နတ်သမီးပုံပြင် ၎

တီတီ!

ငိုက်စိုက်စိုက်နဲ့စက်ဘီးနင်းပီး မြို့ထဲမှာ ယောင်ချာချာဖြစ်နေတဲ့ ကျနော့်ကို နောက်ကနေကားဟွန်းသံတတီတီပေးလိုက်သံကြောင့် လန့်သွားပီးလှည့်ကြည့်လိုက်တော့ ၀ီလီဂျစ်ပေါ်မှာ မမီမီခိုင်နဲ့မမကြီး။ စက်ဘီးပေါ်ကနေမဆင်းပဲခွထားရင်း လမ်းမပေါ်ခြေထောက် ထောက်ပီးရပ်လိုက်တော့ ဂျစ်ကားလေးကျနော့်
ဘေးမှာရပ်သွားတယ်။ ဆံပင်ရှည်တွေကိုလက်ကိုင်ပုဝါ အဖြူဆွတ်ဆွတ်ကလေးနဲ့စည်းနှောင်ထားတဲ့ မမီမီခိုင်က ကားစတီယာတိုင်ကို ကိုင်ထားရင်း ကျနော့်ကို ချစ်စဖွယ်လေးပြုံးပြနှုတ်ဆက်တယ်။ နံဘေးမှာပါလာတဲ့ မမကြီးကတော့ ဆံပင်တွန့်လိမ်လိမ်တွေကို သပ်တင်လိုက်ရင်း ထုံးစံအတိုင်းပွစိပွစိ လုပ်ဖို့နှုတ်ခမ်းပြင်ရင်းစကား
လှမ်းပြောတယ်။

"ဘယ်ပျောက်နေတာလဲ ဆရာလေး.. ပေါ်မလာဇာတ်ကားရိုက်သွားတာကြာပေါ့"
"နေမကောင်းလို့ပါဗျ .. ဘယ်ကဘယ်လို?"
"ဈေးဝယ်ပီး ပြန်လာတာဟေ့.. ဒီနေ့ မိခိုင်တို့အိမ်မှာ ဘုရားဝတ်တက်လုပ်မလို့ လိုအပ်တာလေးတွေသွားဝယ်ကြတာ.. ကဲမထူးပါဘူး နင်အားတယ်မလား"
"ဟုတ်"
"ငါတို့နောက်က လိုက်လာခဲ့.. လုပ်အားပေး"
"တိန်!"

*** *** ***
ရေကန်နံဘေးက ကုန်းမြင့်မြင့်ပေါ်မှာ မြက်ခင်းပြင်စိမ်းစိမ်း အကျယ်ကြီးနဲ့ တော်တော်လှတဲ့ မြို့နယ်ဆရာဝန်ကြီးအိမ်ဝင်းထဲ ကျနော်ရောက်နေတယ်။ အုတ်ကြွပ်မိုး တစ်ထပ်တိုက်ပု အနီရောင်လေးရဲ့ နောက်ဖက် ခြံဝင်းထဲက ဆီးတော်ပင်ကြီးတွေအောက်မှာ ချက်ရေးပြုတ်ရေးနဲ့ အလုပ်တွေ ရှုပ်နေကြတာပေါ့။ မမကြီး ဖျော်ပီး လာချထားပေးတဲ့ လက်ဖက်ရည်ဖန်ချိုလေး ငုံရင်း အုန်းသီးခြောက် ၄-၅ လုံးကို ဓားမထက်ထက်နဲ့ ကျနော် ခွဲနေတယ်။ ညဖက် ဘုရားဝတ်တက်မှာ ဧည့်ခံဖို့ အုန်းနို့ကျောက်ကျော အတွက် အုန်းနို့လိုတယ်လေ။ မမကြီးက ဆနွင်းမကင်းထိုးနေသလို မမီမီခိုင်နဲ့ သူ့အမေကြီးက ကျနော်တို့ လောလောဆယ် စားဖို့သောက်ဖို့ ချက်ပြုတ်နေကြတယ်။ အုန်းသီးအခွံခွါပီးတော့ အုန်းဆံခွဲ၊ အုန်းသီးခြစ် ပီးတာနဲ့ ပိတ်စပါးပါးလေးနဲ့ အုန်းနို့ညှစ် အစရှိသဖြင့် ကျနော်တစ်ယောက်ထဲ ဇယ်ဆက်သလိုဆက်တိုက် လုပ်နေမိတယ်။ ရပ်ကွက်ထဲမှာ သာရေးနာရေးရှိတိုင်း လုပ်နေကြမို့ ကျနော်က ကျွမ်းကျင်နေပီလေ။

"အုန်းနို့ရပါပီခင်ဗျာ!"
"မြန်တယ်နော် ခဏလေးပဲ တော်တော်ကျွမ်းတယ်" (မမီမီခိုင်က ကျနော့်ဆီမေးငေါ့ပြရင်း မမကြီးကို ပြုံးစိစိနဲ့လှမ်းပြောလိုက်တယ်)
"ဟင်းဟင်း ဖိုးသက်က နို့ညှစ်တာ တော်တယ်ဟ"

မမကြီးရဲ့ အဓိပ္ပါယ်ပါပါ စကားတွေကို ဘာကဘယ်လို သဘောပေါက်တယ် မသိဘူး သူတို့ ၂ ယောက်သား တခစ်ခစ်နဲ့ ဖြစ်နေကြတယ်။ ကျနော့်မှာသာ လိပ်ပြာမလုံဖြစ်ပီး ခပ်ရှက်ရှက်နဲ့ မမကြီးနော်! လို့ အရှက်ပြေ လှမ်းအော်ပီး ကျောက်ကျောကျိုဖို့ အလုပ်များချင်ယောင်ဆောင်နေရတယ်။ နေ့လယ်ခင်းရောက်သွားတော့ ကြက်သားနဲ့ဗူးသီး၊ မုန့်ညှင်းချဉ်ရည်၊ ငရုတ်သီးထောင်းနဲ့ နေ့လည်စာ တူတူစားသောက်ကြပီး ခဏနားလိုက်ကြတယ်။ ချက်ပြုတ်စရာတွေလည်း အားလုံးပီးသလောက် ဖြစ်နေပီလေ။ လက်ဖက်တွေလည်း သံဇလုံကြီးနဲ့နှပ်ထားပီးသလို ဆနွင်းမကင်းကော၊ ကျောက်ကျောတွေပါ ဗန်းတွေနဲ့ အားလုံးအဆင်သင့်ဖြစ်နေပီ။ အတော်လေးရင်းနှီးစ ပြုလာတဲ့ မမီမီခိုင်က သူ့အမေနဲ့ ကျနော့်ကို မိတ်ဆက်ပေးရင်း စကားစမြည်ပြောဖြစ်နေကြတယ်။ မမကြီးကတော့ လူလစ်တိုင်း သူ့သူငယ်ချင်းမနဲ့ ကျနော့်ကို မျက်စမျက်န ပစ်ပစ်ပြရင်း စနောက်နေတယ်။

"မမအင်ကြင်း မမ!"

ခြံဝက ကောင်မလေးတစ်ယောက် အော်သံကြားလို့ မမကြီး တစ်ယောက် ထထွက်သွားတယ်။ ခဏနေတော့ ပြန်ဝင်လာပီး ..

"ပြေးရဦးမယ် တော်ရေ့ ငါတို့ဝင်းထဲက အိမ်နီးချင်း အန်တီကြီးတစ်ယောက် မူးလဲသွားလို့တဲ့ လာခေါ်နေတယ်.. ဖိုးသက် မမကြီးကို လိုက်ပို့ပေး"
"ဟဲ့ အင်ကြင်း ငါလိုက်ပို့ပေးရမလား?"
"ရတယ်မိခိုင်.. ဒီကောင့်စက်ဘီးနဲ့ပဲ လစ်လိုက်မယ် နီးနီးလေးပဲဟာ.. ငါညနေစောင်းမှ ပြန်လာခဲ့မယ်.. လူနာသွားကြည့်ပီး အိမ်ပြန်ခဏနား ရေမိုးချိုး အဝတ်အစား လဲချင်သေးတယ်"
"အေးအေး"

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆