အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၅



နောက်ပိုင်းရက်တွေမှာ တဖြေးဖြေးနဲ့ ကျနော်အိမ်ပြန်မအိပ်ပဲသူ့အိမ်မှာအိပ်ဖြစ်တာတွေဘာတွေဖြစ်လာတယ်။
အဖိတ်နေ့တွေဆို သူ့အလုပ်တိုက်ပိတ်တယ်လေ။ နက်ဖန်အလုပ်မသွားရဘူး ဒီည အိမ်မယ်တစ်ခုခုလုပ်စားရအောင်ဘာညာဆိုပီး အဖော်စပ်တဲ့အခါမျိုးဆို ကျနော်ကလည်း လုပ်လေဟာဆိုပီး နေ့ခင်းပိုင်းကထဲက လိုအပ်တာတွေအကုန်ကြိုပြင်ထားလိုက်တော့တာကိုးဗျ။
အဲ့ဒီနေ့ညနေသူပြန်ရောက်လာပီး ရေမိုးချိုးသနပ်ခါးရေကြဲလေးပွတ်၊ ဆံပင်ဖားလျားလေးချ၊ အိမ်နေရင်းစွပ်ကျယ်အဖြူ ထမီတစ်ပတ်နွမ်းလေးနဲ့ခြံထဲဆင်းလာတဲ့အချိန်ဆို ကျနော်က ဘာဘီကယူးတွေဘာတွေ အသင့်အနေအထားနဲ့ မီးဖိုပေါ်မှာ စကင်နေပီ။ အစားအသောက်
တင်မကဘူး အလင်းရောင်ပျောက်စအချိန် အကင်တွေကင်နေတာ မန်ကျည်းပင် အောက်မှာဆိုတော့ ရောင်စုံမီးပုံးလေးတွေ ၄-၅လုံးပါထွန်းပီး ကိုင်းကျနေတဲ့ မန်ကျည်းကိုင်းတွေမှာ ချိတ်ထားလိုက်သေးတယ်။ ဒါတင်မကသေးဘူးဆရာ မီးဖိုထဲက ဒေါ်ကြီးလာလာပို့တတ်တဲ့
သင်္ဘောသီးလက်သုတ်တို့၊ ဆတ်သားမွှတွေထည့်သုတ်ထားတဲ့ လက်ဖက်သုတ်တို့ပါသေးတယ်။ မတ်တပ်စားပွဲလေးတစ်လုံးဘေးမှာချထားလိုက်ပီး စားစရာတွေအစီအရီပေါ့ဗျာ။ နည်းနည်းမှောင်စပျိုးလာတဲ့အချိန်လောက်ဆိုအားလုံးရယ်ဒီဖြစ်ပီပေါ့။ အဲ့ဒီတော့မှအိမ်ထဲဝင်ပီး
ကျနော့်လက်နက်ပုန်းတွေသွားထုတ်လာတယ်။ စတီးဇလုံကြီးထဲအကုန်ပစ်ထည့်ပီးစပ်လိုက်တာပဲ။ ရေခဲတုံး၊ဖျော်ရည်၊နာနတ်သီးစိတ်သေးသေးလေးတွေ(သံဗူးထဲကဟာ)၊ လှီးထားတဲ့သရက်သီးစိတ်ကလေးတွေအဲ့လိုသစ်သီးဝလံလေးတွေပစ်ထည့်နောက်ဆုံးမှ ဂျေဒီဝီစကီတစ်ပိုင်းလောက်ဖောက်ထည့်
လိုက်ပီးမွှေနောက်လိုက်ရင် မွှေးတေးတေးချိုတိုတိုနဲ့ အင်မတန်သောက်ကောင်းတဲ့ ကော့တေးလ်ရလာတာပေါ့ဗျာ။

ကိုင်း! ဘာလိုသေးလဲဗျာ။
အကင်လေးတွေကင်လိုက်၊ ရလာရင်အသင့်စောင့်နေတဲ့ဟိုမမလေးရှေ့ကစားပွဲပေါ်ချပေးလိုက်၊ ဇလုံထဲက အာရွှင်စေတဲ့ဖျော်ရည်အေးအေးလေးတွေခွက်နဲ့ခပ်ပီးဂလုလိုက်၊ ဟ! ဆိုပီး ကင်ပီးသားအသားတုံးလေးတွေကို ခက်ရင်းနဲ့ထိုး အချဉ်ရည်စိမ်တို့ပီး ကျနော့်ချစ်သူငယ်ချင်းလေးကလာလာခွံ့ကျွေးတာကို အာဝု! ဆိုပီးလှမ်းကိုက်ဆွဲလိုက်နဲ့
ဘယ်လောက်ဇိမ်ကျတဲ့ ညနေခင်းလေးလဲပေါ့။ စကားတွေဖောင်ဖွဲ့နေတဲ့ ကျနော့်သူငယ်ချင်းမလေးရယ်၊ ကျနော်တို့ဘေးမှာ တတောက်တောက်နဲ့ပြေးလွှားဆော့ကစားနေတဲ့သမီးလေးရယ်နဲ့ ရောင်စုံမီးပုံးကလေးတွေအောက်က ပျော်စရာဘာဘီကယူးပါတီပေါ့ဗျာ။ နည်းနည်းမိုးချုပ်သွားတဲ့အခါ
ဆော့ကစားရတာမောသွားတဲ့သမီးလေးကိုဒေါ်ကြီးလက်ထဲထည့်ပီးအိပ်ယာထဲပို့သိပ်ခိုင်းလိုက်ပီး၊ ဗိုက်တင်းစပြုလာတဲ့ ကျနော်တို့နှစ်ယောက် အစား စားတာရပ်၊ ကော့တေးလ်က ဗိုက်အင့်တယ်ကွာဆိုပီး ၀ီစကီကိုဆော်ဒါနည်းနည်းရော ရေခဲစိမ်ပီးတစိမ့်စိမ့်မြုံ့ရင်း ရောက်တတ်ရာရာတွေလျှောက်ပြော
ကြတော့တာပဲ။ညဥ့်နက်သွားတော့မှ ကိုင်း! အိပ်ဖို့သင့်ပီဆိုပီး ၂ကောင်သား ယိုင်တိုင်တိုင်နဲ့ထ၊ ပစ္စည်းပစ္စယတွေမသိမ်းနိုင်တော့ဘူး။ ဒီအတိုင်းပစ်ထားခဲ့ပီး တစ်ယောက်နဲ့တစ်ယောက်တွဲရင်း အိမ်ထဲဝင်ရတော့တာဗျ။ ပြန်လို့လည်းမဖြစ်တော့ဘူး လူလည်းအတော်ကွဲနေပီဆိုတော့ကာ သူ့အိမ်က အခန်းလွှတ်
တစ်ခုထဲ ၀င်ထိုးအိပ်လိုက်တော့တာပါပဲ။ နောက်တနေ့မနက်အိပ်ယာစောစောနိုးလာတော့မှ မနေ့ညက ဖွထားခဲ့တဲ့ ခြံထဲကဟာတွေဆင်းပီးသိမ်းရတော့တာပေါ့။ ကျနော်သိမ်းဆည်းလှဲကျင်းပီးလို့ အိမ်ထဲပြန်ဝင်လာ ရေမိုးချိုးကိုယ်လက်သုတ်သင်ပီးတဲ့အချိန်ဆို ကျနော့်သူငယ်ချင်းမလေးရဲ့ လက်ရာမြီးရှည်
မွှေးတေးတေးက မီးဖိုထဲမှာရယ်ဒီဖြစ်နေပီဗျ။ ဒီကောင်က ဟင်းချက်ထမင်းချက်လည်းကောင်းကောင်းကျွမ်းကျင်တာကိုး။ သူပြင်ထားပေးတဲ့ မြီးရှည်ကို တရွှတ်ရွှတ်စားနေတဲ့ကျနော့်ကို စိုက်ကြည့်ရင်း ...

ငါမနေ့ညကအင်မတန်စိတ်ချမ်းသာတယ်သိလား လို့ ပြောလာတယ်။ ကျနော်ကလည်း အေး! ငါလည်းတူတူပဲဟ လို့ပြုံးစိစိနဲ့ပြန်ပြောတတ်တယ်။
အဲ့လိုပိတ်ရက်မျိုးတနေကုန် သူချက်ကျွေးသမျှလေးဝါးလိုက်၊ ဧည့်ခန်းထဲမှာ ၂ကောင်သားစာအုပ်ကိုယ်စီနဲ့ငြိမ့်လိုက်တော်တော်ဇိမ်ကျတယ်ဗျ။ ညနေစောင်းဖက်ရောက်လာရင် သမီးလေးနဲ့ဒေါ်ကြီးကိုပါခေါ်ပီး ဘုရားလေးဘာလေးသွား၊ ကားလျှောက်မောင်း၊သွားရည်စာလေးဘာလေးလျှောက်စား
ပေါ့ဗျာ။ ဒီလိုပဲနေလာလိုက်တာ ခြေလွန်လက်လွန်ဖြစ်တဲ့နေ့ကိုရောက်လာပါလေရောဆိုပါတော့။

ခုနကပြောသလိုပိတ်ရက်တစ်ခုနေ့လည်ခင်းဖက် အိမ်မှာဇိမ်နဲ့နှပ်နေကြရင်း မိုးဦးကျဆိုတော့ မိုးတွေတဂျိမ်းဂျိမ်းရွာချလာပါလေရော။
ရာသီဥတုကအေးစိမ့်စိမ့်လေးဖြစ်လာတယ်။ ဒေါ်ကြီးနဲ့သမီးလေးက နေ့လည်စာ စားသောက်ပီးတော့ အခန်းထဲဝင်ပီး အိပ်သွားကြတယ်။ ကျနော်က နေ့လည်စာစားထားတာ များတော့ဗိုက်အင့်အင့်နဲ့ ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ မဂ္ဂဇင်းတစ်အုပ်နဲ့နှပ်ရင်း ငိုက်လာရော။ "မေ" ကသူ့ဖာသာ
အလုပ်ရှုပ်နေရင်း ဟိုကောင်! ငိုက်နေရင် အခန်းထဲဝင်အိပ်ဆိုပီး ပြောလာလို့ .. အေးကွာ မိုးအေးအေးနဲ့နှပ်လိုက်ဦးမယ်ဆိုပီး ကျနော်အိပ်နေကြအခန်းထဲဝင် စောင်အပါးလေးတစ်ထည်ခြုံရင်း နှပ်နေလိုက်တယ်။ မှေးကနဲဖြစ်စအပြုမှာ ကျနော့်ကုတင်ပေါ်တင်ပါးလွှဲလူတစ်ယောက်တက်ထိုင်
လိုက်တာ ရိပ်ကနဲမြင်လိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူဖြစ်နေတယ်။ ဘာလဲဟ? လို့မေးလိုက်တော့ ဘာမှမဟုတ်ဘူး.. နင်စောင်မခြုံပဲအိပ်နေသလားလာကြည့်တာ ငါလည်းငိုက်သလိုလိုဖြစ်လာတယ်.. ဟိုဖက်ကိုတိုးစမ်းဆိုပီး ကျနော့်ဘေးမှာ လာဝင်လှဲအိပ်ချလိုက်တယ်။
ဒီအထိလည်း ဘာမှမထူးဆန်းသေးဘူးဗျ။ ကျနော်ပြောခဲ့ဖူးသလိုပဲ ဟိုးအရင်ကထဲက ကျနော်နဲ့အဲ့ဒီသူငယ်ချင်းမတွေ ခုလိုမိုးအေးအေးဆို စောင်တူတူခြုံပီး အိပ်ဖူးခဲ့တာဆိုတော့ ကျနော့်ဘေးမှာလာလှဲအိပ်လိုက်တာကိုဆန်းတယ်လို့လည်းမထင်မိဘူး။ နံရံဖက်ကို ကပ်ပေးလိုက်တာပဲ
မှတ်မိတယ် ကျနော်အိပ်ပျော်သွားတယ်။ ၁နာရီခွဲလောက်ကြာသွားမယ်ထင်တယ်။ တမှေးကောင်းကောင်းမှေးလိုက်ရလို့ ကျနော်လန်းလန်းဆန်းဆန်းပြန်နိုးလာတယ်။ နိုးနိုးလာချင်း သတိထားမိတာက သူကျနော့်ကို ကျောပေးပီးအိပ်နေတာကို အနောက်ကနေသိုင်းဖက်ထားမိတာဗျ။
ပိုဆိုးတာက သူ့ဖင်တုံးကြီးကို ကျနော့် ဟာနဲ့ထောက်ထားမိတာ။ အိပ်ယာကနိုးစဆိုတော့ လိင်စိတ်ကြောင့်မဟုတ်ပဲ သေးပေါက်ချင်သလိုဖြစ်ပီး အဲ့ဒီဟာက တောင်နေတယ်။ ၀တ်ထားမိတာကလည်း ပုဆိုး၊ အောက်ခံဘောင်းဘီကလည်းမပါဘူး။ မတော်မနန်းအခြေနေကြီးဖြစ်တာပေါ့။

ဟိုက်! မဖြစ်သေးပါဘူးဆိုပီး သိုင်းဖက်ထားမိတဲ့ လက်ကို အသာလေးရုတ်၊ အောက်က ထောက်မိနေတာကိုအသာလေးခွါ၊ သူ့ကိုကျော်ခွပီး ကုတင်အောက်ကိုဆင်းလိုက်တယ်။
အခန်းပြင်ထွက်ပီး အိမ်သာဖက်ကိုလစ်လာခဲ့တယ်။ ရှူးပေါက်လိုက်တော့မှ ဟိုကောင်က ပြန်ပျော့သွားတော့တယ်။ မိုးကလည်း တ၀ုန်းဝုန်းနဲ့ရွာချနေတုံး ရာသီဥတုကလည်း ပိုတောင်အေးစပြုလာတယ်။ ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်ပေါ် ထိုင်ချလိုက်ရင်းဖတ်လက်စ မဂ္ဂဇင်းကိုပြန်ဖတ်နေမိသေးတယ်။
ပီးမှ ဟိုကောင်မလေးအိပ်နေတာ စောင်လေးမခြုံထားဘူး အေးနေတော့မယ် စောင်ခြုံပေးလိုက်ဦးမှဆိုပီး အခန်းထဲပြန်ဝင်သွားလိုက်မိတယ်။ အခန်းထဲရောက်တော့ မှန်ပြူတင်းပေါက်က မှုန်မှိုင်းမှိုင်းအလင်းရောင်နဲ့ အိပ်ပျော်နေတဲ့ သူ့မျက်နာဝိုင်းစက်စက်လေးကို တစ်ချက်ငေးရင်း ကလေးလေးနဲ့တောင်
တူသေးတယ်လို့ တွေးရင်း စောင်ကိုခြုံပေးဖို့ အိပ်နေတဲ့ သူ့ကိုယ်လုံးလေးပ်ါကနေ ကိုင်းမိုးရင်း လှမ်းယူလိုက်တဲ့အချိန်.. အင်းး ဆိုပီး သူနိုးလာရော။ စောင်ကိုဆွဲယူပီး ခြုံပေးဖို့ပြင်နေတဲ့ ခပ်ကိုင်းကိုင်းဖြစ်နေတဲ့ကျနော့်ကို သိုင်းဖက်လာရင်း ချမ်းတယ်ကွာ! ဘယ်ရောက်သွားတာလဲ.. ချမ်းတယ် ငါ့ကိုဖက်ထားပေး
ဆိုပီး ချွဲလာတော့ အလိုက်သင့်ကျနော်ပါ မျက်နာချင်းဆိုင် ကုတင်ပေါ်လှဲအိပ်ရင်း ဖက်ထားပေးလိုက်ရတယ်။ စောင်ကိုဆွဲယူပီး ၂ယောက်လုံးကိုယ်ပေါ် ခြုံထားလိုက်တယ်။ ကျနော့်ရင်ခွင်ထဲ အတင်းခေါင်းထိုးထားရင်း ကိုယ်လုံးလေးကို ကျုံ့ပီးဝင်လာတာကို တင်းတင်းဖက်ပီး ငြိမ်နေရင်းက ငုံ့ကြည့်လိုက်တော့
သူဆက်မအိပ်ပဲ ကျနော့်ကို ရီဝေေ၀လေးမော့ကြည့်နေတာကိုတွေ့လိုက်ရတယ်။

အိပ်ချင်မူးတူးကပိုကရိုမျက်နာလေးက ဆံနွယ်ရှုပ်ပွပွလေးတွေကြားထဲမှာ ချောချောလေးရယ်ဗျ။ ကျနော်လည်း ဘာရယ်မဟုတ်သူ့ကို ငေးနေမိတာပေါ့။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆