ကျွန်တော့ သူနာပြုဆရာမလေး ၁၈
ဆေးရုံအောက်ကို အားလုံးဆင်းလာကြတော့ အဲ့ဒီမိန်းမပါလိုက်လာတယ်ဗျ။
ကျနော်ကတော့ အမှန်တိုင်းဝန်ခံရရင်တော်တော်လေး ခြောက်ခြားနေပီ။ စိတ်လည်းတော်တော်ရှုပ်ထွေးစပြုလာတယ်။ ပစ္စည်းပစ္စယတွေအကုန်ကားပေါ် တင်ပီး အဘိုးလေးကိုတွဲပီးကားရှေ.ခန်း
ကိုပွေ.တင်ရင်း ဟိုဆရာဝန်မ ကိုတချက်လောက်လှမ်းကြည့်လိုက်တော့ အောက်နှုတ်ခမ်းကိုသွားလေးနဲ.ဆတ်ကနဲကိုက်၊မချိုမချဉ်လေးလုပ်ပြနေတယ်။ ဖူးးးးးးးး!! ကျနော်တော့ရင်မောနေပီဗျာ။
ရီရီလေး..အရီးမေတို.သွားပီကွယ်.. ညနေမှနင့်မောင်ကို အကြိုလွှတ်လိုက်မယ်နော်.. ဘွားလေးမေလှမ်းအော်တာကို..
ဟုတ်..အရီး.. ဆို.အဲ့ဒီဆရာဝန်မကလှမ်းပြောရင်း ပြုံးရယ်လို.လက်ပြပီး ကျန်ခဲ့တယ်။
အိမ်ရောက်တော့ အဘိုးကိုအတက်အဆင်းခက်မှာ စိုးလို. အိမ်အောက်ထပ်ဧည့်ခန်းနဲ.ကပ်လျှက်အခန်းမှာ နေရာချထားပေးလိုက်တယ်။ ဟိုလိုလူမမာကြီးမဟုတ်တော့ပေမယ့် အားတော့သိပ်မရှိ
သေးဘူးဆိုတော့ သက်တောင့်သက်သာလေးရှိအောင်စီစဉ်ပေးရတာပေါ့လေ။ အားလုံးပီးသွားတော့မှ ကျနော့်သူငယ်ချင်းလည်းပြန်သွားတယ်။ အဘိုးကို အခန်းထဲကပြူတင်းပေါက်တွေအလင်း
ရောင်ကောင်းကောင်းရအောင်ဖွင့်ထားပေးခဲ့ပီး စာအုပ်၃-၄အုပ်အပျင်းပြေဖတ်ဖို.ချထားပေးခဲ့ပီး မီးဖိုချောင်ဖက်ကိုဗိုက်ဆာလာတာနဲ. မနက်စာတစ်ခုခုစားမယ်ဆိုပီးထွက်လာခဲ့တယ်။ဘွားလေးမေ
တစ်ယောက်ကော်ဖီလေးဖျော်...ကျနော်ကြိုက်တဲ့ အုန်းထမင်းနှမ်းထောင်းလေးပြင်ပီးစောင့်နေတယ်။
မြေးလေး.. ရော့ မြေးအကြိုက် အုန်းထမင်း.. ကော်ဖီခါးခါးလေးကောပါတယ်..စားနော်သား... ဆိုပီးကျနော်အားရပါးရစားနေတာကိုပြုံးပီးသဘောတွေကျနေတယ်။
ဖိုးသက်အိမ်ပြန်မလာတာခုတလောကြာနေပီတဲ့.. ရီရီလေး ကထမင်းဟင်းတွေချက်ပီးနေ.တိုင်းစောင့်နေတာတဲ့ ဟုတ်လားမြေးရဲ.
ကျနော်..သူငယ်ချင်းအိမ်သွား သွားလည်နေတာနဲ.အိမ်မပြန်ဖြစ်တာပါ ဘွားလေးမေ!!
ရီရီ ကဆေးရုံမှာ ပီးခဲ့တဲ့ ၂လလောက်ကပြဿနာတစ်ခုဖြစ်လို. ခွင့်တင်ပီးအိမ်မှာနားနေတာလေ မြေးရဲ. စိတ်နည်းနည်းထိခိုက်သွားတာဆိုလားကွယ်.. လူနာကတော့မဖိတ်မစင်သွား
ပေမယ့် သူ.အမှားကြောင့်ဒီလိုဖြစ်ရတယ်ဆိုပီး ရီရီ.ခမျာတော်တော် စိတ်မကောင်းဖြစ်သွားရှာတာကွယ့်.. ခုမှသူလည်းရယ်ရယ်ပြုံးပြုံးပြန်ဖြစ်လာတာ...
သြော်..ဟုတ်ဘွားလေး!! (ဒါကြောင့်သူ.မျက်နာက ခက်ထန်သလိုလိုဖြစ်နေခဲ့တာကိုးလို.ခုမှသဘောပေါက်တော့တယ်)
မြေးက ရီရီ.ကိုမမှတ်မိဘူးဆို..ဟုတ်လားကွယ့်
ဗျာ!!
ဟဲ့.. အဲ့ဒီ ရီရီဆိုတဲ့ဆရာဝန်မလေးက မြေးသူငယ်ချင်း ပုံ.ပုံ.လေကွယ်..ဖိုးသက်
ကျနော်မျိုချနေတဲ့ အုန်းထမင်းတွေလည်ချောင်းမှာတစ်ဆို.ဆို.ကြီးဖြစ်သွားပီဗျာ။ ကျနော်မှင်တက်ပီးဘာမှလည်းဆက်မပြောနိုင်တော့ဘူး။ ဘွားလေးမေကိုငေးကြည့်နေမိတယ်။ ဘွားလေးမေ
ကတော့ဘာမှမသိရှာဘူးဗျာ။ တပြုံးပြုံးနဲ.စကားတွေဆက်ပြောနေတယ်... .... ...
ဘွားမေရဲ.တူမလေ မြေးရ..ငါမြေးလေးဆိုးပေနေတယ်ဆို!! ဘွားမေတူမလေးနဲ.ဆိုသားမိဘတွေကမြန်မြန်ပေးစားချင်တယ်လို.ဖုန်းဆက်တယ်ကွယ့်
ရီရီ.ကိုသားမိဘတွေကလည်း သဘောကျပီးသား.. ဘွားမေတူမလေးကိုလည်း နည်းနည်းစကားလမ်းကြောင်းကြည့်တော့ သားကိုသဘောကျပုံရတယ်ကွယ့်.. .... ...
ပုံ.ပုံ.ကငယ်ငယ်ကထဲကဖိုးသက်ဖိုးသက်နဲ.ခုထိမမေ့ရှာဘူးလေ.. သားအံ့သြနေတာလား..ညနေဆေးရုံကပုံ.ပုံ.ပြန်လာရင် သားသွားကြိုနော် ဟုတ်ပီလား... .... ...
ကျနော်ဘာဆက်ပြောရမှန်းမသိလို.စားလက်စမနက်စာကိုမြန်မြန်လက်စသတ်လိုက်ရင်း ပူလာလို.ရေချိုးတော့မယ်ဆိုပီး အကြောင်းပြရင်း ရေတွင်းဖက်ကိုထွက်လာခဲ့တယ်။
ကျနော့်ခေါင်းတွေမီးတောက်တော့မတတ်ပူလောင်နေပီဗျာ။ ရေအေးအေး၃-၄ပုံးလောက်ခေါင်းကနေလောင်းချလိုက်ပီး ဘာတွေဖြစ်ကုန်ပီလဲလို.တွေးကြည့်နေမိတယ်။ ရီရီ၊ပုံ.ပုံ. မျက်လုံးကိုစုံ
မှိတ်ပီးပြန်တွေးကြည့်နေမိတယ်။
ကျနော့်ငယ်ဘ၀.. ... ....
အိပ်ယာကနေမနက်စောစောနိုးလာရင်.. အသားညိုညိုဆံပင်ရှည်ရှည်နဲ.ကောင်မလေးတစ်ယောက် ကျနော့်အိပ်ယာဘေးမှာရောက်ရောက်နေတတ်တာမှတ်မိတယ်။ ကျနော့်ထက်၂နှစ်လောက်
ကြီးတဲ့ပုံ.ပုံ.ဆိုတဲ့ကောင်မလေး။ အိမ်နားက မူလတန်းကျောင်းကိုတူတူသွားရင် ကျနော့်လွယ်အိတ်ကလေးကိုအတင်းဆွဲယူပီး ပုံ.ပုံ.သယ်ပေးမယ်ဆိုပီးအတင်းလုတတ်တဲ့ကောင်မလေး။
ကလေး၂ယောက် အိမ်ခြံအနောက်က ရေကန်မှာရေတူတူချိုးရင် မေမေစပ်ထားပေးတဲ့တရော်ကင်မွန်းခေါင်းလျှော် ရည်ကိုလက်ခုပ်လေးနဲ.ခပ်ခပ်ပီး ကျနော့်ကိုခေါင်းလျှော်ပေးတတ်တဲ့ကောင်
မလေး။ ကျနော်အနိုင်ကျင့်သမျှ ငိုမဲ့မဲ့နဲ. ဖိုးသက်လေးက ပုံ.ကိုအရမ်းနိုင်စားပေးတယ်ဆိုပီး သည်းခံတတ်တဲ့ကောင်မလေး။ ဘွားမေနဲ.အဘိုးလေးတို.ဘွားမေရဲ.ဇာတိကိုအပီးပြောင်းတော့မယ်
ဆိုတော့ ဖိုးသက်လေးရေ တာ့တာ... ငါပြန်လာရင်နင့်အတွက် ပူစီပေါင်းတွေ၅ပန်းကန်ပြားလောက်ယူလာမယ်နော်လို. အော်ရင်းမြင်းလှည်းလေးပေါ် ငိုရင်းပါသွားတဲ့ကောင်မလေး။ ကျနော်
တော်တော်အသက်အရွယ်ရလာတဲ့အထိ ပူစီပေါင်း၅ပန်းကန်ပြားဆိုတဲ့ငိုသံပါပါအော်သံကလေးကို အမှတ်ရနေခဲ့ဖူးတယ်ဗျာ။
ကျနော်မှားသွားပီဗျာ။ ကျနော်ဟာခွေးထက်တောင်မိုက်ခဲ့ပါလားနော်။
သူကျနော်အိပ်နေရင် လာလာရပ်ကြည့်နေခဲ့တာ ဖောက်ပြန်တာမှမဟုတ်ပဲ.. ဟိုးငယ်ငယ်ကလို ကျနော်မထသေးရင်လာလာစိုက်ကြည့်နေရှာတာပါလား။ ကျနော့်ကိုငေးငေးကြည့်နေခဲ့တာဟာ
ငယ်ငယ်က ကောင်လေးဆိုတဲ့ သံယောဇဉ်နဲ.ပေါ့။ ဒါဆိုရေတွင်းမှာတုံးက ကိစ္စဆိုတာ သူ.စိတ်ထဲမှာငယ်ငယ်ကလို ကျနော့်ကိုခေါင်းလျှော်ပေးဖို. .. ... ..... ဟားးးးးးးးးးးးးးးးး !!! သွားပီဗျ။
မှားကုန်ပီ။ ကျနော်ထင်သလိုမဟုတ်ဘူး။ ကျနော်ဟာသက်သက်မဲ့ထင်တစ်လုံးနဲ.နိုင့်ထက်စီးနင်း လုပ်ခဲ့တာပေါ့? ကဲ..ကျနော်ဘာဆက်လုပ်ရတော့မလဲဗျာ။
ရေချိုးပီးတော့ အိပ်ယာပေါ်မှာခွေခေါက်ရင်း စီးကရက်တွေတစ်လိပ်ပီးတစ်လိပ်ဖွာနေမိတယ်။
စိတ်မကောင်းတာတွေ၊နောင်တရတာတွေ၊ဘာဆက်လုပ်ရမှန်းမသိတာတွေနဲ.ဘယ်လိုမှနေလို.ထိုင်လို.မရတော့ဘူးဗျာ။ ညနေစောင်းတော့ ဘွားမေက မြေးမင့်ဆရာဝန်မလေးကိုသွားကြိုတော့
လို.ပြောလာတာနဲ. စက်ဘီးလေးနင်းပီးဆေးရုံဖက်ကိုထွက်လာခဲ့မိတယ်။
လောလောဆယ်... ကျနော့်ငယ်ငယ်က သူငယ်ချင်းကိုဘယ်လိုမျက်နာချင်းဆိုင်ရမလဲတွေးလို.တောင်မရဘူးဗျာ.. ... ... ... ... ...

Comments
Post a Comment