ကိုရွှေဘ၏စွန့်စားခန်းများ ၇

အဲ့လိုငါတို.ကိုအာရိုက်တယ်ဆိုတာကလည်း ငါတို.အပေါ်အာရုံရှိပုံမရပါဘူးလေ။ ဖောင်ပေါ်ကမမိချိုလေး မကြားကြားအောင်အသံတစာစာ နဲ.လုပ်နေတယ်ဟီးဟီး..
အေပေးလေး!! (ကိုရွှေဘ၀င်ဆဲသံ)
သူ.ကိုယ်သူငါတို.ရပ်ကွက်ထဲကတရုတ်လက်ဖက်ရည်ဆိုင်က ကိုရွှေဘပါဆိုတာမိတ်ဆက်ရင်း.. ငါတို.ကမြင်းကြောထနေတဲ့ကိစ္စကိုပါဝင်ပီးစွက်ဖက်လာရောဗျ။ ဟာ..မင်းတို.ကောင်တွေဒိုင်ပင်ပစ်
တာမလှပါဘူး..ငါတို.ကောင်တွေငယ်ငယ်ကဆိုဘယ်လိုဘာညာတွေပေါ့လေ။ ပြောရင်းနဲ.စိတ်ပါလာတာလား မမိချိုလေးကလှမ်းလှမ်းကြည့်နေတော့ အစွမ်းပြချင်တာလားမသိပါဘူး။ သူ.ပုဆိုးအ၀ါလေးကိုခါးတောင်းကောက်ကျိုက်လိုက်ပီး ကမ်းပါးပေါ်မှာမတ်တပ်ရပ်လျှက်ကနေ.. ဟိုင်း!! ဆိုတစ်ချက်အော်လိုက်ပီး နောက်ပြန်တစ်ပတ်ဂျွမ်းခုတ်ပြလိုက်သေးတယ်။ အမယ်..ဟုတ်
တော့ဟုတ်တယ်ဗျ။ နေရာတောင်မရွေ.ဘူးလှလိုက်တဲ့နောက်ပြန်တစ်ပတ်ဂျွမ်းလေး။ ငါတို.ကရေထဲကိုသာဂျွမ်းထိုးရဲတာ အဲ့လိုကြီးကတော့ မြေကြီးပေါ်မှာမလုပ်ရဲဘူး..အကျမတော်ရင်ဇက်ကျိုးမဲ့
အပေါက်လေ။ နောက်မှသိရတာ ကိုရွှေဘက သိုင်းပြောင်းပြန်ဆရာကြီးကိုး။(ကိုရွှေဘတဟဲဟဲရယ်နေတယ်)
အင်း..ဒီကထဲက မမိချိုက ကိုရွှေဘကိုသဘောကျချင်နေတာလားတော့မသိဘူးလေ.. ငါတို.တွေ.စကကိုရွှေဘ ဘော်ဒီကောရုပ်ကော ကွန်ဖူးမင်းသားဘရုစ္စလီ စတိုင်ကိုးဟ။
အဲ့ဒါဖောင်ပေါ်ကနေ အ၀တ်တွေသာလျှော်နေတာ အင်းကျီချွတ်၊ပုဆိုးခါးတောင်းကျိုက်ထားတဲ့ ကိုရွှေဘကိုလှမ်းလှမ်း ကြည့်နေတာကိုး။ အဲ့လိုတွေ အခြေနေကောင်းနေတော့ကိုရွှေဘက အစွမ်းတော်တော်ပြချင်လာပုံပေါ်တယ်ဟီးဟီး။ သံမဏိဝင့်ကြိုးနဲ.လုပ်ထားတဲ့ဒီဒန်းကြိုးကိုလွှဲစီး ပီးလေပေါ်ဝဲ၂ပတ်ဂျွမ်း ထိုးပြမယ်ဆိုပဲ၊ ရေထဲကိုနော်။ မင်းတို.ကြည့်ထားကြ.. ဘယ်လိုထိုးရ
တယ်ဆိုတာဆိုပီး အော်ပီးပြောလိုက်သေးတယ်..မမိချိုလေးမကြားကြားအောင်ပေါ့လေ။ အင်း..ဟိုကလည်းလှမ်းကြည့်နေပီဆိုတော့ ကဲချပေါ့လေ.. လက်ကိုင်ကွင်းလုပ်ထားတဲ့ ကားတာယာ
ကိုလက်၂ဖက်နဲ.စုံကိုင်.. အရှိန်များအောင်ဆိုပီး ငါတို.ချာတိတ်တွေက သူ.ခါးကိုဖက်ပီး အနောက်ကိုအားနဲ.ဆွဲမြှောက်၊ ပီးမှ ၀မ်း..တူး..သရီး ဆိုပီးတွန်းလွှတ်လိုက်တာပေါ့။
ယားးးး!! ဆိုပီးအရှိန်ပြင်းပြင်းနဲ.ခိုစီးပီး လွှဲသွားတာ.. ကမ်းနဲ.အဝေးဆုံးအမြင့်ဆုံးကိုရောက်သွားမှ လက်ကိုလွှတ်ပီး လေပေါ်မှာလှည့်ပတ်ပလိုက်တာ ၂-၃ပတ်လောက်ဗျ.. လှချက်က..
နောက်ဂျွမ်းထိုးတာဒီလောက်လှတာငါတော့မမြင်ဖူးဘူးဟေ့။ ဒါပေမယ့်..ကံမကောင်းဘူး။ ရေထဲကိုမတ်တပ်လေးကျသွားရမှာ..ဟိုကားတာယာကြီးက အရှိန်တအားပြင်းတော့ ကိုရွှေဘပြန်ကျ
လာတဲ့အချိန်ထိ လေထဲမှာ အကွင်းလိုက်ကြီးကျန်နေတော့ကာ လေထဲကနေဂျွမ်းထိုးပီး အောက်ကျလာတဲ့ သူ.ကိုယ်လုံးကပေါက်ပေါက်ရှာရှာ ကားတာယာထဲစွပ်ဆိုတည့်တည့်ဝင်သွားရော။
ဂျိုင်းကြား၂ဖက်နဲ.ကွက်တိချိတ်..ကားယားယားကြီး ကမ်းပါးကိုအရှိန်နဲ.ပြန်ပါလာတာဟေ့။ ၀ီးကနဲ..လွှဲလာတဲ့အရှိန်နဲ.ကမ်းပါးကိုပြန်ကပ်လာတော့ ငါတို.ကောင်တွေလည်းဟာ.. ဆိုပီးရှောင်
ရတော့တာပေါ့။ အင်း..ကုက္ကိုပင် ပင်စည်ကြီးကိုဝင်ဆောင့်လိုက်တာများ အုတ်နံရံကို ဂျစ်ကားဝင်ဆောင့်သလာမှတ်ရတယ် အုံးးး !! ဆိုပီးအကျယ်ကြီးပဲဗျ။ ၀င်ဆောင့်ပီးတာနဲ.အရှိန်မသေဘူးလေမြစ်ဖက်ကို လည်လည်လည်လည်နဲ.ပြန်လွှဲပါသွားရော။ နာရီချိန်သီးလို အရှိန်မသေမချင်း လွှဲနေသေးပေမယ့်..ငါတို.ကမ်းပါးပေါ်ကနေ လှမ်းပီးဖမ်းဆွဲ
ဖို.ကိုမမှီတော့တာ။ ရပ်သွားတော့မှကြည့်လိုက်တော့..ကိုယ့်ဆရာခမျာ ကုက္ကိုကိုင်း အစွန်းအောက်တည့်တည့်မြစ်ရေပြင်ပေါ်က လေထဲမှာကြိုးတန်းလန်း ကားတာယာကွင်းလေးထဲမှာစွပ်လျှက်
ကလေး ပုဆိုးကလည်း ဘယ်ချိန်ကျွတ်ကျသွားတယ်မသိဘူး။
ဖင်တုံးလုံးဂွေးတန်းလန်းလေး အ၀တ်မပါပဲချိတ်နေရှာတယ်..ဟားဟား!!
မမိချိုလေးက ရေထဲကိုမျှောလာတဲ့သူ.ပုဆိုးကိုဖောင်ပေါ်ကနေဆယ်ပေးနေတယ်။ ငါတို.ကောင်တွေကကမ်းပါးပေါ်ကနေ ဗိုက်နှိပ်ပီး ရယ်နေကြတာခွက်ထိုးခွက်လှန်ပေါ့လေ။ နောက်မှသတိရ
တာနဲ.ကြိုးကိုအဲ့လိုအရှိန်သေသွားတိုင်းလှမ်းဆွဲတဲ့ ချိတ်တပ်ထားတဲ့ဝါးလုံးရှည်နဲ.အသာလေးထိန်းပီး ကမ်းပါးကိုဆွဲယူလိုက်ရတာပေါ့။ ကမ်းပါးပေါ်ကိုဆွဲတင်ပီးတော့ ကိုယ့်ဆရာက မထနိုင်
ရှာဘူးဖင်တုံးလုံးလေး မြေကြီးပေါ်ခွေပီး တအင်းအင်းညည်းနေတာပေါ့။ ဒါနဲ.ငါတို.ချွတ်ပုံထားတဲ့ပုဆိုးတစ်ထည်ဝတ်ပေးပီး သူအမှိုက်လာပစ်တဲ့တွန်းလှည်းပေါ်တင်ပီး အိမ်ကိုတွန်းပို.လိုက်ရ
တယ်။ သူ.အိမ်ရောက်တော့ သူအဖေတရုတ်ကြီးက ဟာ..မီးမေရိုး ဒီလောက်ကမြင်းတာ အိမ်ပြန်လာပို.သေးတယ်..မြစ်ထဲတခါလဲမျှောလိုက်ပါလားတဲ့.. ဟားဟား။
အားလုံးတဟားဟား ဆူညံနေအောင်ရယ်နေကြတာရပ်သွားမှကျနော်ကဆက်ပြောတယ်။
အဲ့ဒီမှာ ကိုရွှေဘကျွတ်ကျကျန်ခဲ့တဲ့ သူ.ပုဆိုးလေးက ခုပြောမယ့်အချစ်ဇတ်လမ်းရဲ.အစပေါ့လေ။ ကဲ..ကိုရွှေဘအလှည့်.. ပြောတော့ဗျာ!!
အင်း.. ဖိုးသက်ပြောတဲ့ အဖြစ်အပျက်တွေဖြစ်ပီးတော့ ငါလည်းရှက်ပီး အပြင်မှာမိချိုနဲ.မျက်နာချင်းတောင်မဆိုင်ရဲတော့ဘူးဟေ့...
ဒါပေမယ့်တစ်ပတ်လောက်ကြာတော့ ငါလည်းမြစ်ထဲကဖောင်ပေါ်ရေချိုးဆင်းတော့ ဖောင်ပေါ်မှာ အ၀တ်လျှော်နေတဲ့မိချိုနဲ.၂ယောက်ထဲကြုံပါရောလားကွာ။ လူကလည်းအဲ့ဒီနေ.ကညနေနေ၀င်
ရီတရောမှာဘယ်သူမှကိုမရှိပဲရှင်းနေတာကိုးဟ။ ဖောင်ပေါ်မှာ ငါနဲ.မိချိုနဲ.၂ယောက်ထဲပေါ့လေ.. မှောင်ကလဲမှောင်စပြုလာပီ.

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆