အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၎
ဒီလိုနဲ့ပဲ လေလွှင့်သလိုလိုဖြစ်ချင်နေတဲ့ ကျနော်တစ်ယောက် သူငယ်ချင်းမလေးရဲ့အိမ်ကို ၀င်ထွက်ရင်း မာလီလိုလို၊ နာနီလိုလိုတွေဖြစ်လာတယ်ဆိုပါတော့ဗျာ။
နာနီလုပ်တာကတော့ သူ့သမီးလေးကိုထိန်းတယ်ပေါ့လေ။ အင်မတန်ရွှံတတ်တဲ့ ကျနော် ဒီချစ်စရာသမီးလေးကိုထိန်းရင်းနဲ့ အီးတည်၊သေးတည်တွေကအစကောင်းကောင်းတတ်လာတယ်။ ကလေးကိုအစားအသောက်ချော့ကျွေး၊ တူတူဆော့နဲ့ တော်တော်ပျော်တတ်လာတယ်ပေါ့။
ကလေးတရေးတမောအိပ်နေတဲ့အချိန်၊ ဒါမှမဟုတ် ဒေါ်ကြီးတစ်ယောက်ချက်ပြုတ်လျှော်ဖွတ်ပီးစီးလို့ ကလေးကြည့်ပေးနိုင်တဲ့အချိန်မျိုးမှာကြတော့ ခြံထဲက မြက်တွေဓားရှည်တစ်လက်နဲ့ရမ်း၊ ပစ်ထားတာကြာလို့ ပေါက်ချင်သလိုတွေပေါက်နေတဲ့ သစ်ပင်ပန်းပင်တွေကတ်ကြေးနဲ့တိ၊
မြင်မကောင်းဖြစ်နေတဲ့ဟာတွေခုတ်ပစ် အစရှိသဖြင့်ပေါ့လေ။ သူတို့တစ်ထပ်တိုက်ကလေးထဲမှာ အိမ်မှုကိစ္စနိုင်နင်းတဲ့ ကြီးဒေါ်ကြီးကြောင့် အမြဲသန့်ရှင်းသပ်ရပ်နေပေမယ့် အဲ့လိုကိစ္စတွေကြတော့ မိန်းမသားတွေချည်းပဲရှိတော့ ဘယ်လုပ်နိုင်မှာတုံးဗျ။ တစ်လနီးပါးကြာလာတော့
တစ်ထပ်တိုက်ပုလေးရဲ့ခေါင်မိုးပေါ်က သစ်ရွက်ကြွေတွေမရှိတော့ဘူး။ သင်္ဘောဆေးအနီရင့်ရင့်သုတ်ပီးသားဖြစ်နေပီ။ အိမ်ဘေးနံရံတွေလည်း ရေဆေးကောင်းကောင်းနဲ့၂ထပ် ၃ထပ်သုတ်ပစ်ထားတော့ အိမ်အသစ်ကလေးတစ်လုံးလို လှတပတလေးဖြစ်သွားပီ။ အိမ်အတွင်းပိုင်းက
လျှပ်စစ်နဲ့ပတ်သက်သမျှဝါယာကြိုးတွေ၊ဖန်ချောင်းတွေ၊မီးခလုတ်ခုံတွေ၊ မိန်းခလုတ်တွေအားလုံးလည်းအသစ်ချပ်ချွတ်လဲပြုပီးသားဖြစ်နေပီ။ နေချင့်စဖွယ်ခြံဝင်းလေးထဲက တစ်ထပ်တိုက်ပုလေးဖြစ်သွားတာပေါ့ဗျာ။
အဲ့ဒါတွေအကုန်ကျနော်လျှောက်လုပ်နေတာ ဘာရယ်မဟုတ်ပါဘူး။ စိတ်လေနေတာပြေပျောက်ချင်လို့။ ပီးတော့ကိုယ့်မိသားစုလိုဖြစ်နေတဲ့ သူငယ်ချင်းကို ကိုယ်အနားရှိနေတုံးလေး လုပ်ပေးနိုင်တာလုပ်ပေးခဲ့တယ်ဆိုတာမျိုးပါ။
စီးကရက်လေးခဲရင်း အဲ့လိုအိမ်အလုပ်လေးတွေတနေကုန် လျှောက်လုပ်လိုက်၊ နေ့ခင်းဖက်နေတအားပြင်းတဲ့အချိန် ခဏနားရင်း ဧည့်ခန်းထဲက စာအုပ်တွေနဲ့ဇိမ်ယူလိုက်၊ ကလေးထိန်းလိုက်နဲ့ ကျနော့်ဘ၀မှာ တော်တော်တည်ငြိမ်အေးချမ်းလွန်းတဲ့ကာလတစ်ခုလို့တောင်ပြောရမယ်ထင်တယ်။
ကဲ! ဘယ်လိုလဲညီအကိုတို့? ဖတ်ရတာပျင်းနေကြပီလား.. ဘာမှလည်းမပါဘူးအဟီး။ ကိုဇော်ဦးကြီးပြောသလို အဲ့လိုသူငယ်ချင်းမျိုးမရခဲ့တာမနာလိုတယ်ဆိုတာဒါမျိုးကိုလား? ကိုကြပ်ပြောသလို ဆွဲလို့ရတဲ့သူငယ်ချင်းဆိုတာ ဘယ်မှာတုံးဗျ? ဒီလူကြီးတွေနဲ့တော့ခက်တယ်နော့်။ ထစ်ကနဲရှိဆန်းဆန်း
ပြားပြားတွေသိပ်တွေးတာပဲဟဲဟဲ။
ဟမ်! ဒါဖြင့်ဘာမှမဖြစ်ခဲ့ဘူးပေါ့.. ငါတို့အဟုတ်မှတ်ပီးဖတ်လာတာသေရောလို့ တွေးနေကြပီထင်တယ်။ ဖြစ်တော့ဖြစ်တယ်ဗျဟီဟိ။ ဒါပေမယ့် ဟိုဘူဒါးကြီးတွေပြောသလို တွေ့တာနဲ့ကောက်ဆွဲမဟုတ်ဘူးလို့ပြောချင်တာ။
မှန်ရာပြောသစ္စာဗျာ။ ကျနော်အဲ့ဒီအချိန်ထိ လိင်နဲ့ပတ်သက်ပီး သူ့အပေါ်ဖောက်လွှဲဖောက်ပြန်စိတ်ကိုမရှိခဲ့ပါဘူး။ တကယ်ပြောတာ ဘုရားစူး။ ဟိုကမ္ဘာကျော်ဝတ္ထုထဲက သစ္စာတရားကိုလိုက်ရှာရာက ဂင်္ဂါမြစ်ကိုထိုင်ကြည့်ရင်းငြိမ်းချမ်းသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်လိုပဲ ကျနော့်ဘ၀အတော်လေးငြိမ်းချမ်းနေတယ်။
ဘာလုပ်ဖို့လဲ လိင်ကိစ္စ။ တွေးတောင်မတွေးမိဘူး။ တကယ်ပြောတာ။ ခင်ဗျားတို့ကော ဘ၀မှာ အဲ့လိုသူငယ်ချင်းမမျိုး မရှိခဲ့ဖူးဘူးလား။ ရှိခဲ့မှာပါ။ အသေချစ်တယ်ဗျာ။ ရည်းစားတွေဘာတွေထက်တောင်ချစ်သေး။ လက်ချင်းချိတ်၊ ခါးဖက်ပီးလျှောက်သွားချင်သွား၊ မကျေနပ်ရင်ကလော်ဆဲလိုက်ကြ၊ ရည်းစားတွေ၊
ကိုယ့်မိဘတွေကို မပြောတာတောင် အကုန်ဖွင့်ပြောရဲတဲ့ဟာမျိုး.. ရှိခဲ့ကြမှာပါဟုတ်တယ်မလား။ ဒီကောင်မ၃ကောင်ဆိုရင် ကျနော်နဲ့တစ်အိပ်ယာထဲတောင် တူတူအိပ်တာဗျ။ ကျနော်သူတို့အပေါ်မယ် ဘယ့်နှယ့်မှမဘယ့်နှယ်ဘူးဆိုတာသူတို့ကောင်းကောင်းသိတာပေါ့။ သူတို့၃ကောင်ကို တခါတလေ ကျနော်၃ရောင်ခြယ်
လို့ခေါ်တယ်ဗျ။ ကျောင်းသားဘ၀က ခရီးတူတူထွက်ကြရင်း တနေရာရောက်သွားတော့ တည်းခိုတဲ့နေရာမှာ ၄ယောက်သားအရက်တူတူသောက်ကြရော၊ မူးမူးနဲ့အကုန်အိပ်ပျော်သွားကြတယ်ဆိုပါတော့။ ရင်ပူလွန်းလို့ ညသန်းခေါင်ကြီးလန့်နိုးလာတော့ အမယ် သူတို့၃ကောင်စလုံး မှောက်လျှက်ကလေးတွေအိပ်ပျော်
နေကြတာဆရာရေ့။ ထမီတွေဘာတွေကျွတ်လို့ဟီး။ ဖင်ပြောင်ကြီး၃ခုဗျာ။ ပထမတော့ သတိမထားမိပါဘူး။ ရေဆာနေတော့ ရေလိုက်ရှာပီး အားရပါးရသောက်လိုက်သေးတယ်။ အဲ့ဒီမှာ ရေသောက်လိုက်တော့ အမူးဒီဂရီက ပြန်ဆောင့်တက်လာတယ်။ ယိုင်တိုင်တိုင်နဲ့ပြန်လာတော့ အမ်! ဆိုပီးဖြစ်သွားတယ်။ လေးပေမီးချောင်း
အလင်းရောင်အောက်မှာဗျာ ဖင်ပြောင်ကြီး၃ခုအစီအရီလေးတွေဖြစ်နေတာ။ ဖင်ညိုဖင်ဖြူဖင်ဝါ ၃ခုဗျ။ အရောင်တွေကိုလက်လက်ထနေတာပဲဟီး။ တစ်ချက်လောက်သေချာလေ့လာလိုက်သေးတယ်။ ဒါကဘယ်သူ့ဖင် ကာလာကဘာအရောင်ပေါ့။ ကြည့်နေရင်းနဲ့သောက်ရှက်ကိုမရှိတဲ့ဟာမတွေလို့တွေးမိလာတော့ မူးမူးနဲ့အဲ့ဒီ
ဖင်ပြောင်တွေကို မတ်တပ်ရပ်လျှက်ကနေ ခြေဖ၀ါးနဲ့ တဖန်းဖန်းမြည်အောင်ဆောင့်ကန်ပစ်လိုက်တယ်။ သောက်ကောင်မတွေ ဖင်လေလံတင်နေကြတယ်ဆိုပီးဟီးဟီး။ အမေ့! ဆိုပီး တစ်ယောက်ကတော့ထထိုင်လာတယ်။ ခြေကျင်းဝတ်ရောက်နေတဲ့ထမီလေးကို ပြန်ဆွဲယူပီး ကွေးကွေးလေး ထမီခြုံရင်းပြန်အိပ်သွားတယ်။
ကျန်တဲ့၂ကောင်ကတော့ အင်းအဲအသံပေးရင်း မှောက်အိပ်နေရာက ပက်လက်လှန်တွေဘာတွေပြောင်းအိပ်လာတော့ သိတဲ့အတိုင်းပဲ ထပ်ကန်လို့မဖြစ်တော့ဘူးဗျာ။ ဒုက္ခ!ဒုက္ခ! လို့ရေရွတ်ရင်း သူတို့ဘေးမှာ ခွေခွေလေးဝင်အိပ်လိုက်ရတာပေါ့။
မနက်မိုးလင်းတော့ ရှက်နေကြမယ်ထင်သလား? ဝေးသေးဆရာရေ့။ သူတို့လျှောက်ပြောနေတဲ့စကားတွေကြောင့် ရှက်လွန်းလို့နားပိတ်ထားရတာက ကျနော်ပါဗျာ။
ဒီကောင် ဂျီပုန်းကြီးလားမသိဘူးဟဲ့! အေးလေ..ငါတို့ဒီလောက်မူးချင်ယောင်ဆောင်ပီး အကုန်အသင့်လုပ်ထားပေးတာတောင် မလုပ်ရဲဘူးဟီဟိ.. ယောက်ျားစစ်ရင် ဟိုဖက်ကိုတက်မြည်းလိုက်၊ဒီဖက်ကိုတက်အုပ်လိုက် လုပ်ပီပေါ့ ရှင်းနေတာပဲ .. ဒီကောင်ပန်းသေနေတယ်။ ၀ါးဟားဟား! အဲ့လိုတွေဗျ။ ကျနော်လား? အမလေးလေး
ဘာမှကိုပြန်မပြောရဲပါဘူးဗျာ။ ပွစိပွစိနဲ့ ခပ်တိုးတိုးဆဲရင်း မျက်နာလွှဲထားရတာပေါ့။ မမူးနေရင် ကျနော်က တော်တော်အရှက်ကြီးတာကလား။ ကျနော်ခုလိုတွေပြောပြတော့ အဲ့ဒီကောင်မလေး၃ယောက်ကို အော့ကြောလန်တွေလို့ထင်ရင်လည်းမှားမယ်ဗျ။ တခြားသူတွေနဲ့ကြတော့ ရုပ်တည်ကြီးတွေနဲ့ဆက်ဆံတာ။ ယဉ်ကျေးပျူငှါဗိုင်း
ကောင်းကျောက်ဖိလေးတွေပေါ့။ ကျနော့်ကြမှ သားပြောမယားပြောတွေပြောလိုပြော လုပ်ချင်သလိုတွေလျှောက်လုပ်ကြတာလေ။ လမ်းသွားရင်း ကျနော်နဲ့ချိတ်တိတ်တိတ်ဖြစ်နေတဲ့ စော်လေးက ကျနော့်ဘေးမှာပါလာတဲ့ သူတို့ထဲက တစ်ယောက်ယောက်ကို မကျေနပ်သလို ဘုကြည့်ကြည့်လာတယ်ဆိုပါတော့.. ကျနော့်ပုခုံးပေါ်မေးတင်
ပီးမှီ၊ ပါးကိုင်နားကိုင်တွေလုပ်လိုလုပ်.. အဲ့လိုတွေသောက်ကျင့်ယုတ်တော့တာ.. မကြားတကြားနဲ့ "မောင်" တွေဘာတွေစွတ်ခေါ်ပစ်တာ.. အဲ့လိုဟာတွေဗျ။ ဒီလောက်ဆို ကျနော်တို့ဆက်ဆံရေးကို ခင်ဗျားတို့သဘောပေါက်လောက်ပါပီ။ သူတို့ထဲက အ၀ါရောင်ဖင်ပြောင်ကြီးပိုင်ရှင်က အခုပြောနေတဲ့ "မေလေး" ဆိုပါတော့လေ။
လျှောက်ပြောရင်းနဲ့လိုရင်းမရောက်တော့ဘူးဖြစ်နေတယ်အဟီး။
ဆက်ပြောမယ်နော်။ ကျနော်တို့သူငယ်ချင်းတွေထဲက ဟို၂ကောင်က အဝေးကြီးမှာဗျ။ ခုလောလောဆယ်ရှိနေတာ သူနဲ့ကျနော်ပဲဆိုတော့ တွေ့တုံးလေး အရူးအမူးချစ်ကြရတာပေါ့လေ။ မိသားစုရယ်လို့မယ်မယ်ရရမရှိရှတဲ့ သူငယ်ချင်းမလေးခမျာလည်း လောလောဆယ် ကျနော်အနားမှာရှိနေတာကို အင်မတန်ပျော်နေရှာမှာပဲ။ သူ့ကိုအလုပ်က
သွားသွားကြိုတိုင်း ကျနော်ရောက်လာပီဆို မျက်နာလေးက ၀င်းကနဲဖြစ်သွားတာမျိုး၊ သူ့ခြံလေးကို ကျနော်တတ်နိုင်သလောက်ပြုပြင်ပေးထားတာကိုမြင်ရတဲ့အခါ အင်မတန်ကျေနပ်ပီး ကျနော့်ကို အတင်းဖက် တော်လိုက်တာဆိုပီးပြွတ်ကနဲနမ်း (နဖူးကိုပါ) နဲ့တော်တော်ကျေနပ်ဟန်လေးပေါ့။ နည်းနည်းကြာလာတော့ အလုပ်အပြန်လာမကြိုနိုင်ဘူး
အပြင်ခဏသွားနေတယ်လို့ဖုန်းဆက်လိုက်ရင်.. နောက်နေ့မနက်ပြန်တွေ့ရင် မျက်နာက ခပ်ပျက်ပျက်ဖြစ်လာတယ်။ သမီးလေးက အမေ့ကို စိတ်ကောက်နေတာလားဟေ့! လို့နောက်လိုက်မှ ပြုံးစိစိဖြစ်ပီးပြေသလိုလိုဖြစ်လာတယ်။ ဒါနဲ့မရသေးဘူးဆရာ ညနေဖက်သွားကြိုတဲ့ အခါ သူ့အကြိုက်ဆိုင်က ပဲပလာတာနဲ့လက်ဖက်ရည်ဖန်ချိုလေးဝယ်
သွားလိုက်မှ ငါ့တပည့်ကြီးတော်တယ်ကွာ ဆိုပီးစိတ်ကောက်ပြေတော်မူတယ်။
ဖတ်ရတာစိတ်မရှည်ကြတော့ဘူးထင်တယ်။
လာတော့မယ်နော်။ ဘာညာသာရကာဖြစ်တဲ့အခန်း။ မတော်တဆကနေ တွယ်ငြှိကုန်တဲ့ဟာလေး။
ဒီနေ့တော့ ဒီလောက်ပဲ။ လက်ညောင်းလာလို့။ နက်ဖန်မှဆက်ရေးတော့မယ် အဟီး။

Comments
Post a Comment