အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၇

အပေါ်ပို့စ်က နောက်ဆုံးစာကြောင်း၎ကြောင်း(စကားအပြန်အလှန်ပြောခန်း) ကိုခရေဇီဖိုး ဟိုဖက်မယ်ပြောထားသေးတယ်လေ။
အဲ့ဒါကျနော်တို့၂ယောက် ပါးစပ်ကနေအပြန်အလှန်ပြောနေကြတာမဟုတ်ဘူးရယ်။ ဟမ်! ပါးစပ်ကမပြော ဖင်ကပြောတာလားလို့မေးချင်လာသလားဟီးဟီး။ အမူအရာတွေနဲ့ပြောနေကြတာဗျ။ ကိုင်း! ယုံချင်ယုံမယုံချင်နေဗျာ။ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာ။ ကျနော်ကရုန်းနေတာ
သူက ဆွဲနေနေတာဟီဟိ။ ကျနော့်ကို အခန်းထဲဆွဲသွင်းပီး တာနဲ့ တံခါးကိုချက်ချင်းပြန်ပိတ်၊ ကျောနဲ့ဖိကပ်ထားလျှက်ကနေ ဦးကျောက်လုံးက တင်တင်မူကို မုဒိန်းကျင့်ခါနီး အပြုံးမျိုးနဲ့ပြုံးပြလာတာ(ပြောင်းပြန်တွေတော့ဖြစ်ကုန်ပီထင်တယ်မယုံရင် ပုံပြင်သာမှတ်ကြပေတော့)
ကျနော့်မှာယောကျာ်းသားအားနွဲ့သူပါရှင် ဆိုတဲ့ မျက်နာငယ်လေးနဲ့ ကြောက်အားပိုနေတဲ့ဟန်နဲ့ ခင်ဗျားတို့ ညီလေးမောင်ချမ်းကိုရဲ့ဟန်ပန်ကလေးမျက်စိထဲမြင်ကြလားမသိဘူးဟီဟိ။

မျက်မှောင်လေးကျုံ့ပီး မေးဆတ်ပြလာတယ်။ ကျနော်က မျက်လွှာလေးချရင်းခေါင်းခါပြလိုက်တယ်။ နှာခေါင်းရှုံ့ပြရင်း သူလည်းခေါင်းခါပြလာတယ်။ ဆက်တိုက်ဆိုသလိုပဲ ခေါင်းငြိမ့်ပြတယ်(လာစမ်းဆိုတဲ့မျက်နာအမူအရာနဲ့) ကျနော်ကသက်ပြင်းချပီးစိတ်မသက်မသာ
ဟန်နဲ့ ခေါင်းထပ်ခါပြတယ်။ အဲ့ဒီအမူအရာတွေကို ဘာသာပြန်လိုက်ရင် ခုနက ပြောတဲ့ အပြန်အလှန်စကားပြောတဲ့ အဓိပ္ပါယ်ထွက်လာလိမ့်မယ်။ (သဘောပါသလားပိရိသတ် တင်းတင်းကိုက်ပီး အနားကပ်လာတယ်။ မတုန်မလှုပ်ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးရပ်နေတဲ့ ကျနော့်ကို အတင်းဆွဲဖက်လာတယ်။ သူ့ကိုယ်ပေါ်လွှားခြုံထားတဲ့ စောင်ပါးလေးကို လွှတ်ချလိုက်တော့ ခုနက ကျနော်ထားခဲ့တဲ့အတိုင်း ဖင်တုံးလုံးလေးပဲဆိုတာ အထိအတွေ့အရသိလိုက်ရတယ်ဗျ။
အဲ့ဒီအချိန်မှာပဲ ဟိုဖက်အခန်းက ကလေးဂျီကျသံ လေးနဲ့ ဒေါ်ကြီးက ချော့နေတဲ့အသံထွက်လာတယ်။ ပေါက်ကွဲခါနီး တင်းမာနေတဲ့အခြေအနေ ရုတ်တရုတ်ပြောင်းလဲသွားပီး ၀ရုန်းသုံးကားတွေဖြစ်ကုန်ရော။ ကြမ်းပြင်ပေါ်ပုံကျနေတဲ့ စောင်ကလေးကို ကောက်ပီးပြန်ခြုံလိုက်ရင်း ကျနော့်ကို အပြင်မြန်မြန်
ပြန်ထွက်ဆိုတဲ့ အမူအရာလေးပြလာရင်း ကုတင်ပေါ်က သူ့အ၀တ်တွေကိုပြန်ဝတ်ဖို့ကြိုးစားနေတယ်။ ကျနော်လည်း ထိတ်ကနဲဖြစ်သွားတဲ့စိတ်နဲ့ အခန်းတံခါးကို မြန်မြန်ဆွဲဖွင့်ပီး ဧည့်ခန်းထဲကို လစ်ထွက်လာခဲ့ပီး ပက်လက်ကုလားထိုင်မှာ ထိုင်ချလိုက်ရင်း စာဖတ်ချင်ယောင်ဆောင်နေလိုက်မိတယ်။
ဘုရားဘုရား... ကံသီပေလို့တာပေါ့ ကလေးနဲ့ဒေါ်ကြီးနိုးလာလို့ .. မဟုတ်ရင် မောင်ချမ်းကိုလေးဘ၀ နစ်မွန်းခါနီးဖြစ်နေပီမဟုတ်လားဟီဟိ။ ကျနော့်သူငယ်ချင်းပုံစံက အသေအုပ်တော့မယ်ပုံစံကိုးဗျ။

အချိန်ကိုက်ကလေးပဲ ဗျာ။ အိပ်ယာကနိုးလာလို့ တအီအီဖြစ်နေတဲ့ သမီးလေးကိုပွေ့ရင်းဒေါ်ကြီးတစ်ယောက်အပြင်ထွက်လာတယ်။
ပေးဒေါ်ကြီး ကျနော်ချီမယ်ဆိုပီး သမီးကိုလှမ်းယူလိုက်ရင်း.. သမီးလေးရေ! မညောင်ပါနဲ့အေ ဟော့ဒီမှာ လေးလေးရှိတယ်ဟေ့ ဘာညာဆိုပီး မြှူနေလိုက်ရတယ်။ ခဏနေတော့ အိပ်ချင်မူးတူးလိုလိုဘာလိုလိုရုပ်နဲ့ ဟန်ဆောင်ပီး မေ တစ်ယောက်အခန်းပြင်ထွက်လာတယ်။ ကျနော်ကတော့ သူ့မျက်နာကိုလုံးဝ
မကြည့်ရဲတော့ဘူး။ ကလေးထိန်းရင်း မသိဟန်ဆောင်နေလိုက်တယ်။ သူနဲ့ဒေါ်ကြီး ညစာချက်ဖို့ မီးဖိုချောင်ထဲဝင်သွားမှ သက်ပြင်းခိုးချရတယ်ဗျာ။ ညစာ စားသောက်ပီးတော့ မိုးလည်းတော်တော်စဲသွားတော့ကာ ကျနော်လည်း ရူးသလိုပေါသလိုနဲ့ အ၀တ်အစားကောက်လဲပီး ဆိုင်ကယ်သော့ကို ကောက်ကိုင်လိုက်တော့
ဒါက ဘယ်လဲဆိုပီး အမိန့်သံပါပါနဲ့ မေ က ကျနော့်ကိုလှမ်းမေးလာတာကို မျက်လုံးချင်းမဆုံမိအောင် ရှောင်ရင်း အိမ်ပြန်မလို့လေ.. နက်ဖန်မနက်မှပြန်လာခဲ့မယ်လို့ ပြောရင်း သူဘာမှစကားပြန်မပြောနိုင်သေးခင်လစ်ထွက်လာခဲ့တယ်။ ခြံဝင်းထဲကနေ လမ်းမပေါ်ကိုဆိုင်ကယ်နဲ့ မောင်းထွက်လာခဲ့ရင်း သက်ပြင်းရှည်ကြီး
ဖူးးး ကနဲချလိုက်မိတယ်ဗျာ။

မနောက်ဘူးဗျာ။ အတည်ပြောတော့မယ်။ ကျနော်တော်တော်လန့်သွားတယ်ဗျ။ ကျနော့်ကိုကျနော်လည်း စိတ်ထဲမှာ အပြစ်တအားတင်နေမိပီ။
ခင်ဗျားတို့နားလည်ချင်မှနားလည်လိမ့်မယ်။ ကျနော်လူကောင်းမဟုတ်ပါဘူးဗျာ။ ကမ္ဘာပေါ်က ဘယ်မိန်းမနဲ့မဆို လိင်ဆက်ဆံဖို့ အသင့်ပါပဲ။ ဒါပေမယ့် မေ က ကျနော့်အချစ်ဆုံးသူငယ်ချင်းဗျ။ ရင်ထဲအသည်းထဲကနင့်နေအောင်ကိုချစ်တာ။ အဲ့ဒီခံစားချက်က ဘာကိုမှယှဉ်လို့မရဘူး။ ရဲဘော်ရဲဖက် ဆိုးတူကောင်းတိုင်ပင်ဆိုသလို
ဟိုးငယ်ငယ်ထဲက ချစ်လာရတာလေ။ အဲ့ဒါကြီးကို ခုလို သွားလုပ်လိုက်မိတာ ကျနော်အင်မတန်မှားသွားပီ။ ကံကောင်းထောက်မလို့ ကျနော်ဟိုလိုကြီး မလုပ်လိုက်မိသေးတာ။ ဒါပေမယ့် ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး။ ကျနော်အပြစ်ရှိသွားသလိုခံစားနေရပီဗျ။ ယူကြုံးမရလည်းဖြစ်နေတယ်။ အဲ့ဒါကြောင့်သူ့ကိုရှောင်
တဲ့အနေနဲ့လစ်လာတာ။ မျက်လုံးချင်းဆိုင်ရမှာကို လိပ်ပြာမလုံတော့တာဆရာတို့ရေ။ တခြားမကြည့်နဲ့ အားကိုးအားထား မရှိ၊ ကလေးလေးတစ်ယောက်နဲ့ ဘ၀ကို သူပဲ အိမ်ထောင်ဦးစီးလုပ်ပီး ရပ်တည်နေရတဲ့ သူငယ်ချင်းမလေးကို သူများစော်ကားမော်ကားလုပ်လာရင် ကာကွယ်ပေးရမယ့်ဥစ္စာ ကျနော်ကိုယ်တိုင်က အနိုင့်အထက်
လုပ်ပေးလိုက်မိပီဆိုတဲ့ စိတ်ကြီးက ကြီးစိုးထားတာဗျ။ ခင်ဗျားတို့တော့ ကျနော့်ကို ဘယ်လိုမြင်မယ်မသိဘူး။ ကျနော်က တစ်မျိုးပါ။ ခေတ်စကားနဲ့ပြောရရင် ဂေါက်သီးပေါ့။

နောက်ထပ်၃ရက်တိတိသူ့ဆီ လုံးဝ မသွားဖြစ်တော့ဘူးဗျ။
ရှောင်ပုန်းနေမိတာပေါ့လေ။ ဘယ်မှလဲမထွက်ဖြစ်ဘူး။ ကျနော့်ခြံထဲက ကုန်လှောင်ဂိုဒေါင်ကို ရှင်းရင်း အလုပ်ရှုပ်နေမိတယ်။ တမင်ကို အလုပ်မရှုပ်ရှုပ်အောင် လုပ်နေမိတာ။ မဟုတ်ရင် ဟိုနေ့က အဖြစ်အပျက်စိတ်ထဲရောက်ရောက်လာပီးနေရခက်လွန်းလို့ပေါ့ ဆရာတို့ရယ်။ အဲ့လိုနဲ့ အဲ့ဒီ၃ရက်မြှောက်ညနေပိုင်းမှာ ကျနော် အလုပ်
လုပ်နေတာ နားလိုက်ပီး ရေမိုးချိုးပီးစ ရေသုတ်နေတုံး ဖုန်းလာတယ်။ ကောက်ကိုင်လိုက်တော့ သူဖြစ်နေတယ်။

ဟရောင်!နင်ကဘာသဘောလဲ
ဟဲဟဲ.. နေကောင်းလား မေလေး
ငါ့ကိုပြောင်ချော်ချော်လာလုပ်မနေနဲ့.. ငါစိတ်တအားတိုနေတယ်နော်.. နင်ခုဘယ်မှာလဲ?
အိမ်မှာလေ.. အလုပ်များနေလို့ပါဆိုနေ
အေး.. ဒေါ်ကြီးတောကသူ့အမျိုးတွေဆီခဏပြန်ချင်တယ် ပြောလို့ ပြန်ခိုင်းလိုက်တယ်... အိမ်စောင့် ကလေးထိန်းဖို့လူခွဲမရှိဘူး ... နင်လာခဲ့
...... ...... .......
ငါပြောနေတာကြားလား ငသက်???
အင်းးး
အင်းဆို ခုချက်ချင်းထွက်လာ
ငါညဖက်လောက်လာခဲ့မယ်လေ အခု.. ဟိုဥစ္စာ
ပွမ်!!!!!!! ပွမ်!!!!!!!!!!!! ကြားတယ်မလား ကားဟွန်းသံ.. ငါနဲ့သမီး ခုနင့်ခြံပေါက်ဝမှာ လာစောင့်နေတယ် ခုချက်ချင်းလာခဲ့ဒါပဲ...

သောက်ကျိုးတော့နဲပါပေါ့လားဆိုတဲ့ စိတ်နဲ့ အ၀တ်အစားမြန်မြန်ကောက်ဝတ်ပီး အိမ်သော့ခတ်၊ ခြံဝကိုအပြေးထွက်လာခဲ့ရတော့တာပေါ့။
စူပုပ်ပုပ်ရုပ်လေးနဲ့ ကားထဲမှာထိုင်စောင့်နေတဲ့ သူ့ကို သေချာမကြည့်ရဲဘူး။ ကျနော့်ကိုမြင်တော့ တခစ်ခစ်နဲ့ရယ်ပြနေတဲ့ သမီးလေးကို ကားထဲဝင်ထိုင်ရင်း ဆွဲပွေ့လိုက်တယ်။ လေးလေးက သမီးလေးကိုလွမ်းနေတာသိလား လာစမ်း မွှမွှပေးဦးမယ်ဘာညာဆိုပီး လျှောက်လုပ်နေရတယ်။ ကျနော်ကားပေါ်ရောက်တာနဲ့စက်နှိုးပီးဝူး
ကနဲထွက်သွားတယ်။ ဒေါသဂုမ္ဘာရလေးကို ကြောက်ရတော့ကာ ဘာမှမပြောရဲပဲငြိမ်ငြိမ်လေးဘေးကနေ စကားကောင်းကောင်းမတတ်သေးတဲ့ သမီးလေးကို ဟိုပြောဒီပြောတွေလျှောက်ပြောပီး ဖိန့်ဖိန့်တွေလုပ်နေရတာပေါ့ဗျာ။ ကားထိုးရပ်လိုက်တော့မှ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်မိတယ်။ မြို့ထဲမှာပဲရှိသေးတယ်ဗျ။ ငါဗိုက်အရမ်းဆာ
လာတယ်.. အိမ်မှာ ဘာမှမချက်ထားဘူး ထမင်းစားမယ် ဆိုတဲ့ အသံပဲကြားလိုက်ရတယ်။ လူက အောက်ရောက်သွားပီ။ သမီးကိုချီရင်းကားပေါ်က ဆင်းလိုက်တော့ စိတ်ထဲမှာ ငယ်မူပြန်ချင်သလိုလိုတောင်ဖြစ်သွားတယ်။ ကျောင်းသားဘ၀က သူနဲ့ကျနော် ကြိုက်လွန်းလို့အမြဲလာစားနေကြ ရှမ်းထမင်းဆိုင်လေးဗျ။ ဟင်းတွေကလည်းကျနော်တို့
ငယ်ငယ်ကအတိုင်း လက်ရာမပြောင်းဘူးရယ်။ ဆန်စေးနဲ့ချက်ထားတဲ့ ထမင်းနဲ့မုန့်ညှင်းစောလို့ခေါ်တဲ့ အချဉ်ရည်ဟင်းကြောင့် ရှလွှတ်ရှလွှတ်နဲ့ ထမင်းစားမြိန်လိုက်တာဗျာ။ သူရောကျနော်ပါ စကားတစ်ခွန်းမှမပြောပဲ ထမင်းနဲ့ဟင်းကို ကုန်းလွေးနေကြတယ်။ စားလို့ပီးခါနီးမှာ ကျနော့်ရင်ခွင်ထဲထည့်ထားတဲ့သမီးလေးက ဆော့ကစားရင်း ဟင်းရည်
သောက်ပုဂံလုံးကို လက်နဲ့လှမ်းပုတ်လိုက်တော့ ဂလွမ်ကနဲမှောက်ကျသွားပါလေရော။ မှောက်သွားတဲ့ ဟင်းရည်တွေက သူ့အမေထိုင်တဲ့ဖက်ကို ၀ရောကနဲဖိတ်ကျသွားတော့ မေ ခြေထောက်တွေပေါင်တွေအကုန်စိုရွှဲကုန်တာပေါ့။ ဟောဗျာ! သမီးလေးရယ် လို့ ရေရွတ်ရင်း စားလက်စတွေချ သမီးလေးကို ကြမ်းပြင်ပေါ်ခဏရပ်ခိုင်းထားရင်း.. စားပွဲပေါ်
က တစ်ရှူးလေးတွေခပ်သွက်သွက်ဆွဲယူလိုက်ပီး မေ့ ခြေထောက်တွေပေါင်တွေကို သုတ်ပေးနေမိတယ်။ ဟင်းရည်က ဒုတိယအကြိမ်ပြန်ထည့်ပေးထားတဲ့ဟာဆိုတော့ နည်းနည်းပူနေတော့ကာ မေ့ခြေထောက်တွေ အပူလောင်သွားပီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ စက္ကူလေးတွေနဲ့ သုတ်ပေးတာအပြင် ကယောင်ကတမ်းနဲ့ ခြေဖမိုးလေးကို ဆွဲယူပီး တဖူးဖူး
နဲ့ လေမှုတ်ပေးနေမိတယ်။

ဟေ့! လူတွေကြည့်ကုန်ပီ .. လို့ သူ့ဆီက ခပ်တိုးတိုးသတိပေးသံကြားလိုက်ရမှ ရှက်ကိုးရှက်ကန်းနဲ့ ဟင်းရည်တွေပြောင်အောင် မြန်မြန်သုတ်ပေးလိုက်ပီးကိုယ့်ခုံမှာ ကိုယ်ပြန်ဝင်ထိုင်လိုက်တယ်။
ငါ့သမီးလေးက.. လူဆိုးမလေးပဲ ဆိုပီး သမီးကို ခေါင်းလေးပွတ်ပီး ကျနော်ပြောနေရင်း မေ့ကို လှမ်းကြည့်လိုက်တော့ ဘာဖြစ်လို့မှန်းမသိဘူးဗျ။ သူပြုံးနေတယ်။ အင်မတန်ကျေနပ်နှစ်သိမ့်ကြည်နူးသွားတဲ့ အပြုံးမျိုး။ ပြုံးရင်းနဲ့ မျက်ရည်တွေရစ်ဝိုင်းနေတယ်။ ကျနော်အံ့သြသွားတယ်ဗျ။ သူဘာဖြစ်သွားတာလဲပေါ့။ အဲ့ဒီမှာပဲ.. စကားသံတစ်ခုကြားလိုက်ရ
တော့ ကလေးတစ်ယောက်ကို ပိုးသဘက်လေးနဲ့ကျောမှာပိုးထားတဲ့ ရှမ်းမလေးတစ်ယောက်ဗျ။

အကိုနဲ့အမ ကျမကိုမှတ်မိကြလား?
အဟီး.. မသိဘူးဗျ
ရော်! အကိုတို့အမတို့ ကျောင်းတက်တုံးက ဒီဆိုင်မှာ ထမင်းလာလာစားရင် "ကလီစာစုံတွဲ" လာပါပီရှင် လို့ အော်အော်နေတဲ့ ကောင်မလေးဟာ ကျမပဲလေ
ဟေ! ဆိုင်ရှင်အန်တီကြီးရဲ့သမီးလေးပေါ့.. အိမ်ထောင်ကျပီး ကလေးတောင်ရနေပီဟုတ်လား?
ဟီးဟီး ဟုတ်တယ်.. အကိုတို့ကိုတွေ့ရတာ ပျော်လွန်းလို့ လာနှုတ်ဆက်တာ
ပြန်တွေ့ရလို့လား
ဟုတ်ပါ့.. အကိုတို့သူငယ်ချင်း၂ယောက်ထမင်းအမြဲလာစားတိုင်း ၀က်ကလီစာမှာတတ်တာမှတ်မိတယ်လေ.. ကျမစိတ်ထဲမှာ ဒီအမချောချောလေးနဲ့အကိုချောချောလေးက တအားလိုက်ဖက်တာ.. သူတို့ညားသွားရင်ကောင်းမှာလို့ဘေးကနေစိတ်ကူးယဉ်ခဲ့ဖူးတာ
ဟားဟား
ခုတော့ ကလေးတောင်ရနေပီနော်.. သမီးလေးကချောလိုက်တာ အဖေတူအမေတူလေး ဆံပင်နက်နက်ကလေးတွေကအစ တူတယ်နော်... ၀မ်းသာလိုက်တာ.. ခုနက အမကို အကိုခြေထောက်သုတ်ပေးနေတာလေးကြည့်ပီး ကြည်နူးသွားတာ အဲ့ဒါမနေနိုင်
မထိုင်နိုင်ဖြစ်ပီး လာနှုတ်ဆက်တာသိလား
သမီးလေးချောတာက အမနဲ့တူလို့ပါကွယ်(မေက ပြုံးစိစိနဲ့ဝင်ပြောလာတယ် သူနဲ့ကျနော်လင်မယားမဟုတ်ဘူးလို့ တစ်ခွန်းမှမဟဘူးရယ်)
ဟီးဟီး... အဖေကောအမေကော ချောပါတယ်အမရ.. ကျမ အံ့သြတာက အကိုနဲ့အမ ဆိုင်ထဲဝင်ဝင်လာချင်း ဟော..ဒီ၂ယောက်ကြည့်စမ်းဟိုးအရင်ကအတိုင်း ငယ်ငယ်လေးတြွေုဖစ်နေတုံးလို့ငေးကြည့်ပီး အံ့သြနေတာ
.... ..... ......


ထမင်းဆိုင်ကစားသောက်ပီးထွက်လာကြတော့ မေ ကကားမောင်းနေရင်း ကျနော့်ကို ပြုံးစိစိနဲ့လှမ်းလှမ်းကြည့်နေတယ်။
ဘာကနေဘယ်လို အူမြူးသွားတာလဲမသိပါဘူးဗျာ။ ဟိုထမင်းဆိုင်က ကောင်မလေး သူ့ကို ချောတုံးငယ်တုံးလို့များပြောခဲ့လို့လားမသိဘူးပေါ့။ ဒီလိုနဲ့ပဲ မေ့ အိမ်ကိုရောက်သွားကြရောဆိုပါတော့ဗျာ။
ဘာဆက်ဖြစ်မယ်ဆိုတာကတော့ နောက်တစ်ပို့စ်ကိုစောင့်ဖတ်ရင်သိမယ်ဗျား။
ခဏရပ်လိုက်ဦးမယ်။ နည်းနည်းမူးလာတော့ စာရိုက်ရတာအဆင်မပြေတော့ဘူးအဟီး။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆