် လက်ချောင်းတွေက အငြိမ်နေလို့မရတော့သလိုပဲ။ ဒေါက်ဒေါက်ဒေါက်ဒေါက်.. ဒေါက်ဒေါက်ဒေါက်ဒေါက်.. မြည်သံနဲ့အတူ အလိုလိုခေါက်နေမိပီ။ အဲ့လို စိတ်လွှတ် ကိုယ်လွှတ် ဖြစ်နေရက ဆတ်ကနဲမျက်လုံးဖွင့်ကြည့်မိလိုက်တော့ ဆေးအရှိန်နဲ့ "ဖိန်း" နေတဲ့ ကျနော်လန့်သလိုလိုတောင်ဖြစ်သွားတယ်။ ဘယ့်နှယ် လူတွေအကုန်လုံးက ကျနော့်ကို ၀ိုင်းငေးနေကြတာဗျ။ ခုနက ကျနော်လုပ်သမျှဟာတွေ အကုန်လုံးကိုလည်း သူတို့မြင်နေခဲ့တာကိုး။ စားပွဲအပုလေးတွေနဲ့ဝိုင်းဖွဲ့ထားတဲ့ ခေါင်ရည်ဝိုင်း၃-၄ခုက လူတွေအကုန်လုံး ကျနော်တို့ထိုင်နေတဲ့ စားပွဲဆီ မျက်လုံးရောက်နေကြတယ်။ ကိစ္စမရှိပါဘူး။ ကျနော် ပေါက်မြှောက်နေပီမဟုတ်လား။ ရွှီ! ကနဲလေတစ်ချက်ချွန်ရင်း တစ်ဝိုင်းထဲထိုင်နေတဲ့ သူငယ်ချင်းဆီလက်ကမ်းရင်း လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ စုတ်ချွန်းချွန်းမျက်နာတစ်ခုလုံးကို ဖွာလံကျဲနေတဲ့ဆံပင်ရှည်တွေအောက်မှာ ဖုံးကွယ်ထားရင်း ခေါင်ရည်စုပ်နေတဲ့ ကျနော့်သူငယ်ချင်းက ဘာမှစကားမဆိုပဲ စားပွဲကိုအလိုက်သင့်မှီပီးထောင်ထားတဲ့ ဂစ်တာ၂လုံးထဲက နိုင်လွန်ကြိုး တပ်ထားတဲ့ စပိန်ဂစ်တာကို လှမ်းပေးလာတယ်။ သူကိုယ်တိုင်လည်း ကျန်တဲ့ သံကြိုးတပ်ဂစ်တာကိုဆွဲယူပီး ပေါင်ပေါ်တင်ရင်း ဆေးပေါ့လိပ်တစ်လိပ်ကိုမီးညှိလိုက်တယ်။

လရောင်အောက်မှာ လေပြေကလေးက ဆော့ကစားစပြုအလာ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ခပ်သွက်သွက်ကလေး ကြိုးတွေကို ကုတ်တွယ်တီးခတ်လိုက်တဲ့ ဂစ်တာသံက ဖြိုခွဲလိုက်တယ်။ အဟား! လို့အသံထွက်မိမတတ် ကျနော်ရွှင်မြူးသွားပီ။ ဆံပင်ရှည်ရှည်နဲ့ ကျနော့် သူငယ်ချင်း တီးလိုက်တဲ့သီချင်းကို သဘောကျမိလို့။ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ၂ယောက်တူတူ တွဲဖက်တီးခဲ့ဖူးတာမို့ ခပ်သုတ်သုတ်ကလေးပဲ ကျနော့်ရင်ခွင်ထဲက စပိန်ဂစ်တာလေးပေါ်မှာ ကျနော့်လက်ချောင်းတွေကို စိတ်ရှိတိုင်း ပြေးလွှားကစားလိုက်မိတယ်။ ကလင့်အိစ်ဝုဒ် ရဲ့နာမည်ကျော် "လက်တစ်ဆုပ်စာအသပြာ" ကောင်းဘွိုင်ဇာတ်ကားထဲက ဂစ်တာသံ။ ၂ယောက်သားတက်ညီလက်ညီ ဂစ်တာကြိုးတွေအပေါ်လက်ချောင်းတွေပြေးလွှားနေသလို မျက်လုံးခပ်မှေးမှေးလုပ်ထားတဲ့ ကျနော်တစ်ယောက် လေချွန်သံကို ခပ်စူးစူးလေး ချွန်ရင်း သံစဉ်နဲ့ အလိုက်နဲ့ အသားတကျရွှင်မြူးနေမိတယ်။ တစ်ခေါက်ပီး သွားပေမယ့် ဒုတိယတစ်ခေါက်ထပ်ကျော့တယ်။ အိုကေ! ရတယ်။ ခုမှပိုပီး ဈာန်ဝင်လာသလိုပဲ။ ဆက်တီးတယ်။ နှစ်ကျော့ကျော့ အပီးမှာ ကျနော့်သူငယ်ချင်းက ချက်ချင်းမရပ်သွားပဲ နံပါတ်လေး ဂစ်တာကြိုး တစ်ချောင်းထဲကို ခပ်အုပ်အုပ် ကလော်ခတ်ပီး တီးနေရင်း ကျနော့်ဂစ်တာသံ ၀င်အလာကို စောင့်နေဟန်ပြတယ်။ ခေါင်းတစ်ချက်ငြိမ့်ပြပီး ကျနော့်လက်ချောင်းတွေကို ဆော့ကစားပစ်လိုက်တယ်။ နောက်ထပ်တစ်ပုဒ်ကို ဆက်တီးလိုက်မိပီ။ "နောက်ထပ်အသပြာ အနည်းငယ်အတွက်" ဆိုတဲ့ ကလင့်အိစ်ဝု ရဲ့ကောင်းဘွိုင်ဇာတ်ကားထဲက ဇာတ်ဝင်တေး။ ကျနော်ဘာမှမသိတော့ဘူးဗျာ။ ကျနော်သိနေတာက ကျနော် ဖန်တီးနေတဲ့ဂီတသံ။

ကျနော်ဟာ ကျနော်မဟုတ်တော့သလိုပဲ။ ကျနော်အရမ်းပျော်နေတယ်။ ခါးကြားထဲမှာ ခြောက်လုံးပူးသေနတ် ထိုးထားပီး နွားကျောင်းသားဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ ကြွစောင်းစောင်း ကောင်းဘွိုင်တစ်ယောက်လိုပဲ။ ကျနော်ဟာ အမည်မဲ့သေနတ်သမားတစ်ယောက်။ ခပ်မွဲမွဲ အနက်ရောင်ဝတ်ရုံနဲ့ သေမှာမကြောက်တဲ့လူ၊ ထီမထင်ဟန်နဲ့ မြင်းတစ်ကောင်ရဲ့ကျောပေါ်မှာပေါ့။ ၂ယောက်သား တိုင်ပင်စရာတစ်ချက်မှ မလိုပဲ "ဟာမိုနစ်ကာနဲ့လူ" "မောင်ကောင်း၊ မောင်ဆိုး၊ မောင်ရုပ်ဆိုး" အစရှိတဲ့ အနောက်ပိုင်းက သေနတ်ပစ်ကောင်းဘွိုင်ဇာတ်ကားတွေထဲက ဇာတ်ဝင်တေးတွေအကုန်ဆက်တိုက် မီးကုန်ယမ်းကုန်တီးပစ်လိုက်မိခဲ့တယ်။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆