ကျနော့်ရူပဗေဒဆရာမလေး ၁
ကျနော့်ရူပဗေဒဆရာမလေးဆိုတာ အဲ့ဒီ "ကျနော်နှင့်ထူးဆန်းသော သစ်သားရုပ်ထုလေး" ဆိုပီး မဟုတ်တရုတ်လျှောက်ရေးခဲ့တဲ့ ဇတ်လမ်းထဲက "ဒေါ်ခင်ချိုမေ" ဆိုတဲ့ အပျိုမကြီး တကြီးလေးပါပဲဗျာ။
ဘယ်လိုကြုံရဆုံရတယ်ဆိုတာ ပြောဖို့အတွက် ဇာတ်လမ်းကို ဖလက်ရှ်ဘက်ခ်ပြန်လုပ်ကြည့်တဲ့အခါ ငယ်ဘ၀က ပြန်စပြောရတော့မယ်ထင်တယ်။ ဒီထဲမှာ အဲ့ဒီခေတ်ကာလကိုမီခဲ့တဲ့လူကြီးတွေအများကြီးဆိုတော့ ကျနော်လည်း အဲ့ဒီခေတ်အကြောင်းပြန်ပြောရတာခပ်လန့်လန့်ပဲဟီး။
ဒီလိုဗျာ သိတဲ့အတိုင်း မဆလာ ခေတ်နှောင်းပိုင်းထဲ လူဖြစ်လာတဲ့ကောင်တွေဆိုတော့ ကျနော်တို့ ငယ်ဘ၀က ခုလိုအာရုံများစရာသိပ်မှမရှိတာ။ စာဖတ်တဲ့ အလေ့အထကလည်း အတော်ရှိကြတဲ့ခေတ်ကိုး။ ရပ်ကွက်စာကြည့်တိုက်တို့၊ ၀ိတ်ရုံတို့မှာ လူစည်တဲ့ခေတ်။ ကျနော်ကြီးပြင်းရတဲ့
ပတ်ဝန်းကျင်ကလည်း စာဖတ်တဲ့အလေ့အထရှိကြတဲ့အပြင် အိမ်မှာက အဘိုးရဲ့ ကိုယ်ပိုင်စာကြည့်ခန်းသပ်သပ်ရှိတာမျိုးဆိုတော့ ဘုမသိဘမသိငယ်ကထဲက စာလေးပေလေးဖတ်ကျင့်ရှိတယ်ဆိုပါတော့လေ။ အဲ့ဒါနဲ့ပဲ ဘာရယ်မဟုတ် အဘိုးရဲ့စာအုပ်စင်တွေထဲကဟာတွေတောင်မွှေမြှောက်မွှေ
လုပ်ပီးဖတ်လာရာက အထက်တန်းကျောင်းသားအရွယ်ရောက်လာတဲ့အချိန်မှာ သူ့စာအုပ်တွေကုန်သလောက်ဖြစ်လာတယ်။ ကိုယ့်ကိုကိုယ်သတိမထားမိပဲ သောက်ကျင့်တစ်ခုရလာတာက စကားများ လေလုံးတွေထွား တော်ရုံလူကို လူမထင်သလိုတွေလုပ်လာတာဗျ။ (ခုပြန်တွေးကြည့်တော့
ရယ်ချင်စရာ သောက်ပေါချာတိတ်လေးပေါ့ဗျာ) လက်ဖက်ရည်ဆိုင်တွေဘာတွေထိုင်ရင် ကိုယ့်အနားမှာ လူတွေလာလာအုံပီး ကိုယ်လျှောက်ပြောသမျှ အားလုံးငြိမ်နားထောင်ကြ၊ တ၀ါးဝါးနဲ့ပွဲကျ အဲ့လိုတွေကိုသာယာတတ်လာတယ်။ အဲ့ဒီတုံးက ကျနော်နဲ့နောက်ထပ်အတန်းဖော်တစ်ကောင်က
အထက်တန်းကျောင်းမှာ နာမည်ကြီးဗျ။(နတ်သမီးပုံပြင်ထဲက ဖိုးတေ ဆိုတဲ့ကောင်ဗျာ) ညနေစောင်းဆို လက်ဖက်ရည်ဆိုင်တကာပတ်ပီးထိုင်ကြ၊ မိုးနည်းနည်းချုပ်ရင် ဂစ်တာတစ်လုံးစီနဲ့ တစ်မြို့လုံးပတ်ပီးလျှောက်တီးနေကြတာ၊ ည၁၀နာရီလောက်မှ အိမ်ပြန်တယ်။ အိမ်ရောက်ရင်လည်း ကျောင်း
စာလုပ်တယ်မထင်နဲ့ (ဒီကောင်နဲ့ကျနော်က အတူအိပ်တာ) ၀တ္ထုစာအုပ်တွေကိုယ်စီနဲ့ နှပ်ကြရောဗျာ။ ညတစ်နာရီနှစ်နာရီလောက်မှ ဓာတ်ဗူးထဲထည့်ထားတဲ့ ကာဖီတွေတစ်ခွက်ပီးတစ်ခွက်သောက်ပီး မိုးလင်းတဲ့အထိ ကျောင်းစာအုပ်တွေထုတ်ဖတ်တော့တာပဲ။ (အော်ကျယ်အော်ကျယ်မကျက်တတ်ဘူး
နှစ်ကောင်စလုံး) မိုးလင်းတော့ အိပ်ချင်မူးတူးနဲ့ကျောင်းထသွားကြတယ်။ စာသင်ခန်းထဲရောက်ရင် နှစ်ကောင်စလုံး ခုံပေါ်မှောက်ပီး အိပ်တော့တာပဲအဟီး။ အိပ်နေတာ ဆရာက မြင်လို့ ဟေ့ကောင်တွေထစမ်း ဆိုပီး စာမေးခံရရင် ဒိုးဒိုးဒေါက်ဒေါက်နဲ့ အကုန်လျှောက်ဖြေတော့တာ။ ကြိုက်တာမေး
အကုန်ရတယ်။ အဲ့လိုတွေဗျာ။ သောက်ချိုးတွေကလည်း မထီတရီပုံစံတွေနဲ့ရယ်။ မေးသမျှဟာတွေဖြေနိုင်နေတော့လည်း ဆရာတွေ၊ဆရာမတွေက ဘာမှမတတ်နိုင်ဘူးဖြစ် ဖြစ်နေတာပေါ့။
ကျနော်တို့ နှစ်ယောက်လုံးမှာ( အဲ့ဒီငယ်ဘ၀တုံးက) ထူးဆန်းတဲ့မှတ်ဥာဏ်တွေရှိခဲ့တာကိုး။ တစ်ခေါက်လောက်ဖတ်ထားရင် ဖတ်ထားသမျှအကုန်မှတ်မိနေတတ်တာမျိုးဗျာ။ သင်္ချာတွေဘာတွေဆိုလည်း ပုံနှိပ်စာအုပ်ထဲကဟာတွေတွက်ရတာပျင်းစရာကောင်းတယ်ဆိုပီး တခြားကဟာတွေ
လျှောက်ရှာတွက်ပီး ပျော်နေကြတာ အဲ့လိုမျိုး။ သိပ္ပံဘာသာရပ်တွေလည်း ထိုနည်း၎င်းပဲ။ အပျင်းပြေလျှောက်ဖတ်ရင်း အထက်တန်းအဆင့်ထက်များတာတွေပါဖတ်မိကုန်တာ။ ဆရာကျလွန်းတာတော့ မဟုတ်လောက်ပါဘူး ကမြင်းကျောထလွန်းတာပါအဟီး။ အဲ့ဒီဖိုးတေက ကျနော့်ထက်ပိုဆိုးတယ်ဗျ။ ဒီကောင့်
မှတ်ဥာဏ်ကိုပြောပါတယ်။ ဥပမာ မဂ္ဂဇင်းတစ်အုပ်ဖတ်တယ်ဗျာ။ သူ့ဖာသူပုံမှန်ဖတ်နေတာပဲ။ သူဖတ်ပီးလို့ စာအုပ်ကိုချထားလိုက်ပီဆိုပါတော့ အဲ့ဒီမဂ္ဂဇင်းကို ကောက်ကိုင်ပီး စာမျက်နာတစ်ခုလှန်လိုက်။ တွေ့တဲ့ဟာကိုကောက်မေးလိုက် ဟရောင်! မင်းသားစိုးသူ လိပ်စာက ဘာတဲ့လဲ? .. အမယ် ချက်ချင်းရွတ်ပြလာလိမ့်
မယ်။ နောက်ထပ်စာမျက်နာတစ်ခုခုကိုထပ်လှန် အဲ့ဒီမှာပါတဲ့ ဆောင်းပါးအကြောင်းမေးလိုက် အတိအကျပြန်ရွတ်ပြလာလိမ့်မယ်။ "ဓာတ်ပုံ မှတ်ဥာဏ်" ဆိုတာမျိုးဖြစ်မယ်ထင်တယ်။ သူဖတ်ဖူးသမျှ စာအုပ်တွေ ဘာမေးမေးအဲ့လိုပဲဗျ။ ထူးတော့ထူးဆန်းတယ်။ (အခုတော့ အဲ့လိုမှတ်ဥာဏ်မျိုးရှိဖို့နေ နေသာသာ အရက်အသောက်
များလွန်းလို့ ဟိုမေ့ဒီမေ့တွေဖြစ်ကုန်ပါပီ တောခေါင်ခေါင် တိုက်နယ်ဆေးရုံမှာ အင်းဂလိပ်ဆေးကုတဲ့ အလုပ်လုပ်စားနေရှာတယ် တခါတလေ ကျနော်ဖုန်းဆက်ရင် ဟရောင်! မင်းနဲ့ငါ အသက်ဘယ်သူပိုကြီးတာလဲ.. ဘာညာအဲ့လိုအူကြောင်ကြောင်မေးခွန်းတွေမေးလွန်းလို့ အရက်လေးဘာလေးလျှော့ဦးကိုယ့်လူ လို့သတိပေးနေရတယ်)
ကိုင်း! လိုရင်းဆက်ပြောရရင်.. ဒီကောင်က အဲ့ဒီတုံးက ဥာဏ်ကောင်းပေမယ့် စကားနည်းတယ်ဗျ။ အာလူးသိပ်များတာက ကျနော်ရယ်။ တခါတလေ လက်ဖက်ရည်ဆိုင်မှာ ဘော်ဒါတွေတစ်အုပ်လိုက်ကြီးနဲ့ထိုင်ကြရင် ကျနော်လျှောက်ပြောသမျှ အဟုတ်မှတ်ပီး အကုန်လုံးငြိမ်ကျသွားအောင် နားထောင်ကုန်တဲ့ အထိ လေများလွန်းတာ။
ဥပမာဗျာ..လက်ဖက်ရည်ဆိုင်မှာ ကျောင်းပြေးပီး လက်ဖက်ရည်၊ကော်ဖီတွေသောက် ဆစ်ကလက်၊ဆေးပေါ့လိပ်ကိုယ်စီခဲပီး ရောက်တတ်ရာရာပြောကြရင်း ..ဟီရိုရှီးမားနေ့ အကြောင်းစကားစပ်မိကြတယ်ဆိုပါတော့.. အဲ့မှာ မောင်ချမ်းကိုက အဏုမြူဗုံး အကြောင်းဋီကာချဲ့တော့တာအဟီး။ "လူဝကြီး" နဲ့ "လူကလေး" ဆိုပီး ဗုံး၂လုံးချ
ခဲ့ရာမှာ အဲ့ဒီဗုံး၂လုံးက အမျိုးအစားမတူဘူး ဆိုတာကနေ၊ ဗုံးလုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုပါ ပုံလေးဘာလေးခြစ်ပြပီး ရွှီးတော့တာဟီးဟီး (အမှန်က ကိုယ်လည်းဘာမှသေချာသိတာမဟုတ်ပါဘူးလေဟိ) မက်ဟန်တန် ပရောဂျက် ကိုဦးဆောင်ခဲ့တဲ့ "အိုပီ"ခေါ် ရောဘတ်အိုပင်ဟိုင်းမား လက်ချာပို့ချရာ တက္ကသိုလ်မှာ ရူပဗေဒဆရာကြီး
တွေနဲ့ပညာသင်ယူခဲ့သူ ဗမာတစ်ယောက်ရှိကြောင်း အဲဒီကမ္ဘာကျော်အဏုမြူဓာတ်ခွဲခန်းကို သုံးပီး ဒေါက်တာဘွဲ့ယူလာသူက ငါ့အဘိုးရဲ့ ဘော်ဒါဖြစ်ကြောင်းတွေပါ အမျိုးတွေဘာတွေလျှောက်စပ်ပြပီး ရွှီးတော့တာဟီဟိ။ ကိုယ်ဘာမှသေချာမသိတာကို သိသယောင်ယောင်အာလူးများတဲ့နေရာမှာ ထိပ်တန်းဆိုတော့ကာ
အဲ့ဒီနောက်ပိုင်း ဖိုးသက်နဲ့ဖိုးတေ ဆိုတဲ့၂ကောင်က ပစ္စည်းပစ္စယသာ လက်ထဲ ထည့်ပေးလိုက်လို့ကတော့ အဏုမြူဗုံးတောင် လုပ်တတ်မယ်ထင်တယ်ဟ ဆိုပီး ကောလဟာလတွေတောင်ဖြစ်ကုန်တယ်ဟီးး သိတဲ့အတိုင်း တောမြို့လေးဆိုတော့ အနူတောလူချောလိုလို၊ မျက်မမြင်တိုင်းပြေမှာ ငရမန်ကန်းကဘုရင်ဆိုတာလိုလိုဖြစ်နေတာ
ပေါ့လေ။ အနာဂတ်မှာ ငါတို့မြို့ကနေ "ချဲလင်ဂျာ" အသစ်တစ်စီးတီထွင်မယ့် ၂ကောင်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဘာညာပေါ့။
ဟကောင် ငချမ်းကို နင့်ငယ်ငယ်က ပေါက်ကရကိစ္စတွေဘာလို့လျှောက်ပြောနေတာတုံး ဘယ်မလဲ နင့်ရူပဗေဒဆရာမလေး? ဆိုပီးမေးချင်နေကြပီထင်တယ်အဟိ။
လာမယ်ဗျာ။ အပေါ်မှာ ပြောခဲ့တဲ့ ကိစ္စတွေပြောထားမှ အဆက်အစပ်ကရှိမှာမို့ပါ။ သောက်စကား အင်မတန်များပီး လေပေါလွန်းတဲ့ ချာတိတ်လေးမောင်ချမ်း ဆိုတာရှင်းပြထားမှ ဇာတ်လမ်းက စပြောလို့ရမှာမို့ပေရှည်နေရတာဗျာနော်။ အဲ့မှာဗျာ ဆယ်တန်းကို ကျူရှင်တို့ဘာတို့ သူများတကာတွေယူကြပေမယ့် ကျနော်နဲ့ဖိုးတေက ဘာမှကို
မတက်ဖြစ်ဘူး။ တနေ့ ဘော်ဒါတစ်ကောင်က သူတက်နေတဲ့ ကျူရှင်က ဖိဆစ်သင်တဲ့ဆရာမလေးအကြောင်း ကျနော့်ကို စကားစလာတော့ စိတ်ဝင်စားသွားတယ်။ မင်းတို့၂ကောင်က ဖိဆစ်မှာရေလည်ကောင်းတယ်ဆိုပေမယ့် ငါတို့ ကျူရှင်က ဖိဆစ်ဆရာမလေးလောက်တော့ မကျွမ်းလောက်ဘူးတဲ့။ အသင်အပြရေလည်ကောင်းသလို စာသင်
ရင်း ရူပဗေဒဘာသာနဲ့ပတ်သက်တဲ့ ဗဟုသုတပိုင်း ဆိုင်ရာတွေ လက်ချာရိုက်တာ ခေါင်းထဲမှာ ဘတ်သီးလင်းလင်းသွားတဲ့ အတိုင်းခံစားရတယ်ဆိုလား။ အမှန်ကတော့ဗျာ ဟိုက ရူပဗေဒဘာသာတွဲနဲ့ ပူပူနွေးနွေးဘွဲ့ယူလာပီး ကျူရှင်သင်နေတဲ့ ဆရာမ၊ ကျနော်တို့လို ချာတိတ်တွေထက်ပိုတတ်မှာပေါ့။ ပြောစရာမလိုဘူး။
အဲ့ဒါကို ငယ်ရွယ်မိုက်မဲ ဂျိုထောင်လွန်းတဲ့ ကျနော်က မခံချင်သလိုလိုဘာလိုလိုဖြစ်ပီး ကျူရှင်သွားတက်တယ်။ပထမ တစ်ရက်၊ နှစ်ရက်တော့ အေးဆေး.. ဟိုကောင်ပြောတာမလွန်ဘူးရယ်။ စာအသင်အပြကောင်းရုံတင်မကဘူး ဗဟုသုတလေးတွေပါ အသံစူးစူးလေးနဲ့ ညှပ်ညှပ်ပီးသင်တော့ အတော်စိတ်ဝင်စားစရာကောင်းတယ်ဗျ။
တစ်ရက်ကြတော့ ဆရာမ တွက်ပြတဲ့ပုဒ်စာတစ်ပုဒ်ကို ရှည်လွန်းပါတယ်ဗျာ.. ကျနော်တွက်ပြမယ်ဆိုပီး .. အတိုချုံးအဖြေထွက်အောင်သွားတွက်ပြလိုက်မိတယ် (ငယ်သေးတော့ အဆင်ခြင်မဲ့တာပေါ့ လူထူထူမှာ ဘောင်းဘီချွတ်ပြ တယ်လို့ခေါ်မလား ငါအင်မတန်တတ်တယ်ပေါ့) ဆရာမကလည်း လူကလေးက ပျော့နွဲ့နွဲ့လိုလိုဘာလိုလိုဟန်ပန်
လေးပေမယ့် မျက်နာတင်းတင်းနဲ့ဒေါသကြီးတဲ့ အမျိုးအစားလေးဆိုတော့ အေး.. ဖိုးသက် နင့်အဆင့်က ငါသင်စရာမလိုတော့တဲ့ အဆင့်ရောက်နေပီ နောက်နေ့ကစပီး မလာခဲ့နဲ့ သွားတော့ ဆိုပီး မောင်းထုတ်လိုက်ကော ဟီးဟီး အဲ့ဒါကြီးကိုလည်း ဂုဏ်ယူလို့ဗျား။ မင်းတို့ဆရာမတောင် ငါ့ကို လက်မခံရဲတော့ဘူးတွေ့တယ်မလားဆိုပီး
လက်မတစ်ထောင်ထောင်နဲ့ရယ်။ ကျနော်ငယ်ငယ်က ပြည်သူ့ချဉ်ဖတ်လေးဆိုတာ ခင်ဗျားတို့ မြင်ကြပီနော်။ ဆရာမလေး စိတ်ထဲမှာလဲ ဒေါင့်မကျိုးတဲ့ ကောင်လေးဆိုပီး အတော်သောက်မြင်ကတ်သွားမှာပေါ့ဗျာ။ ဇာတ်လမ်းက ဒါပဲ။ နောက်ထပ် အဲ့ဒီကျူရှင်သွားမတက်ဖြစ်တော့ဘူး။ လက်မှမခံတော့တာကိုး။ ဒါနဲ့ပဲ အထက်တန်းစာမေးပွဲတွေ
ဘာတွေအောင်လို့ တစ်နယ်တစ်ကျေးမှာ တက္ကသိုလ်သွားတက်ရတဲ့အချိန်ထိ အဲ့ဒီဆရာမလေးနဲ့ပြန်မတွေ့ဖြစ်ကြတော့ဘူး။
ဘယ်လိုလဲ ညီအကိုတို့ ပျင်းစရာကောင်းသလားဗျာ? ဇာတ်လမ်းက ပျိုးတုံးဆိုတော့ အိပ်ယာပေါ်ရောက်တဲ့အခန်းက နည်းနည်းလိုနေသေးတယ်။ စိတ်တော့နည်းနည်းရှည်ရမယ်နော့်။
ကျနော့်ဇာတ်လမ်းထဲ အမြဲပါနေကြ ကိုရွှေဘတောင် ပေါ်မလာသေးဘူးဟီး။ အဲ့ဒီအထက်တန်းနောက်ဆုံးနှစ်တက်နေချိန်က ကိုရွှေဘက ကျနော်တို့မြို့မယ် မရှိဘူးကိုး။ ငယ်ငယ်ကထဲက ဆရာတင်ပီးပေါင်းလာကြရာကနေ ကျနော်အထက်တန်းတက်တဲ့နှစ်မှာ သူ့အတေကြီးက သေခန်းဖြတ်တာ ခံထားရတဲ့နှစ်ဗျ။
အမှုက ဘာလဲဆိုတော့ကာ အဲ့ဒီကိုရွှေဘအဖေတရုတ်ကြီးက ရပ်ကွက်ထိပ်ဘုန်းကြီးကျောင်းမှာ အ၀ီစိရေတွင်းတူးပီးလှူဖို့စီစဉ်ပီး စက်တွေဘာတွေ ၀ယ်ဖို့ ကိုရွှေဘကို မန်းလေးလွှတ်လိုက်တာ ပေးလိုက်တဲ့ ပက်ဆံတွေလမ်းမှာတင် ဖဲရိုက်ရှုံးပစ်လိုက်တယ်။ အိမ်ပြန်လာရင် အသတ်ခံရတော့မယ့် အတူ မထူးဘူးဆိုပီး
အဲ့ဒီခေတ်က နာမည်ကြီးတဲ့ ကျောက်တွင်းမှော်ထဲကို ထွက်ပြေးသွားတာကိုးဟားဟား။ ဟိုမှာလည်း ကျောက်တူးနေတယ်မထင်လေနဲ့။ လက်ကြောကမတင်းလေတော့ကာ တရုတ်ထမင်းဆိုင်တစ်ဆိုင်မှာ စားပွဲထိုးခေါင်ချုပ်လိုလို၊ ငွေသိမ်းစာရေးလိုလို လုပ်နေတယ်ဆိုလား သတင်းသဲ့သဲ့ကြားရတာပဲ။ ကိုယ့်မြို့ကလူတွေ အဲ့ဒီ
နေရာရောက်လို့ ထမင်းဝင်စားရင် စားချင်သလောက်သာ မှာစား ပက်ဆံရှင်းခါနီးကြရင် ကောင်တာမှာ ထိုင်နေတဲ့ ကိုရွှေဘကို လက်ညှိုးထိုးပြလိုက်ရင် ပေးစရာမလိုဘူးဆိုပီး နာမည်ကြီးနေတယ်ဆိုပဲအဟီး။ အဲ့ဒီလိုသူ့ဖာသူ အဆင်ပြေပြေနေ နေရာကနေ ဆိုင်ရှင်ရဲ့သမီးလိုလို တူမလိုလို တစ်ယောက်နဲ့ ငြှိရာကနေ မောင်းထုတ်ခံလိုက်ရပီး
ကျနော်တို့မြို့ကိုပြန်ရောက်လာတယ်။(အဲ့ဒီဇာတ်လမ်းကလည်း တော်တော်ရယ်ရတယ်ဗျာ နောက်ကြုံရင်ရေးပြဦးမယ်) သူပြန်ရောက်လာပီး မကြာခင်မှာပဲ တက္ကသိုလ်သွားတက်နေရာကနေ ရုတ်ရုတ်သဲသဲတွေဖြစ်လို့ ကျောင်းပိတ်လိုက်တော့ အိမ်ပြန်လာတဲ့ ကျနော်နဲ့ပြန်ဆုံကြရောဆိုပါတော့ဗျာ။ ဘာပြောကောင်းမလဲ ဝေလေလေဆရာတပည့်
၂ယေက်ပေါင်းပီး သောင်းကျန်းကြတော့တာပေါ့။ အဓိက က ဖဲရိုက်တာဗျ။ ဖဲချရာမှာ ၂ကောင်လုံးက နာမည်ကြီးဆိုပါတော့။ အသုဘ မှန်သမျှကျနော်တို့၂ယောက်ရှိတယ်ဗျာ။ ကိုယ့်မြို့က လူမသေလို့ အသုဘ မဖြစ်ရင် အနီးအနားက မြို့တွေထိလိုက်ရှာပီး ရိုက်တော့တာ။
"၄မြို့နယ် အိပ်ဖန်စောင့်" တွေဆိုပီး ဘွဲ့ပေးခံရတဲ့အထိ။ (အသုဘမှာ အိပ်စောင့်တာကို အိပ်ဖန်စောင့်လို့ခေါ်တယ်ဗျ) ဘုရားပွဲတွေမှာလည်း လောင်းကစားဝိုင်းတွေပါသေးတဲ့ ခေတ်ဆိုတော့ ရွာနီးချုံစပ်က ဘုရားပွဲတကာလည်းအလွတ်မပေးဘူး။
အဲ့ဒီကာလတွေမှာပဲ ကျောင်းတော်က ရန်စရှိခဲ့ဖူးတဲ့ ကျနော့်ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေ နဲ့ ဖဲသမားလေးကျနော်ပြန်ဆုံတော့တာပါပဲဗျာ။

Comments
Post a Comment