နတ်သမီးပုံပြင် ၃
ကျနော့်ကိုလေသံတိုးတိုးနဲ့လှမ်းပြောပီးတာနဲ့ မမကြီးတစ်ယောက် ခေါင်းအုံးနဲ့စောင်ကိုဆွဲယူပီး သူ့အိမ်ခန်းဖက်ကိုထထွက်သွားတယ်။ ရှက်ရွံ့အားနာပီး ထူပူနေတဲ့ ကျနော်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး။ မိုးစင်စင်လည်း လင်းစပြုနေပီ။ အိမ်အောက်ထပ်ကို ဆင်းလာပီး မီးဖိုခန်းထဲဝင်၊ မီးဖိုခန်းကနေ ခြံထဲဆင်းတဲ့တံခါးကိုဖွင့်ပီး နောက်ဖေးရေကပြင်က စည့်အိုးတွေချထားတဲ့နေရာမှာ မျက်နာထိုင်သစ်နေမိတယ်။ မျက်နာသစ်ပလုတ်ကျင်းပီးတော့ နံနက်လင်းစ ကျေးငှက်တွေအော်မြည်သံတွေကြားထဲ ဖြာကျနေတဲ့ နေရောင်ခြည်တန်းတွေကို ဘာရယ်မဟုတ်ငေးရင်း စီးကရက်တွေ တစ်လိပ်ပီး တစ်လိပ် ဖွာနေမိတယ်။
ကျနော်ဟာ စက်ဝိုင်းတစ်ခုထဲက ဘယ်တော့မှ မလွတ်မြှောက်နိုင်တော့မယ့်ကောင်ပါလေ။
"ချို" ရယ်.. ကျနော်ချစ်တဲ့ ဆရာမလေး "ချို"ဟာ ဘယ်ဘ၀ရောက်သွားပီလဲနော်။ ခင်ဗျားချစ်တဲ့ ကိုဖိုးသက်လေးဟာ ဘ၀ကို ဖြစ်သလိုဖြတ်သန်းပီး လေလွှင့် ပျက်စီးသွားခဲ့ပီဆိုတာတောင်မှ မသိနိုင်တော့ပါလားဗျာ။ မှောင်မဲပီးအေးစက်တိတ်ဆိတ်လွန်းတဲ့ ဘ၀တစ်ခုထဲမှာ ဆရာမလေးချစ်တယ်ဆိုတဲ့ ကျနော့်ကို ထားပစ်ခဲ့ရသလားဗျာ။ ၂ယောက်တူတူမက်ခဲ့တဲ့ အိပ်မက်တွေအစတောင်မပြုခင်မှာ ကမ္ဘာမြေပြင်ပေါ်က ပျောက်သွားခဲ့တယ်ဆိုတာပဲ ကြားလိုက်ရတဲ့အခါ..
ကျနော် အံကိုတင်းတင်းကြိတ်ထားရင်းက ကို ပါးပြင်တစ်ခုလုံး ပူနွေးသွားတယ်။
"ဟေး! ဖိုးသက်.. မမကြီး မင့်ကိုစိတ်မဆိုးပါဘူး ငါ့မောင်ရာ ဒီမှာရှက်ပီး လာငိုနေတယ်ဟုတ်လား"
... ... ....
"မနက်စာ ရေစိမ်ခေါက်ဆွဲချက်မလို့ မမကြီးကို မီးဖိုထဲမှာ လာကူပေးဦးကွာ လိမ္မာတယ် ... လာမောင်လေး"
ကျနော့်ပုခုံးကို ဖက်ပီး အပြုံးချိုချိုနဲ့ ချော့မော့နေတဲ့ မမကြီး ဆွဲခေါ်ရာနောက်ကို လိုက်သွားရင်း ကျနော့်ပါးပြင်ပေါ်က မျက်ရည်တွေကို အသာအယာ ခိုးသုတ်လိုက်မိတယ်။
ရက်သတ္တတစ်ပတ်လောက်ကြာတဲ့အထိ မြို့ပြင်က မူးယစ်ဆေးရောင်းတဲ့အိမ်တွေကို သက်ဆိုင်ရာက စောင့်ကြည့်နေတော့ တော်တော်ဒုက္ခရောက်နေကြရတယ်။
အရဲစွန့်ပီး သွားဝယ်တဲ့ကောင်တွေကို ပြန်အထွက်မှာ ပြည်သူ့ရဲတွေက "မ" သွားလေတော့ကာ ရောင်းတဲ့လူတွေလည်း မရောင်းရဲတော့သလို။ အတင်းဇွတ်သွားဝယ်တဲ့ ကျနော့်ဘော်ဒါ၂ယောက်ထဲက တစ်ယောက်က ပိုက်ဆံအများကြီးနဲ့ သူ့အိမ်ကလိုက်ရွေးလိုက်လို့ပြန်ထွက်လာပေမယ့်
နောက်တစ်ကောင်ကတော့ ဖြစ်ချင်ရာဖြစ်ဆိုပီး မိဘတွေဥပက္ခာအပြုခံလိုက်ရလေတော့ မော်စကို ရောက်သွားရှာတယ်။ အကုန်လုံးခြေငြိမ်နေရတော့တာပေါ့ဗျာ။
ကျန်တဲ့ကောင်တွေဘယ်လိုဒုက္ခရောက်နေ နေ ကျနော်ကတော့ အောင်အောင့် ဆီက အတုံးလိုက် အတစ်လိုက်ရှိနေတဲ့ဟာကြီးကို ယင်းကိုက်လာတိုင်းအရည်ကျိုပီး သွားသွားမျိုလို့ရနေတော့ ခံသာနေသေးတာပေါ့။
ဒါပေမယ့် လောဘတကြီးနဲ့၂ကောင်သားတက်ညီလက်ညီ ဆက်တိုက်ဆော်နေကြရင်း ပြတ်လပ်နေတဲ့ အောင်အောင့်ဘော်ဒါတချို့ကို မျှပေးလိုက်သေးတယ်ဆိုတော့ ရက်အတော်ကြာလာတာနဲ့အမျှ ကျနော်တို့ပစ္စည်းပြတ်သွားတယ်။ မျက်လုံးမှိတ်ထားလိုက်ရင် အဝါရောင်တောက်တောက်
ကာလာတွေမြင်လာတာ၊ နှာရည်ယိုတာ၊ တသမ်းသမ်းတဝေဝေဖြစ်၊ ထိုင်ရမလိုထရမလိုနဲ့ ကော့လန်နေအောင်ခံရတော့တာပဲ။ ကျနော်က အခန်းတံခါးပိတ်ပေတေကြိတ်မှိတ်ပီးခံတယ်။ ညဖက်လူခြေတိတ်မှ တစ်ကိုယ်လုံးပူလောင်နေတဲ့ ဒဏ်ကိုမခံနိုင်တဲ့အဆုံး ရေအေးအေးတွေခေါင်းပေါ်က
လောင်းချပီးချိုး၊ ၁၅မိနစ်လောက် နေတော့ ပြန်ပူလာပြန်၊ ထပ်ပီးရေပြေးချိုးနဲ့ သံသရာလည်နေတော့တာပေါ့။ ၃-၄ရက် ကျော်သွားတော့ တော်တော်လေးသက်သာသွားပီမို့ အိမ်ကလူကြီးတွေမသိအောင်အခန်းအောင်းပီး ကြိတ်ခံနေရာက အပြင်ထွက်လာမိတယ်။ စိတ်က တောင်းဆိုနေသေးပေမယ့်ရုပ်ခန္ဓာက တောင့်တတာ
တွေအတန်ငယ်သက်သာရာရသွားပီ။ မနက်စောစောအိပ်ယာက လန်းလန်းဆန်းဆန်းနိုးလာတော့ ရေမိုးချိုးမျက်နာသစ်သွားတိုက်ပီး မြို့အစွန်မှာ ဂစ်တာ သင်တန်းဖွင့်ထားတဲ့ ကျနော့်သူငယ်ချင်း ဖိုးတေကို လက်ဖက်ရည်ဆိုင်သွားထိုင်ဖို့ ၀င်ခေါ်တယ်။ ဒါပေမယ့် ငတေက အိမ်မှာမရှိဘူး။ တဖက်
မြို့က မင်္ဂလာဆောင်မှာ ဂစ်တာသွားတီးဖို့လိုက်သွားလေရဲ့။

Comments
Post a Comment