နတ်သမီးပုံပြင် ၁

နတ်သမီးပုံပြင် ၁
  
ဂစ်တာ၊ မူးယစ်ဆေး အစရှိသည့် အရာများဖြင့် ဘ၀ကို အလျားလိုက် ဖြတ်ကူးနေသော လူငယ်တစ်ယောက်နှင့် ၄င်းအား ကယ်တင်ဖို့ ကြိုးစားခဲ့သော မိန်းမတချို့အကြောင်း။

တန်ဆောင်မုန်းလပြည့်ညမို့ လမင်းဟာ အခါတိုင်းထက် ပိုလို့တောင် အရွယ်စားကြီးနေသလား ထင်ရတယ်။ ထိန်ထိန်သာနေတဲ့ လရောင်အောက်က ထင်းရှူးပင်အုပ်အုပ်တွေ စုဝေးနေတဲ့ ဟော့ဒီတောင်ကုန်းလေးပေါ်က အမိုးအကာမဲ့တဲ့ ခေါင်ရည်ဆိုင်လေး အရှေ့က စားပွဲဝိုင်းမှာ လူတစ်စု တိတ်တဆိတ်ပဲ ချေသားခြောက် ၀ါးလိုက်၊ ၀ါးဆစ်ခွက်ထဲက ခေါင်ရည်ကို မော့လိုက်နဲ့  ငြိမ်သက်နေကြတယ်။ အမြင့်ပိုင်းနေရာမို့ ထင်းရှူးရွက်တွေကို လေတစ်ချက်တစ်ချက် အသုတ်မှာ တရှဲရှဲမြည်သံ တခါတလေ ကြားရတာကလွဲလို့ ဘယ်သူမှ စကားဟဟ မပြောကြဘူး။ စီးကရက်ဗူးခွံအလွတ်ထဲက ငွေရောင်ခဲစက္ကူကို မပြဲအောင် သတိထားပီး ကျနော် ထုတ်ယူလိုက်တာ အောင်မြင်သွားတယ်။

ထမင်းစားတဲ့စတီးဇွန်းပုံစံပေါက်သွားအောင် ခဲစက္ကူလေးကို ခပ်မြန်မြန်လေး သေသေချာချာ ခေါက်ချိုးလိုက်တယ်။ ဂျင်းဘောင်းဘီအိတ်ကပ်ထဲက ပင်နင်ဆလင် ပုလင်းသေးသေးလေးကို ထုတ်ယူပီး ပုလင်းထဲက အမှုန့်ဖြူဖြူတစ်ချို့ကို ခုနကလုပ်ထားတဲ့ခဲစက္ကူ "ပေါ့ခွက်" ထဲ သင့်တော်သလောက် အသာလှုပ်ပီး ထည့်လိုက်ပီ။ လက်တစ်ဖက်က ဇွန်းပုံသဏ္ဍန် စက္ကူခွက်ကလေးကို ကိုင်ထားရင်း ကျန်လက်တစ်ဖက်က မီးခြစ်နဲ့ ခွက်အောက်ခြေကနေ အပူပေးလိုက်တော့ ထည့်ထားတဲ့ အဖြူမှုန့်လေးတွေက ရှဲကနဲ လောင်ကျွမ်းသွားတယ်။ ချက်ချင်းပဲ ကျနော့်နှာခေါင်းက ထွက်လာသမျှ အငွေ့တွေကို အလွတ်မပေးတမ်း ရှူရှိုက်ပစ်လိုက်တယ်။ "တစ်ကောင်" ကျသွားပီ။ နောက်ထပ် "တစ်ကောင်" ထပ်လုပ်ဖို့ ပင်နင်ဆလင် ပုလင်းအဖုံးကို ထပ်ဖွင့်ပြန်တယ်။ အပူထပ်ပေးတယ် လောင်ကျွမ်းပီး အငွေ့လေးတွေ တလူလူထွက်လာပြန်ပီ။ တတိယ "တစ်ကောင်" ပီးသွားတော့ လူက တော်တော် နေသာထိုင်သာရှိသွားသလိုပဲ။ ခပ်မတ်မတ်ထိုင်နေရာကနေ အလိုလိုနေရင်း ကွေးညွှတ်ကျလာသလိုလိုဖြစ်လာမှန်း ကျနော့်ကို ကျနော်သိနေတယ်။ မျက်လုံးကို အသာမှေးစင်းထားရင်း ကျနော့် လွတ်မြှောက်နေပီ။

*** *** ***

မနှဲလေးအသံနဲ့ ယင်းကိုက်နေတဲ့ ခပ်ပိန်ပိန်လူငယ်တစ်ယောက်က ရုတ်တရုတ်ထအော်လိုက်တော့ အားလုံးရဲ့အကြည့်က သူ့ဆီရောက်သွားကြပြန်တယ်။ ဇဝေဇ၀ါဖြစ်နေတဲ့ လူအုပ်ကြီးရဲ့ ၀ိုင်းကြည့်တာခံလိုက်ရတော့ ကယောင်ကတမ်းဖြစ်နေတဲ့ အဲ့ဒီငဖောင်ရိုးက ရုပ်မြင်သံကြားဆီကို လက်ညှိုးထိုးပြလိုက်တယ်။ အားလုံးရဲ့စိတ်ထဲမှာ ဖျင်းကနဲ ဖြစ်သွားကြပီ။ ဘယ့်နှယ် အားလုံးက ယင်းထ နေကြပါတယ်ဆို ရုပ်မြင်သံကြားသတင်းက နံပါတ်ဖိုး တွေကီလို လိုက်မီးရှို့ဖျက်ဆီးတာကိုပြနေတာကိုးဗျ။ ဘယ်လောက် နှမြောစရာကောင်းသလဲ။ ဒီမှာ တစ်ယောက်ကို ၄-၅-၁၀ ကောင် လောက်ဝယ်ချင်တာ ၀ယ်မရဖြစ်လို့ ဝေဒနာခံနေရပါတယ်ဆို သူတို့က ကီလိုထုပ်ကြီးတွေကို မီးရှို့ပြနေရတယ်လို့။ ဘယ်လောက်ယင်းကိုက်ကိုက် မျက်နာမပျက်တတ်တဲ့ ၀ါရင့်ဆေးသမားတစ်ယောက်က အသံအောအောနဲ့ စကားစပြောတယ်..

"တောက်! ခုချိန်သာ ငါ့မှာ အဲ့ဒီအပုံလိုက်ကြီးရှိလို့ကတော့ကွာ"
"ဘာလုပ်မှာလဲ? အားလုံးကိုဝေပေးမှာမလား?"
"ချီး! မင်းတို့ကို ခွဲပေးရမယ်ဟုတ်လား? ငါ့ဖာငါချပစ်မှာပေါ့.. ချတာမှ ရိုးရိုးမဟုတ်ဘူး အလှူမှာ ၀က်သားနီထိုးတဲ့ မိုးပြဲဒယ်ကြီးရှိပါရောလား .. အေး! အဲ့ဒါကြီးကို "ပေါ့ခွက်" လုပ်.. ကီလိုထုပ်တွေကို ဖောက်ပီးထည့် ..အောက်ကနေ မီးအပူပေး.. ထွက်လာတဲ့ အငွေ့တွေကို အလေအလွှင့်မရှိအောင် အုန်းနှဲစိန် ဇာတ်အဖွဲ့က သုံးတဲ့ လော်စပီကာကြီး ကို "ပေါ့တံ" လုပ်ပီး တေ့တေ့ပီး ရှူပစ်မယ်ကွာ အဟီး"
"ဟားဟားဟား"
"မင်းတို့စဉ်းစားကြည့်စမ်းပါ .. နှစ်ချက်လောက် လော်ကြီးကိုင်ပီး ရှူလိုက်တာနဲ့ တနေကုန် "ကွဲ" လောက်တယ် ငါ့အကြံမပိုင်ဘူးလားကဲ ဟားဟား"

မျက်စိထဲမြင်အောင် အမူအရာနဲ့အတူသရုပ်ဆောင်ပြနေတဲ့ အဲ့ဒီပုဂ္ဂိုလ်ကို ကြည့်ပီး အားလုံးကိုယ့်ဝေဒနာကိုယ်မေ့ပီး တ၀ါးဝါးတဟားဟားဖြစ်သွားကြတယ်။ အဲ့လို အူမြူးနေကြတုံး ဒုတိယမြောက် ကွန်ပစ်တဲ့သူတစ်ယောက် ဆိုင်ထဲဝင်ချလာတယ်။

"အားလုံး အိမ်ပြန်လို့ရပါပီ ခင်ဗျား"
"ဟာ.. ဘာဖြစ်လို့တုံး ဟိုမအေဘေးတွေ ၀င်ဖမ်းကုန်ပီလား"
"ဟုတ်ဘူး.. ဒီနေ့တော့ အရောင်းအ၀ယ်မလုပ်တော့ဘူး လို့ "တာမား" က သူ့အိမ်ရှေ့မှာယောင်ချာချာလုပ်နေတဲ့ ငါ့ကိုထွက်ပြောလာတာဟေ့ .. "ကျန်တဲ့အိမ်တွေကတော့ "တာမား" မရောင်းရင် ရောင်းရဲမယ်မထင်ဘူး"
"ဒီအဘွားကြီးကလည်း သောက်ရေးမပါတာကွာ.."
"သွားပါလေရော.."
"တောက်!"

ညည်းညှူကျိန်ဆဲသံတွေဆူညံစွာနဲ့ပဲ အားလုံးအိမ်မပြန်ချင့်ပြန်ချင်ထလိုက်ရတယ်။ သေချာတယ် ဒီနေ့ညတော့ ဘယ်ကောင်မှအိပ်ပျော်မယ်မထင်တော့ဘူး။ လက်ဖက်ရည် တစ်ခွက်နဲ့ မွန်ထရီစီးကရက်တစ်ဗူးဖိုး ကောင်တာမှာရှင်းနေတုံး မြို့အစွန် သစ်တောဝင်းထဲမှာနေတဲ့ ဘော်ဒါတစ်ကောင်နဲ့ မျက်နာချင်းဆိုင်မိတော့ ဘယ်လိုလဲ ဘာညာနဲ့ စကားစမြည်ပြောလိုက်မိတယ်။ သကောင့်သားက နှုတ်ခမ်းပေါ်လက်ညှိုးတင်ပီး ရှူးဆိုတဲ့ အမူအရာနဲ့ ကျနော့်အနားကပ်လာပီ ခပ်တိုးတိုးပြောလာတယ်။
"ဟကောင် ဖိုးသက် .. ငါ့အိမ်လိုက်ခဲ့.. ငါ့ဆီမှာလိုက်အိပ်ကွာ မင်းအကျိုးရှိစေရမယ်"
"မင့်ဆီမှာ တိုထားလျှိုထားတဲ့ လက်ကျန်လေးဘာလေးရှိသေးလို့လားဟ?"
"ဟိုဟာတော့ ဘယ်ရှိမလဲဟ.. "ရင်ဖောင်" ရှိတယ်"
"ဘယ်လောက်များမှာမို့လဲကွာ.. ဟိုမရောက်ဒီမရောက်ဖြစ်မယ်.."
"ဟောင်" လိုက်ကိုရထားတာ ဟုတ်ပီလား ငါတို့၂ကောင် အ၀အပြဲလုပ်လို့ရတယ်"

တစ်ညလုံး အိပ်မရဖြစ်တော့မယ့် အတူတူဆိုပီး အောင်အောင် လို့ခေါ်တဲ့ အဲ့ဒီသူငယ်ချင်းနဲ့ ထလိုက်သွားခဲ့မိတယ်။ သူ့အဖေက သစ်တော ၀န်ထောက် ဆိုတော့ သစ်သမား၊ ဆင်သမားတွေ အသုံးများတဲ့ ဘိန်းမဲတို့ ဘိန်းအဆီခဲ တို့ကပေါပေါများများကိုး။ ဟိုတောခေါင်းက လက်ဆောင်ဆိုပီးယူလာလိုက်၊ ဒီတောအုပ်က ရော့ ငါ့တူဆိုပီး လက်သိပ်ထိုးပေးသွားလိုက်နဲ့ ဒင်းက ဆူဖြိုးနေတာ။ အဲ့ဒါတွေပေါနေလျှက်နဲ့ကို အမှုန့်ဖက်ကိုခြေဦးလှည့်လာသေးတယ်။ အမှန်တိုင်းပြောရရင် ကျနော် အဲ့ဒီအမဲနွယ်တဲ့ မူးယစ်ဆေးတွေကိုမကြိုက်ဘူးဗျ။ တအိအိအရသာကိုမုန်းတာ။ အစားအသောက်ကလေးကလဲဖက်ဦးမှ။ လုပ်ပီးပီးချင်း အစားအသောက်ဗိုက်ကားအောင် ကောက်တွယ်ပစ်လိုက်မှ အတက်မြန်တာကိုး။ ပီးတော့ ရေနွေးကြမ်းခါးခါးလေး တဖူးဖူး မှုတ်သောက်လိုက်၊ စီးကရက်ကလည်းအဆက်မပြတ်ဖွာနေရသေး (စီးကရက်ရှိုက်ရှိုက်လိုက်တိုင်း ထိုးထိုးတက်လာတာ) တော်တော် မမိုက်ဘူးလို့ထင်တယ်။ ဒါပေမယ့် လောလောဆယ် ဟိုကိစ္စက အရောင်းအ၀ယ်မှ မဖြစ်တော့တာ လိုက်သွားရုံပေါ့ဗျာ။

*** *** ***

"အောင်အောင်ရေ!"
"ဗျာ! မမကြီး"
"ဟေ့ကောင်.. မြန်မြန်လုပ် မမကြီး တို့ပြန်လာပီ"
"ငါပီးပီ.. ရော့! မင်းဝေစု မြန်မြန်သောက်ချလိုက်.. လုပ်လုပ်"

ဂလု ဂလု နဲ့ပန်းကန်ဇောက်ထဲက အရည်တွေကို အောင်အောင်တစ်ယောက် မျိုချနေတဲ့အချိန်မှာ မီးဖိုပေါ်က ဒန်အိုးသေးသေးလေးကို လက်နှီးအ၀တ်နဲ့ ကျနော် ကိုင်မ သွားပီး ဘေစင်မှာ ခပ်မြန်မြန်ဆေးကြောပစ်နေမိတယ်။
အောင်အောင့် အိမ်ရောက်သွားတော့ သူ့အဖေက တောတက်သွားလို့ အိမ်မှာလူရှင်းနေတယ်။ ဒီကောင့်မှာ အမေ မရှိတော့ဘူး။ အမတစ်ယောက်ပဲရှိတာ။ မအင်ကြင်းမေတဲ့။ မမကြီးလို့အောင်အောင် ခေါ်သလို ကျနော်တို့သူငယ်ချင်းတစ်သိုက်လည်း လိုက်ခေါ်တဲ့ အမပေါ့။ နှစ်ကောင်သား
ဘယ်သူမှမရှိတဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးထဲက မီးဖိုခန်းထဲကမှာ ကျိုချက်ပီး ခပ်ပျစ်ပျစ်ဖြစ်လာတဲ့ အရည်တွေကို တစ်ယောက်တစ်လှည့် သောက်မျိုနေကြတုံး ဒီကောင့်အမအော်သံကြားရတော့ သူခိုးလူမိဖြစ်ပီး ပျာယာခတ်သွားကြတယ်။ လူရှစ်ယောက်လောက်ထိုင်လို့ရတဲ့ ကျွန်းသား
ထမင်းစားပွဲကြီးပါတဲ့ မီးဖိုခန်းအကျယ်ကြီးထဲကို ဖိနပ်သံတွေတရှပ်ရှပ်နဲ့ လမ်းလျှောက်လာသံတွေကြားရပေမယ့် ဟိုကောင်မော့ချပီး လာပေးသွားတဲ့ ပန်းကန်ကိုဆေးနေတဲ့ ကျနော်လှည့်မကြည့်ဖြစ်ဘူး။

"အမယ်! ဧည့်သည်ရောက်နေပါလား ပေါ်တော်မူလေး မောင်သက်"
"ခင်ဗျာ မမကြီး"
"အတော်ပဲ နင်ရောက်နေတာနဲ့ ငါတို့ခုနကမှ ကြက်သားအုန်းထမင်း ချက်ထားတာ တခါထဲ ၀င်စားသွားတော့ အအီပြေသောက်ဖို့ စပါကလင်နဲ့ ရေခဲထွက်ဝယ်နေတာ"
"ဟုတ်.. ဟီးဟီး"

ပန်းကန်စင်ပေါ် ဒန်အိုးနဲ့ပန်းကန်ကိုလှမ်းတင်ပီး ကျောပေးထားရာက မျက်နာလှည့်လိုက်တော့ ကျနော်အိုးတိုးအမ်းတမ်းဖြစ်သွားတယ်။
ထောင်ထောင်မောင်းမောင်း ကိုယ်လုံးတောင့်တောင့်နဲ့ ပုခုံးကျော်ရုံ ဆံပင်တွေကို အကြေကောက် ကောက်ထားတဲ့ မမကြီးရဲ့ဘေးမှာ ခပ်ချောချောမိန်းမ တစ်ယောက် ပြုံးစိစိနဲ့ရပ်ရင်း ကျနော့်ကိုလှမ်းကြည့်နေတာကိုး။ အ၀ါရောင်တောက်တောက်ဝမ်းဆက်နဲ့ ဆံပင်ကို နဖူးအပြောင်သိမ်းပီးနောက်စေ့နား
မှာစုချည်ထားတော့ မျက်နာက ခပ်ဖူးဖူးလေးဗျ။ ဆက်ပီးအကဲခတ်ဖို့မကောင်းတော့တာနဲ့ (ခုနကသောက်ထားတဲ့ဟာတွေကြောင့်)နားထင်နားမှတဒိတ်ဒိတ်ဖြစ်လာတဲ့အရှိန်နဲ့ နှုတ်သွက်လျှာသွက် စကားလှမ်းပြောလိုက်မိတယ်။

"မမကြီး ဘော်ဒါလား အဟီး  တွေ့ရတာဝမ်းသာတယ်ဗျာ"
"ဟဲ့ မိခိုင် .. နင်ပြောတော့ နင့်ကောင်းဘွိုင်လေးက မာနကြီး မျက်နာကြောတင်းတင်းလေးဆို.. ဘယ့်နှယ့်ရှိစ ခွိ"
"ဟေ့! အင်ကြင်း နင်မကောင်းဘူးဟာ တော်တော့"

မမကြီးရဲ့သူငယ်ချင်းခပ်ချောချောအမျိုးသမီးကိုရှက်ရကောင်းမှန်းမသိတော့ပဲ သူတို့၂ယောက်နဲ့တူတူ ကြက်သားအုန်းထမင်းတွေကို ပလုတ်ပလောင်းကောက်လွေးရင်း စကားတွေဖောင်ဖွဲ့နေမိတယ်။ ဟိုမအေဘေး အောင်အောင်ကတော့ ဘယ်လစ်သွားပီလဲမသိဘူး။ ကွဲကွဲနဲ့ အိပ်ယာထဲသွားခွေနေပီနေမယ်။
ဟုတ်ပါတယ်။ ပုံမှန်ဆို ကျနော်က သူတစိမ်းမိန်းကလေးတွေနဲ့အရောတ၀င်နေတတ်တဲ့ကောင်မျိုးလဲမဟုတ်ရပါဘူးလေ။ ခုလောလောဆယ် ကျနော်ဟိုအရည်တွေမျိုထားလေတော့ကာ သောက်စကားကအတော်များတာကလားဗျ။ စကားတစ်ခွန်းကိုပြောဖို့စဉ်းစားမိတာကနောက် ပါးစပ်ကထွက်ကျသွား
တာက အရင် ဆိုသလိုကိုဖြစ်နေတာ။ ကျနော်ပြောဖို့မေ့နေတာက အောင်အောင့်အမ ကျနော်ကမမကြီးလို့ခေါ်တဲ့ မအင်ကြင်းမေက ကျနော်တို့မြို့နယ်ဆေးရုံက ဆရာဝန်မလေးဗျ။ ခုသူက မိခိုင်လို့ခေါ်ခေါ်နေတဲ့ သူ့သူငယ်ချင်းက မီမီခိုင်တဲ့။ အလည်လာတဲ့ဧည့်သည်။ သူနဲ့ကျောင်းတုံးကအတန်းဖော်ပဲ
လောလောဆယ် ဗမာပြေအလယ်ပိုင်းက မြို့ကြီးမှာ တာဝန်ကျနေတဲ့ဆရာဝန်မလို့ပြောတယ်။ ဆက်စပ်ပီးပြောရရင် ကျနော်တို့မြို့က တီအမ်အို(မြို့နယ်ဆရာဝန်ကြီး) ထိပ်ပြောင်က သူ့အဖေတဲ့။ သူ့အဖေဆီအလည်လာရင်း မမကြီးနဲ့ ပြန်ဆုံပုံရတယ်။

"ဖိုးသက်! နင်တို့ဟိုနေ့က အာလူးပိန်တို့ခေါင်ရည်ဆိုင်မှာ ညဖက်ဂစ်တာတီးတဲ့အကြောင်းငါကြားလိုက်တယ် ဟီဟိ"
"ကျွတ်! အင်ကြင်းးး" (အုန်းထမင်းကို ဇွန်းခရင်းနဲ့စတိုင်မလိုင်ထုတ်ပီး နှုတ်ခမ်းနီမပျက်အောင် စားနေတဲ့ မမီမီခိုင်က ရှက်စနိုးနဲ့ ထအော်တယ်)
"ဟားဟား.. ငါ့သူငယ်ချင်းဆရာဝန်မပေါက်စလေး ရှက်နေတယ်တော့်"
"နင်အကျင့်မပုတ်နဲ့ဟာ.. တော်တော့"
"ခွိ! အမလေးဟဲ့ .. ဒီမယ်.. ဒါငါ့မောင်လေးနဲ့ တူတူ ငါ့မျက်စိအောက်မှာ ကြီးလာတဲ့ ကလေးပါ .. ဖိုးသက်ရေ နင့်ကို နင့်မမ က ဂစ်တာအတီးကောင်း ဂျစ်တီးဂျစ်ကန် ထီမထင်အမူအရာနဲ့မို့ အဲ့ဒီကောင်းဘွိုင်သီချင်းတွေတီးတဲ့ကောင်လေးဟာလေ ..အဲဒီကောင်လေးလေ နဲ့ညွှန်းလွန်းလို့ဟေ့"
.. ... .. (မမကြီး နောက်ပြောင်နေသမျှ ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းလေးငုံ့နေတဲ့ အဲဒီအမျိုးသမီးကိုကြည့်ပီး ကျနော်ရယ်ချင်လာတယ်)

"မမကြီးကလဲ ဗျာ သူများအနေရခက်အောင် လျှောက်နောက်ပေးနေပြန်ပီ"
"အမယ်မယ် ဖိုးသက်! နင်က ခုမှတွေ့သေးတယ် မမချောချောလေးကို သနားသွားပီပေါ့"
"ဟီးဟီး မဟုတ်ပါဘူး ကျနော့်လိုသောက်ပေါကို ဂျစ်တီးဂျစ်ကန် မာနကြီးတယ်ဆိုလို့ ရယ်ချင်နေတာဗျ"
"မိခိုင် နင့်အကြောင်းငါ့ကိုစပြောကထဲက ဒါဖိုးသက် ငပေါကောင် ဖြစ်မယ်ဆိုတာ ငါသိပီးသား လူထူပီဆို အဲ့လို လူအထင်ကြီးအောင် အစွမ်းလျှောက်ပြတတ်တဲ့ သောက်ပေါက နင်ပဲရှိတာလေ ငါတို့မြို့မှာ ခွိ"
"အာဗျာ .. ဟုတ်ပါပူး ဟီးဟီး"
တဖြေးဖြေးနဲ့ ကျနော်နဲ့မမကြီးဟီလာတိုက်ပီး စကားဖောင်ဖွဲ့နေတာကို ရှက်ပြုံးလေးနဲ့ တစ်ချက်တစ်ချက် ၀င်ဝင်ရယ်ရင်း အဲ့ဒီမီမီခိုင်ဆိုတဲ့ ဆရာဝန်မလေး နေသားကျလာတယ်။
စားသောက်ဆေးကြောပီး ကြတဲ့အချိန်မှာ တော်တော်လေး နေရထိုင်ရမခက်တော့ဘူးဆိုတာ သူ့ပုံစံကို ကြည့်တာနဲ့ သိသာတယ်ဗျ။ ၃ယောက်သား အအေးခွက်ကိုယ်စီနဲ့ ဧည့်ခန်းဖက်ကိုထွက်လာကြတော့ အပြင်မှာ မိုးက တော်တော်သည်းနေတယ်ဗျ။ မမီမီခိုင်အိမ်ပြန်ဖို့မဖြစ်သေးတာနဲ့ ဧည့်ခန်းထဲကဆက်တီမှာ ထိုင်ကြရင်း
စကားစမြည်ပြောနေကြတယ်။ ကလေးစိတ်မကုန်သေးတဲ့ မမကြီးက မိုလိုပိုလီဆော့မယ်ဟာ ဆိုပီး နံရံကတ်ဗီရိုထဲက ကားချပ်တွေ အံစာတုံးတွေထုတ်ပီး ဆက်တီစားပွဲပေါ်ဖြန့်ခင်းလာတယ်။ စကားပြောလိုက် ဆော့လိုက်နဲ့ တဟီးဟီးတဟားဟား(အစာစားလိုက်လို့ အရှိန်တက်တာ ကြမ်းလာတဲ့ ကျနော့်အသံက ပိုဆူနေမှာသေချာတယ်)
ကလေးပေါက်စလေးတွေလို ပျော်နေကြတယ်။ ဆော့ကစားရင် ကျနော်သူ့ကို ဘာရယ်မဟုတ်အကဲခတ်နေမိတယ်။ ခပ်သွယ်သွယ် ကိုယ်လုံးအမျိုးအစားပိုင်ရှင်လေးပါ။ အသားဖြူဆွတ်ဆွတ်နဲ့ ထိုင်နေရင် ကိုယ်ကို ကျုံ့ပီး ယုန်တစ်ကောင်ဝပ်နေသလိုမျိုးဗျ။ နှုတ်ခမ်းတော်တော်လှတယ်လို့ပြောရမယ့်အမျိုးသမီး။ ကျောလယ်လောက်ရှိမယ့်
ဆံပင်တွေကတော့ အညိုရောင်ဖက်နည်းနည်းလုပေမယ့် ဖြောင့်စင်းပီး သန်စွမ်းနေတယ်။ အပြောင်သိမ်းထားလို့ ဆံပင်တစ်မျှင်မှမကျန်ထားတဲ့ နဖူးပြောင်လက်လက်ကလေး အစပ်နားမှာ ခပ်စိမ်းဖန့်ဖန့်အရောင်လေးတွေမြင်ရတဲ့အထိ သွေးကျောမျှင်ကလေးတွေနဲ့။ ဆော့နေရင်း သူ့ကိုသေသေချာချာကြည့်နေတဲ့ ကျနော့်ကို တစ်ချက်တစ်ချက်
တိတ်တခိုးလှမ်းကြည့်ရင်း မျက်လုံးချင်းဆုံလိုက်တိုင်းမျက်နာပြင်ပေါ်မှာ ပန်းသွေးရောင် ထထသွားတဲ့အထိ ရှက်ဝဲ၀ဲဟန်ဖြစ်ဖြစ်သွားသေးတယ်။

"ဟယ်တော်! ကုန်ပါပီ ငါ့ပိုက်ဆံတွေပြောင်ခါနီးလာပီ မိခိုင် နင်ကော"
"အင်ကြင်း နင့်ဖိုးသက်က (ကျနော့်ကိုတိုက်ရိုက်မခေါ်ရဲဘူးအဟီး) ငါတို့အိမ်တွေ ဟိုတယ်တွေနေရာနားရောက်ရင် ကံကောင်းပီး လွှတ်လွှတ်သွားတယ် ငါလည်း သူ့ကိုချည်းရော်နေရတာ ကုန်တော့မယ်"
"ဟီဟိ ကျနော် ကံတော်တော်ကောင်းနေတာပါဗျ ကဲ!ပိုက်ဆံကုန်ရင် ချေးမလား ဟိုတယ်တွေ အပေါင်ခံမယ် သူဌေးလေးမောင်သက် အပေါင်တွေ ခံနေပါတယ်"

ခဏကြာတော့ ဆရာဝန်မ၂ယောက်လုံး ဒေ၀ါလီခံပီး ပိုက်ဆံတွေပြောင်သွားရှာတယ်။ တဟင်းဟင်းနဲ့ မျက်စောင်းထိုး၊ ကြိတ်မနိုင်ခဲမရ ဖြစ်နေတဲ့ မမကြီးက မကျေမနပ်နဲ့ဝိုင်းသိမ်းလိုက်ရတယ်။

"မမကြီး!"
"ဘာတုံး?" (ဆူအောင့်အောင့်နဲ့ ပြန်ဖြေလာတဲ့ မမကြီးကိုကျနော် ပြုံးစိစိနဲ့ မိုနိုပိုလီဆော့တဲ့အခါ ခေါက်ရတဲ့ အံစာတုံး၂တုံးကို ကိုင်ပြထားရင်း ဆက်တီစားပွဲပေါ် ပစ်တင်ပြလိုက်တယ်)
"ဘယ်လောက်လဲခု?"
"၆၊ ၆ ဆိုတော့ ၁၂ ပေါ့ ဘာဖြစ်လဲ အဲ့ဒါ?"
"ဟော့ဒီမှာ နောက်တစ်ခါ ထပ်ပစ်ပြမယ် ဘယ်လောက်လဲ?" (အံစာတုံးက ၆၊ ၆ ပဲထပ်ကျတယ်)
... ... ...
"နောက်တစ်ခါ ထပ်ပစ်ပီနော် ကဲ!" (၆၊ ၆ ပဲကျပြန်တယ်)
"ကဲ.. ဒီတစ်ခါ ဘာကျချင်လဲပြော.. ထပ်ပစ်ပြမယ်"
"၁၀! ၅၊ ၅ ၁၀" (မမကြီးမပြောချင် မမီမီခိုင်က ၀င်အော်လိုက်တယ်)
"ဟော့ဒီမှာ ၅နှစ်လုံး .. အပ်ချလောင်း.. အဟိ"
"ဟယ်! ဟာ!"
"နောက်ထပ် ၅နှစ်လုံးတဲ့ တွေ့လား ကျပြန်ပီ အံ့သြစရာမကောင်းဘူးလား ဟားဟား"

ကျနော့်ကျောပြင်ကို အုန်းကနဲ အသံမြည်သွားအောင် မမကြီးက လက်သီးဆုပ်နဲ့ ထုပစ်တာ မြန်လွန်းလို့ ရှောင်လိုက်ချိန်ကိုမရဘူးဗျာ။ ခွေးစုတ်.. လောင်းကစားသမား .. သူခိုး ဆိုပီး ကျနော့်ကိုထုပါလေရော။ ကျနော်က တဟားဟားရယ်ရင်း ပေခံနေလိုက်တယ်။ မမီမီခိုင်က ကျနော်နဲ့ မမကြီးတို့ ကလေးတွေလိုလုံးထွေးနေတာကိုကြည့်ပီး တခစ်ခစ်နဲ့ သဘောကျနေဟန်တူတယ်ဗျ။ ကစားဝိုင်းသိမ်းပီးတဲ့အချိန်ရောက်တော့ မိုးတော်တော်စဲသွားပီမို့ မမီမီခိုင်တစ်ယောက် ပြန်ဖို့ပြင်တယ်။ အိမ်ရှေ့ဆင်ဝင်အောက်မှာ ရပ်ထားတဲ့ ၀ီလီဂျစ်ကလေးပေါ်တက်ပီး မောင်းထွက်သွားတဲ့ သူ့ကို ကျနော်နဲ့ မမကြီး လိုက်ပို့ရင်း လက်ပြလို့ ကျန်ရစ်ခဲ့ကြတယ်။ အိမ်ထဲပြန်ဝင်လာကြတော့ မမကြီးက ငါ အိုက်စပ်စပ်ကြီး ရေချိုးတော့မယ်ဆိုပီး သူ့အခန်းရှိရာ အပေါ်ထပ်ကိုတက်သွားတော့ ကျနော်လည်း အိမ်တံခါးမကြီးကို ပိတ်၊ သစ်သား မင်းတုံးတွေထိုး ပီးတာနဲ့ အိမ် အပေါ်ထပ်ကို တက်လာခဲ့တယ်။ အိမ်အပေါ်ထပ်က အကျယ်ကြီးဗျ။ ဘုရားစင် အရှေ့မှာ အခန်းမဖွဲ့ထားပဲဟာလာဟင်းလင်းကြီးထားပီး ကော်ဇောတွေပဲခင်းထားတာ။ အောင်အောင့်အခန်းနဲ့ မမကြီးအခန်းက အိမ်အနောက်ဖက် အပိုင်းမှာ မျက်နာချင်းဆိုင်လျှက်ဖွဲ့ထားတယ်။ ကျန်တဲ့ အရှေ့တစ်ခြမ်းလုံးကတော့ ဟောကြီးပဲ။ ကျနော်အောင်အောင့်အခန်းထဲဝင်သွားတော့ ဟိုမသာလေးက မိုးအေးအေးနဲ့ စောင်ကလေးခြုံပီး နတ်ပြည်တက်နေပီ။ မှိုစော်နံနေတဲ့ သူ့အခန်းထဲ မအိပ်ချင်တာနဲ့ သံသေတ္တာထဲက ခေါင်းအုံးနဲ့စောင်အသစ်တစ်စုံ ထုတ်ပီး အိမ်ရှေ့ ဘုရားစင်အရှေ့က ကော်ဇောပေါ်မှာ ကျောခင်းဖို့ထွက်လာခဲ့တယ်။ လေးပေမီးချောင်းရဲ့ အလင်းရောင်အောက်မှာ ပက်လက်လှန်လဲအိပ်ရင်း စီးကရက်ပြာခွက်ကို အနားဆွဲယူပီး ဆေးလိပ်တစ်လိပ်ပီးတစ်လိပ်ဖွာနေမိတယ်။ အရှိန်ကျစ ပြုလာတာကို ဆေးလိပ်နဲ့ပြန်ပြန်တင်နေရတဲ့ဘ၀လေ။ ကျနော်ပြောခဲ့သလိုပဲ အမဲသုံးရတာ အဖြူလိုမဟုတ်ဘူးဗျ။ လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုချင်းမတူတာလားတော့မသိဘူး။ တချို့အရက်သောက်ပီး ထိုးအိပ်ချင်လာသလို၊ တချို့က သွေးဆိုးတတ်တယ်မလား။ အင်း.. ကျနော်လည်း အဖြူချပီးရင် ငြိမ်ကျသွားသလောက်၊ အမဲဆိုရင်စကားတော်တော်သွက်၊ ဂနာမငြိမ် ဟိုလှုပ်ဒီလှုပ်နဲ့ ပြောင်းပြန်ကြီးဗျ။ ဟိုကောင်အောင်အောင့်ကိုပဲ ကြည့်လေ၊ မျိုပီးတာနဲ့ ဘယ်ပျောက်သွားမှန်းမသိပဲ ခုဆိုအိပ်နေတာ သိုးလို့။

*** *** ***

ပက်လက်လှန်အိပ်၊ ဒူးတစ်ချောင်းထောင်ထားရင်း နောက်ခြေထောက်တစ်ချောင်းကို ခြေကလိမ်ချိတ်ထားရင်း စီးကရက်ခဲလို့ ဇိမ်ယူနေတဲ့ ကျနော် မွှေးကနဲရနံ့နဲ့ လူတစ်ယောက်အနားလာရပ်သလိုလိုခံစားရလို့ မော့ကြည့်လိုက်တော့ ရေချိုးခေါင်းလျှော်ပီးစ ထမီရင်ခေါင်းလျှားနဲ့ မွှေးပွတဘက် ပတ်ထားရင်း ခေါင်းက ဆံပင်စိုတွန့်ကောက်ကောက်တွေကို သုတ်နေတဲ့ မမကြီးဖြစ်နေတယ်။ ရုတ်တရက်ထထိုင်လိုက်ရင်း..

ဟော ..မမကြီးဖျားမယ်နော် .. ဒီလောက်မိုးချုပ်မှ ခေါင်းထလျှော်နေတာ ခြောက်အောင်သုတ်ခေါင်းကို"
"မလျှော်လို့ မဖြစ်ဘူးဟေ့ မနေ့ညကထဲက အိုပီတီ ထဲက မထွက်ရတာ လူကိုသေချင်စော်နံကရော ... တစ်ကိုယ်လုံးလည်း ကပ်စေးစေးဖြစ်နေတာ.. နှုန်းချိနေတာပဲ မွေးလူနာက နှစ်ယောက်.. အူအတက်ပေါက်တဲ့လူနာက ပါသေး..မလွယ်ပါဘူးဟာ"
"ဆရာဝန်လုပ်ရတာ မလွယ်ဘူးနော် မမကြီးတို့ဘ၀ကိုမြင်ရတာနဲ့ သိပီအဟီး"
"နေဦး.. ဟကောင်.. နင့်အောင်အောင် ဘာဖြစ်သွားတာလဲ ပြောစမ်းပါဦး?"
"သိပူးလေ အိပ်သွားတာပဲ"
"ငါ့ကို မအူမလည်မှတ်နေသလား ဖိုးသက် .. ငါတို့ မီးဖိုခန်းထဲဝင်လာတာ အနံ့တွေကို တထောင်းထောင်းထနေတာ.. ငါမပြောလိုက်ချင်ဘူး ကြပ်ကြပ်လုပ်.. နင်ကော အောင်အောင်ကော တော်တော်ပျက်စီးနေကြပီ ဟုတ်လား"
"တခါတလေ အပျင်းပြေပါဗျာ .. အညောင်းပြေ အညာပြေလေးလုပ်တာပါ.. မမကြီး ခုနိုက်ဂျူတီတွေ ဆက်ထားတာ ညောင်းညာကိုက်ခဲနေတာမလား.. "
"မယုံရင် နည်းနည်းလုပ်ကြည့် အညောင်းပြေတယ်သိလား ဟီးဟီး"
"မသာလေး.. ငါ နင့်အဘွားကို တိုင်ပြောမယ် ဟွန်း! တကယ်ကို သွားတိုင်ဦးမယ်"
"မမကြီး သွားမလုပ်နဲ့နော် ကျနော့်ကို သတ်မှာ သေချာတယ် ဟီး"
"အေးပါ.. လွန်လွန်ကျွံကျွံ ဖြစ်လာရင်တော့ ငါ့အဆိုးမဆိုနဲ့ ဒါပဲ .. မိုးသည်းလာပီ မိုးပက်မယ် ပြူတင်းပေါက်တွေ အကုန်လိုက်ပိတ်ချေ"
"ဟုတ်!"

ပြူတင်းပေါက်တွေအကုန်လိုက်ပိတ်ပီးတာနဲ့ ကျနော့်ခေါင်းအုံးလေးပေါ်ခေါင်းပြန်ချလိုက်ရင်း ကော်ဇောပေါ်မှာ ဟိုကောင်အောင်အောင်ဖွထားဟန်တူတဲ့ မဂ္ဂဇင်းစာအုပ်တွေထဲက တစ်အုပ်ကိုဆွဲယူပီး အပြင်းပြေ ဟိုလှန်ဒီလှန် လှန်လောနေမိတယ်။ မမကြီး အခန်းထဲက သနပ်ခါးသွေးနေတဲ့အသံ ကြားရပေမယ့် သေချာသတိမထားမိတော့ဘူး။ အိပ်တာတောင် သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပီးမှ အိပ်ပုံရတယ် ဒီအပျိုကြီး။ ကျနော်ကတော့ ထုံးစံအတိုင်း ဒီအရည်တွေသောက်ပီးရင် တစ်ညလုံး စာအုပ်ဖတ်ပီးမိုးလင်းတော့မှာလေ။ ဒါကြောင့်မို့ မကြိုက်တာဗျ။ ဆေးလိပ်ဖွာလိုက် စာဖတ်လိုက်နဲ့ မိုးလင်းတဲ့အထိ အဲ့လိုကြီးပဲ သူ့ဖီလင်က ဟိုဟာလောက်ကိုမကောင်းပါဘူးဗျာ။ ရုတ်တရက်ခေါင်းအုံးကို ဖုံးကနဲ ပစ်ချလိုက်ပီး မမကြီးတစ်ယောက် ကျနော့်ဘေးမှာ လာဝင်လှဲအိပ်လိုက်တာကြောင့် လန့်သွားတယ်။ ရှင်မတောင်သနပ်ခါးနံ့သင်းသင်းလေးက မွှေးနေတာပဲဗျ။

"မွှေးလိုက်တာဗျာ.. မမကြီးက ပင်ပန်းနေတယ်ဆို မအိပ်သေးဘူးလား?"
"မိုးက ပိုပိုသည်းလာတယ်ဟ.. တော်ကြာမိုးကြိုးပစ်တော့မယ်ထင်တယ် .. ငါကြောက်လို့ နင့်အနားမှာ အိပ်မယ်.."
"ခွိ ဒီအသက်အရွယ်ကြီးနဲ့များဗျာ"
"ငါ့ဖာငါ ဘယ်အရွယ်ရောက်နေနေ နင့်ပါးစပ်ပိတ်"
"ဟုတ် အာဝု!"

နေရောင်ခြည်တွေက သွေးကြောမျှင်လေးတွေ ယှက်သမ်းနေတဲ့ သူမ ပါးပြင်ပေါ်ဖြာကျနေတယ်။
လှလိုက်တာဗျာ။ ဖြောင့်စင်းတဲ့ ဆံနွယ်ခက်တွေက ကပိုကရိုလေး မျက်နာတစ်ခြမ်းကို ဖုံးအုပ်လို့။ အဲ့ဒီဆံနွယ်တွေကြားထဲကနေ စိုက်ကြည့်နေတဲ့ မျက်ဝန်းနက်နက်ကလေးတစ်စုံကလည်း စိန်ပွင့်လေးတွေအလားလက်လက်ထလို့ပေါ့။ မချင့်မရဲဖြစ်လာတဲ့စိတ်နဲ့ ကိုယ်လုံးအိထွေးထွေးလေးကို
ရင်ခွင်ထဲအတင်းဆွဲသွင်းလိုက်တော့ အိကနဲနွေးသွားတယ်။ ၂ဦးသား မျက်နာချင်းဆိုင် ဘေးတိုက်လှဲ အိပ်နေရာကနေ ကျနော်သူ့ကိုယ်လုံးလေးကို ခွထားလိုက်တယ်။ ခွထားတဲ့ ခြေထောက်ကိုကွေးလိုက်ပီး လျှောကျနေတဲ့ ထမီကြောင့် ဖင်ပြောင်ကလေးဖြစ်နေတဲ့ သူမရဲ့တင်ပါး ချောမွတ်မွတ်
ကလေးကို ခြေဖ၀ါးနဲ့ ပွတ်ပေးနေမိတယ်။ ကျနော့်လက်မောင်းပေါ် ခေါင်းအုံးလို့ ရင်ခွင်ထဲမှာ မှိန်းနေတဲ့ မျက်နာလေးက ဆတ်ကနဲမော့လာပီး မျက်တောင်ကော့ကော့လေးတွေပွင့်လာတယ်။

"ဟာကွာ.. အေးတယ် .. ဟေ့ မလုပ်နဲ့ပါဆိုနေ သူများ ဖင်ကို ကျွတ်"
"အိစိအိစိလေး.. ဟိ ပွတ်လို့ကောင်းလို့ပါဗျာ"
"ပြောလို့မရဘူးလား ကျမ စိတ်တိုလာရင် ရှင့်ရင်ဘတ်ကို နာအောင်ကိုက်ပစ်မှာနော်.."
"အမလေး .. အမလေး .. မပွတ်တော့ပါဘူး မကိုက်ပါနဲ့"

တစ်တစ်ရစ်ရစ်ရှိလွန်းလှတဲ့ တင်ပါးပြောင်ချောချောလေးပေါ်ကနေ ခြေဖ၀ါးကိုဖယ်ပေးလိုက်ပီး သိုင်းဖက်ထားတဲ့ လက်နဲ့ အင်းကျီအောက်ကနေလျှိုပီး ကျောပြင်ပေါ်လက်တင်လိုက်တော့ ညောင်နာနာအသံကလေးနဲ့ ပူဆာလိုက်သံကိုကြားလိုက်ရတယ်။

"စီစီးး လုပ်ပေးပါ" ( ကျောပြင်တစ်ခုလုံးကို လက်ဖ၀ါးနဲ့ ကပ်ပီး ခပ်ရွရွလေးပွတ်ပေးရင်း သွားစေ့ထားလျှက်နဲ့ လေသံကလေးနဲ့ စီစီ.. စီစီ သံပေးရင်း ချော့တာကို ကျနော်တို့၂ယောက်ကြားမှာ စီစီး လုပ်တယ်လို့ နာမည်ပေးထားတယ်)
"ဟွန်း! ဒါမျိုးကြတော့ ဖီးလ်ခံချင်တယ် ဟုတ်လား?"
"သိပူးဟာ အခု လုပ်ပေးလို့ဆို .. မလုပ်ရင် ကိုက်မှာနော်"
.... .... ....
"ဖိုးသက်လေးးး "
"ခင်ညာာ လုပ်ပီလုပ်ပီ .. စီစီးးး စီစီးးး"


Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆