ကျနော့်ရူပဗေဒဆရာမလေး ၂
ခုဗမာပြေမှာ နာမည်ကြီးနေတဲ့ နာရေးကူညီမှုအသင်းဆိုတာ မပေါ်ခင်ကထဲက ဖိုးသက်နဲ့ရွှေဘ အတွဲက အသုဘစပယ်ရှယ်လစ်တွေဖြစ်ခဲ့တာဗျ။ သိတဲ့အတိုင်း တက္ကသိုလ်လည်းပထမနှစ်နဲ့နားနေရတော့ ဘာလုပ်ရမှန်းမသိစိတ်လေလေဖြစ်နေတဲ့ ချာတိတ်အရွယ်ဆိုတော့ သူ့အိမ်ကလက်ဖက်ရည်
ဆိုင်မှာ မနက်စောစော နံပြားရိုက်တာက လွှဲပီး ဘာအလုပ်မှမရှိတဲ့ ကိုရွှေဘနဲ့၂ကောင်သား ရွာရိုးကိုးပေါက်လျှောက်နေတော့တာကိုး။ နေ့လည်နေ့ခင်းဆို မြစ်ထဲချောင်းထဲ အင်းထဲသွားပီး ငါးမျှားလိုက်၊ ကွန်ပစ်လိုက် အကုသိုလ်အလုပ်တွေလုပ်၊ ညနေစောင်းရင် မြို့ပြင်က ခေါင်ရည်ဆိုင်၊အရက်ဆိုင်
လစ်.. လူပျိုပေါက်ချာတိတ်တွေအလယ်မှာ ကိုရွှေဘရဲ့ မူးကြောင်ရူးကြောင်လျှောက်ပြောတတ်တဲ့စွန့်စားခန်းလေးတွေနားထောင်.. သူပြောတာမောရင် ကျနော့် ကလှည့် အဲ့လိုနဲ့ပဲ အချိန်တွေဖြုံးပီး ပျော်နေကြတာပေါ့။ အဲ့လိုနေလာရင်း မြို့ထဲက ရပ်ကွက်တစ်ခုခုမှာ နာရေးဖြစ်တယ်လို့သတင်းကြား
ရင် ပြေးတော့တာဗျို့။ အလောင်းရေချိုးတာကနေ စလုပ်ပစ်လိုက်တာ (ထုံးစံအရ အသုဘမှာ အရက်က ပုံးလိုက်ထောင်ထားတာဆိုတော့ အာတော့နည်းနည်းစွတ်ထားတာပေါ့အဟီး) ပျဉ်ဝယ် အခေါင်းစပ်၊ သေစာရင်းယူ သုဿန်သွား မြုပ်မယ့်ကျင်းတူးတာသွားစီစဉ်(ကျင်းဟောင်းပြန်ဖော်တာမျိုး
မဖြစ်အောင်) အသုဘချမယ့် ရထား ပန်းစက္ကူကပ်(မသာရထားကိုကြိုးနဲ့ဆွဲပီး အသုဘချတဲ့ခေတ်) နောက်ဆုံး အလောင်းမြေကျတဲ့အထိ အကုန် ကျနော်တို့၂ကောင်ရဲ့ လက်ရာတွေချည်းပဲ။ အသုဘရှင်တွေ စိတ်ပူစရာမလိုဘူးရယ်။ လူမှုရေးစိတ်တအားရှိတာဆိုတာထက် ပျော်တာကိုးဗျဟီး။
အိမ်လည်း မပြန်တော့ဘူး။ ရက်မလည်မချင်း အဲ့ဒီမှာပဲ နေ့ကောညပါ စတန်းဘိုင်။ အဲ့ဒီခေတ်ကလည်း မသာရှိရင် ဖဲဝိုင်းက အကြီးအကျယ်ချတဲ့ခေတ်လေ။ မြို့ကြီးပြကြီးတွေလို လူသေလို့ အသုဘစားရိတ်မရှိ ဒုက္ခသုက္ခ ရောက်တာမျိုးမရှိဘူးဗျ။ အဲ့ဒီဖဲဝိုင်းက အကောက်ပက်ဆံတွေ ရေလည်ရတယ်။
အဲ့ဒီက ပက်ဆံနဲ့ပဲ အလောင်းမြေကျဘာညာဆွမ်းကျွေးအတွက်ပါ အကုန်သုံးလို့ရတဲ့ အပြင် အမြတ်တောင်ထွက်သေးတာအဟီး။ တကယ်ပြောတာ ခုချိန်ပြန်တွေးကြည့်ရင် လွမ်းစရာတောင်ကောင်းသေး။ အိမ်မှာလူသေတာ အမြတ်ထွက်ပီး ပက်ဆံစုမိတယ်ဆိုတာ ကျနော်တို့မြို့မှာပဲရှိမယ်ထင်တယ် ။
တစ်ခုတော့ရှိတာပေါ့ အသုဘကို စီစဉ်တဲ့ လူအပေါ်မူတည်မယ်။ အသေအကျေချတဲ့ နာမည်ကြီး ဖဲသမားတွေကို ဖိတ်ပီး လာဆော့ပေးကြပါဆိုမှ အသုဘလူစည်တာမျိုး။ ကိုရွှေဘဆိုတာကလည်း နာမည်ကြီးလူမိုက်ဆိုတော့ တစ်နယ်လုံးက ဖဲသမားတွေအကုန်ခင်ကြတော့ကာ သူစီစဉ်တဲ့ အသုဘဆို
ရေလည်စည်တယ်ဗျာ။ တခြိမ်းခြိမ်းအသေအကျေရိုက်ကြတဲ့ ဖဲဝိုင်းတွေဆိုတော့ အကောက်တွေများများရတယ်ပေါ့။ ၂ကောင်သား ၇ရက်၇လီ မပီးမချင်း ကျောက်ချပီး ပျော်နေတော့တာ။ ဖဲဝင်ချလိုက်၊ အကောက် ကောက်ပေးလိုက်.. ထုံးစံအတိုင်း လောင်းကစားတို့မည်သည် အငြင်းအခုန်အသတ်အပုတ်
ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်လာရင်(ကိုယ့်နယ်က မဟုတ်တဲ့ ဖဲသမားတွေနဲ့ ချတာနှက်တာလေးတွေပါ ပါလာတယ်) သွေးကြွတဲ့ အရွယ်ဆိုတော့ လက်က ပါပါတတ်လာကော။ ကိုယ့်မြို့မဟုတ်ပဲ သူများမြို့က အသုဘမှာ သွားချရင်လည်း အညှစ်ခံရရင် လက်မြန်ခြေမြန် ဂွပ်ကနဲဗျင်းပီး
ပြေးပေါ့။အဲ့ဒီလိုနဲ့ပဲကိုယ့်မြို့ကိုယ်ရွာမယ် ဖဲသမားလူပေလူတေလေးဆိုပီး အပေါင်းအသင်းမကောင်းတော့ နာမည်ပျက်လာတယ်ဆိုပါတော့ဗျာ (ကိုရွှေဘသာကြားရင် ရီး!အပေါင်းသင်းမကောင်းတာလားလို့ ဆဲမယ်ထင်ပါရဲ့ လွမ်းလိုက်တာဗျာဟီးဟီး)
သောင်းကျန်းတာများလွန်းလို့ ကျနော့်အိမ်က အဒေါ်တွေ ပွမ်ပီဆိုရင် ခဏတော့ ငြိမ်ပီး အိမ်အလုပ်တွေ၊ပွဲရုံအလုပ်တွေကူလုပ်လိုက်သေးတာ။ တစ်ပတ်နှစ်ပတ်လောက်ခြေငြိမ်ပီးရင် ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုတာလို အရင်အတိုင်းပါပဲ။
ကိုရွှေဘလည်းထိုနည်း၎င်းပေါ့။ သူ့ဆို သူ့အဖေကြီးက..ဖဲရှုံးပီး စက်ဘီးပေါင်၊အိမ်က ဟိုဟာခိုးဒီဟာခိုးလုပ်လွန်းလို့ အိမ်ကခဏခဏမောင်းချတာပေါ့။ မောင်းချခံရရင် ရပ်ကွက်ထိပ်က မီးကင်းတဲမှာနေတယ်ဟီးဟီး။ မီးကင်းတဲဆိုပေမယ့် ပျဉ်ထောင်သွပ်မိုး အခိုင်အခန့်ကိုး။ အိပ်ယာလိပ်ကလေးနဲ့ အိမ်ပေါ်က
ဆင်းလာပီး မီးကင်းထဲကို သူ့ အိမ်လုပ်ပီးနေရတာပေါ့။ ရေမိုးချိုးတာကတော့ ကျနော့်အိမ်လာချိုးပေါ့။ ၀ါးတီးဘာညာကတော့ ရပ်ကွက်ထဲက ဘယ်မီးဖိုချောင်ဝင်စားစားရတယ်ဗျာ။ ပေါင်းသင်းဆက်ဆံရေးက အင်မတန်ကောင်းပီး လူချစ်လူခင်ပေါလွန်းလေတော့ တစ်ရပ်ကွက်လုံး လူကြီးလူငယ်မရွေးချစ်တဲ့
သူကိုး။ ဥပမာဗျာ.. မနက်ခင်းစောစောဈေးက ပြန်လာတဲ့ ရပ်ကွက်ထဲက တစ်ယောက်ယောက်ကို တွေ့ရင်လှမ်းနှုတ်ဆက်၊ ဘာတွေဝယ်လာတာလဲ ဟာ.. အဲ့ဒီဟင်းက ဟိုလိုချက်ရင် အင်မတန်စားကောင်းတာ ကျနော်ချက်ပြရမလား ဘာညာနဲ့ ဖောရှောလုပ်ပီး အာလူးဖုတ် .. အိမ်အထိလိုက်သွားပီး မီးဖိုချောင်
ထဲဝင် အသားငါးတွေဝင်ကိုင်ပီး ချက်ပြုတ်ပစ်လိုက်တော့တာ (အချက်အပြုတ်ကလည်းတော်တာကိုး) ချက်ပီးတာနဲ့ တစ်ခါထဲဝင်တွယ်ပစ်လိုက်တာဗျာ အဲ့လိုလူဗျ။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ပြုံးပျော်ပီး ဟောင်ဖွာဟောင်ဖွာရယ်။ စိတ်ညစ်နေတာကိုမရှိတာမျိုး။ အဲ့လိုအဆင်မပြေရင်လည်း နေ့ခင်း၁၁နာရီ
လောက် ဘုန်းကြီးကျောင်းလစ်ပီး ဆွမ်းချိုင့်တွေဘာတွေဝင်ပြင်၊ ဘုန်းကြီးတွေ ဘုဉ်းပီးတာနဲ့ ၀င်ဆွဲပစ်တာဟီးဟီး။
ရူပဗေဒဆရာမလေး ခုထိပေါ်မလာသေးတော့ စိတ်ပျက်နေကြပီလား ညီအကိုတို့ရာ။
ကျနော်ကလည်း တစ်ခုခုဆို ဟိုလျှောက်ပြောဒီလျှောက်ပြောတွေများလွန်းတာကိုး ချောဒီး။ ရူပဗေဒဆရာမလေးနဲ့ ပြန်ဆုံတဲ့ အခန်းလာပါပီဗျား။ အဲ့ဒီဆရာမလေးက ကျနော့်ထက်၅နှစ်၆နှစ်လောက်ကြီးတယ်။ တိတိကျကျပြောရရင် ကျနော့် ဒေါ်လေးနဲ့ ဘော်ဒါတွေဗျ။ ဟမ်! နင့်အဒေါ်သူငယ်ချင်းကြီးလားလို့မေးချင်
နေကြမယ်ထင်တယ်။ တကယ်တမ်းက အဒေါ်ဆိုပေမယ့်လို့ ကျနော့်မာတာမိခင်ရဲ့ ညီမအထွေးဆုံးဆိုတော့ ကျနော်နဲ့ အသက်က သိပ်မကွာဘူး (ဒေါ်လေးကို မမခင်ခက် လို့ခေါ်တာကိုး) သူ့ဘော်ဒါအရင်းကြီး။ မှန်ရာပြောရရင် အဲ့ဒီ ရူပဗေဒသင်တဲ့ ဒေါ်ခင်ချိုမေဆိုတာကို သေသေချာချာတောင် သတိမထားခဲ့မိဘူး။
ဆိုလိုတာက သူ့ရုပ်ရည်သွင်ပြင်ဘာညာကိုပြောတာ။ တကယ်တမ်း ပြန်ဆုံရတာက ကျနော့် တစ်တားယုတ်ထု ထဲရေးဖူးတဲ့ ကျနော့်ဒေါ်လေး မင်္ဂလာဆောင်မှာဗျ။ မင်္ဂလာဆောင်မယ် နယ်မြို့ထုံးစံအတိုင်း ထမင်းဟင်းကျွေးကြမွေးကြရာမှာ ဟင်းလိုက်ပွဲတွေဘာတွေ လိုက်ပီး ကူနေရာကနေ ကျနော့်အဒေါ်တွေက ဟဲ့! ဟိုကလေး
ဒီဝိုင်းကိုလာစမ်းဆိုပီး ခေါ်လို့ သွားထိုင်တော့ အထက်တန်းတုံးက ကိုယ်အင်မတန်ကြောက်ရတဲ့ ဆရာမကြီးတွေ ၀ိုင်းဗျ။ အဒေါ်တွေက ကျနော်ဆိုးပေတေလွန်းနေတာတွေကို တိုင်ပြောထားပုံရပါတယ် ကောင်းကောင်းဆိုဆုံးမ ခံရတော့တာဗျာ။ ခေါင်းကို မဖော်နိုင်ဘူး။ အပွမ်ခံနေရတာ။ ခေါင်းခေါက်၊ ဗိုက်ခေါက်ဆွဲလိမ်တာတွေ
ပါ ပါသေးတယ်။ ကိုယ်ကလည်း ကြောက်ရတဲ့ ဆရာမတွေဆိုတော့ ဟုတ်.. နောက်မလုပ်တော့ပါဘူးပေါ့ဟီးဟီး တကယ်တမ်းက ကျနော်ဒီလောက်မဆိုးပါဘူး ကောလဟာလတွေပါဆရာမတို့ရာပေါ့။ အဲ့လိုပေါက်ကရလေးတွေ ဆင်ခြေပေးရင်း ဆရာမတွေကို သွားဖြဲလေးနဲ့ မျက်နာချိုသွေးနေရင်း
တစ်ဝိုင်းထဲ ထိုင်နေတဲ့ အပျိုကြီးစတိုင်နဲ့ အမျိုးသမီးလေးတစ်ယောက်ကို အမှတ်တမဲ့မြင်လိုက်မိတယ်ဗျ။ မထီတရီ မျက်နာတင်းတင်းလေးနဲ့ ကျနော့်ကို လူမိုက်ကလေးပါလားဆိုတဲ့ အကြည့်မျိုးနဲ့ငေးနေတာ။ ချောလိုက်တာဗျာ။ ချောတာ ဆိုတာထက် ကျက်သရေရှိတဲ့ဟန်ပန်လေးရယ်။ ကိုယ်နေဟန်ထားမတ်မတ်ကလေး။
ဆံပင်အရှည်ကြီးကို ကျစ်ဆံမြီးတုတ်တုတ်ကျစ်ပီး လက်ကိုင်ပုဝါအဖြူလေးနဲ့စည်းနှောင်ပီး ရင်ဘတ်အရှေ့ဖက်ချထားတယ်။ အ၀ါရောင်ဝမ်းဆက် ကလေးနဲ့ မျက်နာလေးက ဖူးဖူးလေးရယ်။ ဘေးတိုက်အနေအထားကဆိုတော့ ခါးသေးသေးလေးနဲ့ ကိုယ်လုံးကိုယ်ပေါက်က လှတယ်ဆိုတာထက်ပိုတယ်ဗျာ။ ဆရာမတွေဝိုင်းဆူ
တာခံနေရတာတောင် မကြားတစ်ချက်ကြားတစ်ချက်ဖြစ်သွားတယ်။ သတိလက်လွှတ်ငမ်းနေမိတာဟီဟိ။ ဇွန်းခရင်းတွေကိုင်ထားတဲ့ လက်ချောင်းလေးတွေကလည်း သွယ်လျလျ၊ လက်မောင်းအိုးလေးတွေကလည်း ဆင်စွယ်နှစ်ရောင်အိစိစိလေးတွေ၊ တို့လိုက်ရင် အိစက်စက်ကလေးနေမှာပဲ ဂလု! ပေါ့။ ရင်ကလေးကလည်း
ခါးတိုအင်းကျီလေးဝတ်ထားတော့ မောက်မောက်ကလေးရယ်။ ဘေးခွဲ ခွဲထားတဲ့ ဆံနွယ်လေးတွေမျက်နာပေါ်ဝဲကျနေတာကို လက်ညှိုးလက်ခလယ်၂ချောင်းနဲ့ ထိုးညှပ်ပီး သပ်တင်လိုက်တော့မှ မျက်နာကို အသေချာမြင်လိုက်ရတယ်။
ဒင့်မေကလွှား! ဒါ ဟိုဖိဆစ်သင်တဲ့ ဒေါ်ခင်ချိုမေ ပါလား
ကျနော့်တစ်ကိုယ်လုံး ထူပူသွားတာပဲဗျာ။ (ခုဒီစာရေးနေရင်းကို ရှိန်းတိမ်းတိမ်းဖီလင်ပြန်ဖြစ်လာတယ် ဟားဟား)
ဒိန်းတလိန်းနတ်ဖမ်းစားပီပေါ့လေ။ ဆရာမတွေဆူသမျှခံပီး တဟီးဟီးလုပ်နေရင်း သူ့ကိုပဲ ခိုးခိုးကြည့်နေမိတယ်။ ခုနက သောက်ရှက်မရှိသမျှ ခုမှ သူရှေ့မှာ ဖဲသမားဆိုပီး အဆူခံထိနေတာကို ရှက်သလိုလိုတောင်ဖြစ်လာတယ်အဟိ။ ခဏနေတော့ ဆရာမကြီးတွေထပြန်ကြတယ်။ ခြံအပြင်ထိ ကျနော်လိုက်ပို့ပီးတာနဲ့ စားနေသောက်နေ
သေးတဲ့ အပျိုကြီးပေါက်စလေးဆီ အသာလေးပြန်လစ်လာခဲ့တာပေါ့။ သတို့သမီး ကျနော့်ဒေါ်လေးက သူ့ဘေးမှာ ဧည့်ခံနေတာတွေ့လို့ ၀င်ဖောတော့တာပေါ့။ မမ.. သားလည်း ဗိုက်ဆာလာလို့ ဆိုပီး အဲ့ဒီဝိုင်းမှာတင် ၀င်ထိုင်ပီး ထမင်းဝင်စားလိုက်ကော။ သူတို့၂ယောက် ဟိုပြောဒီပြောလေးတွေ လုပ်ပီး တခွိခွိလုပ်နေကြတာ ဟိုမော့ဒီမော့
လုပ်ရင်း ရှိုးနေလိုက်တာပေါ့ဗျာ။ ဟဲ့! ချိုမေ နင်ကော ဘယ်တော့ယောကျာ်းယူမလဲ.. ခုထိ အဆင်မပြေသေးရင် ငါ့ကိုသာ ပွင့်ပွင့်လင်းလင်းပြော နင့်ကို ငါတူမ တော်ပစ်လိုက်မယ်လေ.. ဆိုပီး ကျနော့်ဒေါ်လေးက သူ့သူငယ်ချင်းကို နောက်ပြောင်ရင်း ကျနော့်ကို မေးငေါ့ပြတယ်။ အဲ့ဒီမှာ ဆရာမလေးက မျက်နာလေးရှုံ့ပြပီး လောင်းကစားသမားများအေ..
ပြန်အမ်းပါတယ် ကန်တော့ဆွမ်းပါ တော်.. တဲ့ ကျနော့်မျက်နာကို တစ်ချက်မှ မကြည့်ပဲ ပြန်ပြောတယ်ဗျ။ (ရင်ထဲမှာ ဘုရားပွဲလှည့်ကုန်တယ်ဗျာ ဟီးဟီး) သောက်ပေါလိုလိုသောက်ရူးလိုလိုနဲ့ သူတို့ပြောသမျှ တဟီးဟီးနဲ့ ၀င်ရယ်လိုက်သေးတာ။ ခဏနေတော့ သတို့သမီးကျနော့်ဒေါ်လေး ထထွက်သွားတယ်။ ဟဲ့! ဟိုကလေး နင့်ဆရာမလေးကို
သေချာဧည့်ခံထားချေ ကြားလား.. လို့ပြောပီး ပြုံးစိစိနဲ့လစ်သွားတယ်။ တစ်ဝိုင်းထဲမှာ ၂ယောက်ထဲကျန်ခဲ့လေတော့ကာ လူတွေစည်ကားဆူညံနေတဲ့ မင်္ဂဆောင်ပေမယ့် ကျနော့်မှာ ၂ယောက်ထဲ တစ်ခြားကမ္ဘာရောက်နေတာလိုလို ဖီးလ်တွေဖြစ်နေတာဟီဟိ။ သူ့မျက်နာကလည်း ထုံးစံအတိုင်း ရှုတင်းတင်းလေး။ ကျနော့်လည်းရှိတယ်လို့
ထင်ပုံမရပါဘူး။ ဆရာမ.. ဘာလိုသေးလဲလို့ လောကွတ်ချော်ပီး စကားသွားပြောတာတောင် မကြားချင်ယောင်ဆောင်နေတယ်။ ကျနော်ကလည်း မရှက်ဘူး ဟင်းတွေဘာတွေ ခပ်ပီး သူ့ပန်းကန်ပြားထဲ ထည့်ပေးလိုက်သေးတာ။ ကျမမှာ လက်ပါတယ်.. လို့ဟောက်သံလေးနဲ့ အော်လာမှ လန့်ပီး ငြိမ်သွားလိုက်ရတာဟီး။
သိပ်မကြာပါဘူး မျက်နာရူး ဖိုးသက်နဲ့ တစ်ဝိုင်းထဲစားနေရတာ အော့နှလုံးနာလို့နေမယ် မြန်မြန်လက်စသတ်ပီး ထလစ်သွားတယ်။
အဲ့ဒီနေ့ညက အိပ်လို့မပျော်ခဲ့ဘူး ညီအကိုတို့ရာ။ တစ်ညလုံး ဆရာမလေးရဲ့ ချစ်စရာပုံစံလေးပဲ မျက်စိထဲ တစ်ဝဲလည်လည်မြင်နေမိခဲ့တာပေါ့။
နောက်ထပ်၃-၄ရက်လောက် ရောဂါက ဆက်တိုက်တက်လာပေမယ့်လို့ ဘယ်လိုမှ သွားပတ်သက်စရာအကြောင်းမရှိတဲ့ အခြေနေကြီးဆိုတော့ ယိုဖိတ်နေတဲ့ ချစ်စိတ်တွေ ရင်ထဲသိမ်းထားရင်း နေမထိထိုင်မသာဖြစ်နေတာပေါ့လေ။ တစ်မနက်ခင်းမှာ ကျနော့်မာတာကြီးက မနက်စောစောတို့ဟူးနွေးစားချင်တယ်ဆိုလို့ ဈေးထဲလစ်ပီး
တို့ဟူးနွေးပါဆယ်သွားဝယ်ရတယ်။ အဲ့ဒီဟင်းသီးဟင်းရွက်တန်းအစွန်က တို့ဟူးနွေးရောင်းတဲ့ ခေါက်ဆွဲဆိုင်ထဲမှာ ဆရာမလေးခေါက်ဆွဲမှာစားနေတာသွားတွေ့တယ်ဗျား။ ဘယ်ရမလဲ ချက်ချင်း ခေါက်ဆွဲတစ်ပွဲမှာပီး ပန်းကန်မ လို့ လူတွေကြပ်နေတဲ့ ခေါက်ဆွဲဆိုင်ထဲ ဆရာမလေးရဲ့ဘေးမှာ ၀င်ထိုင်ပစ်လိုက်တာပေါ့အဟိ။
မုန့်ညှင်းစိမ်း အချဉ်ပန်းကန်လေး လက်မမီလို့ တစ်ချက်လောက်လှမ်းပေးပါခင်ည.. ဆိုပီး ကပ်ပြောလိုက်တော့ ဆတ်ကနဲ့ ငှဲ့ကြည့်လာတယ်။ ခပ်တင်းတင်း မိုက်ကြည့်တစ်ချက်ကြည့်ပီး အချဉ်ပန်းကန်ကို ကျနော့်ဖက်တိုးပေးတယ်။ ခေါင်းငုံ့ပီး ခေါက်ဆွဲဆက်စားနေတယ်။ ကျနော့်မှာ ရင်တွေတုန်ပီး ပျော်နေတာဗျာ။ မနက်စောစောစီးစီး
လူသံတွေဆူညံပွက်လောရိုက်နေတဲ့ ဈေးထဲ ခေါက်ဆွဲစားရင်း ဆရာမလေးနဲ့ ပူးကပ်ကပ်လေးထိုင် ကိုယ်သင်းနံ့မွှေးမွှေးလေးခိုးရှူနေရတာလေဟဲဟဲ။ သူ့ပန်းကန်ထဲက ခေါက်ဆွဲတွေလည်း ကုန်သွားရော ပက်ဆံရှင်းမယ့်ဟန်နဲ့ ပက်ဆံအိတ်သေးသေးလေးကို ဇစ်ဆွဲဖွင့်တော့ ကျနော်ရှင်းထားပီးသား.. လို့ တိုးတိုးလေးကပ်ပြောလိုက်တယ်ဟဲဟဲ။
အောက်နှုတ်ခမ်းကို ကိုက် ဘုကြည့်တစ်ချက်ကြည့်ပီး ထထွက်သွားကောဗျာ။ ဘယ်ရမလဲ အီဖေကိုယ်ကလည်း စားလက်စ ခေါက်ဆွဲပန်းကန်ကို အသာလေးချပီး လူကြိတ်ကြိတ်တိုးနေတဲ့ ဈေးထဲ အတင်းတိုးပီး ဆရာမလေးနားကပ်လိုက်သွားတော့တာပေါ့။ ဆရာမလေး အသီးအရွယ်၊အသားငါးလေးတွေဟိုဝယ်ဒီဝယ်လုပ်နေတာကို ဘေးကနေ မသိမသာ
ကပ်လိုက်သွားရာကနေ၊ သူဈေးတွေဘာတွေဆစ်နေရင် ဘေးကနေ ပြုံးစိစိနဲ့ သွားရပ်ပီး စကားဖောရောတွေလိုက်လုပ်ပစ်တာဟီးဟီး (ကျနော်ငယ်ငယ်က အတော်သောက်ခွက်ပြောင်တာမြင်ကြပီမလားခွိ) သူက ကျနော့်ကို အဖက်ကိုပြန်မလုပ်တာဗျ။ အဲ့လိုနဲ့ ဈေးထဲမှာ ဟိုတိုးဒီတိုး သူ့ဘေးနားက ကပ်လိုက်၊ ခွါလိုက် ဖြစ်နေရာကနေ ဈေးဝယ်ပီး
အပေါက်ဝက စက်ဘီးစတန်းနား ဈေးခြင်းလေးကိုင်ပီးထွက်လာတော့ ဘေးကနေ ရင်ကော့ ခေါင်းမော့ မသိချင်ယောင်ဆောင်လိုက်လာတဲ့ ကျနော့်ကို အောက်နှုတ်ခမ်းတင်းတင်းကိုက်ပီး စကားလှမ်းပြောလာတယ်။
ဖဲသမား.. ကျမ ရှင့်အဒေါ်ခင်ခက်ကို ပြန်တိုင်မှာနော် .. အရှက်ကိုမရှိဘူး တောက်!
ဟီးဟီး.. ကျနော်ဘာလုပ်လို့လဲ
ဘာကိစ္စ အရှက်မရှိ ကျမ ဘေးနားကနေ ပြုံးဖြဲဖြဲလုပ်ပီး လိုက်လာရတာလဲ
မလိုက်ပေါင် ကိုယ့်ဖာကိုယ် ဈေးထဲလျှောက်ကြည့်တာ
တောက်!
ဆရာမလေးက စိတ်တိုရင် ပိုပိုချောလာတယ်ဗျဟီး
သတ္တိရှိရင် ဈေးအပြင်ထိလိုက်လာခဲ့ ဈေးအရှေ့က ဆရာမကြီး ဒေါ်ဒေါ်အုန်းကို ၀င်တိုင်မယ်
အဟီး.. တာ့တာနော် ဆရာမလေး လစ်ပီ
ဈေးထဲပြန်ဝင်ပီး ပြေးလာခဲ့တယ်ဗျာ။ သူပြောတဲ့ဆရာမကြီးဆိုတာ လမ်းမှာ ဆေးလိပ်သောက်နေတာမြင်ရင် နားရင်းဝင်ရိုက်တတ်တဲ့ ကျောင်းအုပ်ဆရာမကြီးဗျ။ တပည့်တွေအကုန်ကြောက်ရတယ်။ ကျနော်လည်း ကြောက်တယ်လေအဟီး။
ဈေးထဲပြန်ဝင် အမေမှာလိုက်တဲ့ တို့ဟူးနွေးလေး ပါဆယ်ဆွဲပီး အိမ်ပြန်လာခဲ့တယ်။ တစ်လမ်းလုံး ပြုံးစိစိနဲ့ အူမြူးလာခဲ့တယ်ဗျာ။ ကျနော်တော့ ဒီဆရာမလေးကို ရေလည် သဘောကျနေပီ။ မရ အရကို အတင်းကြံတော့မယ်လို့ ဆုံးဖြတ်ထားလိုက်ပီပေါ့။ နောက်တစ်ပို့စ်မှာ
အင်မတန်ဇွတ်တရွတ်ထိုးဆန်တဲ့ လူဆိုးလေး ဖိုးသက် မျက်နာကြောတင်းလွန်းတဲ့ ရူပဗေဒဆရာမလေးကို ဘယ်ပုံ ဘယ်နည်း အတင်းကြံတယ်ဆိုတာလာပါတော့မယ်ခင်ညာ။ စိတ်နည်းနည်းရှည်ပီးစောင့်ဖတ်ကြပါ ကျနော့်ညီအကိုများ။

Comments
Post a Comment