ကျွန်တော့ ပန်းချီဆရာမလေး ၁၃
မိုးပေါက်ကလေးတွေတဖွဲဖွဲကျနေဆဲပဲ။
မြေသင်းနံ့ မွှေးမွှေးလေးကိုရှူရှိုက်ရင်း ပိန်းပိတ်အောင်မှောင်နေတဲ့ည အမှောင်ထုထဲကိုကျနော်စိုက်ကြည့်နေမိတယ်။ ကျနော့်ပုခုံးအစွန်းကိုမှီတွယ်ထားတဲ့ ကျနော့်သူငယ်ချင်းမလေးရဲ.ပျော့အိ
ချောမွှတ်တဲ့ လက်မောင်းလေးကိုကျနော် သိုင်းဖက်ထားရင်းနှစ်သိမ့်တဲ့အနေနဲ့ဖွဖွ ပွတ်ပေးနေလိုက်တယ်။ ခုနက အခန်းထဲမှာ ဖြစ်ခဲ့တဲ့ လိင်စိတ်ကြွမှုတွေ၊အရှက်တရားတွေ၊ နာကျင်မှုတွေခုလျှော့
ပါးစပြုလာပီ။ မျက်ရည်စက်လက်နဲ့ဖြစ်နေတဲ့ ဗျိုင်းလေးကိုကျနော်ချော့မော့ပီး အခန်းထဲကနေအပြင်ကို ခေါ်ထုတ်လာတာဗျ။ အိမ်ရှေ.တံခါးမကြီးကိုဖွင့်ပီး ဆင်ဝင်အောက်က အိမ်နံရံနဲ့ ကပ်လျှက်ချ
ထားတဲ့ ကွပ်ပျစ်ကလေး ပေါ်မှာခု ကျနော်နဲ့ဗျိုင်းလေး အိမ်နံရံကိုကျောမှီ ပီးထိုင်နေကြတာဗျ။ ညနေကပူအိုက်အိုက် ရာသီဥတုကနေ သင်္ကြန်လက်ဆေးမိုးလေးရွာလိုက်တော့ရာသီဥတု ကအေးမြမြ
လေးဖြစ်လာတယ်။ ကျနော့်ရင်ခွင်ထဲမှာ ခုမှီတွယ်ထားတဲ့ ဗျိုင်းလေးဟာ ကျနော့်သူငယ်ချင်းမလေးပြန်ဖြစ်သွားပီ။ တအင့်အင့်ရှိုက်
နေဆဲသူ့ကျောပြင်လေးကိုပွတ်သပ်ပေးလိုက်၊ နဖူးလေးကိုသပ်ပီးချော့လိုက်၊ခပ်တင်းတင်းဖက်ထားလိုက်နဲ့ နှစ်သိမ့်ပေးနေမိတယ်။
မေ.. ခုနင်တစ်ယောက်ထဲဖြစ်နေတာလား.. ငါ့ကိုရှင်းအောင်ပြောပါဦး .. (မေ ဆိုတာဗျိုင်းလေးရဲ.နာမည်)
အင်း! ဒေါ်မူနဲ့အတူပေါ့.. ဒေါ်မူတောခဏပြန်မယ်ဆိုပီး ပေါ်မလာတာ ၁ လပြည့်တော့မယ် (ဒေါ်မူဆိုတာ ဟိုးကျနော်တို့ကျောင်းသားဘ၀ကထဲက သူတို့အိမ်ကထမင်းချက်ကြီး)
ကျီးကန်း ဆိုတဲ့ခွေးသားက ကလေးလေးနဲ့ နင့်ကိုပစ်သွားပေးရက်တယ်.. တောက်..
နင့်ကောင်က သူဌေးသမက်မဟုတ်တော့ဘူးလေ.. ငွေပေါသွားပီ.. ပီးတော့ငါကလည်း မနုပျိုတော့ဘူး ဖိုးသက်ရာ..
မေ.. နင့်လျှောက်ပြောမနေနဲ့ နင့်အသက်၂၆.. ပီးတော့ကိုယ့်ရုပ်ကိုယ်မှန်ထဲပြန်ကြည့်လိုက်.. ကြိုက်တဲ့ယောက်ျားခေါင်းခေါက်ယူလို့ရတယ်..
နောက်ထပ် ကျီးကန်းတစ်ယောက်လား.. တော်ပါတော့သူငယ်ချင်းရာ..
နင်တစ်ယောက်ထဲ..ဒီသမီးလေးနဲ့ ဘ၀ကိုဘယ်လိုရင်ဆိုင်မလဲ မေ.. ဒီလိုပဲနေသွားတော့မလား..
မသိတော့ပါဘူး...သူငယ်ချင်းရာ.. ငါကိုက ကံဆိုးလွန်းတာပါ..အီးအီး
မေ.. တိတ်ပါဟာ..တိတ်တော့..
စိတ်ညစ်ညူးနေတဲ့ကျနော် ဗျိုင်းလေးနဲ့မျက်နာချင်းဆိုင်ဖြစ်အောင်ထိုင်လိုက်ရင်း သူ့မျက်နာပေါ်အုပ်နေတဲ့ ဆံပင်ရှည်တွေကိုလက်နဲ့သပ်ဖယ်ပီး တလိမ့်လိမ့်ကျဆင်းနေတဲ့ မျက်ရည်ပေါက်တွေ
ကိုသုတ်ပေးနေမိတယ်။
....... ........ ......... ..........
....... ........ ......... ..........
....... ........ ......... ..........
မိုးစင်စင်လင်းတော့ ကျနော်ဟာဧည့်ခန်းထဲက ဆက်တီခုံရှည်ပေါ်မှာအိပ်နေမှန်းသတိထားလိုက်မိတယ်။
အိပ်မှုန်စုံမွှားနဲ့ထလာပီး မီးဖိုချောင်ဖက်ထွက်လာတော့ ကော်ဖီနှပ်နေတဲ့ ဗျိုင်းလေးကိုတွေ့တယ်။
ဆရာကြီး.. ရေမြန်မြန်ချိုးတော့ ဈေးလိုက်ပို့တာစောင့်နေပါတယ်ရှင်..
ဆိုပီးအပြုံးချိုချိုလေးနဲ့လှမ်းပြောလာတော့ ကျနော်သက်ပြင်းကြိတ်ချလိုက်မိတယ်။ ရေမိုးချိုးခေါင်းလျှော်လိုက်ပီး မိုးပြာရောင်ဂျင်းပန်တစ်ထည်ကောက်စွပ်၊
အပေါ်က တီရှပ်အစိမ်းနုခပ်ကြပ်ကြပ်တစ်ထည်ကောက်စွပ်ပီး အခန်းပြင်ကိုထွက်လာတော့ သမီးလေးကိုပွေ့ထားပီးဈေးခြင်းတောင်းကိုင်ထားတဲ့ ဗျိုင်းလေးက
ဧည့်ခန်းကနေစောင့်နေတယ်။
ဒါလား ... ငါတို့ကျောင်းက နှုတ်ခမ်းနီမလေးတွေအကြားရေပန်းစားခဲ့သော ကောင်လေးဖိုးသက် ဆိုတာ ခစ်ခစ်..
မေ.. ငါ့အသက်ဘယ်လောက်ရှိသေးလို့လဲ.. လူငယ်လိုပဲနေမှာပေါ့..ဘာဖြစ်တုံးဟ..
လို့ဘုတောလိုက်တော့..
အေးပါ..ငါကလည်းကောင်လေးနဲ့တူနေတုံးလို့ပြောတာပါဟာ..
ဆိုင်ကယ်ထုတ်ဖို့ပြင်ရင်း ဗျိုင်းလေးကိုအကဲခတ်လိုက်တော့ အနီရင့်ရင့်ဝမ်းဆက်နဲ့သေချာဖီးလိမ်းပြင်ဆင်ထားတာသတိထားမိတယ်။ စောစောစီးစီးခေါင်းလျှော်ထားတော့ မွှေးပျံ.ပျံ.ရနံ့တွေသင်း
နေတဲ့ ဆံပင်ရှည်တွေကိုဖားလျားချထားတယ်။ နဂိုက၀ါဝင်းဝင်းနဲ့အသားအရည်လှရတဲ့အထဲလိုက်
ဖက်တဲ့ ကာလာတွေဝတ်ထားတော့ကြည့်ကောင်းနေတာ အသက်၂၀လောက်လို့တောင်ထင်မှတ်မှားရတယ်။ လေးကိုင်းကွေးကွေးလေးလိုလှတဲ့ နှုတ်ခမ်းဖူးဖူး
လေးတွေကို နှုတ်ခမ်းနီပန်းဆီရောင်ဆိုးထားတော့ စိုလက်လက်ကလေး။ ကျနော်သက်ပြင်းမောတွေချပီး ကလေးပွေ့ထားတဲ့ သူငယ်ချင်းမလေးကိုဆိုင်ကယ်ပေါ်တင်ပီးမောင်းထွက်လာခဲ့တယ်။
ဒီတိုင်းဆိုကျနော် သွားနေကျစစ်ကိုင်းချောင်က တောရကျောင်းကလေးကိုဘယ်လိုထွက်သွားရမလဲဗျာ။ ဗျိုင်းလေးတို့လမ်းကြားလေးထဲကနေ လမ်းမကြီးပေါ်ကို ဆိုင်ကယ်ကွေ့ပီးထွက်လာတော့
ကျနော့်ခါးကို သိုင်းဖက်လိုက်တာရယ်၊ ကျနော့်ကျောပြင်ကို ပါးနဲ့လာကပ်ထားတာရယ် ခံစားလိုက်ရတယ်။ ဖူးးးးး ကျနော်တော့ချောက်ကျနေပီထင်တယ်ဗျာ။
...... ........ ......... ..........
...... ........ ......... ..........
...... ........ ......... ..........
ဒီလိုနဲ့ကျနော်ဒီအိမ်မှာကျနော်ရောက်နေတာ၁၀ရက်ပြည့်တော့မယ်ထင်တယ်။
စစ်ကိုင်းချောင်က ဦးဇင်းရွှေဘတော့ ကျနော့်ကိုမျှော်နေရော့မယ်။ ၃ရက်နေရင်လာမယ်လို့ ကျနော်ဖုန်းဆက်ထားတာကိုးဗျ။ အမှန်က ကျနော်လည်းလစ်ချင်နေ
ပီ။ ဒါပေမယ့် အင်မတန်ချစ်ခင်ခဲ့ရတဲ့ ကျောင်းနေဖက်သူငယ်ချင်းမလေးရဲ.အထီးကျန်ဘ၀ ကို ကျနော်စာနာလို့ထားသွားရခက်နေပီ။ သူ့ပုံစံကိုကြည့်တာနဲ့အား
ငယ်ထိတ်လန့်နေမှန်း ကျနော်ရိပ်မိတယ်။ မိမဲ့ဖမဲ့.. တစ်ကောင်ကြွက်ဘ၀နဲ့ ကလေးတစ်ယောက်အမေဆိုတာ ဘယ်ဘ၀က အကုသိုလ်ကံတွေကြောင့်ဒီလောက်ကံဆိုးရရှာတာလဲမသိဘူးနော်။
တတ်နိုင်သလောက် ကိုယ်ရှိနေတုံးလေး စိတ်ချမ်းသာပါစေဆိုပီး ဘေးမှာနေပေးနေတာပါ။
သူနဲ့ကျနော်ဆိုတာ အင်မတန်ဖြူစင်ခဲ့တဲ့သူငယ်ချင်းကောင်းတွေလေ။ ဟိုနေ့ညက ကျနော့်အခန်းထဲမှာဖြစ်ခဲ့တာတွေကို လုံးဝမသိချင်ယောင်ဆောင်ပီးပြန်သတိမရတော့ချင်ယောင်ဆောင်နေခဲ့
ကြတယ်။ ကျနော်စားချင်တာတွေသူချက်ပြုတ်ကျွေးမွေး၊ သူသွားချင်တဲ့နေရာတွေကို
ကျနော်လိုက်ပို့၊ငယ်ငယ်က အကြောင်းတွေပြန်ပြောပီး ပျော်ကြ။ ဒီလောက်ပါပဲ။ တဖြေးဖြေးနဲ့ကျနော်ကိုယ်တိုင် အူကြောင်ကြောင်ဖြစ်စပြုလာပီ။ ခုကျနော်ခဏ
နေထိုင်နေတဲ့ဘ၀ကို သာယာသလိုလိုဖြစ်လာတာဗျ။ အကယ်လို့ကျနော်ဟာ ခုလိုဇနီးမယား၊သမီးလေးနဲ့ ဘ၀ကိုအခြေတကျဖြစ်နေရင်ဆိုပီး စိတ်ကသာယာသ
လိုလိုဖြစ်လာတာဗျ။ အင်းး ...မဖြစ်သေးပါဘူးလေ။ တစ်ခုလပ်မလေး မို့ဆိုပီး မဖြစ်သေးပါဘူးလို့တွေးနေတာမျိုးမဟုတ်ဘူးဗျာ။ ကျနော်ကကော မိန်းမတကာနဲ့
အိပ်ခဲ့တဲ့ ခပ်ပေပေတစ်ကောင်ပဲဟာ။ အဲ့ဒါမျိုးနဲ့ပတ်သက်ပီး ကျနော်အယူမသီးတတ်ပါဘူး။ ခက်တာက.. အင်းလေ... ကျနော်နဲ့သူက မိတ်ဆွေတွေပါဗျာ။
သင်္ကြန်ကလည်းနီးလာပီ။ ကျနော်ဒီမှာရောက်နေတာလည်း၁၀ရက်တောင်ကျော်လာပီ။
ညနေစာ စားသောက်ပီးတော့လမ်းလျှောက်ရင်းစကားလေးဘာလေးပြော၊ပြန်လာတော့ ဗျိုင်းလေးက သမီးလေးကိုချော့သိပ်၊ ကျနော်ကတော့မအိပ်ချင်သေးတာနဲ့ဧည့်ခန်းထဲမှာ စာထိုင်ဖတ်နေ
လိုက်တယ်။ ခဏနေတော့ ဗျိုင်းလေးအိပ်ခန်းထဲကထွက်လာပီး မီးဖိုချောင်ဖက်ထွက်ပီးခြေ
လက်ဆေးသွားတိုက်နေတယ်။ သူပြန်ဝင်လာတော့မှ ကျနော်လှမ်းစကားပြောလိုက်တယ်။
မေ... ခဏလာဦး...ဒီနားကို..
ပြောလေ.. သူငယ်ချင်း..
အင်း... ငါနက်ဖန်ထုံးစံအတိုင်း စစ်ကိုင်းဖက်ကူးတော့မလို့ .. အဲ့ဒါနင်တို့သားအမိ၂ယောက်ထဲချန်ထားလို့ဖြစ်မဖြစ်စဉ်းစားနေတာ..
..... ........ ....... ........
ဒေါ်မူ ကလည်းခုထိပြန်မလာသေးဘူးဆိုတော့ ..နင်တို့နေလို့ဖြစ်ပါ့မလား..
ဖြစ်ပါတယ်ဟာ.. နင်မလာခင်ကလည်းဒီလိုပဲနေလာတာ.. ငါသတ္တိရှိရမှာပေါ့.. မဟုတ်ဘူးလား
အောက်နှုတ်ခမ်းကိုသွားဖြူဖြူလေးနဲ့ကိုက်ထားရင်း ကျနော့်ကိုစိုက်ကြည့်ရင်းပြောတယ်။
ကျနော် စ ပြောလိုက်တုံးက မျက်နာလေးကညှိုးငယ်သွားပေမယ့်..ချက်ချင်းမျက်နာကတင်းပီးအံကြိတ်ထားတဲ့ဟန်နဲ့ဟန်ဆောင်နေရှာတယ်။ ရုတ်တရက်ကျနော့်မျက်နာကို ကြည့်နေရာကနေ
မျက်နာကြက်မှာချိတ်ထားတဲ့ မီးချောင်းကို မော့ပီးငေးနေတယ်။ ဒုက္ခဗျာ! အဲ့ဒါသူ့အကျင့်ဗျ။ ကျနော်အသေချာသိတယ်။ ဘယ်တော့မဆို မျက်ရည်ကျချင်လာပီဆိုရင် မျက်နာကိုအပေါ်မော့ကြည့်
ပီး ထိန်းတတ်တယ်။
မနက်စာ စားပီးမှသွားရမယ်နော်.. ဖိုးသက်..
လို့အဖျားခတ်နေတဲ့အသံတုန်တုန်လေးနဲ့ပြောရင်း သူ့အိပ်ခန်းထဲပြေးဝင်သွားတယ်။ ကျနော်ကတော့ သက်ပြင်းရှည်ကြီးဟင်းကနဲချလိုက်ရင်းပြေးသွားတဲ့
သူ့ကျောပြင်လေးကိုငေးနေမိတယ်ဗျာ။

Comments
Post a Comment